ⓘ သဘာဝ

မြန်မာနိုင်ငံရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေများ

ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးအတွက် မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝနယ်မြေများအား သတ်မှတ်တည်ထောင်လျက် ရှိသည်။ ပထမဦးဆုံး သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် တောင်ကြီး ငှက်ဘေးမဲ့တောအား ၁၉၂၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၈၀ အစောပိုင်းနှစ်များတွင် မြန်မာနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် တို့ ပူးပေါင်းပြီး သဘာဝဝန်းကျင် ထိန်းသိမ်းရေး နှင့် အမျိုးသားဥယျာဉ်များ စီမံကိန်း ကို စတင်ခဲ့ပြီး ခေတ်သစ် ထိန်းသိမ်းကာကွယ်ရေးအား စတင်ခဲ့သည်။ NCNPP အတွင်း သစ်တောဦးစီးဌာနအောက်တွင် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနအား ဖွဲ့စည်းပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ စီ ...

သဘာဝ အရင်းအမြစ်

သဘာဝအရင်းအမြစ်များ သည်။ ပတ်ဝန်းကျင်အတွင်းတွင် သဘာဝအလျောက် ဖြစ်ပေါ်နေပြီး လူသားတို့၏ နှောင့်ယှက်ဖျက်ဆီးခြင်းကို အတော်အတန် မခံရပဲ သဘာဝ ပုံစံဖြင့် တည်ရှိသည်။ သဘာဝ အရင်းအမြစ် တစ်ခုကို ဂေဟ စနစ် မြောက်မြားစွာ အတွင်းတွင် ရှိသော ဇီဝမျိုးကွဲများ ပမာဏ ဖြင့် ထူးခြားသော သွင်ပြင်လက္ခဏာကို ဖော်ပြသည်။ သဘာဝ အရင်းအမြစ် များသည် ပတ် ဝန်းကျင် မှ ဆင်းသက်လာသည်။ ၎င်းတို့အနက်မှ များစွာသည် ကျွနု်ပ်တို့၏ဆက်လက်ရှင်သန်မှုအတွက်အရေးပါပြီးအချို့မှာကျွနု်ပ်တို့၏လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် အသုံးပြု ခြင်းခံရသည်။ သဘာဝ အရင်းအမြစ်များကို ထပမံ၍ကွဲပြားခြားနားသော နည်းမျိုးစုံဖြင့် အမျိုးအစား ခွဲခြားနိုင်သည်။

လှော်ကားသဘာဝဥယျာဉ်

လှော်ကား အမျိုးသားဥယျာဉ် သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိသော အမျိုးသားဥယျာဉ်တစ်ခု ဖြစ်ပြီး ရန်ကုန်မြို့၏ မြောက်ဘက် ၂၂ မိုင် အကွာတွင် တည်ရှိသည်။ ၁,၅၄၀ ဧက ကျယ်ဝန်းပြီး ထိုအထဲတွင် ၈၁၈ ဧက ကျယ်ဝန်းသော တောရိုင်းတိရစ္ဆာန်ဥယျာဉ်၊ ၆၂ ဧက ကျယ်ဝန်းသော တိရစ္ဆာန်ဥယျာဉ်ငယ်နှင့် ၆၆၀ ဧက ကျယ်ဝန်းသော ကြားခံနယ်မြေတို့ ပါဝင်သည်။ ၁၉၈၂ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးစင်တာကို ပထမဆုံးတည်ထောင်ခဲ့ပြီး ယခုအခါတွင် ရန်ကုန်မှ တနေ့တာအတွင်း လည်ပတ်နိုင်သော နေရာတစ်ခုအဖြစ် ရန်ကုန်သားများနှင့် ကမ္ဘာလှည့်ခရီးသွားများအကြားတွင် ထင်ရှားသည်။

သဘာဝ ဂြိုဟ်တု

သဘာဝ ဂြိုဟ်တု သို့မဟုတ် လ သည် ဂြိုဟ် သို့မဟုတ် ဂြိုဟ်ငယ်များကို လှည့်ပတ်နေသည့် နက္ခတ္တဆိုင်ရာ အရာဝတ္ထုများ ဖြစ်ကြသည်။ နေအဖွဲ့အစည်းတွင် ဂြိုဟ်ဆိုင်ရာ ဂြိုဟ်တုစနစ် ၆ ခု ပါဝင်ပြီး သဘာဝဂြိုဟ်တု ၁၈၅ စင်းနှင့် ဂြိုဟ်ငယ် ၄ စင်းရှိကာ ယင်းတို့၌လည်း သဘာဝ ဂြိုဟ်တု ရှိကြသည်။ ၂၀၁၆ ခုနှစ်အရ ဂြိုဟ်ငယ်များရှိ လအစင်းပေါင်း ၃၀၀ ကျော် ရှိလေသည်။ ကမ္ဘာနှင့် လကမ္ဘာတို့သည် လကမ္ဘာထုထည်နှင့် ကမ္ဘာထုထည်တို့၏ အချိုးအားဖြင့် တွက်ကြည့်ရသော် အခြားသော သဘာဝ ဂြိုဟ်တုများထက် တမူထူးခြားသည်။ လကမ္ဘာသည် ကီလိုမီတာ ၃၄၇၄ ၂၁၅၈ မိုင် ရှိပြီး ကမ္ဘာ့ထုထည်၏ ၀.၂၇ ရာခိုင်နှုန်း ရှိလေသည်။ ၁၅၄၃ ခုနှစ် မတိုင်ခင်ထိ လကမ္ဘာအား ဂြိုဟ်တစ်ခုအဖြစ ...

သဘာဝကိန်း

လူတို့ နိစ္စဓူဝ ထိတွေ့ရင်းနှီးမှု အများဆုံး ကိန်းအမျိုးအစားမှာ သဘာဝကိန်းများ ဖြစ်သည်။ သဘာဝကိန်းများကို ရေတွက်ကိန်းများ ဟုလည်း ခေါ်ကြသည်။ ဂဏန်း ၁၊ ၂၊ ၃၊ ၄၊. စသည်တို့မှာ သဘာဝကိန်းများ ဖြစ်ကြသည်။ အချို့သင်္ချာသမားနှင့် စာအုပ်စာတမ်းများ တွင် သုညကို သဘာဝကိန်းဟု သတ်မှတ်ပြီး ကျန်အချို့က သုညကို သဘာဝကိန်းအဖြစ် မသတ်မှတ်ပါ။ မည်သို့ဖြစ်စေ သဘာဝကိန်းစု၏ အသုံးများသောသင်္ကေတမှာ N {\displaystyle \mathbb {N} } ဖြစ်သည်။ သုညကို သဘာဝကိန်းအဖြစ် သတ်မှတ်/မသတ်မှတ် ရှင်းလင်းစေချင်သောအခါတွင် သင်္ကေတ N 0 {\displaystyle \mathbb {N} _{0}} နှင့် Z ⩾ 0 {\displaystyle \mathbb {Z} _{\geqslant 0}} တို့ကို သုညပါသော သဘာဝကိန်း ...

သဘာဝလေ့လာမှု

သဘာဝလေ့လာမှု ဆိုသည်မှာ သဘာဝလောကရှိအရာဝတ္ထုများကို ကြည့်ရှုမှတ်သားလေ့ လာခြင်းပင်ဖြစ်သည်။ သဘာဝအလျှောက် ဖြစ်တည်နေသော အရာဝတ္ထုများကို နေ့ရှိသလောက်တွေ့မြင်နေရပြီးဖြစ်၍ သဘာဝအကြောင်းကို တစ်သီးတစ်ခြား လေ့လာနေရန် လိုသေးသလောဟု အချို့ကဆိုကောင်းဆိုပေမည်။ သဘာဝနှင့် စပ်လျဉ်းသည့် အကြောင်းအချက်များကို တတ်သိသည်အထင်နှင့် သဘာဝလေ့လာမှု၌ စိတ်မဝင်စားဘဲနေတတ်သူများလည်း ရှိ၏။ သို့ရာတွင် နေသည် အဘယ့်ကြောင့် အနောက်မှ မထွက်သနည်း။ နွေ၊ မိုး၊ ဆောင်းစသည်ဖြင့် အဘယ်ကြောင့် ရာသီဥတုများသီးခြားရှိရသနည်း။ ချောင်းထဲရှိ ကျောက်ခဲလေးများသည် အဘယ်ကြောင့်လုံး၍နေရသနည်း။ နေကြာပန်းသည်အဘယ်ကြောင့် နေရှိရာဘက်သို့ မျက်နှာလှည့်ပြီးနေရသနည်း။ ...

သဘာဝ တွင်းထွက် ကျောက်မျက်

သဘာဝ တွင်းထွက် ကျောက်မျက်ဆိုသည်မှာ ဇီဝမူလ ကျောက်မျက်များ ကဲ့သို့မဟုတ်ဘဲ တူညီသော ဓါတုဖွဲ့စည်းမှု နှင့် တိကျသော ပုံဆောင်စနစ်များဖြင့် ဖွဲ့စည်းထားသည့် အဇီဝမူလ အစိုင်အခဲ ဖြစ်သည်။

နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း

နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း သည် သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆောင်ရွက်သော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည်။ သဘာဝရင်းမြစ်များကို ရေရှည်အသုံးပြုနိုင်ရန် ဆောင်ရွက်ရပြီး အချက်အလက်များ စုဆောင်းခြင်း၊ သုတေသနဆောင်ရွက်ခြင်း၊ ပရောဂျက်များနှင့် ပညာပေးလုပ်ငန်းများ ပါဝင်သည်။ ယင်း၏ ရည်မှန်းချက်မှာ သဘာဝရင်းမြစ်များကို အသုံးပြုရာတွင် တန်းတူညီမျှရေးနှင့် စီးပွားရေးအရ ရေရှည်တည်တံ့ရန်အတွက် တစ်ကမ္ဘာလုံးရှိအသင်းအဖွဲ့များကို အားပေးကူညီရန်ဖြစ်သည်။ အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့်မတူသည်မှာ အသင်းသည် အများပြည်သူများနှင့် တိုက်ရိုက်ထိတွေ့မှုမရှိဘဲ သက်ဆိုင်ရာအစိုးရ၊ အာဏာပိုင်များကို လိုအပ်သောအ ...

ပါစာ သဘာဝထိန်းသိမ်းရေးနယ်မြေ

ပါစာ သဘာဝထိန်းသိမ်းရေးနယ်မြေ သည် တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ်တွင် တည်ရှိသည်။ သစ်တောကြိုးဝိုင်းအဖြစ် ၁၉⁠၉၆ ခုနှစ်ထိရှိခဲ့ပြီး၊ the Pagoda of Lwan Lin town အနီးတဝိုက်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ရှမ်းလူမျိုးဖြစ်သော မိုင်းဖုံဆရာတော်ဘုရား၏ ကျေးဇူးတော်ကြောင့် ၁၉⁠၉၆ ခုနှစ်တွင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။

လွိုင်မွေ သဘာဝထိန်းသိမ်းရေးနယ်မြေ

လွိုင်မွေ သဘာဝထိန်းသိမ်းရေးနယ်မြေသည် ၁၉၉၆ ခုနှစ်ပတ်ဝန်းကျင်က ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ လွိုင်မွေသည် ကိုလိုနီခေတ်က ဗြိတိသျှအစိုးရအရာရှိများ နွေရာသီအပန်းဖြေနိုင်ရန် ရည်ရွယ်၍ တောင်စခန်းမြို့အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများရှိပြီး ယခုအခါ အသစ်တဖန် ပြန်လည်မွမ်းမံထားသည်။ တောင်ပေါ်ရှုခင်းများ ကြည့်ရှုရန်ကောင်းမွန်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ ပတ်ဝန်းကျင်တွင် အင်း၊ဝ၊ပလောင်လူမျိုးများ နေထိုင်ကြရာ ထိုလူမျိုးများ၏ လူနေမှုဘဝစရိုက်များကိုလည်း လေ့လာနိုင်သည်။

လွှာထပ်လေထု

အမြင့်ဆုံးတိမ်၏ အထက်တွင် လေပါးပြီးလျှင် လေစီးကြောင့်များ လေလွှာတလွှာမှ အခြားတလွှာသို့ ရွေ့ရှားသွားခြင်းမရှိသော လေထု၏ အပြင်လွှာကို လွှာထပ် လေထုဟုခေါ်သည်။ အီကွေတာ၏ အထက်ဖက်တွင် ထိုအလွှာ သည် အထက်ကိုးမိုင်၊ သို့မဟုတ် ကိုးမိုင်ကျော်အမြင့်၌ တည်ရှိ ၍ ကမ္ဘာ့ဝင်ရိုးစွန်းများတွင်မူ ခြောက်မိုင်ခန့်အမြင့်တွင် ရှိသည်။ ဤအလွှာ၏ ထုကို ယခုတိုင် အတိအကျ မသိရသေးပေ။ အလွန်မြင့်မားသောအရပ်တွင် ပျံသန်းကြသည့် လေယာဉ်ပျံနှင့် မီးပုံးပျံများတွင် အထက်သို့ မြင့်တက်လေ အပူချိန် နိမ့်ကျသွား လေဖြစ်ကြောင့် တွေ့ရှိရသည်။ အင်္ဂလန်နိုင်ငံ၌ မြေပေါ်တွင် အပူချိန် ဖာရင်ဟိုက် ဒီဂရီ ၅ဝ ဖြစ်လျှင် တမိုင်အမြင့်တွင် ဖာရင်ဟိုက် ဒီဂရီ ၃၂၊ ငါ ...

                                     

သဘာဝဘေးအန္တရာယ်

သဘာဝဘေးအန္တရာယ် ဆိုသည်မှာ လူတို့၏ အားထုတ်မှုကြောင့် မဟုတ်ပဲ သဘာဝတရားကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်များကို ဆိုလိုသည်။ ဥပမာ- မုန်တိုင်းတိုက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီ များဖြစ်ပေါ်ခြင်းတို့ ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များသည် ဘေးဒဏ်ခံရသော ဒေသ၊ ခိုလှုံရန် အကာအကွယ်ရနိုင်မှုအခြေအနေ၊ ဘေးအန္တရာယ်၏ ပြင်းအားစသော အချက်များပေါ်မူတည်၍ ဘေးအန္တရာယ်ခံရသော ဒေသသို့မဟုတ် နိုင်ငံ၏ စီးပွားရေး၊ ဒေသခံတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ထိုဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အကျိုးသက်ရောက်မှုများစွာကို ဖန်တီးပေး၏။

                                     

သဘာဝဝိပဿနာကျမ်း

သဘာဝဝိပဿနာကျမ်း သည် ဆရာဦးကြည်ရေးသားခဲ့သည့် ဝိပဿနာဆိုင်ရာ စာအုပ်တစ်အုပ် ဖြစ်သည်။ ဆရာကြီးသည် ဝိပဿနာကို လေ့လာလိုက်စားအားထုတ်လိုသည့် သူများနှင့် လူငယ်အများ နားလည်စေနိုင်ရန် ရေးသားထားသည်။