ⓘ ပထဝီဝင်

မြန်မာနိုင်ငံ၏ ပထဝီဝင်

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကုန်းမြေမကြီး၏ အနောက်မြောက်ဖက် အကျဆုံးသော နိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအနီး သင်္ဘောကြီးများ သွားလာရာ စီးပွားရေးအချက်အခြာကျသည့် နေရာတွင် တည်ရှိသည်။

တင်စိန် (ပထဝီဝင်)

ဆရာ ဦးတင်စိန်ကို အဘ ဦးဘဲလူနှင့် အမိ ဒေါ်စောရှင်တို့မှ ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးဇာတိမှာ ရန်ကုန်တိုင်း၊ ဒလမြို့နယ် ဖြစ်ပါသည်။ ဒလမြို့နယ်၊ ညောင်ကုန်း မြူနီစပါယ်ကျောင်း၊ ဒလမြို့ အစိုးရတန်းမြင့်ကျောင်း၊ ဗဟို စံပြ အစိုးရ အထက်တန်းကျောင်းတို့တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပစ္စည်း ဝယ်ယူမှု ညွှန်ကြားရေး ဝန်ရုံးတွင် အောက်တန်းစာရေး အဖြစ် အမှုထမ်း ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် သိမ်ဖြူ သစ္စာ ကောလိပ် အလွတ်ပညာကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ၁၉၆၉-၇၀ တွင် လုပ်သားများ ကောလိပ်မှ ပထဝီဝင် အဓိက ဘာသာဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် မြန်မ ...

ထောင်ယွန်းရွာ၊ ဘုတ်ပြင်းမြို့နယ်

ထောင်ယွန်းရွာ သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ တောင်စုံမတက်/ချောင်းကတုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၂၀၃ ဖြစ်သည်။ ဒေသခံများကမူ ထောင်ကျွန်း ဟုလည်း ခေါ်ဝေါ်ကြသည်။

သံခေတ်

သံခေတ် သည် အကြမ်းအားဖြင့် လူ့အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ကိရိယာများကို သံဖြင့် ပြုလုပ် သုံးစွဲခဲ့သည့် အချိန်ကာလမှ အစပြုခဲ့သည်ဟု ဆိုကြသည်။ သမိုင်းအရမူ သံခေတ်သည် ခေတ်ကြီး သုံးခေတ် တွင် နောက်ဆုံး ခေတ်ဖြစ်သည်။ ဤခေတ်၏ အစပြုရာ အချိန်ကာလမှာမူ ပထဝီဝင် အနေအထားအရ ကွာခြားမှုများ ရှိသည်။ သံခေတ်၏ အဆုံးသတ် နေ့ရက်များကိုမူ တိကျသေချာစွာ ဖော်ပြနိုင်ခြင်း မရှိကြချေ။

ပါလီမန်ဒီမိုကရေစီခေတ်

၁၉၄၈ ခုနှစ်ဇန်နဝါရီ ၄ ရက်တွင်မြန်မာနိုင်ငံသည်ဗြိတိန်လက်အောက်မှလွတ်လပ်ရေးရရှိခဲ့ပြီး ပါလီမန် စနစ်အပေါ် အခြေခံ၍ ဒီမိုကရေစီဖြစ်လာခဲ့သည်။ ၁၉၄၆ ခုနှစ်နှောင်းပိုင်းတွင်အောင်ဆန်းသည်အသွင်ကူးပြောင်းရေးအစိုးရ၏မြန်မာနိုင်ငံအလုပ်အမှုဆောင်ကောင်စီ၏ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ သို့သော် ၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့တွင်နိုင်ငံရေးပြိုင်ဘက်များသည်ဗိုလ်ချုပ်အောင်ဆန်းနှင့်အစိုးရအဖွဲ့ဝင်အများအပြားကိုလုပ်ကြံသတ်ဖြတ်ခဲ့သည်။ ၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင်ထိုနိုင်ငံသည်လွတ်လပ်သောသမ္မတနိုင်ငံဖြစ်လာပြီးပြည်ထောင်စုမြန်မာနိုင်ငံဟုအမည်တွင်ခဲ့သည်။ စဝ်ရွှေသိုက်ကိုပထမဆုံးသမ္မတအဖြစ်လည်းကောင်း၊ ဦးနုအားပထမဆုံးဝန်ကြီးချုပ်အဖြစ် ...

UTC+07:00

UTC+07:00 သည် UTC time offset ၏ +07:00 တွင်ရှိသော အချိန်ဇုန်၏ အမှတ်လက္ခဏာဖြစ်သည်။ ISO 8601 တွင် ထိုအချိန်ကို 2016-05-03T05:08:45 +07:00 ဟု ရေးသားဖော်ပြလေ့ရှိသည်။ အဆိုပါအချိန်ဇုန်ကို အင်ဒိုချိုင်းနား အချိန်ဇုန်I ndo c hina T ime ICT ဟုလည်းလူသိများကာ ဖော်ပြပါဒေသများတွင် အသုံးပြုကြသည်:

                                     

ⓘ ပထဝီဝင်

  • ပထဝ ဝင ဆ သည မ ကမ ဘ မ န င တက သ အစ တ အပ င မ ဆက စပ မ တင သ အရ မ န င သဘ ဝ ပတ ဝန က င တ က လ လ သ ဘ သ ရပ တခ ဖ စ သည ကမ ဘ မ
  • ပထဝ ဝင က ဩဒ န တ စနစ သ မဟ တ ပထဝ ဝင မ ပ ည န စနစ Geographic coordinate system သည ကမ ဘ ပ ရ တည န ရ တ င အ သတ မ တ ထ သည န ပ တ သ မဟ တ
  • ရ ပ ပထဝ ဝင ဆ သည မ ပထဝ ဝင ဘ သ ရပ အဓ က ဘ သ ရပ ခ ခ အတ င မ တစ ခ ဖ စ သည ရ ပ ပထဝ ဝင မ သဘ ဝ သ ပ ပ ဘ သ ဘ သ ရပ ခ ဖ စ ပ သဘ ဝ ပတ ဝန က င
  • တမ ပလ တ WWF ecoregion မ န မ န င င မ တ ဆက Avijit Gupta, အရ တ င အ ရ ရ ပ ပထဝ ဝင အ က စဖ တက ကသ လ ပ န ပ တ က ISBN 978 - 0 - 19 - 924802 - 5 မ န မ
  • အလ တ ပည က င မ တက ကသ လ ဝင တန အ င မ င သည - တ င လ ပ သ မ က လ ပ မ ပထဝ ဝင အဓ က ဘ သ ဖ င ဝ ဇ ဇ ဘ ရရ ခ သည ခ န စ တ င မ န မ ဆ ရ ယ လစ
  • ရ ပဗ ဒဌ န ဓ တ ဗ ဒဌ န သတ တဗ ဒဌ န ရ က ခဗ ဒဌ န ဥပဒ ပည ဌ န အင ဂလ ပ စ ဌ န မ န မ စ ဌ န သမ င ဌ န ဒဿန ကဗ ဒဌ န စ တ ပည ဌ န ပထဝ ဝင ဌ န အရ တ င ပည ဌ န ဘ မ ဗ ဒဌ န
  • စ ရင မ Outlines ဝ ဟ ရမ Indexes ရည ည န ယဉ က မ ပထဝ ဝင က န မ ရ သမ င သင ခ သဘ ဝ လ ပဂ ဂ လ မ ဒဿန ဘ သ တရ
  • စ ရင မ Outlines ဝ ဟ ရမ Indexes ရည ည န ယဉ က မ ပထဝ ဝင က န မ ရ သမ င သင ခ သဘ ဝ လ ပဂ ဂ လ မ ဒဿန ဘ သ တရ
  • စ ရင မ မ ခ ဦ မ က ခ အည န ဆက ဆစ ကဏ ဍမ Indices ရည ည န ယဉ က မ ပထဝ ဝင က န မ ရ သမ င လ ထ လ ပ ရ မ မ သင ခ သဘ ဝ လ ပ ဂ ဂ လ မ ဒဿန
                                     

ပထဝီဝင် ကိုဩဒိနိတ် စနစ်

ပထဝီဝင် ကိုဩဒိနိတ် စနစ် သို့မဟုတ် ပထဝီဝင် မြေပုံညွှန်းစနစ် သည် ကမ္ဘာပေါ်ရှိ တည်နေရာတိုင်းအား သတ်မှတ်ထားသည့် နံပါတ် သို့မဟုတ် စာလုံး သို့မဟုတ် သင်္ကေတများဖြင့် ဖော်ပြပေးနိုင်သော မြေပုံညွှန်းစနစ်တစ်ခု ဖြစ်သည်။

                                     

ရူပ ပထဝီဝင်

ရူပ ပထဝီဝင် ဆိုသည်မှာ ပထဝီဝင် ဘာသာရပ်၏ အဓိက ဘာသာရပ်ခွဲ ၂ ခု အတွင်းမှ တစ်ခု ဖြစ်သည်။ ရူပ ပထဝီဝင်မှာ သဘာဝ သိပ္ပံ ဘာသာ၏ ဘာသာရပ်ခွဲဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် အတွင်းမှ ဖြစ်စဉ်များ နှင့် ပုံစံများဖြစ်သော လေထု၊ ရေထု၊ ဇီဝထု နှင့် ပထဝီထု စသည်တို့ကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ယဉ်ကျေးမှုနှင့် လူတို့တည်ဆောက်ထားသော ပတ်ဝန်းကျင်တို့ကို လေ့လာသော ဘာသာရပ်ဖြစ်သည့် လူမှုရေး ပထဝီဝင် နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

                                     

ဆူးအက်ကျွန်းဆက်

ဆူးအက်ကျွန်းဆက် သည် အီဂျစ်နိုင်ငံတွင် တည်ရှိသော ၇၅ မိုင် ကျယ်ဝန်းသည့် ကမ်းမြောင်ဒေသတစ်ခုဖြစ်ပြီး ဆူးအက် တူးမြောင်း ဖောက်လုပ်ထားသည့် နေရာဖြစ်သည်။ မြေထဲပင်လယ်နှင့် ပင်လယ်နီ အကြားတွင် တည်ရှိကာ အာဖရိကတိုက်နှင့် အာရှတိုက် နှစ်ခုကို ဆက်သွယ်ပေးထားသော ကုန်းမြေတစ်ခု ဖြစ်သည်။

                                     

ဝင်ရိုးစွန်းစက်ဝိုင်း

ဝင်ရိုးစွန်းစက်ဝိုင်း သည် အာတိတ်စက်ဝိုင်း သို့မဟုတ် အန္တာတိတ်စက်ဝိုင်းကို ဆိုလိုသည်။ အာတိတ်စက်ဝိုင်းသည် မြောက်လတ္တီတွဒ် 66° 33′ 44″ ဖြစ်ပြီး အန္တာတိတ်စက်ဝိုင်းသည် တောင်လတ္တီတွဒ် 66° 33′ 44″ တွင် တည်ရှိသည်။ ဝင်ရိုးစွန်းစက်ဝိုင်းများနှင့် ဝင်ရိုးစွန်းများအကြား ဒေသကို အအေးပိုင်းဇုန်ဟု သတ်မှတ်ထားသည်။ ထိုဒေသအတွင်း၌ ကာလတစ်ခုအတွင်း ၂၄ နာရီပတ်လုံး နေ့ဖြစ်နိုင်သကဲ့သို့ တစ်နေ့ပတ်လုံးလည်း ညအချိန် ဖြစ်နိုင်သည်။

                                     

သမပိုင်းဇုန်

သမပိုင်းဇုန် သည် အပူပိုင်းဇုန်နှင့် ဝင်ရိုးစွန်းစက်ဝိုင်းအကြား တည်ရှိသည့် ဒေသဖြစ်သည်။ ဤဒေသများအတွင်း နွေရာသီနှင့် ဆောင်းရာသီတွင် အပူချိန် ပြောင်းလဲမှု မပြင်းထန်ပေ။ တနည်းအားဖြင့် ဆိုရလျှင် ပူလွန်းခြင်း၊ အေးလွန်းခြင်းမရှိပါ။ သို့သော် အာရှနှင့် မြောက်အမေရိကတိုက် အလယ်ပိုင်းကဲ့သို့ ကုန်းတွင်းပိုင်းဒေသများတွင် နွေနှင့်ဆောင်း အပူချိန် ကွာဟချက် များနိုင်သည်။

                                     

အပူပိုင်းဇုန်

အပူပိုင်းဇုန် သည် မြောက်ယဉ်စွန်းတန်းနှင့် တောင်ယဉ်စွန်းတန်းအကြား အီကွေတာအနီး တည်ရှိသည့် ဒေသဖြစ်သည်။ အပူပိုင်းဇုန်တွင် အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် မွန်းတည့်ချိန်၌ နေသည် ဦးခေါင်းပေါ် တည့်တည့်ရှိနိုင်သည့် ဧရိယာအားလုံး ပါဝင်သည်။

                                     

အရှေ့ကမ္ဘာလုံးခြမ်း

အရှေ့ကမ္ဘာလုံးခြမ်း ဆိုသည်မှာ ကမ္ဘာအား ပထဝီဝင်ရှုထောင့်မှ ပိုင်းခြားခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ ပရိုင်းမီရီဒီယန် ၏ အရှေ့ဖက်မှ အနောက်လောင်ဂျီတွဒ် ၁၈၀ ဒီဂရီအထိ ကမ္ဘာတစ်ခြမ်းကို ဆိုလိုသည်။ ဥရောပ၊ အာရှ၊ အာဖရိကနှင့် ဩစတြေးလျ တို့ကို ညွှန်းဆိုလိုသည့် အခါတွင်လည်းသုံးသည်။ အရှေ့ကမ္ဘာလုံးခြမ်း၏ မြေထုမှာ အနောက်ကမ္ဘာလုံးခြမ်းထက် ပိုမိုများပြားသလို အမျိုးမျိုးသော သက်ရှိတို့ တည်ရှိရာနေရာလည်း ဖြစ်သည်။

                                     

အီကွေတာ

အီကွေတာမျဉ်း သည် ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် စိတ်ကူးဖြင့် ရေးဆွဲထားသည့် မျဉ်းတစ်ကြောင်းဖြစ်သည်။ အီကွေတာသည် ကမ္ဘာ့ဝင်ရိုးနှင့် ဒေါင်လိုက်ကျပြီး တောင်ကမ္ဘာခြမ်းနှင့် မြောက်ကမ္ဘာခြမ်းကို ပိုင်းခြားထားသည်။ အီကွေတာနှင့် နီးကပ်သည့် ဒေသရှိ ရာသီဥတုမှာ ပူအိုက်သည်။