ⓘ ဘူမိဗေဒ

ဘူမိဗေဒ

ဘူမိဗေဒ သည် ကမ္ဘာမြေကြီးရှိ ဓာတ်ဝတ္တု အဆိုင်အခဲနှင့် ၎င်းတို့၏ ပါဝင်မှုများကို လေ့လာသော သိပ္ပံဘာသာရပ် ဖြစ်သည်။ ကျောက်တုံး၊ မြေကြီး၊ ကျောက်မျက် ရတနာတို့ကို လေ့လာသော ဘူမိဗေဒသည် ပါဝင်ပေါင်းစပ်မှု အချိုးအစား၊ ပုံသဏ္ဌာန်၊ ရုပ်သဘော၊ သမိုင်းကြောင်းနှင့် ကမ္ဘာကြီးအား ပုံထုခဲ့သော ဖြစ်စဉ်များကို လေ့လာသည်။ ဘူမိဗေဒ ပညာရပ်တွင် ကမ္ဘာမြေကြီးတွင် ပါဝင်သည့် ဒြပ်ပစ္စည်းများ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ယင်းတို့၏ ရုပ်သတ္တိ၊ ဒိုင်နမစ် နှင့် သမိုင်းအကြောင်းများ၊ ဖွဲ့တည်ပုံဖြစ်စဉ်၊ ရွေ့လျားပုံနှင့် ပြောင်းလဲပုံများကို လေ့လာကြသည်။ ကမ္ဘာမြေကြီး ကိုလေ့လာသောသိပ္ပံပညာ လည်း ဖြစ်သည်။ ဘူမိဗေဒ ပညာရှင် များက ကမ္ဘာ၏ သက်တမ်းကို န ...

ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာ​ဖွေ​ရေး ဦးစီးဌာန

ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခု ဖြစ်သည်။

တောင်ငူတက္ကသိုလ်

တောင်ငူတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် တည်ရှိသည့် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ တောင်ငူခရိုင်နှင့် အနီးအနားရှိ ကျောင်းသားကျောင်းသူများအတွက် ဝိဇ္ဇာ၊သိပ္ပံနှင့် ဥပဒေဆိုင်ရာ ဘွဲ့များနှင့် မဟာဘွဲ့သင်တန်းများကို သင်ကြားပေးနေသည်။

ဝမ်ကြားပေါင်

ဝမ်ကြားပေါင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် ဖြစ်သည်။ ဝမ်ကြားပေါင်သည် ၁၉၆၈ ခုနှစ်တွင် ပေကျင်း ဘူမိဗေဒ တက္ကသိုလ် မှ ပါရဂူဘွဲ့ရ ဘူမိဗေဒ ပညာရှင် အင်္ဂျင်နီယာတစ်ဦးဖြစ်သည်။ ဘွဲ့ရပြီးနောက် ကန်းစုပြည်နယ်သို့ သွားရောက်ကာ အလုပ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပေကျင်းသို့ အလုပ်ပြောင်းခဲ့ပြီး ၁၉၉၃ ခုနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီ အထွေထွေ ရုံးခန်း ညွှန်ကြားရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ပြန်သည်။ ၁၉၈၉ ခုနှစ် ထျန်းအန်းမင် အရေးအခင်း ကာလအတွင်း ထိုစဉ်က ပါတီ အထွေထွေ အတွင်းရေးမှူး ကျောက်ကျိယံနှင့်အတူ ထျန်းအန်းမင်ရင်ပြင်သို့ သွားရောက်ကာ ဆန္ဒပြ ကျောင်းသား၊ လူထုကို တွေ့ဆုံခဲ့သည်။ ၁၉၉၈ ခုနှစ် ...

သတ္တုတွင်း ဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် သတ္တုတွင်း နှင့် ပတ်သက်၍ သတ္တုတွင်း ဝန်ကြီးဌာနထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယခင်သတ္တုတွင်း ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း မြန်မာဆားနှင့် အဏ္ဏဝါ ဓာတုဗေဒပစ္စည်း ထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်း အမှတ်၁သတ္တုတွင်း လုပ်ငန်း သတ္တုတွင်း ဦးစီးဌာန ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနတို့ဖြစ်သည်။ အမှတ်၂သတ္တုတွင်း လုပ်ငန်း အမှတ်၃သတ္တုတွင်း လုပ်ငန်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း

မြေပုံ

မြေပုံ ဆိုသည်မှာ ကမ္ဘာမြေ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတခု၏ ဒေသဆိုင်ရာ သွင်ပြင်၊ အခြေအနေများကို သင်္ကေတများဖြင့် အမှန်တကယ် တည်ရှိနေသော အရွယ်အစား နှင့် အကွာအဝေးများအား အချိုးကျစနစ်ပုံ အဖြစ် သရုပ်ပြ ရေးဆွဲ ဖော်ပြထားခြင်းဖြစ်သည်။ မြေပုံများတွင် ဖော်ပြချက်များသည် အမှန်တကယ်တည်ရှိနေသော သွင်ပြင်များ အား သင်္ကေတများဖြင့် ဖော်ပြထားခြင်းကြောင့် ဓာတ်ပုံများကဲ့သို့ ဖော်ပြနိုင်သည်ကား မဟုတ်ပေ။ မြေပုံ များအား ရှေးအခါက ကုန်သွယ်မှုခရီးစဉ်များနှင့် စစ်ပွဲများအတွက်သာ အသုံးပြုခဲ့ကြရာမှ လူမှု၊ စီးပွားရေး၊ ပညာရေး နှင့် သုတေသန နယ်ပယ်များအထိ တိုးချဲ့အသုံးပြုလာခဲ့ကြသည်။ မြေပုံ များအား မြေမျက်နှာသွင်ပြင်ပြ မြေပုံမျာ ...

                                     

ကျောက်ကတ္တရာ

ကျောက်ကတ္တရာ ဆိုသည်မှာ ကျောက် ရော၍နေသော ကတ္တရာမျိုး ဖြစ်သည်။ ကျောက်ကတ္တရာတွင် သဲကျောက်နှင့် ထုံးကျောက်တို့သည် သဘာဝအလျောက် ကတ္တရာနှင့် မြဲမြံစွာ ရောနေကြ၏။ တစ်ခါတစ်ရံ ကျောက်ကတ္တရာကို ဗစ်တျူမီနပ် ကျောက် ဟူ၍လည်း ခေါ်လေ့ ရှိ၏။ ကျောက်ကတ္တရာသည် ရိုးရိုးကတ္တရာကဲ့သို့ပင် လမ်းခင်းရန်အတွက် အသုံးဝင်၏။ ကျောက်ကတ္တရာကို ကမ္ဘာအနှံ့အပြား၌ ရရှိ၏။ အများဆုံးရနိုင်သော ဒေသများမှာ အမေရိကန်ပြည်ထောင်စု၊ စစ္စလီကျွန်း၊ အယ်လဆက်နယ်၊ အီတလီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံတို့ ဖြစ်ကြသည်။

                                     

ကျောက်ဖြစ်ရုပ်ကြွင်း

ကျောက်ဖြစ်ရုပ်ကြွင်းသည် တိရစ္ဆာန်များ ၊ အပင်များ နှင့် အခြား သက်ရှိသက်မဲ့ အရာဝတ္တုများ သေဆုံးပြီးနောက် အပူချိန်နှင့် ဖိအားကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း ပုံစံ ပျက်ယွင်းမသွားပဲ နဂိုမူလ ပုံစံအတိုင်း ကျောက်ဖြစ်နေသည့် ရုပ်ကြွင်းများ ဖြစ်ကြသည်။ ၁၈၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ရုပ်ကြွင်းများ၏ အရေးပါပုံကို သိလာကြ၍ သီးခြားပညာတစ်ရပ်အဖြစ် လေ့လာသင်ကြား ကြလေသည်။

                                     

သတ္တုကျောက်ရိုင်း

သတ္တုကျောက်ရိုင်းဆိုသည်မှာ ကျောက်အမျိုးအစားဖြစ်ပြီး ၎င်းကျောက်များအတွင်း သံ၊သတ္တု၊ ရွှေ၊ ကြေးအစရှိသော သဘာဝသယံဇာတများပါဝင်သည်။ ၎င်းကျောက်ရိုင်းများကို မိုင်းတွင်းများမှ ထုတ်ယူရရှိသည်။