ⓘ စကြာဝဠာ

စကြဝဠာ

ရုပ်ဝတ္ထု အနေဖြင့် တည်ရှိသမျှသော အရာအားလုံးကို စကြဝဠာဟု သတ်မှတ်ပြီး အချိန်နှင့် နေရာ အားလုံး၊ ဒြပ်ထုပစ္စည်း ပုံသဏ္ဌန် အားလုံး၊ စွမ်းအင်နှင့် အဟုန်တို့အပြင် ၎င်းတို့ကို ထိန်းချုပ်သော ရုပ်ပိုင်းဆိုင်ရာ နိယာမများနှင့် ကိန်းသေများ ပါဝင်သည်။ သို့သော်လည်း အနည်းငယ်မျှ ကွဲပြားခြားနားသော အခြေအနေ အရပ်ရပ် ပေါ်တွင် မူတည်၍ စကြဝဠာဆိုသော အသုံးအနှုန်းကို အာကာသ၊ ကမ္ဘာသို့မဟုတ် သဘာဝနှင့် ဆိုင်သော အဓိပ္ပာယ်ဖြင့်လည်း သုံးစွဲကြသည်။ ယခုလက်ရှိ နက္ခတ်ဗေဒဆိုင်ရာ လေ့လာစူးစမ်းမှုများ အရေ စကြဝဠာ၏ သက်တမ်းကို နှစ်ပေါင်း ၁၃.၇၃ ± ၀.၁၂ ဘီလီယံနှစ်မျှ သက်တမ်းကြာရှည်ပြီဟု ညွှန်ပြနေပြီး လေ့လာစူးစမ်းနိုင်သော စကြဝဠာ၏ အချင်းမှာ ...

လေ့လာနိုင်သော စကြာဝဠာ

လေ့လာနိုင်သော စကြဝဠာ ဆိုသည်မှာ လူသားတို့အနေဖြင့် စကြဝဠာအား လက်လှမ်းမှီသမျှ လေ့လာ၍ရသည့် စကြာဝဠာတစ်ခုလုံးအား ဆိုလိုသည်။ စကြာဝဠာသည် ပြင်ညီကဲ့သို့ တပြေးညီတည်ရှိသည်ဟုယူဆရင်း လေ့လာသူတစ်ယောက်အနေဖြင့် စကြာဝဠာ၏ မည်သည့်နေရာမှ လေ့လာသည်ဖြစ်စေ အတူတူပင် မြင်ရပေမည်။ ကမ္ဘာမြေမှ လေ့လာနိုင်သော ဂယ်လက်ဆီအရေအတွက်မှာ အနည်းဆုံး ၂ ထရီလီယံ ရှိလေသည်။ လေ့လာနိုင်သော ဟူသည့်စကားလုံးသည် ခေတ်သစ်သိပ္ပံပညာများအပေါ် မမူတည်ပေ။ ကော့စမစ်နောက်ခံ မိုက်ခရိုလှိုင်းဖြာထွက်မှု အား သိပ္ပံပညာရှင်များ အချိန်ယူကာ တိုင်းတာခဲ့ကြရာ မဟာပေါက်ကွဲမှုကတည်းက ပြန့်ကားလာသည့် စကြဝဠာ၏မြေပုံအား ရေးဆွဲနိုင်ခဲ့သည်။ CMBR မှရလဒ်အားအခြေခံကာ တွက်ချက်မှုမျာ ...

မဟာစကြာဝဠာ ပေါက်ကွဲမှုကြီး

မဟာပေါက်ကွဲမှု သီအိုရီ သည် စကြဝဠာ၏ အစောဆုံးကာလမှ နက္ခတ္တဗေဒဆိုင်ရာ စံနမူနာတစ်ခုဖြစ်သည်။ စံနမူနာသည် အလွန်ပူပြင်း သိပ်သည်းလှသောအခြေနေမှ စကြဝဠာ ပြန့်ကားလာပုံအား ဖော်ကျူးထားသည်။ ယင်းတို့မှတဆင့် အလင်း၏ အရာဝတ္ထု ကော့စမစ် မိုက်ခရိုနောက်ခံ၊ အလွန်ကြီးမားသောပုံစံနှင့် ဟာဘေလ်နိယာမတို့ ပါဝင်သည်။ မိမိတို့သိရှိသော ရူပဗေဒနိယာမတို့၏အလွန်တွင် ရောက်ရှိပါက အထူးမှတ် တည်ရှိပေမည်။ ခေတ်သစ် ကိရိယာတန်ဆာပလာများသည် စကြဝဠာ၏ သက်တမ်းဟု ဟူဆရသည့် လွန်ခဲ့သောနှစ်ပေါင်း ၁၃.၈ ဘီလီယံအား ရည်ညွန်းနေသည်။ ကနဦး ဖောင်းပွမှုပြီးနောက် စကြဝဠာသည် တဖြည်းဖြည်းအေးမြလာပြီး အက်တမ်ခွဲအမှုန်များ ဖွဲ့တည်စေခဲ့ကာ နောက်ပိုင်းတွင် ရိုးရှင်းသော အက် ...

အပြိုင် စကြာဝဠာ

 အပြိုင် စကြာဝဠာ ဆိုသည်မှာ သီအိုရီဆိုင်ရာ စကြာဝဠာတစ်ခုဖြစ်သည်။ ယင်းစကြာဝဠာသည် မိမိတို့နေထိုင်သည့် စကြာဝဠာအပါအဝင် ပုံသေစကြာဝဠာ၊ အနန္တစကြာဝဠာတို့ ပါဝင်သည်။ ပုံသေစကြာဝဠာဟူသည် ဥပမာဆိုရသော် မပြောင်းလဲဘဲ ပုံသေအရွယ်အစားရှိသော စကြာဝဠာဖြစ်ပြီး အနန္တစကြာဝဠာဟူသည် အဆုံးအစမရှိအောင် ကျယ်ပြောလှသည့် စကြာဝဠာဖြစ်ပါသည်။ မဟာ စကြာဝဠာသည် ယင်းတို့နှင့် ကွဲပြားသည်။ လူသားတို့သည် တချိန်က မိမိတို့ကမ္ဘာမြေအား စကြာဝဠာ၏ ဗဟိုဟု ထင်မှတ်ခဲ့ဖူးသည်။ ကော်ပါးနိကပ်ဆိုသောပုဂ္ဂိုလ်ပေါ်လာသောအခါ ကမ္ဘာသည် စကြာဝဠာ၏ဗဟိုမဟုတ်ဘဲ နေစကြာဝဠာ၏ သာမန်ဂြိုဟ်တစ်စင်းမျှသာဖြစ်ကြောင်း သိရှိရသည်။ ထို့မှတဖန် မိမိတို့၏နေမင်းသည်လည်း နဂါးငွေ့တန်း ဂယ် ...

နေစကြာဝဠာပြင်ပဂြိုဟ်

နေစကြာဝဠာပြင်ပဂြိုဟ် ဆိုသည်မှာ မိမိတို့ နေစကြာဝဠာ၏ အပြင်ဘက်မှ ကြယ်အား လှည့်ပတ်နေသည့် ဂြိုဟ်ကို ဆိုလိုသည်။ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် နေစကြာဝဠာပြင်ပဂြိုဟ်မှာ ၁၉၈၈ ခုနှစ်တွင် ဖြစ်သည်။ သို့သော်လည်း အတည်ပြုသော ပထမဆုံးဂြိုဟ်မှာ ၁၉၉၂ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းကတည်းက ၂၀၁၇ ခုနှစ် မေလ ၁ ရက်နေ့အထိ အတည်ပြု ခြေရာခံမိသည့် ကြယ်စနစ်ပေါင်း ၂၇၀၂ ထဲမှ ဂြိုဟ်အစင်းပေါင်း ၃၆၀၈ ရှိသည်ဟုဆိုသည်။ High Accuracy Radial Velocity Planet Searcher အဖွဲ့က နေစကြာဝဠာပြင်ပဂြိုဟ်ပေါင်း ၁၀၀ ခန့် တွေ့ရှိခဲ့ပြီး ကပ်ပလာ အာကာသယာဉ်က ၂ သောင်းကျော် တွေ့ရှိခဲ့သည်။ ကပ်ပလာမှ မှားယွင်းနိုင်သော နေစကြာဝဠာပြင်ပဂြိုဟ်အစ ...

မဟာစကြာဝဠာ ပြက္ခဒိန်

မဟာစကြာဝဠာ ပြက္ခဒိန် သည် သက်တမ်း နှစ်ပေါင်း ၁၃.၈ ဘီလီယံရှိသော စကြာဝဠာ၏သက်တမ်းအား တစ်နှစ်တည်းအဖြစ် ပုံဖော်ရန် စီမံထားခြင်းဖြစ်သည်။ ဤသရုပ်ဖော်ပြချက်တွင် မဟာစကြာဝဠာ ပေါက်ကွဲမှုကြီးသည် ဇန်နဝါရီလ ရက်နေ့ သန်ခေါင်ညံဖြစ်ပြီး ယခုလက်ရှိ အချိန်သည် ဒီဇင်ဘာလ ရက်နေ့ သံခေါင်ယံအချိန်သို့ ပြီးဆုံးမည်ဖြစ်သည်။ ဤစကေးတွင် တစ်စက္ကန့်လျင် ၄၃၈ နှစ်၊ တစ်နာရီလျင် ၁.၅၈ မီလီယံနှစ်၊ တစ်ရက်လျင် ၃၇.၈ မီလီယံနှစ်နှုန်း အသီးသီးရှိကုန်ကြသည်။ ဤအတွေးအခေါ်အား ကားလ် ဆေဂန် မှ သူ၏စာအုပ်ဖြစ်သော The Dragons of Eden နှင့် တီဗွီဇာတ်လမ်းတွဲ Cosmos တွင် ဖော်ပြခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် Neil deGrasse Tyson ဆိုသူမှ Cosmos: A Spacetime Odyss ...

မာဗယ်လ်ရုပ်ရှင်စကြာဝဠာ

မာဗယ်လ်ရုပ်ရှင်စကြာဝဠာ သည် ၂၀၀၈ တွင်စတင် ထွက်ရှိခဲ့သော သံမဏိလူသား ရုပ်ရှင်မှစတင်ခဲ့သည်။ မာဗယ်လ်ရုပ်ပြကာတွန်းများမှ ဇာတ်ကောင်များကို အခြေခံပြီးရုပ်ရှင်ဇာတ်ကား များကိုသာမက ရုပ်သံဇာတ်လမ်းတွဲများပါ ချိတ်ဆက်ရိုက်ကူးခဲ့ကြသည်။ ရုပ်ရှင်တစ်ကားနှင့်တစ်ကားချိတ်ဆက်မှု သေသပ်ခြင်း အထူးပြုလုပ်ချက်များကောင်းမွန်ခြင်းတို့ကြောင့် လူအများ အထူးကြိုက်နှစ်သက်ခြင်းကိုခံရသည်။မာဗယ်ရုပ်ရှင်စကြာဝဠာ၏အအောင်မြင်ဆုံးသော ရုပ်ရှင်ဖြစ်သည့် လက်စားချေသူများ: အဆုံးသတ်ကစားပွဲမှာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

အလင်းနှစ်

အလင်းနှစ် ဆိုသည်မှာ စကြာဝဠာအားတိုင်းတာရာတွင် အသုံးပြုသော အတိုင်းအတာ ယူနစ်တစ်ခု ဖြစ်သည်။ အလင်းသည် တစ်စက္ကန့်လျင် ကီလိုမီတာ ၃ သိန်း ခရီးသွားသည်။ ထိုကဲ့သို့ အမြန်နှုန်းဖြင့် တစ်နှစ်လုံး အလင်းဖြတ်သန်းသွားသော အကွာအဝေးသည် အလင်းနှစ် ၁ နှစ် ဖြစ်သည်။ ဥပမာ လကမ္ဘာသည် ကမ္ဘာမှ မိုင်ပေါင်း ၂၄၀,၀၀၀ သာဝေးသည်။ ထို့ကြောင့် လကမ္ဘာသည် ကမ္ဘာမြေသို့ အလင်းနှစ် ၁ စက္ကန့်ကျော်ခန့်သာ ဝေးကွာသည်။ နေစကြာဝဠာပြင်ပမှ အရာများအားတိုင်းတာရာတွင် အလင်းနှစ်ကို စံနမူနာထားကာ အသုံးပြုသည်။ အလင်းနှစ် ၁ နှစ် = ၉၄၆ဝ၇၃ဝ၄၇၂၅၈ဝ၈ဝဝ မီတာ အတိအကျ ≈ ၉.၄၆၁ ပီတာမီတာ ≈ ၅.၈၇၈၆၂၅ ထရီလီယံ မိုင် ≈ ၆၃၂၄၁.ဝဝ၇ AU ≈ ဝ.၃ဝ၆၆ဝ၁ parsecs

ဂယ်လက်ဆီ

ကြယ်စင်စုကြီး ဆိုသည်မှာ ကြယ်စုကြယ်ဝေး ဖြစ်ပြီး ဓာတ်ငွေ့များ၊ အမှုန်အမွှားများနှင့် မှောင်မိုက်သော ဒြပ်ဝတ္ထုများလည်း ရောနှော ပါဝင်နေသည်။ ကြယ်စင်စုကြီးများကို တစုတဝေးတည်း ဖြစ်နေစေသည့် အကြောင်းမှာ ဒြပ်ဆွဲငင်အားပင် ဖြစ်သည်။ ကြယ်စင်စုကြီးအတွင်းမှ အရာအားလုံးသည် ဗဟိုချက်တစ်ခုကို အခြေပြု၍ သွားလာလှုပ်ရှား နေကြသည်။ ကြယ်စင်စု ဆိုသည့် အမည်မှာ ဂရိစာလုံး မှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ နဂါးငွေ့ ဟူ၍ဖြစ်သည်။ ထို့အတွက်ကြောင့် ကမ္ဘာပါဝင်သော လက်ရှိနေထိုင်ရာ ကြင်စင်စု ကို နဂါးငွေ့တန်း ကြယ်စင်စုကြီးဟု ခေါ်ကြသည်။ အဓိကအားဖြင့် ကြယ်စင်စုကြီး ၃ မျိုး ရှိပြီး ၎င်းတို့မှာ ဘဲဥပုံ၊ ဝက်အူရစ်ပုံ နှင့် ပုံသဏ္ဌန်မမှန်သော ကြ ...

မဟာဂလက်ဆီ အစုအပြုံ

မဟာဂလက်ဆီ အစုအပြုံ သည် ကြီးမားသော ဂလက်ဆီအပြွတ်အအုံ သို့မဟုတ် ဂလက်ဆီအုပ်စုဖြစ်ပြီး ယင်းသည် မဟာစကြာဝဠာ၏ လေ့လာနိုင်သော စကြာဝဠာထဲတွင် တွေ့ရလေ့ရှိသည်။ နဂါးငွေ့တန်း ဂယ်လက်ဆီသည် ဂလက်ဆီအပြွတ်အအုံ ၅၄ ခုပါဝင်သော Local Group ၏အစိတ်အပိုင်းဖြစ်ပြီး ယင်းသည် Laniakea Supercluster သို့ပြောင်းသွားသည်။ ယင်း supercluster သည် အကျယ်အားဖြင့် အလင်းနှစ် ၅၀၀ မီလီယံရှိပြီး Local Group မှာ အလင်းနှစ် ၁၀ မီလီယံရှိသည်။ လေ့လာနိုင်သော စကြာဝဠာရှိ supercluster အရေအတွက်မှာ ၁၀ မီလီယံရှိသည်ဟု တွက်ချက်ထားသည်။ ဂလက်ဆီများသည် ကြုံရာကျပန်းအစား အပြွတ်အအုံများ အဖြစ် ဖွဲ့တည်ကြသည်။ ဂလက်ဆီ အပြွတ်အအုံများသည်လည်း မဟာဂလက်ဆီ အပြွတ်အအုံများ ...

မိုးစက်ဝိုင်

မိုးစက်ဝိုင် ရက်၊ ရန်ကုန်မြို့ဖွား)သည် မြန်မာနိုင်ငံ အလှမယ်ကိုယ်စားပြု မယ်စကြာဝဠာ မြန်မာဆုကို ၂၀၁၃ခုနှစ်တွင်ရှိခဲ့သူဖြစ်သည်။ သူမသည် မော်စကိုမြို့၊ ရုရှားနိုင်ငံတွင်ကျင်းပမည့် မယ်စကြာဝဠာ ၂၀၁၃ ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၁၉၆၁-ခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲပြီးကတည်းက အခုအချိန်အထိ ယှဉ်ပြိုင်ခြင်းမရှိပဲ မိုးစက်ဝိုင်သည် ယခု ၂၀၁၃-ခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ ပထမဦးဆုံးသော ယှဉ်ပြိုင်မည့် အမျိုးသမီးဖြစ်သည်။ အရင် မယ်စကြာဝဠာနောက်ဆုံးပြိုင်ပွဲတွင် ဗမာဟူသောအမည်ဖြင့် ယှဉ်ပြိုင်ခဲ့ရာမှ သူမသည် ယခု မြန်မာဆိုသောနာမည်ဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သဘာဝ

သဘာဝ ဟူသည်မှာ အဓိပ္ပာယ် ကျယ်ပြောလှသော စကားလုံးဖြစ်ပြီး ယင်းစကားလုံးအနက်တွင် သဘာဝ လောက၊ သဘာဝတ္တ စကြာဝဠာ၊ ရုပ်ပိုင်းဆိုင်ရာ လောကနှင့် ရုပ်ပိုင်းဆိုင်ရာ စကြာဝဠာတို့ ပါဝင်နေသည်။ သဘာဝသည် ယေဘုယျအားဖြင့် ရုပ်စကြဝဠာ၏ လောကဓမ္မ နှင့် သက်ရှိဘာဝတို့ကို ရည်ညွှန်းသည်။ သဘာဝ ဆိုသည်မှာ ရုပ်လောက တွင်ဖြစ်ပျက်နေမှုကို ရည်ညွှန်းပြီး ယေဘုယျအားဖြင့် အသက်ရှိခြင်း နှင့်ဆိုင်သည်။ လူတို့ဖန်တီးသော အရာများ လူတို့ရှိ ပေါင်းဖွဲ့ခြင်းများကို သဘာဝ ဟု အသုံးအနှုန်းတွင် မပါဝင်ပေ။ လူ့သဘာဝ တွင်ကားပါဝင်နိုင်သည်။ သဘာဝ သည် သဘာဝလွန် ဖြစ်ရပ်များနှင့် ခြားနားသည်။ ပမာနအားဖြင့် အဏုမြုမှုန် မှ မဟာစကြဝဠာ ထိ ပါဝင်သည်။