ⓘ ရောဂါ

တီဘီရောဂါ

တီဘီရောဂါ ၏ အတိုကောက်စာလုံး) သည် မိုက်ကိုဘက်တီးရီးယား ရောဂါပိုးအမျိုးမျိုးတို့ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး သာမန်နှင့် ရံဖန်ရံခါ သေစေလောက်သည့် ကူးစက်ရောဂါဖြစ်သည်။ လူတို့တွင် မိုက်ကိုဘက်တီးရီးယမ်း ကျူဘာကလို့ဆစ် ရောဂါပိုးကြောင့် ဖြစ်ရသည်။ အဆုတ်နာရောဂါသည် များသောအားဖြင့် အဆုတ်ကို ထိခိုက်စေသော်လည်း အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်သည်။ ရောဂါရှိသည်သူ ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် တံတွေးထွေးခြင်း ပြုလုပ်သည့်အခါ ရောဂါပိုးသည် လေထဲမှတဆင့် ပျံ့လွင့်သွားသည်။ လူတွင်ရောဂါပိုးကူးစက်သည့်အခါ ရောဂါ လက္ခဏာမပြဘဲ ငုပ်နေတတ်ပြီး ၎င်း ရောဂါပိုးငုပ်နေသူ ဆယ်ယောက်တွင် တစ်ယောက်သာ အ ...

ခွေးရူးပြန်ရောဂါ

ခွေးရူးပြန်ရောဂါ သည် ကျည်ဆန်ထိပ်ဖူးပုံရှိသည့် ရပ်ဘဒိုဗီရီဒေး ခေါ် ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားရပြီး ခရစ်တော်မပေါ်မီ ၂၃၀၀ ခုနှစ်ခန့်မှ စတင်၍ ကမ္ဘာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခွေးရူးရောဂါဟုလည်းခေါ်ဆိုကြသည်။ ၎င်းရောဂါသည် ခွေးတွင် မူလဖြစ်ပေါ်၍ ထိုခွေးမှ တစ်ဆင့် အခြားတိရစ္ဆာန်နှင့် လူတို့သို့ ကူးစက်ပြန့်ပွား တတ်သည်။ ခွေးရူးနာစွဲကပ်သော တိရစ္ဆာန် သို့မဟုတ် လူ၏ အာရုံကြောဆဲလ်များတွင် နက်ဂရီဗောဒီကို အစဉ်တွေ့ရ၏။ နက်ဂရီ ဗောဒီဟု ခေါ်ခြင်းသည် နက်ဂရီအမည်ရှိ သူတစ်ဦးက စတင် တွေ့ရှိသောကြောင့် ထိုပုဂ္ဂိုလ်၏ အမည်ကို အစွဲပြု၍ခေါ်ခြင်း ဖြစ်သည်။ ထိုနက်ဂရီဗောဒီသည် အလွန်သေးငယ်သည့် ဗိုင်းရပ်များဖြစ်၍ အခြား ...

အတက်ရောဂါ

ဝက်ရူးပြန်ရောဂါ ဖြစ်ရသည့် အကြောင်းရင်းကို ယခုတိုင် မသိကြသေးချေ။ သို့သော် ဆရာဝန်များသည် ထိုရောဂါဖြစ်နေသူ၏ ဦး နှောက်မှ ဖြစ်ပေါ်စေသော လျှပ်စစ်လှိုင်းများကို ဦးနှောက်၏ လျှပ်စစ်လှိုင်း မှတ်သည့် ကိရိယာတွင် တွေ့မြင်နိုင်ကြလေသည်။ ထိုရောဂါအတွက် ထိုကိရိယာကို သီးခြားတီထွင်ထားခြင်းဖြစ်ရာ ရောဂါကျရောက်နေစဉ်၌ ဖြစ် ပေါ်လာသော လျှပ်စစ်လှိုင်းများ၏ ပုံသဏ္ဌာန်များ ထူးခြားစွာပြောင်းလာ သည်ကိုတွေ့ရသည်။ ဝက်ရူးပြန်ရောဂါသည် နာဗ်ကြောအဖွဲ့တွင် ကျရောက်သည့်ရောဂါကြောင့် ဖြစ်လာခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ထိုရောဂါသည်မျိုးရိုးဇာတိနှင့် မဆိုင်ချေ။ တစ်ဦးမှတစ်ဦးသို့လည်း မကူးစက်ချေ။ ပြင်းထန်သော ဝက်ရူးပြန်ရောဂါ ဖြစ်လျှင် ဝေဒနာ ...

ကင်ဆာရောဂါ

ကင်ဆာရောဂါ /ˈkænsər/ သည် ရောဂါအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၎င်းတွင် ထိန်းချုပ်၍မရသော ကြီးထွားလာမှု၊ ကျူးကျော်ဝင်ရောက်ကာ နီးစပ်ရာ တစ်ရှူးများကို ဖျက်ဆီးသည့် ထိုးဖောက်ဝင်ရောက်မှုနှင့် တစ်ခါတရံတွင် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းသို့ ကင်ဆာဆဲ ပြန့်ပွားခြင်း၊ သို့မဟုတ် သွေးပြန်ရည် သို့မဟုတ် သွေးမှတဆင့် ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ပျံ့နှံ့ခြင်းတို့ကို ဖော်ပြသည့် ဆဲအုပ်စု တစ်ခုပါရှိသည်။ ဤ ကင်ဆာရောဂါ၏ အန္တရာယ်ပေးသော ကင်ဆာဂုဏ်သတ္တိ သုံးမျိုးသည် ထိုးဖောက်ဝင်ရောက်ခြင်း သို့မဟုတ် ကင်ဆာဆဲပြန့်ပွားခြင်းမရှိသော ကင်ဆာမဟုတ်သည့် အကျိတ်များနှင့် ကွဲပြားခြားနားပါသည်။ တနည်းဆိုရသော် ကိုယ်ခန္ဓာ အစိတ်အပိုင်း အမျိုးမ ...

ကာလဝမ်းရောဂါ

ကာလဝမ်းရောဂါ သည်" ဗိုက်ဘရီယို ကော်လရေး” ဘက်တီးရီးယားပိုးကြောင့် အူသိမ်ထဲတွင် ရောဂါကူးစက်မှုဖြစ်ပွားခြင်း ဖြစ်ပါသည်။ အဓိကရောဂါလက္ခဏာများမှာ အရည်များ အလွန်အမင်းပါသော ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ ဖြစ်ပါသည်။ ကူးစက်ခြင်းမှာ အရင်းခံအားဖြင့် မသန့်ရှင်းသောရေ သို့မဟုတ် အစာကို စားမိခြင်းကြောင့် ဖြစ်ပါသည်။ ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ ပြင်းထန်ပါက အလျင်အမြန် ရေဓာတ်ကုန်ခန်းခြင်းနှင့် ခန္ဓာကိုယ်တွင်းရှိ အီလက်ထရိုလိုက်များ မညီမမျှ ဖြစ်စေနိုင်ပါသည်။ အခြေခံကုသမှုမှာ ခံတွင်းမှ ရေဓာတ်ပြန်လည် ဖြည့်တင်းပေးသည့် ဖျော်ရည်ဖြင့် ဖြစ်ပြီး၊ အကယ်၍ ဤသို့ကုသရုံဖြင့် မရပါက အကြောထဲသို့ ဆေးသွင်းကာ ကုသရသည်။ ...

ကူးစက်တတ်သည့် ရောဂါများ

ကူးစက်ရောဂါ ဆိုသည်မှာ ရောဂါဝေဒနာရှင် တစ်ဦးထံမှ ရောဂါပိုးများသည် အခြားသူ တစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ လေ၊ ရေ၊ အစားအစာ၊ ပိုးမွှားတိရစ္ဆာန် တို့မှတဆင့် ဝင်ရောက်သွားပြီး ပြန့်ပွားသွားသော ရောဂါမျိုးကို ဆိုလိုသည်။ ကူးစက်တတ်သည့် ရောဂါများသည် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပရိုတိုဇွန်းကောင်၊ ဖန်းဂပ် နှင့် တဆေးကဲ့သို့သော အနုဇီဝရုပ်များကြောင့် ဖြစ်ပွားသည်။ ကူးစက်တတ်သော ရောဂါများဟူ၍ အများအပြားရှိရာ ထင်ရှားသည့် ရောဂါများမှာ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ တီဘီရောဂါ၊ ကာလသားရောဂါ၊ ကုဋ္ဌနူနာရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ ဝက်တုပ်ကွေးရောဂါ၊ ကျောက်ကြီးနှင့် ငှက်ဖျားရောဂါများဖြစ်သည်။ ပရိုတိုဇွန်းကောင်များက ငှက်ဖျားရောဂါကို ...

                                     

အူရောင်ငန်းဖျား ရောဂါ

အူရောင်ငန်းဖျား ရောဂါ သို့မဟုတ် တိုက်ဖွိုက် ရောဂါ သည် ကမ္ဘာအနှံ့အပြားတွင် တွေ့ရတတ်သော ရောဂါဖြစ်ပြီး ရောဂါရှိသူ၏ မစင်မှ ထွက်ရှိလာသော ရောဂါပိုး ဖြင့် ထိတွေ့သော စားစရာ သောက်စရာ သို့မဟုတ် ရေကို သောက်မိရာမှ ဖြစ်ပွားတတ်သည်။

                                     

အအေးမိခြင်း

ဗိုင်းရပ်စ် ပိုးဝင်ရောက်၍ ရောဂါပိုး ဝင်ခြင်းဖြစ်သည်။ နှာစေးခြင်း ဖျားခြင်း နေထိုင်ရခက်ခြင်း စသော ပြဿနာများကို တွေ့နိုင်သည် ပိုးသတ်ဆေး သုံးစွဲရန် မလိုဘဲ အလွယ်တကူ ပျောက်ကင်းနိုင်ပြီး ကိုယ်ခံအား ကောင်းရန် လိုအပ်သည်။