ⓘ ရုက္ခဗေဒ

ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်

ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ် သည် ၁၇၇ ဟက်တာ ကျယ်ဝန်းပြီး မန္တလေးမြို့မှ ၄၄ မိုင် အကွာ ပင်လယ်ရေမျက်နှာပြင် အထက် ၃၆၀၅ ပေ အမြင့်ရှိ ပြင်ဦးလွင်မြို့ တွင် တည်ရှိသည်။

၁၀ ဇန်နဝါရီ

ဇန်နဝါရီလ၊ ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း ရက် ရက်) ကျန်သေးသည်။

ကန့်ချုပ်ပင်

ကန့်ချုပ် သည် ပုံသဏ္ဌာန်အားဖြင့် ထင်ရှားသည်။ ရုက္ခဗေဒတွင်ဖော်ပြထားသည့် မျိုးရင်းမှာ Plumbaginaceae ဖြစ်သည်။ ၎င်သည် "ကန့်ချုပ်ဖြူ၊ ကန့်ချုပ်နီ၊ ကန့်ချုပ်မင်း၊ ကန့်ချုပ်ပြာ၊ ကန့်ချုပ်နက် ဟူ၍ အချုပ်အားဖြင့် ၅မျိုးရှိသည်။ ကန့်ချုပ်ဖြူမှာ အပွင့်ဖြူ၍ ကန့်ချုပ်နီမှာ အပွင့်နီသည်။ ကန့်ချုပ်မင်းမှာ ပွင့်၊ရွက်၊ပင် သုံးမျိုးလုံးနီသည်။ ကန့်ချုပ်ပြာမှာ ကြယ်ပြာပန်း အရောင်ကဲ့သို့ ပြာနေ၏။ အပွင့်မှာ ကန့်ချုပ်ပွင့်ကဲ့သို့ ဖြစ်၏။ ၎င်းကို ကန့်ချုပ်ညိုဟုလည်း ခေါ်သည်။ ကန့်ချုပ်နက် မှာကား အလွန်ရှားပါသည်။ အဂ္ဂိရတ် ဆရာတို့သည် ကန့်ချုပ်နက်ကို သိုက်ဝင်သစ်ပင်မျိုးဟု ခေါ်‌ေဝါ်ကြသည်။ ၎င်း၏ သတ္တိကို ကြံစည်တွေးတောရန် ခဲယဉ ...

တောင်ဇလပ်နီ

တောင်ဇလပ်နီသည် တောင်ဇလပ်ပင်မျိုးနွယ်များထဲမှ အဖြူနှင့် အနီရှိရာ အနီမျိုးဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Rhododendron arboreum ဖြစ်သည်။ တောင်ဇလပ်နီပန်းသည် နီပေါနိုင်ငံ၏ အမျိုးသားပန်းဖြစ်သည်။ ကမ္ဘာပေါ်တွင် တောင်ဇလပ်နီပန်းကို ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့တွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် တွေ့နိုင်သည်။ အပင်သည် အအေးဓာတ်ကိုကြိုက်သည်၊ ထို့ကြောင့် အမြင့်ပေ ၅၀၀၀ ကနေ ၁၀၀၀၀ ကြားတွင်သာ တွေ့နိုင်သည်၊ ရေခဲမတတ်အေးသော တောင်ပေါ် ဒေသမျိုးမှာ အခြားအပင်များမရှင်သန်နိုင် တောင်ဇလပ်နီပင်များသာ ရှင်သန်ကြသည်၊ တေ ...

နဘူးခြုံ

နဘူးခြုံပင်၏ ရုက္ခဗေဒ အမည်မှာ Combretum costatum Roxb ဖြစ်ပြီးဗန်ဒါပင်မျိုးရင်း Combretaceae တွင်ပါဝင်သည်။ နုနယ်သော ပင်စည်နှင့် အကိုင်းအခက်များကို အမွှေးများဖြင့် ဖုံးထားပါသည်။ အရွက်မှာ ဆန့်ကျင်ဘက် ရွက်ဆိုင်ထွက်ကြသည်။ အရွက်ပုံစံသည် elliptic or lanceolate ဖြစ်ပြီး ပြောင်လက်နေတတ်သည်။ ပန်းခိုင်များသည် axillary or terminal, large paniculate spike ဖြစ်ည်။ အဖူးများ တွဲလျားကျနေတတ်သည်။ အပွင့်ပွင့်လာလျှင် အဖြူရောင် သို့မဟုတ် ဖြူဝါဝါ ပန်းခိုင်များဖြင့် တပင်လုံး ဝေနေအောင် ပွင့်တတ်သည်။ ဒီဇင်ဘာလတွင်စတင်ပွင့်တတ်ပြီး ဧပြီလအထိတိုင်အောင် ပွင့်တတ်ကြသည်။ အပွင့်လေးများသည် ပွင့်ညှာမဲ့ sessile လိင်စုံbisexual အ ...

ပိစပ်

ပိစပ်ပင်ကို အပင်ရိုးတံထိပ်တွင်အပွင့်ငယ်များအဆုပ်လိုက်ပွင့်၍အရွက်တွင် အမွေးနုရှိသောဆေးဖက်ဝင်ချုံပင်တစ်မျိုး ဟူ၍ မြန်မာအဘိဓာန်တွင် ဆိုသည်။ အင်္ဂလိပ်ဘာသာဖြင့်Chromolaena odorata ဟူ၍ခေါ်သည်။ အပူပိုင်းနှင့် အပူပိုင်းဒေသခွဲများတွင် ပေါက်ရောက်သည့် နေကြာမျိုးနွယ်ထဲမှ အပွင့်ပွင့်သည့် ခြုံပင်အမျိုးအစားဖြင့်သည်။ မြောက်အမေရိကတိုက်၊ အမေရိကန်ပြည်ထောင်စုရှိ တက္ကဆက်ပြည်နယ်မှ ဖေလော်ရီဒါပြည်နယ်တလျှောက်မှ မက္ကဆီကို နှင့် ကာရေဘီယမ်း၊ ထိုမှ တောင်အမေရိကတိုက်အထိ ပေါက်ရောက်သည့် အမေရိကတိုက် မူလပေါက်ရောက်သည့် အပင်ဖြစ်သည်။ မြန်မာသာသာတွင် ဘိစပ်၊ ပိစပ်၊ ဂျာမနီခြုံဟူ၍ ခေါ်ဝေါ်ကြသည်။

ဖူချီးရှား

ဖူချီးရှားပင်သည် အပင်ငယ် သို့မဟုတ် များသောအားဖြင့် ခြုံပင်ဖြစ်သည့် ပန်းပွင့်သော အပင်မျိုးစိတ်တွင် ပါဝင်သည်။ ၁၆၉၆-၆၇ ခုနှစ်အတွင်း ပြင်သစ် ဘုန်းတော်ကြီးလည်းဖြစ် ရုက္ခဗေဒပညာရှင်လည်းဖြစ်သည့် ချားလက်စ် ပလျူမီယာ က ကာရေးဘီးယမ်း ကျွန်း ဟက်စ်ပန်နီရိုလတွင် ရှာတွေ့ခဲ့ပြီး Fuchsia triphylla အဖြစ် ပထမဆုံးအကြိမ် သိပ္ပံနည်းကျ ဖော်ပြခဲ့သည်။ သူသည် ရှာဖွေတွေ့ရှိသည့် မျိုးစိတ်သစ်ကို ဂျာမာန်ရုက္ခဗေဒပညာရှင်ကြီး လီယိုဟာ့တ် ဖု့ချ်စ် ၏အမည်ပေးခဲ့သည်။ အပွင့်များသည် အောက်ဖက်သို့ တွဲလျားကျစွာ ပွင့်တတ်သည့် best hanging basket flower ဖြစ်သည်။ အအေးဓာတ်ကို အထူးနှစ်သက်လှပြီး ရာသီမရွေးပွင့်တတ်သောကြောင့် ဥယျာဉ်အလှစိုက်အပင်မ ...

ဘိန်းစာပင်

ဘိန်းစာပင် သည် အပူပိုင်း အမြဲစိမ်းသစ်တောတွင် ပေါက်ရောက်လေ့ရှိသည့် အပင်တစ်မျိုးဖြစ်ပြီး အရှေ့တောင်အာရှ ဒေသတွင် မူလပေါက်ရောက်သော ကော်ဖီမျိုးနွယ်ဝင်အပင်ဖြစ်သည်။ အများသိကြသည့် အခြားအမည်မှာ ကထုန့် သို့ မဟုတ် ကရထုန့် ဖြစ်သည်။ ထိုင်း၊ အင်ဒိုနီရှား၊ မလေးရှား၊ မြန်မာနှင့် ပါပူအာနယူးဂီနီနိုင်ငံ ရှိ ‌‌ဒေသခံတိုင်းရင်းသားများက တိုင်းရင်းဆေးအဖြစ်အသုံးပြုလာသည်မှာ လွန်ခဲ့သည် ၁၉ ရာစုကတည်းကပင် ဖြစ်သည်။ ဘိန်းစာပင်တွင် ဘိန်းကဲ့သို့ မိန်းမောစေသော ဓာတ်ပါပြီး လန်းဆန်းတတ်ကြွစေသည့် သတ္တိ နှစ်မျိုးလုံး ဖြစ်စေတတ်သည်။ ၂၀၀၈ ခုနှစ်စစ်တမ်းအရ ဘိန်းစာပင်၏ ကျန်းမာရေး အကျိုးသက်ရောက်မှုရှိခြင်း နှင့် အန္တရာယ်ကင်းသည် ဆိုသည်မှ ...

မီးစိမ်းလင်း သစ်တုံး

မီးစိမ်းလင်း သစ်တုံးကြီးသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဝက်မစွတ်ကျေးရွာ၊ ဝက်မစွတ်မြို့စား ဒုတိယ နဝဒေးအထိမ်းအမှတ် ယဉ်ကျေးမှုပြတိုက်တွင် ရှိသည်။ ယင်းပြတိုက်ကို ကောဇာ ၁၃၃၆ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး၊ ပြတိုက်အတွင်းရှိ စာတိုက်သေတ္တာများ၊ ပေစာထုပ်များကို ဆရာတော်အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်။ ၁၉၉၅ ခုနှစ်ဝန်းကျင်က ဧရာဝတီမြစ်ထဲ မျောပါလာသော ၎င်းသစ်သားတုံးကြီးသည် ဝက်မစွတ်ကျေးရွာ ဆိပ်ကမ်းတွင် သောင်တင်နေရာ ပြတိုက်ထဲ၌ ယူဆောင် ပြသထားသည်။ သစ်သားတုံး၏ အရင်းပိုင်းသည် ညဉ့်နက် သန်းခေါင်ယံအချိန်တွင် အစိမ်းရောင်တောက်ပသော မီးသီးကဲ့သို့ လင်းလက်နေလေ့ရှိသည်။

မျိုးစေ့နှင့် မျိုးမှုန်

မျိုးစေ့များမှ အပင်များပေါက်ပွားလာကြ၏။ ထိုမျိုးစေ့များထဲတွင် ပင်လောင်းဟု ခေါ်သော အပင်ငယ်ကလေးများ တစ်ခုစီရှိကြသည်။ ထိုပင်လောင်းသည် ငုပ်နေ၍ သင့်လျော်သော အခြေအနေဆိုက်ရောက် လာမှသာလျှင် ကြီးထွားလာသည်။ အကယ်၍မျိုးစေ့များ အားလုံးသည် ပင်မအောက်တစ်နေရာတည်းတွင်သာ ကျရောက်ပါက မျိုးစေ့အားလုံး ပေါက်ရန် ပင်မအောက်တွင် နေရာမရှိသည့်ပြင် ၊ အနီးအနား အခြားနေရာများတွင်လည်း အလွယ်တကူ မပေါက်နိုင်သဖြင့် ထိုအပင်မျိုးမှာ ပျောက်ကွယ်သွားရန်သာအကြောင်းရှိပေသည်။ ထိုကြောင့် မျိုးစေ့များသည် ပျံ့နှံ့သွားရန် လိုပေသည်။ မျိုးစေ့များ ပျံ့နှံ့ရာတွင် လေဖြင့်လည်းကောင်း ၊ ရေဖြင့်လည်းကောင်း၊ တိရစ္ဆာန်များဖြင့်လည်းကောင်း၊ အသီးပေါက်ကွဲခြ ...

ရာသီအလိုက်ပွင့်သောပန်းများ

တပို့တွဲလ - ပေါက်လဲပန်း ကဆုန်လ - စံကားပန်း တပေါင်းလ - ပိတောက်ပန်း၊ သရဖီပန်း၊ အင်ကြင်းပန်း ဝါဆိုလ - ပုန်းညက်ပန်း တန်ခူးလ - ကံ့ကော်ပန်း၊ ရင်ခတ်ပန်း တော်သလင်းလ - ရင်းမာပန်း နယုန်လ - စံပယ်ပန်း၊ မုလေးပန်း နတ်တော်လ - သဇင်ပန်း သီတင်းကျွတ်လ- ကြာမျိုးငါးပါး တန်ဆောင်မုန်းလ- ခဝဲပန်း ဝါခေါင်လ - ခတ္တာ ပြာသိုလ - ခွာညိုပန်း မြန်မာတို့သည်တောတောင်ရေမြေသဘာ၀အလှနှင့်အမြဲတစေထိတွေ့နေကြသည်ဖြစ်ရာဆယ့်နှစ်လရာသီအကြောင်းကိုစကားပြေဖြင့်ဖြစ်စေ၊ ကဗျာလင်္ကာဖြင့်ဖြစ်စေ၊ ဖွဲ့နွဲ့ပြောဆိုစရာရှိလျှင်မည်သည့်ရာသီ၌ မည်သည့်ပန်းပွင့်သည်ဟူသောအချက်ကို အဓိကထား၍ ပြောဆိုလေ့ရှိကြသည်။

လက်ဖက်နှင်းဆီ

လက်ဖက်နှင်းဆီ သို့မဟုတ် လက်ဖက်မျိုးဝင် ကမဲလီးယားချုံပင်သည် လက်ဖက်မျိုးရင်း theaceae အပင်များထဲမှ အပင်တစ်ပင်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် Camellia ဟူ၍ ခေါ်ဆိုသည်။ ၎င်းအပင်များကို ဟိမဝန္တာအရှေ့ပိုင်း မှ ဂျပန်နှင့် အင်ဒိုနီးရှား တိုင်အောင် အရှေ့ နှင့် တောင်ပိုင်း အာရှဒေသတွင် အတွေ့ရသည်။ ၎င်းတို့ကို မျိုးစိတ်ပေါင်း ၁၀၀-၃၀၀ အထိဖော်ပြထားပြီး အချို့တွင် တိကျသည့်အရေအတွက်ထက် ပိုနိုင်သေသည်။ ထို့ပြင်စပ်မျိုးပေါင်း ၃၀၀ ခန့်ရှိသည်။ ၎င်းပန်းများသည် အာရှဒေသတွင် အမည်အမျိုးမျိုးဖြင့် ကြော်ကြားလှသည်။ တရုတ်တွင် လဖက်ပန်းcháhuā ၊ ဂျပန်တွင် tsubaki ၊ ကိုရီးယားတွင် dongbaek-kkot ၊ နှင့် ဗီယက်နမ်တွင် hoa trà or hoa ...

လီလီပန်း

လီလီပန်းပင်မျိုးသည် အပင်မျိုးရင်းအကြီး ဆုံးတွင် တစ်ခုအပါအဝင်ဖြစ်သည့်ပြင် ခြံဥယျာဉ်များတွင် အလှစိုက်ပျိုးရာ၌လူကြိုက်များသော အပင်မျိုးတစ်ခုဖြစ်သည်။ လီလီပန်းများသည် မကြီးလွန်း၊ မငယ်လွန်း အနေတော်အရွယ်ရှိ၍ အလွန်လှပသည့်ပြင် အနံ့လည်းမွှေးကြိုင်သောကြောင့် အလွန်တန်ဖိုးထားကြသည်။ လီလီပန်းပင်မျိုး၏ မူလ ပေါက်ရာဒေသမှာ မြောက်သမပိုင်းဒေသများဖြစ်သည်။ လီလီပန်းပင်သည်လီလီအေစီအီး မျိုးရင်းတွင် လီလီယမ်မျိုးစု၌ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ ပန်းမျိုးစုကိုလိုက်၍ အမျိုးမျိုးခေါ်ကြသည်။ လီလီပန်းမျိုးရင်းတွင်မျိုးစုပေါင်း ၂ဝဝကျော်မျှ ရှိပြီးလျှင် မျိုးစိတ်ပေါင်း ၂ဝဝဝ ခန့်ရှိလေသည်။တရုတ်နိုင်ငံတွင် မူလဖြစ်ထွန်းသော ကျားလီ ...

သစ္စာပန်း

ပန်းခြံများ၊ ပန်းဥယျာဉ်များ၌ အလှစိုက်ပျိုးရန်ဖြစ်စေ၊ ပန်းအိုး ပန်းစိုက်များ၌ ပန်းအလှထိုးရန်ဖြစ်စေ၊ ပန်းပြပွဲများ၌ ပန်းအလှပြရန်ဖြစ်စေ အသုံးများသော ပန်းတစ်မျိုးမှာ အသွေး အရောင်စုံရှိ၍ ကြွကြွရွရွ အဖူးအပွင့်တို့ဖြင့် ကျော့ရှင်းလှပသော သစ္စာပန်းများ ဖြစ်ကြသည်။ သစ္စာပန်းတို့သည် လိလီပန်းမျိုးနှင့်လည်း ဆင်ဆင်တူ၍ အိုင်ရစ်ပန်းမျိုးတွင် ပါဝင်ပြီးလျှင် မျိုးရင်း၏အမည်မှာ အိုင်ရီဒေစီအီးဖြစ်သည်။ သစ္စာပန်းပင်တို့သည် သန်မာထွားကြိုင်းစွာ ပေါက်ရောက်သည့်အခါ အမြင့် လေးပေမှ ငါးပေအထိ ရှိတတ်သည်။ ပင်စည်သည် သေးသွယ်ရှည်လျား၍ အသားများသော ပင်စည်မျိုးဖြစ်သည်။ ဓားရှည်၏ ပုံသဏ္ဌာန်နှင့်တူ၍ အဖျားချွန်ပြီးလျှင် ရှည်လျား သည့် ...

သစ်ခွ

သစ်ခွ သည်ပန်းပွင့်သောအပင် မိသားစုများထဲတွင်အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး မိသားစုဖြစ်ပြီး မျိုးကွဲ ပေါင်း ၈၀၀ကျော်နှင့် မျိုးစိတ် ပေါင်း ၁၅၀၀၀ကျော်ရှိသည်။ အချို့ကမျိုးစိတ်ပေါင်း ၃၀၀၀၀ ကျော်ရှိသည်ဟု ဆိုကြသည်။ သို့သော်ပညာရှင်အသိုင်းအဝိုင်းတွင်မျိုးခွဲစန်းဆစ်ခြင် အလွန်ပင်ကွဲပြားခြားနားလှသဖြင့် အရေအတွက်အတိအကျကို မသိရှိနိုင်ပါ။ မျိုးကွဲများကို ပြန်လည်သုံးသပ်ခြင်းမှာ လစဉ်လိုလို လုပ်ဆောင်လေ့ရှိပြီး ဂျင်နစ်တစ်သုတေသနနှင့်ဇီဝဓာတုဗေဒတို့ကို ပိုမိုအသုံးပြုလာခြင်းတို့ကြောင့် ၎င်းမှာ ပိုမိုများပြားလာသည်။ ဂမုန်းအင်း ဘီလူးဂမုန်း Paphiopedilum parishii ဖယောင်းပန်း Dendrobium callipes ဇလဲထော် ‌ကျေးနှုတ် A ...

သဇင်ပန်း

မြန်မာလူမျိုးတို့ အမြတ်တနိုး အဖိုးတတန်ထား၍ တော်ဝင်နတ်ပန်းဟု အမှတ်ပြုကြသော သဇင်ပန်းကို သန့်ပြန့်စင်ကြယ်သော နေရာ၌သာ ပေါက်တတ် ပွင့်တတ်သောကြောင့် သန့်စင်ပန်းဟူ၍၎င်း၊ ဒဏ္ဍာရီပုံပြင်များအရ မင်းသမီးကလေးသည် သူ၏နှလုံးသားကိုထုတ်၍ သစ်ပင်ပေါ် တင်လိုက်ရာမှ နှလုံးသားသည်သဇင်ဥဖြစ်၍ ပွင့်လာသောအပွင့်ကို နှလုံးသားမှ သွေးစင်သည်ဟု အယူရှိကာ သွေးစင်ပန်းဟူ၍၎င်း ခေါ်ကြကြောင်းဖြင့် အဆိုအမျိုမျိုးရှိသည်။ သဇင်ပင်သည် သစ်ခွပင်များနှင့်အတူ ဩခစ်ဒေစီအီးမျိုးရင်း၌ ပါ ဝင်သည်။ ရုက္ခဗေဒအမည်အားဖြင့် ဗာလဗိုဖိုင်လမ်ဩရိကိုမမ်ဟုခေါ်သည်။ ယင်းသည် ဂမုန်းမျိုးတွင်အပါအဝင်ဟူ၍လည်း စာဟောင်းပေဟောင်းများ၌ အဆိုရှိသည်။ ဂမုန်းမျိုးဖြစ်သော သဇင် ...

ဟင်းမလော့ပင်

ဟင်းမလော့ပင်သည် အဆိပ်ရှိသော အပင်တစ်မျိုးဖြစ်သည်။ အင်္ဂလိပ်အမည်မှာ hemlock သို့မဟုတ် poison hemlock ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Conium maculatum ဖြစ်သည်။ Apiaceae ဟုခေါ်သည် မုန်လာဥမျိုးနွယ်ဝင်အပင်ဖြစ်ပြီး ဥရောပတိုက်နှင် မြောက်အာဖရိကတိုက်တွင်ပေါက်သော အပင်မျိုးဖြစ်သည်။ ကျယ်ပြန့်သော သာမန် သဘာဝပတ်ဝန်းကျင်တွင် ပေါက်ရောက်ရန်ခက်ခဲသည့် အပင်မျိုးဖြစ်သော်လည်း ၎င်း၏ အမိမြေအပြင်ပိုင်း ဒေသများတွင်လည်း တွေ့ရတတ်သည်။ ဥပမာအားဖြင့် တောင်နှင့် မြောက်အမေရိကတိုက်၊ ဩစတေးလျှနှင့် အနောက်အာရှဒေသများ၌ စမ်းသပ်စိုက်ပျိုးရာတွင်လည်း‌ ပေါက်ရောက်သည်ကိုတွေ့ရသည်။ နွားစားမုန်လာပင်နှင့် ဟင်းမလော့ပင်ကို ခွဲခြား သိရှိနိုင် ရန်မှာ ...

အဆိပ်ပင်များ

ပိုးမွှားတိရစ္ဆာန်တို့ကို သတ်ဖြတ်ဖျက်ဆီးမည့်ရန်သူများ ရှိသကဲ့သို့၊ ကမ္ဘာပေါ်တွင် ပေါက်ရောက်လေသမျှအပင်တို့တွင်လည်း ရန်သူများ ဝိုင်းရံလျက်ရှိသည်။ ထိုကြောင့်အပင်တိုင်းရှင်သန် ကြီးထွားစေရန် တနည်းနည်းဖြင့် ရန်သူကို ကာကွယ်ကြရလေသည်။ အပင်များကို အညွန်တုံးစေမည့် ရန်သူတို့မှာ စားကျက်များတွင် လှည့်လည်စားသောက်နေကြသော တိရစ္ဆာန်များအပြင် အပင်ကို အားကုန်ရိနွမ်းစေမည့် အပင်ဖျက်ပိုးမွှားတို့နှင့် မှိုတက်ရောဂါများ ဖြစ်ကြသည်။ အတွေ့ရအမြင်ရများသော အပင်တို့၏ အကာအကွယ်များမှာ အပင်ကိုယ်၌ ဖြစ်ပေါ်နေသည့် ဂုဏ်အင်္ဂါအခြင်းအရာများပင် ဖြစ်ပေသည်။ အပင်အချို့တို့တွင် ဆူးများရှိသဖြင့် ရန်သူများ မထိဝံ့၊ မစားဝံကြချေ။ အချို့၌ ဆ ...

အပင်လောက

ကျွန်ုပ်တို့သည် သက်ရှိအရာဟူသရွေ့ကိုအပင်နှင့်သတ္တဝါဟူ၍ နှစ်မျိုးခွဲခြားထားရာ အပင်နှင့် သတ္တဝါများသည် အသွင်အပြင်အားဖြင့် ကွဲပြားကြသော်လည်း အရေးကြီးသော လုပ်ငန်းများနှင့် ဖွဲ့စည်းထားပုံမှာ အခြေခံသဘောအားဖြင့် တူညီကြသည်။ အပင်သည် သတ္တဝါများနည်းတူ အသက်ရှူခြင်း၊ လှုပ်ရှားသွားလာခြင်း အစာမှီဝဲခြင်းတို့ကိုပြုလုပ်၍ မျိုးပွားခြင်းကိုလည်း ဖြစ်စေပြီးလျှင် သေဆုံးသွားကြလေသည်။ ကမ္ဘာပေါ်တွင် သက်ရှိများ စတင်ဖြစ်ပေါ်လာချိန်၌ ထိုသက်ရှိများသည် အပင်ဖြစ်သည်။ သတ္တဝါဖြစ်သည်ကို တိကျစွာ ခွဲခြား၍ မပြောနိုင်ချေ။ ထိုနည်းတူစွာ အပင်လောကသည် သတ္တဝါလောကမှ ဆင်းသက်သည်။ သို့မဟုတ် သတ္တဝါလောကသည် အပင်လောကမှ ဆင်းသက်သည်ဟူသည်ကိုလည်း တိ ...

အပင်အမျိုးအစားများ

ဂရိ အတွေးအခေါ် ပညာရှင် အရစ္စတိုတယ်က သက်ရှိများကို အပင်များနှင့် တိရိစ္ဆာန်များ ဟူ နှစ်မျိုး ခွဲခြားခဲ့ပါတယ်။ တိရိစ္ဆာန်များက ရွေ့လျားနိုင်သော သက်ရှိများဖြစ်ပြီး အပင်များကတော့ မရွေ့ရှားနိုင်သော သက်ရှိများ ဟု သတ်မှတ်ခဲ့ပါတယ်။ အပင်များကို သစ်ပင် ၊ ချုံပုတ် ၊ နွယ်ပင် ဆေးဘက်ဝင်အပင်များနှင့် ကပ်ပါးပင်များ ဆိုပြီး အမျိုးအစား သတ်မှတ် ခွဲခြားထားပါတယ်။ အပင်များ အမျိုးအစား မတူညီကြသလို သူတို့ရဲ့ သဘာဝလက္ခဏာတွေကလည်း ကွဲပြားခြားနားပါတယ်။ ကြီးထွားဖြစ်စဉ်နဲ့ ထူးခြားတဲ့ ဝိသေသများအပေါ် အခြေခံပြီးတော့ အပင်များကို တစ်နှစ်ပတ်လုံး ပန်းပွင့်သော အပင်များ ၊ ၆ လ ပန်းပွင့်သော အပင်များ ၊ရာသီအလိုက် ပွင့်သော ပန်းပင်များ ...

အမြစ်

အမြစ် သည် သစ်ပင်တစ်ပင်လုံး၏ မှီခိုအားထားရာဖြစ်သည်။ အမြစ်များသည် မြေကြီးအတွင်း၌ ဖြာထွက်လျက်ရှိပြီးလျှင် မြေကြီးကို ခိုင်မြဲစွာ ကုတ်ထားခြင်းကြောင့် လေပြင်းမုန်တိုင်း ကျရောက်သည့်အခါတွင် ယိုင်လဲမသွားပဲ မတ်မတ်မားမား ရပ်တည်နေနိုင်သည်။ ရေတိုက်စားခြင်းမှလည်း ရုတ်တရက် ပါမသွားနိုင်သည့်ပြင် အပင်တစ်ပင်လုံး၏ အသက်ရှင်ရေးနှင့် ကြီးထွားရေးအတွက် သဘာဝအလျောက် မြေကြီးထဲတွင် ဖြစ်ပေါ်နေသော ရေနှင့်ဓာတ်ဆားရည်များကို တစ်ပင်လုံးသို့ ဖြန့်ဖြူးရာ အချက်အချာ ဌာနလည်း ဖြစ်သည်။ မြေကြီးထဲမှ စုတ်ယူရရှိသောရေနှင့် ဓာတ်ဆားရည်တို့သည် အပင်စာချက် လုပ်ရာ၌ အဓိက လိုအပ်သည့် ပစ္စည်းကြမ်းများ ဖြစ်ကြသည်။ သရက်စေ့၊ ပဲစေ့၊ လိမ်မော်စေ့စသော ...

                                     

၂၃ မေ

မေလ၊ ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ ရက်မြောက် ရက်မြောက်) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း ရက် ကျန်သေးသည်။

                                     

ဟားခါးတက္ကသိုလ်

ဟားခါးကောလိပ် သည် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ကောလိပ်ကျောင်း ဖြစ်သည်။ လက်ရှိကျောင်းအုပ်မှာ ဦးလျန်ဇာခုပ် ဖြစ်သည်။

                                     

ပျဉ်းကတိုး

ပျဉ်းကတိုး သည် တောင်နှင့် အရှေ့တောင် အာရှတွင် တွေ့ရှိရသော သစ်ပင်မျိုးဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Xylia xylocarpa ဖြစ်သည်။ ပျဉ်းကတိုးသီးကို ရခိုင်လို ပြိုင်းသီး ဟု ခေါ်သည်။

                                     

ဆူးဖြူ

ဆူးဖြူပင်သည် မြန်မာပြည်အထက်ပိုင်း အညာဒေသတွင်ပေါက်ရောက်လေ့ရှိသော အပင်လတ် အမျိုးအစားပင် ဖြစ်ပြီး အချို့နေရာတွင် အပင်ကြီးများအဖြစ်တွေ့ရလေ့ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် Vachellia nilotica ဟူ၍ ခေါ်ကြသည်။ အပင်၏ မူရင်းမှာ Acacia ဖြစ်သည်။ ထိုစကားလုံသည် ရှေးဟောင်းဂရိဘာသာစကား ἀκακία, akakía, မှ ဆင်းသက်လာပြီး ထိုအမည်ကို ရှေးဟောင်းဂရိရုက္ခဗေဒပညာရှင် ပန်ဒန်နီရပ်စ် ဒိုင်စကောရိုက်ဆိုသူက ပေးခဲ့ခြင်းဖြစ်ပြီး ယင်း၏စာအုပ် မာတိရီယ မယ်ဒီကတွင် ဆေးဘက်ဝင်အပင်အဖြစ် ဖော်ပြထားသည်။

                                     

တပေဘူတ

တပေဘူတပင်၏ မူလပေါက်ရောက်ရာ ဒေသမှာ တောင်အမေရိကတိုက် ဆူရီနိမ်း၊ ဘရာဇီး၊ ဘော်လီဗီယာ အရှေ့ဘက်၊ ပီရူး၊ ဥရုဂွေးနှင့် အာဂျင်တီးနားမြောက်ဘက်ပိုင်းတို့ ဖြစ်ပြီး တဘီဘူရီယ မျိုးစိတ်များမှ တစ်ခုဖြစ်သည်။ သခွပ်မျိုးရင်ဝင် အပင်ကြီးမျိုးလည်းဖြစ်သည်။ ယေဘူယျ အင်္ဂလိပ်အမည်မှာ Caribbean trumpet tree ဖြစ်သော်လည်း ကာရေးဘီးယမ်း ဒေသပေါက်ပင်မဟုတ်သည့်အတွက် ထိုအမည်သည် မှားယွင်းသည့်သဘောဆောင်နေသည်။ ထိုအပင်ကို ငွေနှဲပင် သို့မဟုတ် ရွှေပင် ဟူ၍လည်း ခေါ်ဝေါ်ကြသေးသည်။

                                     

ပိုးသီတင်း

ပိုးသီတင်းပင် သို့မဟုတ် သင်္ဘောသီတင်းပင်ဟူ၍လည်း သိကြသည်။ အင်္ဂလိပ်ဘာသာဖြင့် Bixa orellana ဟူ၍ ခေါ်သည်။ အစားအစာများအား ဆေးဆိုးရာတွင် ထည့်သွင်းအသုံးပြုကြသည်။မူလေပါက်ရောက်ရာဒေသမှာ အမေရိကတိုက်တွင် ဖြစ်သော်လည်း ယနေ့အချိန်တွင် နိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်ပျံ့ပွားလျှက်ရှိသည်။

                                     

ဟစ်ဘစ်စကီး

ဟစ်ဘစ်စကီး သည် ပန်းပွင့်သောအပင်ဖြစ်သော မဲလို မိသားစုဖြစ်သည့် မာလဗေးစီ မျိုးရင်း ဝင် မာလဗွိုက်ဒီး မျိုးရင်းသေး မှ မျိုးဇာတ် တစ်ခု ဖြစ်သည်။