ⓘ ဥပဒေ

ဥပဒေ

ဥပဒေ ဆိုသည်မှာ လူတို့ အချင်းချင်း ဆက်ဆံပေါင်းသင်းရာ၌ တရားမျှတခြင်း ရှိစေရန်နှင့် အကွပ်အကဲ အထိန်းအကျောင်း သဖွယ် ဖြစ်စေရန် အုပ်စိုးသူ အစိုးရတို့က သတ်မှတ်ပြဋ္ဌာန်းထားသော စည်းကမ်းစုပင်ဖြစ်သည်။ မည်သည့်အမူအကျင့်သည် ကောင်းသည်၊ မည်သည့်အမူ အကျင့်သည် မကောင်းဟူသော အများက ယူဆ ထင်မြင်သော စည်းကမ်းချက်များကို စုပေါင်း၍ အာဏာပိုင်အစိုးရတို့က ပြည်သူအများ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသည့်တို့ကို ဥပဒေဟုခေါ်သည်။ ကမ္ဘာလောကကြီးတွင် တရားဥပဒေသာ မရှိပါက လူတို့၏နေရေးထိုင်ရေးသည် ဘေးအန္တရာယ် ကင်းရှင်းမည် မဟုတ်ချေ။ လုံခြုံမှု ငြိမ်ဝပ်ပိပြားမှု များသည်လည်း ရှိတော့မည် မဟုတ်ချေ။ တရားဥပဒေသည် နိုင်ငံ တစ်ခု တည်မြဲရေးတွင် ...

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက် မရှိမဖြစ် လိုအပ်သည့် အရာဖြစ်သည်။ ထိုဥပဒေဖြင့်သာ နိုင်ငံတစ်နိုင်ငံကို မည်သည့်ဝါဒဖြင့် အုပ်ချုပ်မည်၊ မည်သည့် စနစ်ဖြင့်မောင်းနှင်မည်၊ အချုပ်အခြာအာဏာဖြစ်သည့် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာတို့ကို မည်သို့မည်ပုံ ခွဲဝေပိုင်းခြားမည် ဆိုသည်တို့ကို ပြဋ္ဌာန်းသတ်မှတ်ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အဓိကအားဖြင့် ပြည်သူ့ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များက ရေးဆွဲလေ့ရှိကြပြီး အခြေအနေအရပ်ရပ်ကြောင့် အဖွဲ့အစည်းတစ်ရပ်က ဦးဆောင်ရေးဆွဲရသည်လည်းရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိ ...

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

ဤအခြေခံဥပဒေကိုရေးဆွဲရန်အတွက် ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံကို စတင်ခေါ်ယူခဲ့သည်။ အာဏာသိမ်း စစ်အစိုးရ ဦးစီးကျင်းပသည့် အမျိုးသားညီလာခံ ကျင်းပနေဆဲတွင် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်များဟာ ၁၉၉၅ ခုနှစ်တွင် ညီလာခံမှ ထုတ်ပယ်ခံခဲ့ရသည်။ အမျိုးသားညီလာခံဟု ဆိုသော်လည်း စစ်အစိုးရ၏ စိတ်တိုင်းကျ စီမံရေးဆွဲခြင်းဖြစ်ပြီး ဒီမိုကရစီအရေးလှုပ်ရှားသူများ၊ တိုင်းရင်းသားလူနည်းစုများ၏ ဆန္ဒနှင့် အဆိုပြုချက်များကို လျစ်လျူရှုခဲ့သည်။ ထို့နောက် အမျိုးသားညီလာခံ စတင်ကျင်းပချိန်မှ ၁၄ နှစ် အကြာ ၂၀ဝ၈ ခုနှစ်တွင် ညီလာခံကို ကျင်းပပြီးစီးခဲ့ပြီး အခြေခံဥပဒေ မူကြမ်းကို စတင်ရေး ...

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ

ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ နိုင်ငံတော် သို့မဟုတ် အခြားသော အဖွဲ့အစည်းတစ်ခု အုပ်ချုပ်မှုအရ အခြေခံသဘောတရားများ သို့မဟုတ် ရှိနှင့်ပြီးသော ထုံးတမ်းသာဓကများကို စုစည်းထားခြင်း ဖြစ်သည်။ ထိုစည်းမျဉ်းစည်းကမ်းများအားလုံး စုပေါင်း၍ မည်သည်ကမျက်မြင်ထင်ရှား တည်ရှိနေသည်တို့ ပါဝင်သည်။ ထိုသဘောတရားများအား တရားဝင် စာရွက်စာတမ်းများအဖြစ်သို့ ချရေးပြီးသောအခါ ထိုစာရွက်စာတမ်းတို့ကို စာဖြင့်ရေးသားထားသော ဥပဒေ အဖြစ် ဖွဲ့စည်းပြောဆိုနိုင်သည်။ အခြေခံဥပဒေသည် အဖွဲ့အစည်းအဆင့်အမျိုးမျိုး၊ အာဏာပိုင် မှ ကုမ္ပဏီများ နှင့် သမဝါယမ မဟုတ်သော အသင်းအဖွဲ့တို့အထိ သက်ဆိုင်သည်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ဖွဲ့စည်းခြင်းဟူသည့် သဘောတူစ ...

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး သည် မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၁၁ မတ်လ ရက်နေ့တွင် စတင် ဖွဲ့စည်းထားခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ဦးဖြင့်ဖွဲ့စည်းထားပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက အဖွဲ့ဝင်သုံးဦး အသီးသီးရွေးချယ်ရပါသည်။ နိုင်ငံတော်သမ္မတသည် အဆိုပါ ဦး၏အမည်စာရင်းကို၎င်း ယင်းတို့အနက် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်စာရင်းကို၎င်း ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းလျက် သဘောတူညီချက်ရယူရပါသည်။ ခုံရုံး၏ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ နိ ...

မြန်မာအမျိုးစောင့်ဥပဒေ

မြန်မာအမျိုးစောင့်ဥပဒေ ကို မစိုးရိမ်တိုက်သစ် နာယက ပရိယတ္တိသာသနာဟိတ ဓမ္မာစရိယ ဆရာတော် အရှင်ဝီရသူ နှင့် သံဃာများက၂၀၁၃ ခုနစ်၊ ဇွန်လတွင် မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ ဘာသာခြားနှင့် အိမ်ထောင်ပြုမှုက ကာကွယ်ဖို့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် ဥပဒေကြမ်းရေးဆွဲ တင်ပြခဲ့သည်။ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ ဘာသာခြားနှင့် အိမ်ထောင်ပြုမှုက ကာကွယ်ဖို့ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် သာသနဓဇ ဓမ္မာစရိယ ဆရာတော် ဒေါက်တာ ဓမ္မပီယ ဆရာတော် ဦးဝီရသူ စသော သံဃာတော် အရှင်သူမြတ်များက ဥပဒေကြမ်းရေးဆွဲ တင်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ

စစ်မှုမထမ်းမနေရဥပဒေ ဟုလည်းခေါ်ကြသည့် ဥပဒေဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ပြည်သူ့စစ်မှုထမ်းဥပဒေ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန် ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင် နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းဆောင်နိုင်ရန် န ...

ပြစ်မှုဆိုင်ရာဥပဒေ

ပြစ်မှုဆိုင်ရာဥပဒေ ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် ဥပဒေပြု အာဏာပိုင်က ပြည်သူအချင်းချင်း ကျင့်သုံးလိုက်နာရန်၊ နိုင်ငံအတွင်း၌ နေထိုင်သည့် ပြည်သူများ အား လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ ဇာတ် ခွဲခြားခြင်းမပြုဘဲ ဆောင်ရန် ရှောင်ကြဉ်ရန် သတ်မှတ်ထား သည့် ဥပဒေများ၊ နည်းဥပဒေများဖြစ်၍ ထိုဥပဒေများ၊ နည်းဥပဒေများကို မလိုက်နာ မဆောင်ရွက် ပါက ပြစ်ဒဏ်ကို သတ်မှတ်ပေးသည့် ဥပဒေကို ခေါ်ဆိုခြင်းဖြစ်သည်။ ပြစ်မှုဆိုင်ရာဥပဒေတွင် ပြစ်မှု ရာဇဝတ်မှုများ၏ အဓိပ္ပာယ် ပြစ်မှု ရာဇဝတ်မှု မြောက် စေမည့် အင်္ဂါရပ်များကို သတ်မှတ်ဖော်ပြချက်များနှင့် ပြစ်မှု ရာဇဝတ်မှု များကို ကျူးလွန်ခဲ့သော်ကျခံရမည့် ပြစ်ဒဏ်ပြဋ္ဌာန်းချက်များ ပါရှိပေသည်။ ဥပဒ ...

တပ်မတော်(အခြေခံဥပဒေ)

အောက်ဖော်ပြပါ မှတ်စုဆောင်းပါးပါ အချက်အလက်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ် စာမျက်နှာ ၊ အခန်း၊ တပ်မတော် အခန်းပါ ဥပဒေ ပြဋ္ဌာန်းချက်များမှ အကြောင်းအရာပါအတိုင်း ထပ်ဆင့် ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။ ကွဲလွဲချက်ရှိလာပါက မူရင်း အခြေခံဥပဒေစာအုပ်နှင့် ညှိနှိုင်း တိုက်ဆိုင်ရန် ဖြစ်ပါသည်။ ၃၃၇။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ ၃၃၈။ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်။ ၃၃၉။ နိုင်ငံတော်အားပြည်တွင်း၊ ပြည်ပအန္တရာယ်များမှကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ ၃၄၀ ...

အထူးဥပဒေများ

မြန်မာနိုင်ငံတွင် ပြစ်မှုဆိုင်ရာအမှုများကို စစ်ဆေးစီရင်ရာတွင် ယခင်ရာဇသတ်ကြီး ပြစ်မှုဆိုင်ရာ ဥပဒေ နှင့် စစ်ဆေး စီရင်ဆုံးဖြတ်ကြသည်။ အချို့သောပြစ်မှုများမှာ ပြစ်မှုဆိုင်ရာဥပဒေတွင် အသေးစိတ် ဖေါ်ပြထားခြင်း မရှိပေ။ ထိုအခါ အဆိုပါအမှုများအတွက် လိုအပ်သည့်သီးခြားပြဋ္ဌာန်းချက်များကို ထုတ်ပြန် ဆောင်ရွက်ရန်လို အပ်လာသည်။ ပြစ်မှုဆိုင်ရာဥပဒေ၏ အခန်း၂ အရပ်ရပ်ဆိုင်ရာ ရှင်းလင်းချက်များ ပုဒ်မ ၄၁တွင် အထူးဥပဒေကို အောက်ပါအတိုင်း အနက်အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ အထူးဥပဒေ ဆိုသည်မှာ သီးခြားအကြောင်း အရာတခုနှင့်သက်ဆိုင်သော ဥပဒေကိုဆိုလိုသည်၊ ထို့ကြောင့်သီးခြားအကြောင်းအရာများအတွက် အထူး ဥပဒေများ သီးခြားထုတ်ပြန်ပေး ...

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း

အောက်ဖော်ပြပါ မှတ်စုဆောင်းပါးပါ အချက်အလက်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ် စာမျက်နှာ ၊ အခန်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်းပါ ဥပဒေ ပြဋ္ဌာန်းချက်များမှ အကြောင်းအရာပါအတိုင်း ထပ်ဆင့် ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။ ကွဲလွဲချက်ရှိလာပါက မူရင်း အခြေခံဥပဒေစာအုပ်နှင့် ညှိနှိုင်း တိုက်ဆိုင်ရန် ဖြစ်ပါသည်။ ၄၃၃။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုပြင်ဆင်လိုပါက အောက်ဖော်ပြပါ သတ်မှတ်ထားသောနည်းလမ်းအတိုင်း ဆောင်ရွက်ရမည် – က ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ်ဖြင့် တင်သွင်းရမည်၊ ခ ဖွဲ့စည်းပုံအခြေခံဥပဒေ ...

ဥပဒေများ(၁၉၈၄)

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမအစည်းအဝေးနှင့် သတ္တမ အစည်းအဝေးတို့က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်ကောင်စီဥက္ကဋ္ဌက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ၁၉၈၄-ခုနှစ်အတွင်း အာဏာတည်သည့် ဥပဒေများမှာ ဘွိုင်လာဥပဒေ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေ၊ စည်ပင်သာယာရေးဥပဒေနှင့် လျှပ်စစ်ဥပဒေတို့ ဖြစ်ကြသည်။

ကလေးအလုပ်ကြမ်းဥပဒေ

၁၉ရာစုနှစ်၌ အင်္ဂလန်ပြည်တွင် စက်မှုလက်မှုလုပ်ငန်းများ ထွန်းကား၍ စက်ရုံများ အနှံ့အပြား ပေါ်ပေါက်လာခဲ့သည်။ ထိုစက်ရုံများ၌ အလုပ်လုပ်ကြသော လုပ်သားများမှာ အများအားဖြင့် ကလေးသူငယ်များသာဖြစ်ကြ၍ အချို့ကလေးများမှာ အသက် ၄နှစ်အရွယ်မျှသာ ရှိကြသည်။ ထိုမျှ ငယ်ရွယ်သော ကလေး သူငယ်များသည် စက်ရုံများထဲ၌ တဝီဝီလည်နေသော ဘီးကြီး များနှင့် လျင်မြန်စွာ သွားလာနေသော စက်ပတ်ကြိုးများအကြား တွင် ကျပ်ကျပ်တည်းတည်း အလုပ်လုပ်ကြရသည်။ သူတို့သည် တစ်နေ့လျှင် ၁၂ နာရီ ၁၄ နာရီမှ တစ်ခါတစ်ရံ ၁၅ နာရီ ကြာမျှ အလုပ်လုပ်ကြရ၍ ငိုက်မျဉ်းသွားလျှင်သော်လည်းကောင်း၊ တစ်စုံ တစ်ခု မှားယွင်းသွားလျှင်သော်လည်းကောင်း၊ အလုပ်သမားခေါင်းအကြီးအကဲများ၏ ကျာ ...

ခုံတင်စစ်ဆေးခြင်း

တရားစီရင်ဆုံးဖြတ်ခြင်းသည် တရားရုံးများ၏ တာဝန်ဟု လူတိုင်းက သာမာန်အားဖြင့် နားလည်ကြ၏။ အမှုအခင်းများ ကို တရားရုံးသို့ တင်သွင်း၍ တရားရုံးများကသာ စစ်ဆေးပြီး လျှင် စီရင်ဆုံးဖြတ်ရသည်ဟု မှတ်ယူနေကြသည်။ သို့ရာတွင် အချို့အချို့သော အမှုအခင်းများမှာ တရားရုံးသို့ မရောက်ဘဲ၊ ကြားလူက ဖြေရှင်းပေးခြင်းကြောင့် ပြေလည်သွားသည်လည်း ရှိ၏။ ထိုမှတစ်ပါးလည်း အချင်းဖြစ်ပွားသူတို့သည် မိမိတို့၏ အမှုကို တရားရုံးတွင် စစ်ဆေးနေစဉ်၊ ကြားလူ၏ အဆုံး အဖြတ်ကို ခံယူရန် သဘောတူညီပါသည်ဟု တရားရုံးသို့ လျှောက်ထားပြီးနောက် တရားရုံး၏ သဘောတူညီချက်ဖြင့် တရားရုံး ပြင်ပတွင် အဆုံးအဖြတ်ခံကြသည်။ ယင်းသို့ ကြားလူများကို ခုံသမာဓိတင်မြှောက်၍ ပဋိပက္ခ ...

ခံဝန်ချုပ်

ခံဝန်ချုပ်ဆိုသည်မှာ ငွေကြေးကိစ္စနှင့် စပ်လျဉ်းသော ကတိတစ်ခုခုကို ဝန်ခံသက်သေပြုသော စာချုပ်စာတမ်းဖြစ်၍ အင်္ဂလိပ်ဘာသာအားဖြင့် ဗွန်းဟု ခေါ်သည်။ ဗွန်း၏ အဓိပ္ပာယ် မှာ ချည်ရန်၊တုပ်ရန် ဖြစ်သည်။ အစိုးရ သို့မဟုတ် ကော်ပိုရှင်း အဖွဲ့တစ်ခုခုက ငွေလိုသဖြင့် လူထုံထံမှ ချေးသောအခါ ငွေကို သတ်မှတ်ထားသောနေ့ရက်တွင် အတိုးနှင့်တကွ ပြန်လည် ပေးဆပ်ပါမည်ဟူ၍ ကတိပြုစာရွက်စာတမ်းများကို ထုတ်ပေး သည်။ ထိုစာရွက်စာတမ်းသည် ငွေချေးယူသူကို တုပ်နှောင် ထားသည့် စာချုပ်သဖွယ်ဖြစ်ပေသည်။ ငွေကိုင်စာရေးကဲ့သို့ ငွေကြေးလက်ခံထိန်းသိမ်းရသောသူ များသည် ငွေရေးကြေးရေးကိစ္စများ၌ ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်ပါမည်ဟူ၍ အလုပ်ရှင်နှင့် ချုပ်ဆိုသော ကတ ...

ဂျူရီ

ဂျူရီ။ ။ အင်္ဂလန်နိုင်ငံနှင့်တကွ အင်္ဂလန်နိုင်ငံ တရားစီရင်ရေးစနစ်ကို လိုက်နာကြသည့်နိုင်ငံတို့တွင် အမှုအခင်းမှ ပေါ်ပေါက်လာသော အကြောင်းခြင်းရာတို့ကို အဆုံးအဖြတ်ပေးရသော အဖွဲဲ့ဟူ၍ တရားစီရင်သော တရားသူကြီးတို့နှင့် ဆက်စပ်တည်ရှိသည်။ ထိုအဖွဲ့ကို ဂျူရီအဖွဲ့ငယ်ဟု ခေါ်တွင်လေသည်။ ဤသို့ဆုံးဖြတ်ပေးရသော ဂျူရီအဖွဲ့ငယ်အပြင် ဂျူရီအဖွဲ့ကြီး ဟူ၍လည်း ရှိသေးသည်။ ၁၉၃၃ ခုနှစ်မတိုင်မီ ဂျူရီအဖွဲ့ကြီးတို့ သည် ရာဇဝတ်ကြီးတို့၌ ရုံးတော်ရှေ့မှောက်သို့ တရားခံအား မသွင်းရသေးမီ မှုခင်းဖြစ်ပွားသည့် အခြင်းအရာတို့ကို ရှေးဦး စစ်ဆေးရသည်။ ဦးစွာပထမ ပေါ်ပေါက်လာသော သာဓကများအရ တရား လို၏ ထွက်ချက်တို့သည် ယုတ္တိတန်သည်ဟူ၍ ကျေနပ်လောက် အော ...

စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှု

စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှု သို့မဟုတ် ဒုစရိုက် အဖွဲ့အစည်းများသည် လူမျိုးပေါင်းစုံပါဝင်သော အုပ်စုဖွဲ့ခြင်းတစ်ခုဖြစ်ပြီး ဒုစရိုက်လုပ်ငန်းများ ပြုလုပ်ရန် ဗဟိုချုပ်ကိုင်မှုအလွန်မြင့်မားပြီး တရားမဝင်သော လုပ်ဆောင်ချက်တွင်ပါဝင်ရန် ရည်ရွယ်သည်။ အများအားဖြင့် ငွေကြေး အကျိုးအမြတ် တစ်စုံတစ်ရာရရှိရန် ရည်ရွယ်သည်။ ဖွဲ့စည်းထားသော ဒုစရိုက်ထိန်းချုပ်ရေးအက်ဥပဒေ သည် စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှုအား" ဥပဒေနှင့်ဆန့်ကျင်သောလုပ်ဆောင်ချက်များ ” ဟုသတ်မှတ်သည်။

တရားသူကြီး

တရားသူကြီးဆိုသည်မှာ တစ်ကိုယ်တော်ဖြစ်စေ၊ တရာသူကြီး အဖွဲ့နှင့် ဖြစ်စေ တရားစီရင်မှု ပြုရာတွင် တွင် အကြီးအမှူးဖြစ်သည်။ တရားသူကြီး၏ အခွင့်အာဏာ၊ လုပ်ငန်းဆောင်တာ၊ ခန့်အပ်ပုံ၊ စည်းမျဉ်းစည်းကမ်း နှင့် လေ့ကျင့်သင်ကြားမှုတို့မှာ တရားစီရင်ရေး စနစ်ရှိရာ နေရာ ဌာနပေါ်တွင် မူတည်၍ ကွဲပြားခြားနားသည်။ တရားသူကြီးသည် တရားခွင်ကို အများပြည်သူတို့၏ မျက်ကွယ်တွင် ဖြစ်စေ ရှေ့မှောက်တွင် ဖြစ်စေ ပြုလုပ်လေ့ ရှိသည်။ တရားသူကြီးတို့သည် သက်သေတို့၏ ထွက်ဆိုချက်များကို နားထောင်ခြင်း၊ တရားလို နှင့် တရားခံ သို့ တရားပြိုင်တို့မှ တင်ပြသော သက်သေ အထောက်အထားများကို လေ့လာခြင်း၊ ထိုသက်သေ အထောက်အထားများ၏ ယုတ္တိတန်မတန် ကို လေ့လာခြင်းတို့ ...

နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ

နည်းဥပဒေ၊ စည်းမျဉ်းဥပဒေတို့သည် ဥပဒေသဘောသက်ရောက်သော ဥပဒေများဖြစ်သည်။ ဥပဒေတရပ်အား အကောင်အထည်ဖေါ် ရန်အတွက်ဖြစ်စေ၊ လိုအပ်ချက်အရဖြစ်စေ နည်းဥပဒေ၊ စည်းကမ်းဥပဒေများ ထပ်ဆင့်ထုတ်ပြန်ရသည်၊ အချို့ သောဥပဒေများတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ခြုံငုံပြီး မပြဋ္ဌာန်းနိုင်သည့် အခါတွင်သော်လည်းကောင်း၊ အသေးစိတ်ကျသည့် လုပ်ငန်းများအတွက်လည်းကောင်း ပင်မဥပဒေအား အကောင်အထည်ဖေါ်နိုင်ရန် အလို့ ငှာ လိုအပ်သည့်နည်းဥပဒေများကို ထပ်ဆင့်၍ ထုတ်ရမည်ဖြစ်ပေသည်၊ တနည်းအားဖြင့်ဆိုသော် ဥပဒေ၊ နည်းဥပဒေဟုဆိုရာတွင် နည်းဥပဒေများသည် ဥပဒေများကို ပိုမိုအသေးစိတ် တိကျစွာရုပ်လုံးဖေါ်ထားခြင်းဖြစ်သည်။ နည်းဥပဒေများသည် ဥပဒေများကို လက်တွေ့အကောင်အထည ...

နိုင်ငံသားတို့၏အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်း

နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းသည် တိုင်းပြည်တစ်ပြည် ၏ နိုင်ငံသားများ ၏ အရေးအကြီးဆုံးသော အခွင့်အရေးများ ကို ပြုစုထားသော စာရင်းတစ်ခုဖြစ်သည်။ ထို ဥပဒေ မူ ကြမ်းများ ၏ ရည်ရွယ်ချက်မှာ အခွင့်အရေးများကို ချိုးဖောက်ခြင်းများအား အစိုးရမှ ကာ ကွယ်ပေးရန်ဖြစ်သည်။ "နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်း" ဟူသော အသုံးအ နှုန်းသည် အင်္ဂလန် မှ ဆင်းသက်လာပြီး ၎င်းသည် နိုင်ငံသားများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်း ၁၆၈၉ ကို ရည်ညွှန်းသည်။ နိုင်ငံသားတို့၏ အခွင့်အရေးများဆိုင်ရာ ဥပဒေမူကြမ်းသည် ခိုင်မာ စွာ အမြစ်တွယ်နေခြင်း သို့မဟုတ် ခိုင်မာစွာအမြစ်တွယ်မှုမရှိခြင်း ဖြစ်နိုင်သည်။

မူပိုင်ခွင့်

မူပိုင်ခွင့် သည် ဥပဒေ တစ်ခုဖြစ်ပြီး ၎င်းသည် ဂီတ၊ စာအုပ် စာပေ၊ အချက်အလက်၊ ရုပ်ပုံ များနှင့် အခြားအခြား သော ကိုယ်တိုင် ဖန်တီးရယူမှုများအား ကာကွယ်နိုင်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းက မည်သူသည် ထိုအရာအား အမှန်တကယ် ဖန်တီးသည် ဟု မှန်ကန်စွာ ဆုံးဖြတ်ပေးသည်။ မူပိုင်ခွင့် ဥပဒေသည် ဖန်တီးသူအတွက် ၎င်း၏ ဖန်တီးထားသော အလုပ်များအား ရောင်းချခြင်းဖြင့် ငွေကို လုပ်ယူပေးနိုင်ရန် လွယ်ကူစေသည်။ ထို့ပြင် ပိုင်ရှင်မှ ခွင့်ပြုချက်ရှိမှသာလျှင် ၎င်း၏ လက်ရာကို ကူးယူနိုင် သည် သို့မဟုတ် တုပပြုလုပ်နိုင်လေသည်။ လူတစ်ဦးသည် မူပိုင်ခွင့် ဥပဒေဖြင့် ကာကွယ်ထားသော လက်ရာတစ်ခုအား ပိုင်ရှင်မသိအောင် တုပပြုလုပ်လျှင် ၎င်းပုဂ္ဂိုလ် ...

ရာဇဝတ်မှု

ရာဇဝတ်မှု ဆိုသည်မှာ နိုင်ငံတစ်ခုခုတွင် ပြဋ္ဌာန်းထားသော တရားဥပဒေနှင့် ဆန့်ကျင်သော အမူကို ကျူးလွန်ခြင်းဖြစ်၍၊ ထိုကဲ့သို့ ကျူးလွန်သူသည် တရားဥပဒေအရ အပြစ်ဒဏ်စီရင် ခြင်းကို ခံရသည်။ အိမ်ကို ဖောက်ထွင်း၍ ပစ္စည်းခိုးယူခြင်း၊ တစ်စုံတစ်ယောက်ထံမှ ပစ္စည်းကို လုယူခြင်း၊ လက်မှတ်လိမ် ဖြင့် ငွေထုတ်ယူခြင်း၊ သူတစ်ပါးပိုင် ငွေကို အလွဲသုံးစား ပြုခြင်း၊ လူကိုဖြစ်စေ၊ တိရစ္ဆာန်ကို ဖြစ်စေ ညှဉ်းဆဲခြင်း အစ ရှိသော ကျူးလွန်မှုတို့သည် ရာဇဝတ်မှုများ ဖြစ်ကြသည်။ လူသတ်မှု၊ နိုင်ငံကို သစ္စာဖောက်မှု စသည်တို့သည် အလွန်ကြီး လေးသော ရာဇဝတ်မှုများ ဖြစ်ကြသည်။ ထိုကဲ့သို့ ကြီးလေး သော ရာဇဝတ်မှုမျိုးကို သေဒဏ်စီရင်နိုင်သည်။ သို့ရာတွင် နိ ...

ရှေ့တော်သွင်း စာချွန်တော်

ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများတွင် တစ်သီးပုဂ္ဂလ လွတ်လပ်မှု အခွင့်အရေး အပါအဝင် အချို့သောအခွင့်အရေး များကို နိုင်ငံသူနိုင်ငံသားတိုင်း ရယူခံစားနိုင်သော မူလအခွင့် အရေးများဟူ၍ သတ်မှတ်ထားတတ်လေသည်။ ယင်းမူလအခွင့် အရေးများကို အချို့သောနိုင်ငံများ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။ စင်စစ်ဆိုလျှင် မူလ အခွင့်အရေးများကို မည်သို့ပင် အခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားစေကာမူ ထိုအခွင့်အရေးများကို ရယူခံစားနိုင်စေရန် အတွက် အာမခံမည့် အစီအမံများ ရှိရပေဦးမည် ဖြစ်ပေသည်။မူလအခွင့်အရေးများတွင် အပါအဝင် တစ်သီးပုဂ္ဂလ လွတ်လပ်မှုအခွင့်အရေး ဆိုသည်မှာ လူတစ်ဦး တစ်ယောက် အား တရားဥပဒေအရ မဟုတ်ဘဲ ဖမ် ...

ရှေ့တော်သွင်း စာချွန်တော် အမိန့်

ရှေ့တော်သွင်း စာချွန်တော် အမိန့် ဆိုသည်မှာ တရားရုံး တစ်ခုမှ အာဏာပိုင်အနေဖြင့် ပြစ်ဒဏ် ကျခံနေရသော အကျဉ်းသားအား တရားရုံး ရှေ့မှောက်သို့ တင်သွင်းရန် ဆင့်ခေါ်သည့် အမိန့် ဖြစ်ပါသည်။ ထိုကဲ့သို့ဆင့်ခေါ်ပြီးနောက် တရားရုံးမှ အကျဉ်းသားကို ပြစ်ဒဏ် ပေးထားခြင်း၊ ချုပ်နှောင် ထားခြင်းများသည် တရား ဥပဒေနဲ့ညီ၊ မညီ ပြန်လည် စစ်ဆေးသည်။ တရားဥပဒေနှင့် မကိုက်ညီ လျှင် ပစ်ဒဏ်မှလွှတ်မိန့်ပေး နိုင်ပါသည်။ အင်္ဂလိပ်ဥပဒေ အဘိဓာန်မှအောက်ပါအတိုင်း ဖွင့်ဆိုထားပါတယ်။ "A writ of habeas corpus is a judicial mandate to a prison official ordering that an inmate be brought to the court so it can be determined whether or not that ...

လုပ်ထုံးလုပ်နည်း၊ ကျင့်ထုံးဥပဒေ

ပင်ရင်းဥပဒေ၊ သို့မဟုတ်၊ အရင်းခံဥပဒေကို အကောင်အထည်ဖေါ်ဆောင်ရွက်ကြရာတွင် နည်းဥပဒေ၊ သို့မဟုတ် ကျင့်ထုံးဥပဒေကို လိုက်နာကျင့်သုံးရသည်။ တရားစီရင်ရာ၌လိုက်နာကျင့်သုံးရန်အတွက် စည်းမျဉ်း စည်းကမ်းနှင့်နည်းလမ်းများရှိပေသည်။ ၎င်းတို့အနက်အချို့သည် အမိန့်နှင့် သတ်မှတ်သည့် ဥပဒေများမဟုတ် သည့်အပြင် နိုင်ငံတော်ကလည်းအမိန်‹အာဏာနှင့်လိုက်နာရမည် ဟုမပြောနိုင်ပေ။ သို့သော်လည်း ယင်းစည်း မျဉ်းစည်းကမ်းနှင့်နည်းလမ်းများကို တရားရုံးများက အမြဲလိုက်နာကြရသည်။ သို့ရာတွင်၎င်းတို့မှာ အများအား ဖြင့် လုပ်ထုံးလုပ်နည်းများကို ဥပဒေအဖြစ်ပြဋ္ဌာန်း၍ အတည်ပြုထားလေ့ရှိသည်။ ဥပမာ-အမှုအခင်းကိစ္စရပ်များကိုဖြေရှင်းဆောင်ရွက်ရာတွင် အတိအကျလိုက် ...

လူကုန်ကူးခြင်း

လူကုန်ကူးခြင်း ဆိုသည်မှာ လူအများအား လှည့်စားခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ အတင်းအကျပ်ခိုင်းစေခြင်း သို့မဟုတ်ပါက ၎င်းတို့၏ နေအိမ် သို့မဟုတ် တိုင်းပြည်မှ ဖယ်ရှားခြင်းခံရပြီး ထို့နောက်တွင် နိမ့်ကျသော အခကြေးငွေပေးခြင်း သို့မဟုတ် အခကြေးငွေ လုံးဝမပေးခြင်း သို့မဟုတ် အလွန်အမင်း ခေါင်းပုံဖြတ်သော သတ်မှတ်ချက်များဖြင့် အတင်းအကျပ်အလုပ်ခိုင်းစေသည့် အလေ့အထဖြစ်သည်။ ထိုအလေ့အထသည် လူအများကို ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် ကုန်သွယ်မှု အဖြစ်သဘောထားပြီး ၎င်းတွင် ကျွန်စနစ်၏ သွင်ပြင်လက္ခဏာ များစွာရှိသည့်အပြင် တိုင်းပြည်အများစုတွင် ၎င်းသည် တရားဝင်မှုမရှိပါ။ လူကုန်ကူးခြင်းခံရသည့် သားကောင်များသည် အခြေအနေမျိုးစုံ ...

လွတ်လပ်စွာတရားစီရင်ရေး

လွတ်လပ်စွာတရားစီရင်ရေး ဆိုသည်မှာ တရားစီရင်ရေးဌာနသည် အခြားသော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဌာနများ၏ ဩဇာလွှမ်းမိုးမှုများမှ သီးသန့်ကင်းလွတ်နေရမည်ဟူသော အယူအဆတစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ တရားရုံးများအပေါ်အခြားအခြားသော အစိုးရဌနများ၊ အဖွဲ့အစည်းများ၏ မလျှော်ဩဇာသုံးလွှမ်းမိုးမ၍များမရှိစေရေးဖြစ်သည်။ လွတ်လပ်စွာတရားစီရင်ရေးသည် ဒီမိုကရေစီ၏ အဓိကလိုအပ်ချက်ြဖစ်သော အာဏာခွဲဝေကျင့်သုံးမှု ၏ အသက်သွေးကြောဖြစ်သည်။ နိုင်ငံများသည် လွတ်လပ်စွာတရားစီရင်မှုရှိစေရန်အတွက် တရားသူကြီးများကို နည်းလမ်းအမျိုးမျိုးဖြင့် ရွေးခြယ်ခန့်ထားလေ့ရှိကြသည်။ ဒီမိုကရေစီနိုင်ငံအများစုတွင် အမြင့်ဆုံးတရားရုံးရှိ တရားသူကြီးများကို အုပ်ချုပ်ရေးဘက ...

သုဓမ္မစာရီဖြတ်ထုံး

ဖြတ်ထုံးဟူသည်မှာ တရားမျှတစွာ စီရင်ဆုံးဖြတ်သည့် ဆုံးဖြတ်ပုံ၊ ဆုံးဖြတ်နည်း အစဉ်အလာကို ဆိုလိုခြင်းဖြစ်ပေသည်။ သုဓမ္မစာရီဖြတ်ထုံးသည် ကောင်းသောတရားစောင့်ထိန်းသူဟူ၍ အဓိပ္ပါယ်ရသည့် အနွတ္ထအမည်ဖြင့် ခေါ်တွင်ထားသော တရားဆုံးဖြတ်သူ မင်းသမီး၏ အမည်ကိုအစွဲပြု ခေါ်ထားခြင်းဖြစ်လေသည်။ မြန်မာစကားပြေ ကျမ်းများတွင် ဖြတ်ထုံးကျမ်းအများအပြားရှိခဲ့ရာ အခြားဖြတ်ထုံးများမှာ မင်း၊ တရားသူကြီး၊ ခုံမင်း၊ ပညာရှိ ဘုရားအလောင်းတော်၊ ရသေ့ စသောအမျိုးသား ပညာရှိတို့၏ အမှုစီရင်ဆုံးဖြတ်ပုံများသာ ဖြစ်ပြီးလျှင် အမျိုးသမီးပညာရှိတို့၏ ဖြတ်ထုံးဟူ၍ ဇလာကဒေဝီဖြတ်ထုံးနှင့်သုဓမ္မစာရီဖြတ်ထုံး နှစ်စောင်သာ လျှင်ရှိခဲ့လေသည်။ ဇလာကဒေဝီသည် မဟော်သဓဇ ...

သေတမ်းစာ

သေတမ်းစာဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် မိမိကွယ်လွန်သောအခါ မိမိပိုင် ငွေကြေးပစ္စည်းများကို မည်သို့မည်ပုံ ဝေဖန်ချထားလိုကြောင်း မိမိ၏ရည်ရွယ်ချက်ကိုထုတ်ဖေါ်၍မသေမီက ပင်ရေးသားထား သောတရားဝင် ကြေညာချက်စာတမ်းဖြစ်သည်။ အမွေဆက်ခံခြင်း အက်ဥပဒေအရ အနောက်နိုင်ငံများ၌ သေတမ်းစာရေးရန်ခွင့်ပြုထားသော်လည်း ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးများအဖို့ သေတမ်းစာရေးသားခွင့်မရှိချေ။ မြန်မာတို့၏မည်သည့်ဓမ္မသတ်၊ လွှတ်တော်မှတ်တမ်း စသည်တို့၌မျှ သေတမ်းစာရေးနိုင်ကြောင်းမပါရှိချေ။ ၁၈၆၆ခုနှစ်တွင် အောက်မြန်မာနိုင်ငံကို အုပ်ချုပ်လျက် ရှိသော မဟာဝန်ရှင်တော်မင်းကြီးဆာအာသာဖယ်ရာက ဗုဒ္ဓအယူဝါဒမြန်မာနှင့်သေတမ်းစာကိစ္စကို အောက်ပါအတိုင်း ကြေညာချက် ...

သေဒဏ်

သေဒဏ်ဆိုသည်မှာ လူတစ်ဦးတစ်ယောက်အား နိုင်ငံတစ်နိုင်ငံ၏ အာဏာပိုင် အဖွဲ့အစည်းမှ တရားဥပဒေ ကြောင်းအရ ရာဇဝတ်မှု တစ်ခု အတွက် အပြစ်ဒဏ်ပေးသည့် အနေဖြင့် သတ်စေခြင်းကို ဆိုလိုသည်။ အင်္ဂလိပ်ဘာသာဖြင့် Capital punishment ဟု သုံးနှုန်းလေ့ ရှိကြပြီး လက်တင်ဘာသာ capitalis မှ ဆင်းသက်လာသည်။ လက်တင်ဘာသာတွင် ခေါင်းနှင့်ဆိုင်သော ဟု အဓိပ္ပာယ်ရပြီး ရှေးယခင်ခေတ်များက ခေါင်းဖြတ်သတ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သေဒဏ်ပေးခြင်းကို ရှေးယခင်အခါက လူ့အဖွဲ့အစည်း အားလုံးလိုလိုတွင် ကျင့်သုံးခဲ့ကြသည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း ၅၈ နိုင်ငံသာ ဆက်လက် ကျင့်သုံးလျှက် ရှိပြီး နိုင်ငံပေါင်း ၉၇ နိုင်ငံမှ တရားဝင် ပယ်ဖျက်ပြီး ဖြစ်သည်။ ကျန် ...

အက်ဥပဒေနှင့် ဥပဒေ

ဥပဒေတစ်ရပ်ကို ပါလီမန်မှအတည်ပြုပြဋ္ဌာန်းခြင်းဖြစ်ပါက အဆိုပါပြဋ္ဌာန်းသည့်ဥပဒေကို အက်ဥပဒေဟုခေါ်ပြီး၊ ပါလီမန်စံနစ်ကို မကျင့်သုံးသော်လည်း၊ ပါလီမန်ကဲ့သို့ အလားတူဖြစ်သည့် နိုင်ငံ၏အမြင့်ဆုံး ဥပဒေပြုအဖွဲ့က ပြဋ္ဌာန်းသည့် ဥပဒေကို ဥပဒေဟုပင်ခေါ်ခြင်းဖြစ်ပေသည်၊ အက်ဥပဒေ နှင့်ဥပဒေတို့ကို ဥပဒေပြုပိုင်ခွင့်ရှိသည့် အမြင့်ဆုံးအဖွဲ့အစည်းမှ ပြဋ္ဌာန်းခြင်းဖြစ်သည်။ အဆိုပါဥပဒေများသည် ပြဋ္ဌာန်းဥပဒေများဖြစ်ကြပြီး၊ ၎င်းတို့ကို စတက်ကျူ့ ဥပဒေ၊ ကိုဓဥပဒေ လည်းခေါ်ဆိုပေသည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပုဒ်မ ၆၅ တွင်" ပြည်ထောင်စုနိုင်ငံ၏ ဥပဒေပြုမှုအာဏာသည် ပါလီမန်တွင်တည်ရှိရမည်။ ပါလီမ ...

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ

မကြာခဏဆိုသလို စစ်ပွဲ၏ဥပဒေသများဟု ရည်ညွှန်းခဲ့လေ့ရှိသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေ ၊ စစ်ပွဲ၏ဥပဒေသများနှင့် ထုံးတမ်းစဉ်လာများ၊ သို့မဟုတ် လက်နက်ကိုင် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ပဋိပက္ခများဆိုင်ရာ ဥပဒေသများ၊" ဂျီနီဗာသဘောတူညီချက်များနှင့် ဟိတ်ဂ်သဘောတူညီချက်များ၊ နောက်ဆက်တွဲ သဘောတူစာချုပ်များ၊ အမှုဆိုင်ရာ ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေ”တို့ စုပေါင်းပါဝင်သည့် ဥပဒေစာစုဖြစ်ပါသည်။စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့်နိုင်ငံများ၊ ကြားနေနိုင်ငံများနှင့် စစ်တိုက်ခြင်းတို့တွင် ပါဝင်တိုက်ခိုက်ကြသည့် လူတစ်ဦးချင်းစီတို့ ၎င်းတို့အချင်းချင်းနှင့်သော်လည်းကောင်း၊ ထုံးစံအားဖြင ...

အမွေ

အမွေဆိုသည်မှာ လူတစ်ဦးတစ်ယောက် ကွယ်လွန်လျှင် ကျန် ရှိသောထိုသူ၏ ပိုင်ဆိုင်ပစ္စည်းများကို ဆိုလိုသည်။ ပိုင်ဆိုင် ပစ္စည်း ဟူရာတွင်လည်း ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများဟူ၍ ရှိ၏။ အနောက်နိုင်ငံများတွင် အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ သေတမ်းစာရေးနိုင်သည့် အခွင့်အရေး ရှိလေသည်။ သေတမ်း စာ ဆိုသည်မှာ မိမိ၏ပစ္စည်းများကို မည်သို့မည်ပုံ ဝေဖန်ချ ထားလိုကြောင်း မိမိ၏ရည်ရွယ်ချက်ကို ဖော်ထုတ်ထားသည့် တရားဝင် ကြေညာချက်စာတမ်း ဖြစ်သည်။ သို့သော် အကယ်၍ လူတစ်ဦးတစ်ယောက်သည် သေတမ်း စာ ရေးထားခြင်း မရှိပဲ ကွယ်လွန်သွားခဲ့သော် အမွေဆက်ခံ ခြင်း ဥပဒေများအရ ထိုသူကျန်ရစ်သော ပစ္စည်းများကို စီမံ ...

                                     

ⓘ ဥပဒေ

  • ဥပဒ ဆ သည မ လ တ အခ င ခ င ဆက ဆ ပ င သင ရ တရ မ တခ င ရ စ ရန န င အက ပ အက အထ န အက င သဖ ယ ဖ စ စ ရန အ ပ စ သ အစ ရတ က သတ မ တ ပ ဋ ဌ န ထ သ
  • ဖ စည ပ အခ ခ ဥပဒ ဆ သည မ တ င ပ ည တစ ပ ည အတ က မရ မဖ စ လ အပ သည အရ ဖ စ သည ထ ဥပဒ ဖ င သ န င င တစ န င င က မည သည ဝ ဒဖ င အ ပ ခ ပ မည
  • ဤအခ ခ ဥပဒ က ရ ဆ ရန အတ က ခ န စ တ င အမ သ ည လ ခ က စတင ခ ယ ခ သည အ ဏ သ မ စစ အစ ရ ဦ စ က င ပသည အမ သ ည လ ခ က င ပန ဆ တ င
  • ဖ စည ပ အခ ခ ဥပဒ ဆ သည မ န င င တ သ မဟ တ အခ သ အဖ အစည တစ ခ အ ပ ခ ပ မ အရ အခ ခ သဘ တရ မ သ မဟ တ ရ န င ပ သ ထ တမ သ ဓကမ က
  • မ န မ န င င တ ဖ စည အ ပ ခ ပ ပ အခ ခ ဥပဒ စ အ ပ စ မ က န - အခန န င င ရ ပ တ မ အခန ပ ဥပဒ ပ ဋ ဌ န ခ က မ မ အက င အရ ပ အတ င
  • န င င တ ဖ စည ပ အခ ခ ဥပဒ ဆ င ရ ခ ရ အင ဂလ ပ Constitutional Tribunal of the Union သည မ န မ ဖ စည ပ အခ ခ ဥပဒ အရ မတ လ ရက န တ င
  • မ န မ အမ စ င ဥပဒ Interfaith Marriage Law က မစ ရ မ တ က သစ န ယက ပရ ယတ တ သ သန ဟ တ သက သ ဟ ဓမ မ စရ ယ ဆရ တ အရ င ဝ ရသ န င သ ဃ မ က
  • စစ မ မထမ မန ရ ဥပဒ ဟ လည ခ က သည ဥပဒ ဖ စ သည ပ ည ထ င စ မ န မ န င င တ န င င တ အ ခ မ သ ယ ရ န င ဖ ဖ ရ က င စ ပ ည သ စစ မ ထမ ဥပဒ
  • ဆက သ ယ ဆ င ရ က ရ ဥပဒ န င င တ အ ခ မ သ ယ ရ န င ဖ ဖ ရ က င စ ဥပဒ အမ တ န င င တ အ ခ မ သ ယ ရ န င ဖ ဖ ရ က င စ သည အ က ပ ဥပဒ က
  • ပ စ မ ဆ င ရ ဥပဒ ယခင ရ ဇဝတ ဥပဒ အင ဂလ ပ The Penal Code ဆ သည မ န င င တစ န င င တ င ဥပဒ ပ အ ဏ ပ င က ပ ည သ အခ င ခ င က င သ လ က န ရန
                                     

ဘိုင်လော၊ ညွန်ကြားချက်၊ အသင်းဥပဒေ

ဥပဒေ၊ နည်းဥပဒေများကိုမဆန့်ကျင်ဘဲ မြူနီစီပယ် ဌာနများက ၎င်းတို့၏ ဌာနဆိုင်ရာလုပ်ငန်း တာဝန်များကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် တဆင့်ခံဥပဒေပြုခြင်းဖြစ်သည်။