ⓘ သိပ္ပံနှင့် နည်းပညာ

ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ကို ပညာရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ပညာရေးဝန်ကြီးဌာန ; အတိုကောက် MOE-ST) အဖြစ် ၂၀၁၆ ခုနှစ် ဧပြီလတွင် သမ္မတဦးထင်ကျော် အစိုးရအဖွဲ့က ပြင်ဆင်ဖွဲ့စည်းခဲ့သည်။လက်ရှိ ဝန်ကြီးမှာ ဒေါက်တာမျိုးသိမ်းကြီး ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန သိပ္ပံနှင့် နည်းပညာ ၏ လက်အောက်တွင် တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ၅၇ ခု ရှိသည်။

အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန

အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနသည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏လက်အောက်ရှိ ဦးစီးဌာန တစ်ခုဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်းနှင့် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာန

မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာနသည် ၁၉၄၇ ခုနှစ်မှ စတင်၍ နိုင်ငံတော် စက်မှုလက်မှုသုတေသနဌာနအား သတ္တုဗေဒသုတေသနဌာန ၊ ဆဲလ်လူးလို့သုတေသနဌာနနှင့် ဓါတုဗေဒ ဓာတ်ခွဲဌာနတို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၅၄ခုနှစ်တွင် နိုင်ငံတော် စက်မှုလက်မှုသုတေသနဌာနအား တိုးချဲ့ရန်နှင့် ပြန်လည်ဖွဲ့စည်းရန်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံ လက်တွေ့သုတေသနလုပ်ငန်းအဖွဲ့ Union of Burma Applied Research Institute-UBARI ဥပဒေအား ရေးဆွဲခဲ့ပြီး ၅-၃-၅၅ရက်နေ့တွင် ဥပဒေပြဋ္ဌာန်းခဲ့သည်။ UBARI တွင် စက်မှုပညာပြန်ကြားရေးဌာန Technical Information Centre TIC နှင့် အဏုမြူစွမ်းအင်ဌာန Atomic Energy Centre AEC တို့အား တိုးချဲ့ပေါင်းစပ်ဖွဲ့စည်း ...

ပြည်နည်းပညာတက္ကသိုလ်

ပြည်နည်းပညာတက္ကသိုလ် သည် မြန်မာနိုင်ငံ၏ ရှေးကျသော နည်းပညာတက္ကသိုလ်သုံးခုဖြစ်သော တွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ မှ မိုင်အကွာ ပြည် - ပေါက်ခေါင်း ကားလမ်းပေါ်ရှိ လက်ခုပ်ပင်ရွာတွင် တည်ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။ ၁၉၉၇ မှ ၂၀၀၇ အထိ A.G.T.I ဒစ်ပလိုမာရရှိသော ကျောင်းသား၊သူများအရေအတွက်မှာ Diploma of A.G.T.I 1997 to 2007) ၂၀၀၂ မှ ၂၀၀၇ အထိ B.Tech / B.E ဘွဲ့ရရှိသော ကျောင်းသား၊သူများအရေအတွက်မှာ Graduate of B.Tech/B.E 2002-2007)

ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (ဂျပန်)

MEXT ဟု အတိုကောက်သိကြသည့် ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သည် ဂျပန်အစိုးရ၏ အုပ်ချုပ်ရေးဝန်ကြီးဌာန ဆယ့်တစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ နိုင်ငံတကာ အသိုက်အဝန်းတွင် ဂျပန်နိုင်ငံ၏ အရေးပါမှုအခြေအနေ တိုးတက်လာစေရန် ရည်ရွယ်သည်။ ဝန်ကြီးဌာနသည် ၎င်း၏ စီရင်ပိုင်ခွင့်ကို ကျင့်သုံးလျက်၊ လူနေမှုပတ်ဝန်းကျင်နှင့် ကလေးသူငယ် ကျန်းမာရေး၊ ကျားမ တန်းတူညီမျှမှု စသည့် အနာဂတ်ရည်မှန်းချက်များဆိုင်ရာ သုတေသနများအတွက် ရန်ပုံငွေများ ရှာဖွေထောက်ပံ့ရန် တာဝန်ယူရသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန သည် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခု ဖြစ်သည်။ ညွှန်ကြားရေးမှူးချုပ်မှာ ဒေါက်တာအေးမြင့် ဖြစ်သည်။

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် တွင် တည်ရှိသည်။ ပညာရေးဝန်ကြီးဌာန ၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ ဧကရှိသည်။ ဤတက္ကသိုလ်အား ရန်ကုန်နည်းပညာတက္ကသိုလ်၏ ဒုတိယ နယ်မြေတစ်ခုအဖြစ် ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ နောက်ပိုင်း ၂၀ဝ၅ ခုနှစ် ဒီဇင်ဘာလ တွင် YTU Campus အဖြစ်မှ လက်ရှိခေါ်တွင်သော ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် West Yangon Technological University; WYTU အဖြစ်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၎င်းတက္ကသိုလ်တွင် အင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာ ဘွဲ့လွန် များအား အင်ဂျင်နီယာ နည် ...

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် တည်ရှိသည်။ အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့ နိုင်ငံတကာ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ကို နမူနာထားကာ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ တည်ထောင်ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဆောက်လုပ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသည်။ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်သည်။ တက္ကသိုလ်ဖွင့်လှစ်ပြီး ငါးနှစ်အထိ ဘန်ဂလိုမြို့ အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်မှ အကူအညီများပေးမည် ဖြစ်သည်။ တက္ကသိုလ ...

နည်းပညာတက္ကသိုလ်(တောင်ငူ)

နည်းပညာတက္ကသိုလ် သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ သဝန်ငယ်ရပ်ကွက်၊ ရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးဘေး သက်ရှည်ကျော်ထင်လမ်းပေါ်တွင် တည်ရှိသည်။

ESTCube-1

ESTCube-1 သည် အက်စတိုးနီးယားနိုင်ငံ၏ ပထမဆုံးဂြိုဟ်တု ဖြစ်သည်။ အက်စတိုးနီးယား ကျောင်းသားဂြိုဟ်တုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၁၃ မေ ၇ ရက်နေ့ တွင် ဗီဂါဒုံးပျံဖြင့် တင်ဆောင်လွှတ်တင်ခဲ့သည်။ ကျောင်းသားဂြိုဟ်တုအစီအစဉ်သည် ပညာရေ:ပရောဂျက်တစ်ခုဖြစ်ပြီ တက္ကသိုလ်နှင့် အထက်တန်း ကျောင်းသားကျောင်းသူများ ပါဝင်နိုင်သည်။ ESTCube-1 ကိုတီထွင်နေစဉ်အတွင်း အလွန်သေးငယ်သော ဂြိုဟ်တုများအတွက် သတ်မှတ်ထားသော TubeSat စံသတ်မှတ်ချက်ကို လိုက်နာခဲ့သည့်အတွက် ၁၀×၁၀×၁၁.၃၅ စင်တီမီတာအရွယ်သာ ရှိသည်။ ထုထည်အားဖြင့် တစ်လီတာမျှနှင့် ၁.၀၄၈ ကီလိုဂရမ်မျှသာ အသားတင်အလေးချိန် ရှိသည်။

                                     

ⓘ သိပ္ပံနှင့် နည်းပညာ

  • မ န မ န င င ရ ဝန က ဌ နမ တ င သ ပ ပ နည ပည န င ပတ သက သ ပ ပ န င နည ပည ဝန က ဌ နထ ရ ခ ပ ခ န စ သမ မတ ဦ ထင က လက ထက တ င ဖ က သ မ ပ
  • သ ပ ပ န င နည ပည ဝန က ဌ န က ပည ရ ဝန က ဌ န လက အ က တ င ပည ရ ဝန က ဌ န သ ပ ပ န င နည ပည အင ဂလ ပ Ministry of Education Science and
  • အဆင မ င သ ပ ပ န င နည ပည ဦ စ ဌ နသည သ ပ ပ န င နည ပည ဝန က ဌ န လက အ က ရ ဦ စ ဌ န တစ ခ ဖ စ ပ လ စ မ အ အရင အမ စ မ ပ စ ပ ထ င ခ င န င သ ပ ပ န င
  • အစ ရစက မ လက မ သ ပ ပ ပ င ဦ လ င သည မန တလ တ င ဒ သက ပ င ဦ လ င မ တ င တည ရ ပ ပည ရ ဝန က ဌ န သ ပ ပ န င နည ပည စက မ န င သက မ ပည ဦ စ ဌ နလက အ က ရ
  • မ န မ သ ပ ပ န င နည ပည သ တ သနဦ စ ဌ နသည သ ပ ပ န င နည ပည ဝန က ဌ န လက အ က ရ ဦ စ ဌ န တစ ခ ဖ စ သည မ န မ သ ပ ပ န င နည ပည သ တ သနဦ စ ဌ နသည
  • က လမ ပ ရ လက ခ ပ ပင ရ တ င တည ရ သည သ ပ ပ န င နည ပည ဝန က ဌ န အဆင မ င သ ပ ပ န င နည ပည ဦ စ ဌ န လက အ က ရ တက ကသ လ တစ ခ ဖ စ သည
  • လ င သ ယ မ နယ တ င တည ရ သည ပည ရ ဝန က ဌ န သ ပ ပ န င နည ပည အဆင မ င သ ပ ပ န င နည ပည ဦ စ ဌ န လက အ က ရ တက ကသ လ တစ ခ ဖ စ သည တက ကသ လ
  • MEXT ဟ အတ က က သ က သည ပည ရ ယဉ က မ အ ကစ သ ပ ပ န င နည ပည ဝန က ဌ န အင ဂလ ပ Ministry of Education, Culture, Sports, Science and Technology
  • နည ပည သက မ ပည န င လ က င ရ ဦ စ ဌ န သည ပည ရ ဝန က ဌ န သ ပ ပ န င နည ပည လက အ က ရ ဦ စ ဌ နတစ ခ ဖ စ သည ည န က ရ မ ခ ပ မ ဒ က တ အ မ င
  • ပ င နည ပည ဆ သည မ သ ပ ပ န င အင ဂ င န ယ ဘ သ တ က လ သ န င လ သ တ အက အတ က အသ ခ ခ င ပင ဖ စ သည လ န ခ သ န စ ပ င န စ သန က က
  • ရက န တ င အစ ရစက မ လက မ သ ပ ပ အဖ စ တ မ င ဖ င လ စ ခ ပ ခ န စ ဩဂ တ ရက န တ င အစ ရ နည ပည က လ ပ အဖ စ တ မ င ခ သည
                                     

နည်းပညာတက္ကသိုလ်(လားရှိုး)

နည်းပညာတက္ကသိုလ် သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး ဘေးတွင်တည်ရှိသည်။ အဆိုပါတက္ကသိုလ်သည် ပညာရေးဝန်ကြီးဌာန ၏ စီမံခန့်ခွဲမှုလက်အောင်တွင် ရှိသည်။ ၁၉၉၇ ခုနှစ်တွင် အစိုးရ စက်မှု လက်မှုသိပွံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် နည်းပညာတက္ကသိုလ်လားရှိုး အဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ် ပရဝုဏ် ဧရိယာ ၅၅.၃၆ ဧက ရှိပြီး အင်ဂျင်နီယာ ဘွဲ့ကြိုသင်တန်းများ ပို့ချပေးလျက်ရှိသည်။

                                     

နည်းပညာတက္ကသိုလ်(တောင်ကြီး)

နည်းပညာတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့ တွင် တည်ရှိသည်။ ၁၉၉၂ ခုနှစ်တွင် အစိုးရနည်းပညာသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်အဖြစ်သို့ တိုးမြှင့်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး နည်းပညာတက္ကသိုလ် အမည် ခေါ်တွင်စေခဲ့သည်။