ⓘ ဇီဝဗေဒ

ဇီဝဗေဒ

သက်ရှိတို့၏ တည်ဆောက်ပုံနှင့် ဆောင်ရွက်ချက်များအား သိပ္ပံနည်းကျ စမ်းသပ်လေ့လာသောဘာသာရပ်ကို ဇီဝဗေဒဟုခေါ်သည်။ ဗိုင်ဩလိုဂျီဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍၊ အဓိပ္ပါယ်မှာ အသက် ဇီဝအကြောင်း လေ့လာဆွေးနွေးချက်ဖြစ်သည်။ ဤဝေါဟာရကို တီထွင်ခဲ့သူကား ထင်ရှားကျော်စောသော သဘာဝပညာရှင် ပြင်သစ်လူမျိုး လမတ် ဖြစ်သည်။

မျိုးရိုးခွဲခြားခြင်း (ဇီဝဗေဒ)

ဇီဝဗေဒ ၌, မျိုးရိုးခွဲခြားခြင်း-တဆိုနမီသည် ဂရိစကားမှဆင်းသက်လာပြီး ဇီဝဗေဒဆိုင်ရာအုပ်စု၊သက်ရှိများ၏ဝိသေသလက္ခဏာများ၏အခြေခံပေါ်ခွဲခြားခြင်းတို့တွင်အသုံးပြုပါသည်။ သက်ရှိများကို တဆို အဖြစ်သို့အုပ်စုဖွဲ့ထားသည်။ ၎င်းတို့ကို မျိုးရိုးခွဲခြားခြင်း အဆင့်သတ်မှတ်သည်။ ပေးထားသောအဆင့်ရှိအုပ်စုများကိုအဆင့်မြင့်ရာထူးအဆင့်မြင့်အဖွဲ့တစ်ဖွဲ့အဖြစ် စုစည်း၍ ဖန်တီးနိုင်သည်။ ခေတ်သစ်အသုံးပြုမှုတွင်အဓိကရာထူးများမှာ ဒိုမိန်း ၊ နိုင်ငံ ၊ ဖီလစ် ၊ မျိုးပေါင်း ၊ မျိုးစဉ် ၊ မျိုးရင်း ၊ မျိုးစု နှင့် မျိုးစိတ်များ ဖြစ်သည်။ ဆွီဒင်ရုက္ခဗေဒပညာရှင် ကားလ် လင်းနီးယပ် သည်လက်ရှိ taxonomy စနစ်ကိုတည်ထောင်သူအဖြစ်မှတ်ယူသည်။ သူသည်သက်ရှိ ...

လောက (ဇီဝဗေဒ)

ဇီဝဗေဒတွင် လောက သည် သက်ရှိမျိုးစဉ်တန်းအဆင့်၌ နယ်ပယ် ပြီးလျှင် ဒုတိယမြောက် အမြင့်ဆုံးအဆင့်တွင်ရှိသည်။ လောက၏ အောက်တွင် မျိုးပေါင်းစုဟု ခေါ်သည့် အုပ်စုများ ထပ်မံခွဲခြားထားသည်။ အမေရိကန် ပြဋ္ဌာန်းစာအုပ်များတွင် လောက ခြောက်မျိုးခွဲခြားထားပြီး ဗြိတိန်၊ ဩစတြေးလျ၊ လက်တင်အမေရိကနဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေမှာတော့ လောက ငါးမျိုး သတ်မှတ်ကြသည်။ ခေတ်ပေါ် ကိုင်းခွဲသတ်မှတ်နည်းကို အခြေခံပြီးသတ်မှတ်တဲ့ မျိုးခွဲခြားနည်းများတွင်လောက ဆိုသည့်ဝေါဟာရကို အတိအလင်း ဖယ်ရှားထားကြသည်။ အကြောင်းမှာ လက်ဟောင်း လောကများသတ်မှတ် ခွဲခြားနည်းသည် ဘုံမျိုးရင်းခံတစ်ခုရဲ့ မျိုးဆက်ခံသက်ရှိတွေအားလုံးကို ထည့်သွင်းနိုင်ခြင်း မရှိ၍ဖြစ်သည်။

ရုက္ခဗေဒ

ရုက္ခဗေဒဆိုသည်မှာ အပင်လောကကို လေ့လာသည့် ပညာရပ်ကို ခေါ်သည်။ ထိုပညာရပ်သည် ဇီဝဗေဒ၏အရေးကြီး သော အစိတ်အပိုင်းနှစ်ခုအနက် တစ်ခုဖြစ်သည်။ ဇီဝဗေဒဆို သည်မှာ သက်ရှိမှန်သမျှကို လေ့လာသည့် ပညာရပ်ဖြစ်၍ ယင်း၏ အခြားအရေးကြီးသော အစိတ်အပိုင်းတစ်ခုမှာ သတ္တဗေဒ ဖြစ်သည်။

၂၃ ဇွန်

ဇွန်လ၊ ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ ရက်မြောက် ရက်မြောက်) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း ရက် ကျန်သေးသည်။

သတ္တဗေဒ

သတ္တဗေဒ ဆိုသည်မှာ သတ္တဝါများအကြောင်းကို လေ့လာသည့် ပညာတရပ်ဖြစ်ပြီး ဇီဝဗေဒမှ ခွဲထွက်လာသည့် ဘာသာ တစ်မျိုးဖြစ်သည်။ သတ္တဗေဒမှာ သတ္တဝါ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးဝင်ပုံ၊ ပြုမူနေထိုင်ပုံနှင့် ဆင့်ကဲပြောင်းလဲပုံများအား အဓိကထားလေ့လာသုံးသပ်သည့် သက်ရှိဆိုင်ရာ သိပ္ပံပညာတစ်ရပ်ပင် ဖြစ်သည်။

                                     

အဏုဇီဝဗေဒ

အဏုဇီဝဗေဒ သည် အဏုကြည့်မှန်ဘီလူးဖြင့်သာ တွေ့နိုင်သော သက်ရှိရုပ်စုများကို လေ့လာသည့် ပညာရပ်ဖြစ်သည်။ အဏုဇီဝဗေဒတွင် ရောဂါပိုးမွှားဗေဒ ၊ မှိုဗေဒ ၊ ကပ်ပါးကောင်ဗေဒ နှင့် ဘက်တီးရီးယားဗေဒ အစရှိသော ဘာသာရပ်ခွဲများစွာ ပါဝင်သည်။

                                     

နယ်ပယ် (ဇီဝဗေဒ)

ဇီဝဗေဒ မျိုးရိုးခွဲခြားခြင်းဆိုင်ရာအဆင့်များတွင် နယ်ပယ် သည် Carl Woeseနှင့် ပညာရှင်တစ်စုတို့ ဖန်တီးထားသော သုံးနယ်ပယ်ခွဲ မျိုးရိုးခွဲခြင်းစနစ် တွင် အမြင့်ဆုံးအဆင့် ဖြစ်သည်။ ဤအဆင့်ကို ဆူပါကင်းဒမ်း ၊ ရဲလ်မ် သို့မဟုတ် အဲမ်ပိုင်ယာ ဟုလည်း ခေါ်ကြသေးသည်။

                                     

၇ ဇွန်

ဇွန်လ၊ ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ ရက်မြောက် ရက်မြောက်) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း ရက် ကျန်သေးသည်။

                                     

သက်ရှိရုပ်စု

ဇီဝဗေဒတွင် သက်ရှိ ရုပ်စု ဆိုသည်မှာ သက်ရှိ အရာကို ခေါ်သည်။ ၎င်းရုပ်စု တို့သည် တစ်နည်းမဟုတ်တစ်နည်းဖြင့် နှိုးဆွမှုကို တန်ပြန်ခြင်း၊ မျိုးဆက်သစ်ခြင်း၊ ကြီးထွားခြင်း နှင့် တစ်ခုတည်းဖြစ်အောင် ထိမ်းသိမ်းခြင်း တို့ရှိသည်။

                                     

Uropygial gland

ယူရိုပဂျီရော ဂလန့် ဟုခေါ်သည့် အလှဆီအကျိတ် များကို များသောအားဖြင့် ငှက်ကဲ့သို့သော တိရိစ္ဆာန်များတွင် တွေ့ရသည်။ ယင်းအကျိတ်များသည် ငှက်အများစု၏ ကြီးမားသော လျို့ဝှက်ချက်တစ်ခုဖြစ်ပြီး ၎င်းအကျိတ်မှထွက်သည့် အဆီကို အလှဆီအဖြစ် အမွှေးများအား အလှဆင်ရာတွင် အသုံးပြုသည်။ အလှဆီ၏အဓိက ဒြပ်ပေါင်းများမှာ ဒိုင်အက်စတာ ဖယောင်းဖြစ်ပြီး ယူရိုပဂျီအိုးများဟု ခေါ်သည်။

                                     

ကဲရော့တင်း

မူလက မုံလာဥနီမှ ရရှိသော အနီရောင်၊ အရောင်ပြုပစ္စည်း သုံးမျိုးစုပေါင်းဖြစ်သည်။ မြက်နှင့် သစ်ရွက်များတွင်လည်း ပါရှိကြောင်း တွေ့ရှိကြရသည်။ ကဲရော့တင်း သည် ရှုပ်ထွေးသော ဟိုက်ဒရိုကာဘွန်များ ဖြစ်သည်။ ဗီတာမင်အေ အဟာရ ရရှိစေနိုင်သော အဝါရောင် အသီးအနှံအမြစ်များတွင် ကဲရော့တင်းများ ပါရှိသည်။

                                     

ခရိုမိုဆုမ်း

အဖို၏ သုတ်ပိုး ဇီဝကလာပ်နှင့် အမမျိုးဥ ဇီဝကလာပ်တို့တွင် တွေ့ရှိရသည့် ထိုအဖို အမတို့မှ မျိုးရိုးဆက်ခံ ပါရှိလာသော ဗီဇပစ္စည်းများ ဖြစ်သည်။ သန္ဓေတည်လျက် ရှိသော သန္ဓေဥ၏ ဇီဝကလာပ်ဆဲလ်များသည် အဆင့်ဆင့် ကွဲပွားသွားရာ ဇီဝကလပ်တိုင်း၌ အမိ၏ ဇီဝပစ္စည်း ၂၃-ခုနှင့် အဖ၏ ဇီဝပစ္စည်း ၂၃-ခု အညီအမျှစီ ပါရှိသည်။ ထိုဗီဇပစ္စည်းခေါ် ကိုယ်ပွားဗီဇများအရ သန္ဓေသား၏ ဖိုမ ကွဲပြားမှုသည်လည်း ဖြစ်လာရလေသည်။ ခရိုမိုဆုမ်းမှာ အဓိကအားဖြင့် ဒီအောက်ဇီရီ ဗိုနျူကလိုက် အက်ဆစ်နှင့် ပရိုတိန်းဓာတ်ပစ္စည်းများ ဖွဲ့စည်းထားသည်ကို တွေ့ရသည်။