ⓘ ဂိမ်းများ

ပလေးစတေရှင် (ဂိမ်းစက်)

ပလေးစတေရှင် သည် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေးမှ ထုတ်လုပ်ဖြန့်ချိသော ၃၂ဘစ် အိမ်သုံးဗီဒီယိုဂိမ်းစက် အမျိုးအစား ဖြစ်သည်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဂျပန်နိုင်ငံတွင် လည်းကောင်း၊ ၁၉၉၅ ခုနှစ် စက်တင်ဘာလတွင် မြောက်အမေရိကနှင့် ဥရောပဈေးကွက်သို့ လည်းကောင်း အသီးသီးဖြန့်ချိခဲ့သည်။ ပဉ္စမမြောက် ဂိမ်းစက်မျိုးဆက်အဖြစ် Nintendo 64 နှင့် Sega Saturn တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဒီဇိုင်းပြန်လည်ပြင်ဆင်ထားသည့် ပိုမိုကျစ်လျစ်သေးငယ်သည့် ပလေးစတေရှင် မော်ဒယ် "PSOne" ကို ဖြန့်ချိခဲ့သည်။ ပလေးစတေရှင် ဂိမ်းစက်သည် ဖြန့်ချိပြီး ကိုးနှစ်ခွဲအကြာတွင် အရေအတွက် သန်း ၁၀၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့သည့ ...

မိုဘိုင်းလီဂန်းစ်:ဘမ်းဘမ်း

မိုဘိုင်းလက်ဂျန့်စ်:ဘန်းဘန်း သည် Moonton ကုမ္ပဏီမှ ထုတ်လုပ်သည့် လူအများဆော့ကစားနိုင်သော အွန်လိုင်းတိုက်ပွဲဂိမ်း) ဂိမ်းတစ်ခုဖြစ်သည်။ အဆိုပါဂိမ်းကို အန်းဒရွိုက်အတွက် ဇူလိုင်လ ၁၄ ရက် ၂၀၁၆ နှင့် iOS အတွက် နိုဝင်ဘာ ၉ ရက်၊ ၂၀၁၆ တွင် တစ်ကမ္ဘာလုံးအနေဖြင့် ဖြန့်ချိခဲ့သည် ။

PlayerUnknowns Battlegrounds

PlayerUnknowns Battlegrounds သည် အင်တာနက်ပေါ်တွင် ဆော့ကစားနိုင်သည့် ဂိမ်းအမျိုးအစားဖြစ်ပြီး ကိုရီးယား ဗီဒီယိုဂိမ်းကုမ္ပဏီတစ်ခုဖြစ်သော Bluehole ၏ ကုမ္မ္ပဏီခွဲ PUBG corporation မှစတင်ရေးဆွဲဖြန့်ချိခဲ့သော ဂိမ်းအမျိုးအစားဖြစ်သည်။ စစ်မြေပြင်တွင် ကမ္ဘာအရပ်ရပ်ရှိ ဂိမ်းကစားသူများနှင့်အတူ ကစားနိုင်သော ဂိမ်းတစ်မျိုးဖြစ်သည်။ ထိုဂိမ်းကို ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့သော ဂျပန်ရုပ်ရှင် Battle Royale ကို အခြေပြုကာ ရေးဆွဲခဲ့သည်။ ထိုဂိမ်းတွင် ကျွန်းတစ်ကျွန်းပေါ်သို့ ပါဝင်ကစားသူ အယောက် ၁၀၀ ကို လေယာဉ်ပျံဖြင့်ချပေးကာ နောက်ဆုံး ပွဲပြီးအချိန်ထိ အသက်ရှင်ကျန်နိုင်အောင်ဆော့ကစားရသော ဂိမ်းအမျိုးအစားတစ်ခုဖြစ်သည်။ တစ်ယောက်တ ...

အန်းဂရီးဘတ်ဒ်

အန်းဂရီးဘတ်ဒ် သည် ဉာဏ်စမ်းအမျိုးအစားတွင် ပါဝင်သော ဗွီဒီယိုဂိမ်းတစ်ခု ဖြစ်ပြီး ဖင်လန်နိုင်ငံ ဂိမ်းဆော့ဖ်ဝဲလ် ဖန်တီးသည့် ရိုဗီယို ဖျော်ဖြေရေး ကုမ္ပဏီမှ ဖန်တီးခဲ့သော ဂိမ်းတစ်ခု ဖြစ်သည်။ အတောင်မပါသော ငှက်များ၏ ပုံမှ စ၍ ဂိမ်းကို စတင် ဖန်တီးဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင်Apples iOS ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် အတွက် စတင် ဖြန့်ချိခဲ့သည်။ ထိုအချိန်မှာ စ၍ အက်ပဲလ်၏ အက်ပ် စတိုးမှ စုစုပေါင်း ၁၂ သန်းကျော် ရောင်းချခဲ့ပြီး ဖြစ်သည်။ ထို့အတွက်ကြောင့် ကုမ္ပဏီ အတွက် အခြား တပ်ရှ် စခရင်ပါသော အင်းဒရွိုက် အပါအဝင် အခြား စမတ်ဖုန်းများအတွက်ပါ ထုတ်ဝေရန် တွန်းအား ဖြစ်စေခဲ့သည်။

Warcraft III: Reign of Chaos

Warcraft III: Reign of Chaos သည် ဇူလိုင် ၂၀၀၂ တွင် Blizzard Entertainment မှ ဖြန့်ချိခဲ့သည့် ဗွီဒီယိုဂိမ်းတစ်ခုဖြစ်သည်။ Warcraft စိတ်ကူးယဉ် စကြဝဠာထဲတွင် ဇာတ်လမ်းတည်ထားသည့် တတိယမြောက်ဂိမ်းဖြစ်ကာ Warcraft: Orcs & Humans ၏ ဒုတိယအဆက်ဂိမ်းဇာတ်လမ်း ဖြစ်သည်။ နောက်ဆက်တွဲအဆက်အဖြစ် The Frozen Throne ကို ဇူလိုင် ၂၀၀၃ တွင် ဖြန့်ချိခဲ့သည်။

ပလေးစတေရှင်

ပလေးစတေရှင် သည် ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး ကုမ္ပဏီမှ ဂိမ်းစက်များ၏ ကုန်ပစ္စည်း အမှတ်တံဆိပ် အမည်ဖြစ်သည်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပထမဆုံးသော ပလေးစတေရှင် ဂိမ်းစက် ကို ဂျပန်နိုင်ငံ၌ စတင်ဖြန့်ချိစဉ်က ဤအမှတ်တံဆိပ်ကို စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် အိမ်သုံးဗီဒီယိုဂိမ်းစက် လေးမျိုး၊ အွန်လိုင်းဝန်ဆောင်မှု တစ်ခု၊ လက်ကိုင်ဂိမ်းခလုတ်များ၊ လက်ကိုင်ဂိမ်းစက် နှစ်မျိုး နှင့် ဖုန်း တစ်မျိုး စသည်တို့ကို ဤအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ချိထားပြီး ဖြစ်သည်။ ပထမဆုံး ပလေးစတေရှင်မျိုးဆက် ဂိမ်းစက်ဖြစ်သည့် ပလေးစတေရှင် ဂိမ်းစက်မှာ ထုတ်လုပ်ဖြန့်ချိပြီး ၉ နှစ်ခွဲအချိန်အထိ ဂိမ်းစက်အလုံးရေ သန်း ၁၀၀ ...

ဒိုတာ ၂

ဒိုတာ ၂ သည် အခမဲ့ လူအများဆော့ကစားနိုင်သော အွန်လိုင်းတိုက်ပွဲဂိမ်း) ဖြစ်ပြီး Valve ကော်ပိုရေးရှင်းမှ ရေးဆွဲထုတ်လုပ် ဖြန့်ချိခြင်းဖြစ်သည်။ ဤဂိမ်းကို မိုက်ခရိုဆော့ဖ် Windows ကွန်ပြူတာများ၊ Mac OSX နှင့် Linux များတွင်ဆော့ကစားရန် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖြန့်ချိခဲ့သည်။ မိုက်ခရိုဆော့ဖ် Windows များသာ ဆော့ကစားနိုင်သည့် စမ်းသပ်ဘီတာ ဂိမ်းကို ၂၀၁၁ တွင်ဖြန့်ခဲ့ပြီး Warcraft III: Reign of Chaos နှင့် ဆက်စပ်ဂိမ်းဖြစ်သော The Frozen Throne များမှ Mod တစ်ခုဖြစ်သော Defense of the Ancient ဂိမ်းကို အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ ဒိုတာ ၂ ဂိမ်းသည် Steam ဂိမ်းဆော့ ပလက်ဖောင်းပေါ်တွင် လူဆော့အများဆုံးဂိမ်းဖြစ်ပြ ...

၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အား မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုတစ်ချိန်တည်းမှာပဲ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်ကမ်းခြေတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာအိုလံပစ် ကော်မတီအား ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်အား လက်ခံကျင်းပပြုလုပ်ရန်အတွက် အာဆီယံ ဆီးဂိမ်းအဖွဲ့ချုပ်မှ ၃၁ မေလ ၂၀၁၀ ပြည့်နှစ်က ဂျာကာတာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအား ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပွဲတော်အားလက်ခံ ကျင်းပခွင့်ခြင်းကို အာရှအိုလံပစ် ကောင်စီ ၏ တရားဝင်စာမျက်နှာ တွင် ဇွန်လ ၇ ရက် ၂၀၁၀ တွင်ကြေညာခဲ့သည့်။ မြန်မာနိုင်ငံသည် အာဆီယံဆီးဂိမ်းအာ ...

ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး

ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေး သည် ဆိုနီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး အိမ်သုံးဗီဒီယိုဂိမ်းစက်များ၊ ဂိမ်းဆော့ဖ်ဝဲလ်များ ကို ထုတ်လုပ်ဖြန့်ချိနေသာ ကုမ္ပဏီတစ်ခုဖြစ်သည်။ ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပလေးစတေရှင် ဂိမ်းစက် မဖြန့်ချိမီ ကာလတွင် တည်ထောင်ခဲ့သည်။ ဆိုနီ ကွန်ပျူတာ ဖျော်ဖြေရေးသည် ပလေးစတေရှင် အုပ်စုဝင် လက်ကိုင်ဂိမ်းစက်များနှင့် အိမ်သုံးဗီဒီယိုဂိမ်းစက်များနှင့် ပက်သက်သော ကိစ္စအဝဝကို တာဝန်ယူထားသော ကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ကမ္ဘာတစ်လွှားတွင် ပလေးစတေရှင် အမျိုးအစား ဂိမ်းစက်ပေါင်း သန်း ၄၀၀ ခန့်ရောင်းချရပြီး ဖြစ်သည်။

                                     

Warcraft II: အမှောင်ဆုံးသော ဒီရေများ

Warcraft II: အမှောင်ဆုံးသော ဒီရေများ သည် စိတ်ကူးယဉ်ဆန်သော အမှန်တကယ် ဉာဏ်ဆင်ရသည့် ဂိမ်းတစ်ခုဖြစ်ပြီး Blizzard ဖျော်ဖြေရေးမှ ဖြန့်ချိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဝင်းဒိုးဒီအိုအက် အတွက် ထုတ်လုပ်ခဲ့ပြီး Mac Os အတွက်ကို ၁၉၉၆ ခုနှစ်တွင် ထုတ်လုပ်ပေးခဲ့သည်။ အဓိကဂိမ်းဖြစ်သည့် Warcraft II: အမှောင်ဆုံးသောဒီရေများ ဂိမ်းဇာတ်လမ်းသည် လူအများစု စိတ်ဝင်စားမှုကို ရခဲ့သည်။ ကွန်ပျူတာဂိမ်းဆိုင်ရာ ဆုကြီးများစွာကို ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့သည်။ ဂိမ်းခွေချပ်ရေပေါင်း ၂ သန်းကျော် ရောင်းချခဲ့သည်။

                                     

Steam

Steam ဆိုသည်မှာ နိုင်ငံတကာကျွမ်းကျင်အဆင့် ဂိမ်းရေးဆွဲသူများ ထုတ်လုပ်သောဂိမ်းများကို နေ့စဉ်နေ့ည အမြဲအဆက်မပြတ် အသစ်တင်ဆက်မှုများကို ပေးဆောင်နိုင်သောနေရာဖြစ်သည်။ Steam ဂိမ်းဈေးကွက်တွင် အခမဲ့ နှင့် ဝယ်ဆော့ရသောဂိမ်းဟု မျိုးရှိသည်။ အကောင့်တစ်ခုဖန်တီးရန်လဲလိုသည် မိမိ ဆော့သောဂိမ်းမှရရှိသောပစ္စည်းများ Items များကို ရောင်းနိုင်ခြင်း။ Steam Wallet ရှိရန်လိုအပ်သည်။ ဂိမ်းအမြောက်အများကိုတစ်နေရာထဲတွင်ရနိုင်ခြင်း။ နေ့စဉ် update အသစ်မွမ်းမံမှုများပေးခြင်း။ ရာသီအလိုက် လျှော့ဈေးများလဲရှိသည်

                                     

အိမ်သုံးဗီဒီယိုဂိမ်းစက်

အိမ်သုံးဗီဒီယိုဂိမ်းစက် အင်္ဂလိပ်: home video game console သို့ home console) ဆိုသည်မှာ အိမ်တွင်းသုံး ဗီဒီယိုဂိမ်းစက် အမျိုးအစား ဖြစ်သည်။ ဗီဒီယိုဂိမ်းစက် နှင့် သေးငယ်ပြီး ကိုင်ဆောင်ရလွယ်ကူသည့် လက်ကိုင်ဂိမ်းခလုတ်တို့ ပါဝင်သည်။