ⓘ ကျန်းမာရေး

ကျန်းမာရေး

အနာရောဂါကို ကာကွယ်သောနည်းလမ်းကောင်း ဥစ္စာကံစောင့် အသက်ဉာဏ်စောင့်ဟူသော ရှေးပညာရှိတို့၏ စကားကို လူတိုင်း သတိချပ်သင့်၏။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်တတ်ခြင်းသည် ရောဂါဘယကို တားဆီးနိုင်သည့်ပြင် အသက်ရှည်ရာရှည်ကြောင်းလည်း ဖြစ်ရကား ကျန်းမာရေး လမ်းညွှန်မျာကို သေချာစွာ ဖတ်ရှုမှတ်သား၍ သုံးသပ်ကြပါလော့။ အာရောဂျံ၊ ပရမံ၊ လာဘံဟူသော ဘုရား ဟောတရား တော်နှင့်အညီ ကျန်းမာရေး လာဘ်ကြီးကို လက်ကိုင်ရရှိထားမှ သာလျှင် လူ့ဘဝရကျိုး နပ်ပေမည်။ ကျန်းမာရေးနှင့် လျော်ညီ စွာ ပြုမူနေထိုင်တတ်ပါမှ မွန်မြတ်လှသော ထိုလာဘ်ကြီးကို ရရှိနိုင်ပေမည်။ မိမိတို့ နေထိုင်ရာအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ပြုပြင်နေထိုင်ခြင်းမရ ...

ကမ္ဘာ့ကျန်းမာရေးနေ့

ကမ္ဘာ့ကျန်းမာရေးနေ့ ကို နှစ်စဉ်ဧပြီလ ၇ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ဦးဆောင်မှုဖြင့် ကျင်းပလေ့ရှိသည်။ ၁၉၄၈ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ပထမဆုံး ကမ္ဘာ့ကျန်းမာရေး ညီလာခံကို ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ၁၉၅၀ခုနှစ်မှစ၍ ကမ္ဘာ့ကျန်းမာရေးနေ့ ကို နှစ်စဉ် ဧပြီလ ၇ ရက်နေ့ တွင်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုနေ့တွင်ကျင်းပခြင်းအားဖြင့် ကမ္ညာ့ကျန်းမာရေးအဖွဲ့ကြီး ထူထောင်သည့်နေ့ ကို အမှတ်ရစေရန်၊ ကမ္ဘာ့ကျန်းမာရေး၏အရေး ကြီးပုံကို လူထုက အာရုံစိုက်မှုကို ရရှိစေရန် ရည်ရွယ်၍ ကျင်းပသည်။

မြန်မာ့ကျန်းမာရေး

မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုသည် ကောင်းမွန်မှု မရှိပေ။ စစ်အစိုးရသည်နိုင်ငံ့ဂျီဒီပီ ကို ၀.၅ % မှ ၃% အထိသာ ကျန်းမာရေးအတွက် သုံးစွဲသည်။ ကျန်းမာရေးစောင့်ရှောက်မှုနိမ့်ကျသည့် နိုင်ငံများတွင် မပြောင်းမလဲ တစ်သမတ်တည်း ရှိခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာစိတ်ကျန်းမာရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း မှ စိတ်ကျန်းမာရေး ဟူသည်ကို လူတိုင်းလူတိုင်းမှ မိမိတို့၏ စွမ်းရည်ရှိသည့်အတိုင်း နေထိုင်ကောင်းမွန်မှုအခြေအနေတွင် ဘဝ၏စိတ်ပင်ပန်းစရာများကို ခံနိုင်ရည်ရှိပြီး အသီးအပွင့်ဖြစ်ထွန်းစေသော၊ ထုတ်လုပ်နိုင်စွမ်းရှိသော အလုပ်များကို လုပ်ကိုင်နိုင်ပြီး မိမိတို့ပတ်ဝန်းကျင် ကူညီထောက်ပံ့မှု ပြုနိုင်သည့် အခြေအနေဟု ဖွင့်ဆိုထားသည်။ ကမ္ဘာလုံးဆိုင်ရာစိတ်ကျန်းမာရေး ဟူသည့်အသုံးအနှုန်းမှာ စိတ်ကျန်းမာရေး၏ သွင်ပြင်လက္ခဏာမျိုးစုံ အပေါ်တွင် အပြည်ပြည်ဆိုင်ရာရှုထောင့်ကို ရည်ညွှန်းသည်။ ကမ္ဘာနှင့်အဝှမ်းလူသားအားလုံးအတွက် စိတ်ကျန်းမာရေးတိုးတက်မှု၊ စိတ်ကျန်းမာရေးတွင် သာတူညီမျှမှုပေါ်တွင် ဦးစားပေးသော ...

မြန်မာနိုင်ငံရှိ အိပ်(ခ်ျ)အိုင်ဗွီ/အေအိုင်ဒီအက်(စ်)

မြန်မာနိုင်ငံရှိ အိပ်အိုင်ဗွီ/အေအိုင်ဒီအက်ကို ကျန်းမာရေးဝန်ကြီးဌာနမှ အလေးဂရုပြုသင့်သည့်ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပါသည်။ ယင်းသည် နေရာအနှံ့တွင် လိင်လုပ်သားများ၊ သွေးပြန်ကြောများအတွင်းဆေးသွင်းအသုံးပြုသူများ အကြားတွင် အများအပြားပြန့်နှံ့နေပါသည်။ ၂၀၀၅ ခုနှစ်တွင် ယူအင်အေအိုင်ဒီအက် အဆိုအရ၊ မြန်မာနိုင်ငံရှိ အရွယ်ရောက်သူ အိပ်အိုင်ဗွီ ပျံ့နှံ့မှုနှုန်း သည် ၁.၃% ဖြစ်၍၊ စောစောပိုင်းညွှန်ပြမှုများအရ ယင်းကပ်ရောဂါသည် ဆက်လက်ပြန့်ပွားသွားမည်ဖြစ်သော်လည်း တိုင်းပြည်အတွင်း ဆုတ်ယုတ်ဖွယ် ဖြစ်ကြောင်း ဖေါ်ပြနေပါသည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံရှိ နိုင်ငံတော် အေအိုင်ဒီအက် အစီအစဉ်သည် ၃၂% သော လိင်လုပ်သားများနှင့် ...

ကင်ဆာ မဖြစ်အောင်နေထိုင်နည်း

ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ ဆရာဝန်တွေဟာ လူအား ငွေအား တွေအများကြီးသုံးကြပါတယ်။ ဒါပေမဲ့ ကင်ဆာမဖြစ်အောင် ဘယ်လို ရှောင်ရမယ် ဆိုတာ သူတို့ရဲ့ လူနာတွေကို ပြောပြဖို့ကျတော့ အချိန်သိပ်မပေးတတ်ကြဘူး။ ကင်ဆာဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ရှောင်လိုက်ရင် ကင်ဆာ အန္တရာယ် မှ ၈၀ % လျှော့ချပြီးသားဖြစ်ပါမယ်။ ၁။ ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။ ပြီးတော့ ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးနေပါ။ ၂။ အဆီပေါတဲ့ ၊ အဆီများတဲ့ အစားအသောက်တွေကို ဖြတ်လိုက်ပါ။ ၃။ အသားမစားပါနဲ့။ ၄။ အသီးအရွက် အစိမ်း မချက်မပြုတ်ဘဲ စားလိုရတာတွေ အများကြီးစားပါ။ ၅။ အမျှင်ပါတဲ့ Fiber အစားအသောက် နဲ့ လုံးတီးဆန် ၊ လုံးတီး ဂျုံတို့နဲ့ လုပ်တဲ့ အစားအစာတွေ အများကြီးစား ...

ကျန်းမာသန့်ရှင်းရေး

ကျန်းမာသန့်ရှင်းရေး သည် ကျန်းမာရေးကိုမြှင့်တင်ပေးရန် လူများထိတွေ့နေသော စွန့်ပစ်ပစ္စည်း များ၏ ဘေးဥပါဒ်အန္တရာယ်များကို ကာကွယ်ခြင်းမှတဆင့် သန့်ရှင်းစင်ကြယ်၍ ရောဂါမဖြစ်စေနိုင်သော နည်းလမ်းများဖြစ်ပါသည်။ ဘေးဥပါဒ်အန္တရာယ်များသည် ရောဂါများ၏ ဇီဝကမ္မဗေဒဆိုင်ရာ ၊ဇီဝဗေဒဆိုင်ရာ ဓါတုဗေဒဆိုင်ရာအရာ များ ဖြစ်နိုင်ပါသည်။ ကျန်းမာရေးပြဿနာများ၏ အခြေခံအကြောင်းဖြစ်နိုင်သော စွန့်ပစ်ပစ္စည်းများမှာ လူနှင့် တိရိစ္ဆာန်တို့၏ မစင်များ၊ စွန့်ပစ်ပစ္စည်းအစိုင်အခဲ များ၊ အိမ်သုံးအညစ်အကြေးရေများ ၊ စက်မှု ဆိုင်ရာစွန့်ပစ်ပစ္စည်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ စွန့်ပစ်ပစ္စည်းများတို့ ဖြစ်ပါသည်။ သန့်ရှင်းစင်ကြယ်၍ ရောဂါ မဖြစ်စေချင ...

ကျန်းမာအောင် အစားစားနည်း (၁၀) ချက်

ကိုယ်ခန္ဓာ အဆီတွေတိုးပြီး နေရ ထိုင်ရတာ သက်တောင့် သက်သာ မရှိလှဘူးလို့ ညည်းနေတတ်ကြပေမယ့် အစားအသောက် ၊ အနေအထိုင် ကိုတော့ ဂရုမစိုက်မိကြပါဘူး။ ကိုယ်အလေးချိန် လျော့ကျအောင်ဆိုပြီး စားသင့်တဲ့ အစာပမာဏထက် ပိုမိုလျော့စားတဲ့အခါမှာ လုံလောက်တဲ့ အစာအဟာရ မရရှိခြင်းကြောင့် နေထိုင်မကောင်း ဖြစ်ကြပြန်ပါတယ်။ ကျန်းမာအောင် အစားစားနည်း ၁၀ ချက် ရှိပါတယ်။ အစာစားတဲ့အခါမှာ ကိုယ်အလေးချိန်လျော့ကျဖို့ အတွက်မဟုတ်ဘဲ ကျန်းမာသန်စွမ်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားပါ။ ဆီ ကို ညှစ်လို့ရတဲ့ ပလပ်စတစ်ပုလင်းဖြင့် ထည့်ပါ။ ဒါမှလည်း ဆီ လောင်းထည့်တဲ့ အခါမှာ လိုသလောက်နည်းနည်းပဲ ထည့်ဖြစ်ပါလိမ့်မယ်။ နံနက်ခင်းစာ စစချင်းစားတဲ့အခါမှာ oats မျ ...

ကြမ်းပိုး

ကြမ်းပိုးသည် စီမီစီဒီး Cimicidae မျိုးနွယ်ဝင် အင်းဆက်တစ်မျိုးဖြစ်သည့်ပြင် သေးငယ်ပြီး ဖမ်းရခက်သော ကပ်ပါးကောင်တစ်မျိုးဖြစ်သည်။ ၎င်းတို့သည် လူနှင့် အခြားသွေးနွေးသတ္တဝါများ၏ သွေးကို သောက်သုံးပြီး အသက်ရှင်နေထိုင်ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် Bed bug Bedbug ဟုခေါ်ပြီး လူအိပ်သော အိပ်ရာတွင် နေထိုင်သည့်အတွက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ၎င်းကြမ်းပိုးများသည် အဓိကအားဖြင့် လူတို့ သတိမထားမိသည့် ညအချိန်တွင် လှုပ်ရှားသွားလာကြသည်။ ၎င်းတို့တွင် ကိုက်ခဲနိုင် သေးငယ်သောသွားကလေးများရှိသည့်ပြင် အကိုက်ခံရပါက ခြင်ကိုက်သကဲ့သို့ ယားယံစေသည်။ အရေအပြား အဖုအပိတ်ထွက်ခြင်း၊ ယားယံခြင်း နှင့် အခြား အရေအပြားရောဂါကဲ့သို့သော ကျန်းမာရေ ...

ခုခံအားကျဆင်းမှုရောဂါ နှင့်ပတ်သက်၍မှားယွင်းယူဆမှုများ

အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ခေါ် ခုခံအားကျဆင်းမှုရောဂါ နှင့်ပတ်သက်၍မှားယွင်းယူဆမှုများ အိတ်ခ်ျအိုင်ဗွီ နှင့် အေအိုင်ဒီအက်စ် ခေါ် ခုခံအားကျဆင်းမှုရောဂါ ပျံ့နှံ့မှုသည် ကမ္ဘာပေါ်ရှိသန်းပေါင်းများစွာသောလူသားတို့အား သက်ရောက်ခဲ့သည်။ယူအင်န်အိတ်စ်/ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း မှဖြန့်ဝေသော" ၂၀၀၆ ခုနှစ် အေအိုင်ဒီအက်စ် ကူးစက် ပျံ့နှံ့မှု နောက်ဆုံးအခြေအနေ” အရ ၂၀၀၆ ခုနှစ်တွင် ခန့်မှန်းချေ ကမ္ဘာအနှံ့ရှိ ၃၉.၅ သန်း သောလူသားတို့မှာ အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်နေကြပြီး ၄.၃သန်းသောသူတို့ အိတ်ခ်ျအိုင်ဗွီ နောက်ထပ်ကူးစက်ခံရပြီး ၂.၉ သန်း သော သူ တို့မှာ အေအိုင်ဒီအက်စ် နှင့် ဆက်နွယ်သော နာဖျားမှုတို့ကြောင့် သေဆုံ ...

ချိကုန်း

လူတစ်ယောက်၏ ခန္ဓာကိုယ်ကိုစေ့ဆော်၍ ရောဂါကုသ ပေးနိုင်လောက်အောင် ချီ ကို စုစည်းနိုင် သည့် အလေ့အကျင့်ပင်ဖြစ်သည်။ အပ်စိုက်ကုထုံးပညာနှင့် ဆင်တူသော ပညတ်ချက်များကို အခြေခံသည့် တရုတ်တိုင်းရင်း ဆေးပညာ တစ်ရပ်အဖြစ် အနောက်တိုင်းပါရဂူတို့ကပင် အံ့မခန်း လေးစားနေပြီဖြစ်သည်။ အသက်ရှူ လေ့ကျင့်ခန်းများဟု အဓိပ္ပာယ်ရသည့် ချီကုန်ပညာသည် တရုတ်နိုင်ငံတွင် ခေတ်အ ဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော ကိုယ်လက်ကြံ့ခိုင်ရေး နည်းစနစ်လည်းဖြစ် ပေသည်။ ဝူစုသိုင်းပညာနှင့် ကိုယ်လက်ကြံ့ ခိုင်ရေး ပညာနှောလျက် လောင်ဇူခေတ် ကပင် ပေါ်ပေါက်ခဲ့သည်။

ဆေးလိပ်

ဆေးရွက်ကြီးသည် လူ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ ဆေးရွက်ကြီးမီးခိုးကို အဝတ်ဖြူပေါ်တွင် မှုတ်တင်လိုက်ပါက အဝတ်ဖြူတွင် အမည်းစွန်းများ ထင်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ အဆိုပါ အမည်းစွန်းများတွင် နီကိုတင်းခေါ် ပြင်းထန်သော အဆိပ်တမျိုး ပါဝင်နေပါသည်။ အဆိုပါ နီကိုတင်း အဆိပ်သည် မည်မျှပြင်းထန်သနည်းဆိုပါလျှင် အဆိပ်တစက်ကိုယူပြီး ယုန်၏အရေပြားကို တို့လိုက်ရုံဖြင့် ယုန်သေစေနိုင်ပါသည်။

ဓာတ်မတည့်ခြင်း

Allergy ဆိုတာ ဓာတ်မတည့်မှုပုံစံတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ် ရဲ့ ချို့ယွင်း မှုတစ်ခုဖြစ်ပါတယ် ။ ဓာတ်မတည့်မှုတွေဟာ အထူးသဖြင့် ပတ်ဝန်းကျင်က အန္တရာယ်မရှိတဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့် ဖြစ်ပါတယ် ။ အဲဒီ ဖြစ်စဉ်ဟာ အလွန်ကိုပဲ လျှင်မြန်ပြီး ကြိုတင် လည်းခန့်မှန်းလို့ရပါတယ် ။ Allergy ဟာ Hypersensitivity လို့ခေါ်တဲ့ ဓာတ်မတည့်မှု ဖြစ်စဉ်တွေထဲက နံပါတ် တစ် Type I ဖြစ်ပါတယ် ။ ဒီဖြစ်စဉ်ဟာ mast cells နဲ့ basophils လို့ခေါ်တဲ့ အချို့သော သွေးဖြူဥဆဲလ်တွေကို IgE လို့ခေါ်တဲ့ Antibody တစ်မျိုးကနေပြီး အလွန်အမင်းလှုံ့ဆော်ပေးမှုကြောင့် အကျိုးဆက်အနေနဲ့ လွန်စွာ ရောင်ရမ်းခြင်း ဖြစ်ပေါ ...

နို့

အစားအစာတို့အနက် နို့ရည် တွင် အာဟာရဓာတ် အပြည့်စုံဆုံးပါဝင်သည်ဟု သိပ္ပံပညာရှင်တို့က ယူဆကြသည်။ ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာဖြစ်ထွန်းမှု အတွက် လိုအပ်သော အာဟာရ အခြေခံကို နို့ရည်မှသာ ရရှိနိုင်သည်။ နို့စို့အရွယ် ကလေးငယ်တို့အတွက် နို့ရည်သည် လူတို့အဖို့မှာမူ တစ်ခါတစ်ရံ အမိနို့ရည်သည် သားငယ်နှင့်မသင့်သောအခါ နွားနို့ကို အစားထိုး၍ သုံးစွဲနိုင်သည်။ နွားနို့သည် နို့စို့ကလေးအတွက်သာမက အရွယ်တက်ဆဲဖြစ်သော လူငယ်၊ ရွယ်ကျစဖြစ်သော လူကြီးအတွက်လည်း အာဟာရဖြစ်သည်။ စင်စစ် နွားနို့ကို လူကြီးလူငယ်မရွေး အားလုံးသုံးဆောင်လေ့ရှိကြသည်။ နွားနို့ကို မရနိုင်သော ဒေသတို့၌ ဒေသအလိုက် ထွန်းကားသော တိရစ္ဆာန်တို့၏နို့ရည်ကို မှီဝဲကြသည် ...

ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂

ပြင်းထန် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ ကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ် ၂ သည် positive-sense single-stranded RNA virus အမျိုးအစားဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉ ကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးတစ်မျိုးလည်းဖြစ်၏ ။ ၎င်းဗိုင်းရပ်စ်ပိုးသည် လူအချင်းချင်း ကူးစက်တတ်သည်။ ၎င်းသည် ၂၀၁၉-၂၀_ကိုရိုနာဗိုင်းရပ်စ်_ဖြစ်ပွားမှု၏ အကြောင်းတစ်ရပ်လည်းဖြစ်ပေသည်။ ယခုဗိုင်းရပ်စ်SARS-CoV-2 သည် လင်းနို့ကိုရိုနာဗိုင်းရပ်စ်နှင့် မျိုးရိုးဗီဇ နီးကပ်စွာတူညီသဖြင့် လင်းနို့သယ်ဆောင်သော ဗိုင်းရပ်စ်မှ ပေါ်ထွက်လာခဲ့သည်ဟု ညွှန်းဆိုပြောကြားကြသည်။ သင်းခွေချပ်ကဲ့သို့သော ရောဂါသိုမှီးရာကြားတိရိစ္ဆာန်က လူသို့စတင်ရောက်ရှိ ...

ယောဂကျင့်စဉ်

ယနေ့ခေတ်တွင် ယောဂကျင့်စဉ်သည် ထူးခြားလှသည်မဟုတ်ဘဲ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပေမည်။ ရှေးခေတ်အိန္ဒိယလူမျိုးများ၏ သက်ရှည်ကျန်းမာနေထိုင် နည်းတစ်ခုအဖြစ် ကျင့်ကြံခဲ့ကြသော ယောဂကျင့်စဉ်များကို ယနေ့ခေတ်တွင် အားကစား တစ်ခုအသွင်အဖြစ် တစ်ကမ္ဘာလုံးမှ လက်ခံလေ့လာနေကြပြီ ဖြစ်သည်။ ယောဂ Yoga ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ စည်းလုံးခြင်း Union ဖြစ်သည်။ ယောဂကျင့်စဉ်ကို ခန္ဓာကိုယ်နှင့် လေရှူရှိုက်မှုတို့ စိတ်ဖြစ်စဉ်နှင့် ဆက်စပ်မှုရှိနေသည့် အပေါ်မှာ အခြေခံဖော်ဆောင်ထားခြင်း ဖြစ်သည်။ လေရှူရှိုက်မှုကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်၏ ဟန်ချက်ကို မျှစေပါသည်။ ယောဂကျင့်စဉ်မှာ အရေးပါသည့် အချက်၅ချက်နှင့် ဖွဲ့စည်း ...

လိင်စိတ် နိုးထခြင်း

လူတို့ လိင်စိတ် နိုးထသောအခါ ယောက်ျား လိင်တံတွင် သွေးများ ပိုမိုဝင်ရောက်လာပြီး လိင်တံတင်းမာခြင်း ဖြစ်လာသည်။ ၎င်းသည် ယောက်ျားတို့တွင် အမြင်သာဆုံးနှင့် အယုံကြည်ရဆုံး လက္ခဏာ ဖြစ်သည်။ မိန်းမတို့တွင် ယောနိတွင် ဖြစ်ပေါ်လာနိုင်သော လိင်ဆက်ဆံခြင်း အတွက် အရေကြည်များ အလိုလို စွက်ပေးသည်။ အခြား သတ္တဝါများနှင့်မတူ လူသည် တစ်နှစ်ပါတ်လုံး လိင်စိတ် နိုးထခြင်း ဖြစ်ပေါ်နိုင်သောကြောင့် လူတွင် မိတ်လိုက်ရာသီ မရှိချေ။ လိင်ပညာရှင် David Schnarch က ရိုးသားသော လူနှစ်ဦး လိင်အပြုအမူကို ကြည့်ယုံဖြင့်ပင် ထိုသူများ လိင်စိတ် ပြင်းထန်စွာဖြစ်ပေါ်မှုကြောင့် လိင်စိတ် နိုးထခြင်းဖြစ်နိုင်သည်ဟုဆိုသည်။ သာမန် အခြောက်မဟုတ်သော ယောက်ျ ...

သန့်ရှင်းသော အိမ်သာ

အိမ်သာသည် ယင်မလုံပဲ ယင်နှင့် မစင်ထိတွေ့နေပါက ယင်ကောင်မှ တစ်ဆင့် ဝမ်းနှင့် ပတ်သက်သည့် ရောဂါများ ကူးစက်ပြန့်ပွားနိုင်သည်။ အိမ်သာအသုံးပြုပြီးတိုင်း အိမ်သာခွက် ဇလားကို ရေဖြင့် စင်ကြယ်စွာ ဆေးကြောမှု မရှိလျှင် အိမ်သာ မသန့်ရှင်းပါ။ စနစ်မကျသော အိမ်သာများ၊ သန့်ရှင်းမှု မရှိသော အလေ့အကျင့်များကို ပြောင်းလဲပြင်ဆင်လေ့ကျင့်လျှင် ကျန်းမာရေးအတွက် အကျိုးရှိပါသည်။ ရပ်ရွာထဲတွင် ယင်မလုံအိမ်သာတစ်လုံးရှိရုံဖြင့် တစ်ရွာလုံးတွင် ယင်မှတစ်ဆင့် ဝမ်းနှင့် ပတ်သက်သော ရောဂါများ ကူးစက်ပြန့်ပွားနိုင်သဖြင့် ယင်မလုံသော အိမ်မှ အိမ်သာကို ယင်လုံအောင် ပြုပြင်ရန် ရပ်ရွာထဲမှ လူတိုင်းတွင် တာဝန်ရှိသည်။

သွေးခုန်ခြင်း

နှလုံးမှသွေးသည် သွေးကြောများ အတွင်းသို့ ပန်းထုတ်ခြင်းကြောင့် သွေးကြောများတွင် ဖောင်းလိုက်ကျုံ့လိုက်ဖြစ်နေသည်။ ယင်းသို့လှုပ်ရှားမှု ဖြစ်နေသည်ကိုအရေပြားနှင့် အနီးကပ်ဆုံးသွေးကြောများ၌ စမ်းသပ်ကြည့်ခြင်းဖြင့်သိသာသည်။ များသောအားဖြင့် လက်ကောက် ဝတ်ရှိအရိုးနှင့်အရေပြားကြားတွင်ရှိသော သွေးကြောတွင် သွေးခုန်ပုံကိုစမ်းသပ်လေ့ရှိကြသည်။ ဤနေရာ၌ သွေးကြောများမှာ အောက်တွင်အရိုးခံရှိပြီး အရေပြားနှင့် အနီးစပ်ဆုံး ဖြစ်သောကြောင့် အစမ်းရလွယ်ကူသည်။ သွေးခုန်ပုံကိုစမ်းခြင်းသည် လူနာ၏ ရောဂါအခြေအနေကို အကဲခတ်ရာ၌ အကူအညီပေးသည်။ လူကောင်းတို့၏သွေးခုန်ပုံမှာပျမ်းမျှခြင်းအားဖြင့် တစ်မိနစ်လျှင် ၇၂ကြိမ်မျှခုန်၍ ကလေးများ တွင်ကားအက ...

သွေးတိုးအား

သွေးတိုးအားဟူသည်မှာ လူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးလွှတ်ကြောနံရံ များကိုသွေးဖိခြင်း၊ သို့မဟုတ်သွေးတိုးခြင်းကိုဆိုလိုသည်။ သွေးတိုးအား၏အမြင့်သည်နှလုံးကျုံ့ ခြင်း၏အားနှင့်နှုန်း၊ သွေးကြောစုများတွင်ရှိသော သွေး၏ပမာဏ၊ သွေးကိုသယ်ဆောင်သောသွေး လွှတ်ကြောများ၏ ရုန်းကန်သတ္တိများပေါ်တွင်တည်သည်။ ဆရာဝန်တစ်ဦးသည် လူတစ်ယောက်၏ သွေးတိုးအားကို တိုင်းတာရာ၌ ပထမလက်မောင်းတွင် တင်းတင်းပတ်ထားသော ရော်ဗာအိတ်ထဲသို့လေကိုထိုးသွင်း၏။ ယင်းသို့ လေထိုးသွင်းရာဝယ် လက်မောင်းရှိသွေးလွှတ်ကြော များတွင် စီးနေသောသွေးများရပ်သွားသောအခါမှ လေသွင်းခြင်းကို ရပ်လိုက်သည်။ သွေးအစီးရပ်သွားသောအခါ တိုင်းတာသည့်ပြဒါးချိန်သည် သွေးတိုးအားမည်မျှရှိ သည်က ...

အချိုမှုန့်

အချိုမှုန့်ဆိုသည်မှာ ဓာတုဗေဒနာမည်အားဖြင့် Monosodium glutamate ဟုခေါ်သည့် ဒြပ်ပေါင်းတစ်ခု ဖြစ်သည်။ Glutamic Acid လို့ခေါ်သော Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်လျှင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်များ၏ အရသာကို ဓာတုနည်းနှင့် လျှာပေါ်တွင် ဆပွားတိုးပေးလိုက်ခြင်း ဖြစ်သည်။

အထီးကျန်ခြင်း

အထီးကျန်ခြင်း ဆိုတဲ့ စိတ်ခံစားမှုမျိုးကို လူသားတိုင်း ဘဝမှာ တစ်ချိန်ချိန် မှာ ကြုံတွေ့ခံစားကြရပါတယ်။ သား ၊ သမီးတွေ အိမ်ထောင်ခွဲသွားလို့ တစ်ယောက် တည်းကျန်ရစ်ခဲ့တဲ့အခါမျိုး ၊ ချစ်သူနဲ့ကွေကွင်းရလို့ အထီးကျန် လွမ်း ဆွတ်ရ တာမျိုး ၊ တစ်နယ်တစ်ကျေးကို ပညာရှာဖို့ပဲဖြစ်ဖြစ်၊ အလုပ်တာဝန်နဲ့ ပဲဖြစ်ဖြစ် လာရောက်စမှာ မိသားစုနဲ့ဝေးလို့ အထီးကျန်သိမ်ငယ်မှုမျိုး ၊ ကျောင်းပြောင်း လာကာစ ကျောင်းအသစ်မှာ သူငယ်ချင်းအသစ်တွေမရသေးခင် ကျောင်း အဟောင်းက သူငယ်ချင်းတွေကို လွမ်းဆွတ်ကာ အထီးကျန် သဖွယ် ခံစားနေ ရတာမျိုး တွေ တစ်ချိန်ချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒဿနိကဗေဒပညာရှင်များရဲ့ အဆိုအရ အထီးကျန်ခြင်းဆိုတာဟာ အကောင်းလည်းမဟုတ် ၊ ...

အနှိပ်ပညာ

အနှိပ်ပညာ ဟူသည် အနာရောဂါရှိသူတို့အား ပျောက်ကင်းချမ်းသာရန် ဆုပ်၊ နယ်၊ နင်း၊ နှိပ်ပေးသော ပညာဖြစ်၏။ ထိုပညာအကြောင်းကို ရှေးဆရာကြီးတို့ ရေးသားအပ်သော လင်္ကာ၌ ကိုးဆယ် ခြောက်ပါး၊ ရောဂါများကို၊ လက်ဖျားထိရောက်၊ ကင်းကွာပျောက်လိမ့်၊ မှတ်လောက်စရာ၊ ရှေးဆရာတို့၊ စဉ်လာဥပဒေ၊ ထားခဲ့ပေသား၊ အသေအချာ၊ နှိပ်ပုံမှာကား။ စသည်ဖြင့် စပ်ဆိုထားသည်။ အနှိပ်ပညာကို ဆရာကောင်း သမားကောင်းတို့ထံ နည်းခံသင်ကြား ကောင်းစွာတတ်မြောက် ကျွမ်းကျင်သောဆရာများကား အနာရောဂါရှိသူ တို့ကို အသေအချာ စမ်းသပ်၍၊ သူ့ရောဂါနှင့်သူ နှိပ်ကွက်ကျကျ တစ်ကြိမ်နှိပ်ကာမျှဖြင့် ပျောက်ကင်းချမ်းသာသွား၏။ ဆေးဝါးဓာတ်စာ စားရန်မလိုဟု ဆိုကြသည်။ အနှိပ်ပညာကား သေးနုပ် သိမ ...

အမျိုးသမီးသုံး ကွန်ဒုံး

အမျိုးသားက ကွန်ဒုံး မသုံးစွဲလိုတဲ့ အခါမှာ အမျိုးသမီးက တပ်ဆင် ထားလိုက် နိုင်ပါတယ်။ လိင်ဆက်ဆံတဲ့ အခါတိုင်း အသစ်တစ်ခု သုံးစွဲသင့်ပါတယ်။ သက်တမ်းကုန် နေရင်၊ အထုပ်ပေါက်ပြဲနေရင်၊ ကွန်ဒုံးပွန်းပဲ့ ဟောင်းစုတ်ရင် မသုံးစွဲပါနဲ့။ ကွန်ဒုံးကို အထုပ်ထဲက ထုတ်ရင် သွားနဲ့၊ ဓားနဲ့၊ ကပ်ကြေးနဲ့ ကိုက်ညှပ် မထုတ်ပါနဲ့။ တခြားထက်တဲ့ ချွန်တဲ့ ပစ္စည်းတွေ မသုံးပါနဲ့။ ကွန်ဒုံး ပျက်စီး နိုင်ပါတယ်။ ကွန်ဒုံးဟာ ချောဆီ အတွင်းအပြင် အလုံအလောက် ရှိရဲ့လား စစ်ဆေးဖို့ လိုပါတယ်။ ကိုယ်တိုင်တပ်ဆင်ရတာ လွယ်ကူပါတယ်။ တစ်ဦးတည်း သီးသန့် ရှိတဲ့ အခါမှာ လေ့ကျင ့်ထားနိုင်ပါတယ်။ ၁ ပွင့်နေတဲ့ ဘက်ကို အောက်ဖက် ထားပြီး ကိုင်ပါ။ ၂ သက်တောင့်သက်သာ အန ...

အမျိုးသားမျက်စိဘဏ်

အမျိုးသားမျက်စိဘဏ်ကို ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေး နှစ်မျိုးတွင်သာ မျက်စိဘဏ်ရှိသည်။ မျက်စိဘဏ်သည် ဆင်းရဲနွမ်းပါးပြီး ဆေးမကုသနိုင်သော် မျက်ကြည်တိမ် ဝေဒနာရှင်များကို ကူညီကုသပေးသည်။ မျက်စိဘဏ်သည် မျက်ကြည်လွှာ စုဆောင်းခြင်း၊ စစ်ဆေးခြင်းနှင့် လိုအပ်သော ဆေးရုံများသို့ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပေးသည်။

အဝလွန်ခြင်း

အဝလွန်ခြင်း ဟူသည် ပိုလျှံနေသော ခန္ဓာကိုယ်အဆီများ စုပုံလာပြီး ကျန်းမာရေး အတွက် ဆိုးကျိုးဖြစ်လာစေသော အတိုင်းအတာသို့ရောက်ရှိလာသည့် ကျန်းမာရေးအခြေအနေ ဖြစ်ပြီး ယင်းမှ မျှော်မှန်းထားသောသက်တမ်း ကို တိုစေခြင်း နှင့်/သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ပိုမိုဖြစ်ပေါ်လာ ရန် ဦးတည်ပါသည်။ကိုယ်အလေးချိန် နှင့် အရပ်ကို နှိုင်းယှဉ်တိုင်းတာမှု ခန္ဓာကိုယ် အလုံးအထည်အညွှန်း သည် ကိုယ်အလေးချိန် ၂၅ ကီလို ဂရမ်/စတုရန်းမီတာ နှင့် ၃၀ ကီလိုဂရမ်/စတုရန်းမီတာ အကြား သူများကို ကိုယ်အလေးချိန်ပိုနေသူများ ဟုသတ်မှတ်ပြီး ၃၀ ကီလိုဂရမ် /စတုရန်းမီတာ ထက်ပိုများသူတို့ကို အဝလွန်သူ ဟု သတ်မှတ်သည်။ အဝလွန်ခြင်းသည် ရောဂါအမျိုးစုံ ဖြစ်ပေ ...

အသက်ရှူခြင်း

အသက်ရှူခြင်း ဆိုသည်မှာ ကျောရိုးရှိခြေလေးချောင်း သတ္တဝါများတွင် လေကို အဆုတ်အတွင်း၊ အပြင် ရှူသွင်း၊ ရှူထုတ်ခြင်းကို ခေါ်သည်။ Reptiles ဟုခေါ်သော အကြေးခွံပါ သတ္တဝါများ ၊ ဌက်များ၊ နို့တိုက်သတ္တဝါများသည် အသက်ရှင်သန်၊ စွမ်းအင်ရနိုင်ရန် အောက်ဆီဂျင်ကို လိုအပ်ပေသည်။ အသက်ရှူခြင်းဖြင့် အောက်ဆီဂျင်ကို ကိုယ်ခန္ဓာအစိတ်အပိုင်း အသီးသီးသို့ ပို့ဆောင်ပေးပြီး၊ ခန္ဓာကိုယ်အတွက် မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖယ်ထုတ်ပေးသည်။ အသက်ရှူခြင်းနှင့် သွေးကြောတွင်း သွေးလည်ပတ်မှုတို့မှာ ဆက်စပ်လျက် ရှိသည်။ ပထမဦးဆုံး အသက်ရှူသွင်းသည့်အခါ အဆုတ်ထဲသို့ အောက်ဆီဂျင်နှင့် အခြားဓာတ်ငွေ့များ ရောက်ရှိသွားသည်။ ထိုမှတဆင့် အဆုတ်တွင် ...

အာဟာရချို့တဲ့ခြင်း

အာဟာရချို့တဲ့ခြင်း ဆိုသည်မှာ အာဟာရဓာတ်များ မလုံလောက်ခြင်း ၊ ပိုနေခြင်း သို့မဟုတ် မညီမမျှ စားသုံးခြင်းတို့ဖြစ်သည်။ အစားအစာထဲတွင် အာဟာရဓာတ်နည်းနေသလား။ များနေသလား၊ အပေါ်မူ တည်ပြီး ကွဲပြားခြားနားသည့် အာဟာရဓာတ်အစီအစဉ် မကျနမှုများဖြစ်ပေါ်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း မှ အာဟာရချို့တဲ့ခြင်း ကို ကမ္ဘာသူ ကမ္ဘာသားများ၏ ကျန်းမာရေးအတွက် တစ်ခုတည်းသော စိုးရိမ်စရာအကောင်းဆုံး ခြိမ်းခြောက်မှုအဖြစ် ကိုးကားညွှန်းဆိုသည်။ အာဟာရဓာတ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းသည် အထိ ရောက်ဆုံးသော ကူညီထောက်ပံ့မှုအဖြစ် ကျယ်ပြန့်စွာသိရှိနားလည်ထားသည်။ အရေးပေါ်ဆောင်ရွက်ချက်များတွင် လိုအပ်နေသည့် အာဟာရဓာတ်များကို မြေပဲထော ...

အားကစားရုံ

အားကစားရုံကို အင်္ဂလိပ်လို ဂျင်မနေဇီယမ် ဟု ခေါ်သည်။ ဂျင်မနေဇီယမ်ဆိုသည့် စကားသည် ဂျင်မနော့ ဟူသော ဂရိစကားမှ ဆင်းသက်လာ၍ကိုယ်တုံးလုံးဟု အဓိပ္ပါယ်ရသည်။ ရှေးခေတ် ဂရိလူငယ်များသည် ကိုယ်လက်ကြံ့ခိုင်ရေး သင်တန်းဆင်းချိန်တွင် မိမိတို့ဝတ်ဆင်ထားသောအဝတ်များကို ချွတ်၍ ကစားကြသည်။ အားကစားရုံတွင် ကိုယ်လက် ကြံ့ခိုင်ရေး၊ ပေါ့ပါးဖျတ်လတ်ရေး၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ အချိုးအဆစ် ပြေပြစ်ရေးစသည်တို့အတွက် လေ့ကျင့် ကစားနိုင်သော ပစ္စည်းများ ထားရှိရ၏။ များသောအားဖြင့် ကျောင်းများတွင် ကစားရုံများထားရှိပြီးလျှင် ကျောင်းသား လူငယ်များအား ကိုယ်လက် ကျန်းမာဖွံ့ဖြိုးလာအောင် နည်းလမ်းတကျ သင်ပြပေးလေ့ ရှိပေသည်။ အားကစားရုံများ တွင ...

အိပ်စက်ခြင်း

အချို့က အိပ်ရေးမဝခြင်း ၊ အိပ်ရေးဝဝ မအိပ်ရခြင်းကို ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်းအဖြစ် မြင်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက်ခြင်းက အရေးပါလှပါတယ်။ အိပ်ပျော် နေစဉ်မှာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကလည်း အားပြန်ယူကာ သန့်စင်ပါတယ်။ လေ့လာ သင်ယူသော အသစ် အသစ်သော အရာတွေကို ဦးနှောက်က မှတ်ဉာဏ်အဖြစ် မှတ်သားထားဖို့ လုပ်ဆောင်ပါတယ်။ ပျက်စီးနေတဲ့ တစ်ရှုးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ကြီးထွားခြင်း ဟိုမုန်းတွေ ကို ထုတ်လုပ်ပြီး စိတ်ဖိစီးမှုတွေရဲ့ဆိုးကျိုးတွေကို ပိတ်ပင်ထားဆီးပါတယ်။ ကောင်းမွန်စွာ အိပ်စက်ရတယ်ဆိုရင် ဒီလို ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အခြေအနေတွေက အကောင်း ...

အီး-စီးကရက်

အီး-စီးကရက် သည် ပုံမှန်စီးကရက်ထက်ရှည်သည်။ အတွင်းက လဲလို့ရသည့် ခွက်လေးထဲတွင် နစ်ကိုတင်းနှင့် propylene glycol ကို အရည်စက်များ လေရှူရာလမ်းကြောင်းသို့ ပို့ဆောင်မှု လုပ်ဆောင်စေမှာဖြစ်ပါသည်။ ဘက်ထရီအားပြန်သွင်းလို့ရပြီး မီးမလာရင် သောက်၍ မရပါ။ အီး-စီးကရက် များကို တရုတ်နိုင်ငံက ၂၀၀၄ ခုနှစ်မှ စတင် ထုတ်လုပ်ခဲ့ပြီး ဘက်ထရီ အသုံးပြု စက်ကိရိယာငယ်သည် စီးကရက် အစစ်ကဲ့သို့သော အခြေအနေမျိုး ဖြစ်နေရန် ဖန်တီးထားခြင်း ဖြစ်သည်။ အီး-စီးကရက် များသည် အမျိုးအစား အလိုက် အရသာ ကွဲပြားလေ့ရှိပြီး လူငယ်များနှင့် ဆယ်ကျော်သက်များ အတွက် ချောကလက်အရသာ ရှိသော အီး-စီးကရက်များပင် တီထွင်ထားသည်။ အီး-စီးကရက် ခေါ် အီလက်ထရောနစ် စီးကရက် ...

ဦးနှောက်လေ့ကျင့်ခန်း

ခန္ဓာကိုယ်ရှိကြွက်သားများ ကိုမလှုပ်ရှားစေဘဲ အသုံးမပြုဘဲထားမယ်ဆိုရင် ကိုယ်ခံစွမ်းအားတွေ တဖြည်းဖြည်း ယုတ်လျော့လာမှာဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအား ၊ စွမ်းရည် တွေကျဆင်း လာစေရုံတင်မဟုတ်ဘဲ ဖျတ်လတ် ပေါ့ပါးသွက်လက်မှုတွေပါ လျော့နည်းလာမှာဖြစ်ပါတယ်။ အလုပ်လုပ်ခြင်း ၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း ၊ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဖြင့် သွက်လက် ထက်မြက်တဲ ့လူသားတစ်ဦးဖြစ်လာပါမယ်။ စိတ်လေးလံထိုင်းမှိုင်းခြင်းများ ခံစားရတာ ကြိမ်ဖန်များလာတဲ့အခါမှာ ဦးနှောက်က ိုပျက်စီးစေသော အယ်လ်ဇိုင်းမားရောဂါ Alzheimer နဲ့ ပါကင်ဆန်ရောဂါ Parkinsons Disease များကို ခံစားရဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ စ ...

                                     

ရွှေဖလားကျရွာ၊ ဖာပွန်မြို့နယ်

ရွှေဖလားကျရွာ သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ရွှေဖလားကျကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၉၉၄၁ ဖြစ်သည်။ ရွှေဖလားကျ​ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကတိုင်တိကျေးလက်ကျန်းမာရေးဌာန တည်ရှိသည်။

                                     

ဝင်းမောင်းရွာ၊ ဖာပွန်မြို့နယ်

ဝင်းမောင်းရွာ သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ဝင်းမောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၉၉၀၅ ဖြစ်သည်။ ဝင်းမောင်း​ကျေးလက်ကျန်းမာရေးဌာနခွဲတွင် လှဂွန်းပျိုကျေးလက်ကျန်းမာရေးဌာန တည်ရှိသည်။

                                     

ပုဇွန်မြောင်းရွာ၊ ဖာပွန်မြို့နယ်

ပုဇွန်မြောင်းရွာ သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၉၉၈၄ ဖြစ်သည်။ ပုဇွန်မြောင်း​ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကမမောင်းကျေးလက်ကျန်းမာရေးဌာန တည်ရှိသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ပါဝင်သည်။

                                     

ကျောက်ကွင်းရွာ၊ ဖာပွန်မြို့နယ်

ကျောက်ကွင်းရွာ သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ မဲပလိကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၉၉၆၄ ဖြစ်သည်။ အရပ်အခေါ်မှာ ကျောက်တွင်း ဖြစ်သည်။ ကျောက်ကွင်း​ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဝါကော်ကျေးကျေးလက်ကျန်းမာရေးဌာန တည်ရှိသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ပါဝင်သည်။

                                     

မဲဝိုင်ရွာ၊ ဖာပွန်မြို့နယ်

မဲဝိုင်ရွာ သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၉၈၆၄ ဖြစ်သည်။ အလကခွဲသည် ၂.၁ ဧကကျယ်သည်။ မဲဝိုင်​ကျေးလက်ကျန်းမာရေးဌာနခွဲတွင် လှဂွန်းပျိုကျေးလက်ကျန်းမာရေးဌာန တည်ရှိသည်။

                                     

အသက်ရှည် ကျန်းမာရေးအတွက် အစားအစာ (၈) မျိုး

ပဲပိစပ်သည် အလွန်အရည်အသွေးမြင့်မားသော ပရိုတင်းဓာတ်များဖြင့် ဖွဲ့စည်းထားပြီး၊ အသား၊ငါး၊ ဥနှင့် အခြားသော နို့ထွက်ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်ဓာတ်များပရိုတင်းဓာတ်ကြွယ်၀စွာတည်ဆောက်ထားမှု ပါဝင်သော တခုတည်းသော အပင်ဖြစ်သည်။ ထို့ကြောင့် သက်သက်လွတ်စားသောသူများအတွက် အလွန်အရေးကြီးသော အာဟာရ ကြွယ်၀သော တခုတည်းသော အစားအစာဖြစ်သည်။

                                     

ဝါသိုးခိုရွာ၊ ဖာပွန်မြို့နယ်

ဝါသိုးခိုရွာ သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ဝါးကော်ကျေးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၀၀၀၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဝါးကော်ကျေးကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၅၆၈ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၃၁၂၄ ဦး နေထိုင်သည်။ ဝါသို့ခို​ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဝါကော်ကျေးကျေးလက်ကျန်းမာရေးဌာန တည်ရှိသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင် ပါဝင်သည်။

                                     

ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး

ကိုယ်ဝန်ရှိလာပြီဆိုရင် မိခင်ဘေး အန္ကရာယ် ကင်းဖို. မွေးလာတဲ့ ကလေး လည်း ကျမ်းမာဖို့ ကိုယ်ဝန်ဆောင်နေတုန်းမှာ ၊ မွေးဖွားနေတုန်းမှာ ၊ မီးတွင်းမှာ အရေးတကြီးလုပ်စရာတွေရှိပါတယ်။ ကိုယ်ဝန်အပ်တာ ဟာ အဲ့ဒီ အရေးတကြီးလုပ်စရာ တွေထဲက တစ်ခုဖြစ်ပါတယ်။ ကလေးအလှုပ်နည်းလျှင် မခံမရပ်နိုင်အောင် ဗိုက်ဆက်တိုက်နာလျှင် သွေးဆင်းလျှင် ဝမ်းဗိုက်၊ လက် နှင့် မျက်နှာများ ဖောရောင်နေလျှင် မျက်စိပြာ၊ အလွန်အော့အန်နေလျှင် ရေဆင်းလျှင် ဖျားလျှင် ခေါင်းအလွန်ကိုက်လျှင်

                                     

ဆေးလိပ်ဖြတ်ရန်နည်းလမ်း

၁၄ ရက်ကြာ ပြတ်နိုင်ရင် ဒါ ပြေးလမ်းပေါ်ရောက်ပြီ။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖို့လိုတယ်။ ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို.လိုတယ်။ ဆေးလိပ်၊ စီးကရက် ပြတ်ခြင်း၊ မပြတ်ခြင်းသည် ကြားမှာ ပါးလွှာ လွန်းလှတယ်။" တစ်လိပ်” ပဲခြားပါတယ်။ မီးခြစ်တစ်ခြစ်ပဲ ခြားပါတယ်။ ပြန်စသောက်မိရင် ပြန်ဖြတ်ပါ။