ⓘ အုပ်ချုပ်ရေး

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သည် ပြည်ထဲရေး ဝန်ကြီးဌာနလက်​အောက်ရှိ ဌာနတစ်ခုဖြစ်သည်။၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ ရွှေ့ပြောင်းခဲ့သည်။၂၀၂၁ခုနှစ် မေလ ၅ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ပြန်သည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ

မြန်မာနိုင်ငံ ကို အောက်ပါအတိုင်း အုပ်ချုပ်ရေးနယ်မြေဒေသ ၂၁ ခုအဖြစ် ခွဲခြားနိုင်သည်။ တိုင်းဒေသကြီးများမှာ ၂၀၁၀ ဩဂုတ်လတွင် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှလွဲ၍ ကျန်တိုင်းဒေသကြီးလေးခုမှာ မြို့တော်များ၏ အမည်များအတိုင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအများဆုံးနေထိုင်သည့် ဒေသဖြစ်ကာ ကယားပြည်နယ်မှာ လူဦးရေအနည်းဆုံးနေထိုင်ရာ ဒေသဖြစ်သည်။ ကုန်းမြေဧရိယာအရ ရှမ်းပြည်နယ်မှာ အကြီးဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ဧရိယာအသေးဆုံးဖြစ်သည်။ ရှမ်းပြည်နယ်သည် ၆၁၀၉၀စ/မိုင် ကျယ်ဝန်းပြီး ဒုတိယ အကျယ်ဆုံး တိုင်းဒေသကြီးမှာ စစ်ကိုင်းတိ ...

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သည် ၂၀၂၁ခုနှစ် အာဏာသိမ်း စစ်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော အကြမ်းဖက်စစ်အုပ်စုအဖြစ် သတ်မှတ်ထားခြင်းခံရသည့် စစ်ကောင်စီ၏ ခေါင်းဆောင်ဖြစ်သည်။အာဏာသိမ်းစစ်အစိုးရမှ ဖွဲ့စည်းထားသော စစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။လက်ရှိဥက္ကဋ္ဌမှာ အာဏာသိမ်းစစ်ခေါင်းဆောင် တပ်ချုပ် မင်းအောင်လှိုင်ဖြစ်သည်။

ကောင်းမွန်သော အုပ်ချုပ်ရေး

ကောင်းမွန်သော အုပ်ချုပ်ရေး ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စာပေများတွင် အသုံးပြုသော မရေရာသည့် အသုံးအနှုန်း တစ်ခု ဖြစ်ပြီး အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ အနေနှင့် အများပြည်သူဆိုင်ရာ အရေးများကို မည်သို့ ဆောင်ရွက်ရမည်၊ အများပြည်သူဆိုင်ရာ အရင်းအမြစ်များကို မည်သို့ စီမံခန့်ခွဲရမည်ကို ဖော်ပြခြင်းပင်ဖြစ်သည်။ အုပ်ချုပ်ရေး ဆိုသည်မှာ ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်မည် သို့မဟုတ် အကောင်အထည် မဖော် စသည့် လုပ်ငန်းစဉ်တစ်ခု လည်း ဖြစ်သည်။. အုပ်ချုပ်ရေး ဆိုသော အသုံးအနှုန်းကို အသင်းအဖွဲ့များဆိုင်ရာ ၊ အပြည်ပြည်ဆိုင်ရာ၊ နိုင်ငံ ဆိုင်ရ ...

၉၁ ဌာနအုပ်ချုပ်ရေး

ကိုလိုနီခေတ်၁၉၃၅-ခု၊ မြန်မာနိုင်ငံ အက်ဥပဒေအရ ပေါ်လာသော အုပ်ချုပ်ရေးဖြစ်သည်။ ခွဲရေး၊ တွဲရေး ကာလက ခွဲရေးသမားများက ရွေးကောက်ပွဲတွင် မဲဆွယ်ရာ၌ အိန္ဒိယမှ ခွဲထွက်လျှင် ဘုရင်ခံက ဌာနသာ အုပ်ချုပ်ခွင့်ရပြီး၊ မြန်မာက ဌာန အုပ်ချုပ်ခွင့် ရမည်ဟု ချဲ့ထွင်ဟောပြောရာမှ ၉၁ ဌာနအုပ်ချုပ်ရေးဟု အမည်တွင်လာခြင်း ဖြစ်သည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ၁၉၃၇ ခု၊ ဧပြီ၁ရက် မှ ၁၉၄၂ ခု ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၉၁ဌာန အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သည်။ ၉၁ဌာန အုပ်ချုပ်ရေး ဆိုသည်မှာ ဌာနပေါင်း ၉၁ဌာန ရှိ၍ခေါ်ဝေါ်ခဲ့ခြင်း မဟုတ်ပေ။ ၁၉၃၅ ခုနှစ် အုပ်ချုပ်ရေး ဥပဒေအရ မြန်မာနိုင်ငံ တွင် ဌာနပေါင်း ၉၈ ဌာနရှိသည့်အနက် ဗြိတိသျှဘုရင်ခံ ...

စစ်အုပ်ချုပ်ရေးနှင့် စစ်အာဏာ

စစ်အုပ်ချုပ်ရေး သိုမဟုတ် စစ်အစိုးရ ဆိုသည်မှာ အစိုးရကိုစစ်တပ်ကဦးဆောင်၍ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ တိုင်းပြည်ကိုအုပ်ချုပ်ခြင်းဖြစ်သည်။ စစ်အုပ်ချုပ်ရေးအမျိုးအစားတို့မှာ အောက်ပါအတိုင်းဖြစ်ကြပါသည်။ စစ်အာဏာရှင်စနစ် Military Dictatorship- စစ်တပ်၏ရာထူးကြီးဗိုလ်ချုပ်သည် အာဏာရှင်စနစ်ကဲ့သို့ အုပ်ချုပ်ခြင်း စတရာတိုကရေစီ Stratocracy- စစ်တပ်မှတရားဝင်ဥပဒေဖြင့် အုပ်ချုပ်ခြင်း စစ်တပ်မှနယ်မြေသိမ်းပိုက်ခြင်း Military Occupation- စစ်တိုက်ပွဲတွင်အနိုင်ရထားသည့် နယ်မြေများအား အုပ်ချုပ်ခြင်း စစ်တပ်အဖွဲ့အစည်းစနစ် Military Junta- စစ်တပ်မှအဖွဲ့အစည်းတစ်ခုဖွဲ့၍ တိုင်းပြည်ကိုအုပ်ချုပ်ခြင်း Martial Law- မိမိတိုင်းပ ...

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁။ ၁၃၇၃ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်လာပါသည်။ လွတ်လပ်ပြီးအချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသော်လည်း ကိုလိုနီခေတ်အတိုင်း ဗျူရိုကရေစီယန္တရားသည် ကြီးထွားရှင်သန် အားကောင်းနေဆဲဖြစ်နေပါသေးသည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအားလုံးတွင် ဗြိတိသျှကိုလိုနီခေတ်အတိုင်း ဆောင်ရွက် နေကြောင်းတွေ့ရသည်။ မြန်မာနိုင်ငံအစိုးရသစ်နှင့်နိုင်ငံသစ်အတွက် အုပ်ချုပ်ရေးကို ပြန်လည်ပြုပြင်ရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် အုပ်ချုပ်မှု ပြန်လည်ဖွဲ့စည်းရေးကော်မတီကို ဖွဲ့စည်းခဲ့ရသည်။ ထိုကော်မတီ၏ဥက္ကဋ္ဌမှာ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ...

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ; အရပ်အသုံး: အာဏာသိမ်းစစ်ကောင်စီ/အစိုးရ) သည် တပ်မတော်၏ တပ်မတော်အာဏာသိမ်းယူမှုဖြစ်ပွားပြီး တစ်ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၂ တွင် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၊ ပုဒ်မ ၄၁၉ အရ ဤကောင်စီကိုဖွဲ့စည်းသည်ဟု ၉/၂၀၂၁ ထုတ်ပြန်ချက်ဖြင့် ကြေညာခဲ့သည်။ ထိုအဖွဲ့တွင် အာဏာသိမ်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်သည်။ ဤကောင်စီကို ဖေဖော်ဝါရီ ၂ တွင် စစ်ဘက်မှ ၈ ဦးနှင့် အရပ်ဘက်မှ ၃ ဦး၊ စုစုပေါင်း ၁၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် ဤကောင်စီကို ထပ်မံတိုးချဲ့ဖွဲ့စည ...

မြန်မာနိုင်ငံ၏ နိုင်ငံရေး

၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနစ်အထိ မြန်မာနိုင်ငံသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု အမည်တပ်ထားသည့် စစ်အစိုးရက ထိန်းချုပ်ထားသော စစ်အာဏာရှင်အုပ်စိုးသည့် နိုင်ငံတစ်ခုဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ်တွင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုရွေးကောက်တင်မြောက်ခဲ့သော်လည်း ယင်းကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အရပ်ဘက်အစိုးရ အကောင်အထည်ပေါ်လာခြင်းမရှိချေ။ ၂၀၁၀ ခုနှစ်တွင် ထပ်မံ၍ အထွေထွေ ရွေးကောက်ပွဲကျင်းပကာ စစ်အစိုးရမှ ဖွဲ့စည်းထားသော အသွင်ပြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ အနိုင်ရရှိကာ ၂၀၁၁ ခုနှစ် ဧပြီလမှ စတင်ကာ ဒီမိုကရေစီ သမ္မတနိုင်ငံ တစ်နိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။ ၂၀၁၂ ...

E-government

E-Government ဆိုသည်မှာအစိုးရငှာနဆိုင်ရာအဖွဲ့အစည်းများက ICT နည်းပညာကိုအသုံးပြု၍ ၎င်းတို့၏ဝန်ဆောင်မှုများကိုသုံးစွဲသူပြည်သူများသို့လည်းကောင်း၊ စီးပွားရေးအဖွဲ့အစည်းများသို့လည်းကောင်း၊ငှာနဆိုင်ရာများသို့လည်းကောင်း အင်တာနက်မှတဆင့်ထိရောက်မြန်ဆန်စွာ ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ထိုသို့ICTနည်းပညာဖြင့်ဝန်ဆောင်မှုပေးခြင်းသည်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနည်းလမ်းသစ်ကို ဖန်တီးခြင်းဖြစ်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်လျှင် လုပ်ငန်းစဉ်ပီးမြောက်မှု မြန်ဆန်လာပြီး ပွင့်လင်းမြင်သာမှုများရှိလာမည်။ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း အသေးစိတ်သေချာစွာသိရှိနိုင်ပီး အဂတိလိုက်စားမှုများလည်း လျော့နည်းလာမည်ဖြစ်ပြီး ပြည်သူနှင့်အစ ...

စစ်တပ်အဖွဲ့အစည်းစနစ်

စစ်တပ်အဖွဲ့အစည်းစနစ် ဆိုသည်မှာ အစိုးရကိုစစ်တပ်မှအဖွဲ့အစည်းဖြင့် ဦးဆောင်အုပ်ချုပ်‌သော စစ်အစိုးရစနစ်တစ်မျိုးဖြစ်သည်။ "Junta" ဟူသောဝေါဟာရသည် ကော်မတီ၊ အဖွဲ့အစည်း ဟူ၍အဓိပ္ပာယ်ရပြီး ပန်နင်ဆူးလားစစ်ပွဲ ကာလ၌ စပိန်လူမျိုးများမှ ပြင်သစ်နယ်ချဲ့များကိုတော်လှန်ရန်အဖွဲ့များ ဖွဲ့စည်းရာမှဖြစ်ပေါ်လာခဲ့သည်။ နောက်ပိုင်းတွင်မူ "ဟွန်တာ" အခေါ်အဝေါ်ကို စစ်အာဏာရှင်စနစ်ကိုရည်ညွှန်းရာတွင် သုံးနှုန်းခေါ်ဆိုကြပါသည်။ ထိုစစ်တပ်အဖွဲ့အစည်းစနစ်ကို အဓိကအားဖြင့် Open rule နှင့် Disguised rule ဟူ၍ ခွဲခြားနိုင်ပါသည်။ Open rule သည် စစ်တပ်မှကိုယ်ပိုင်အဖွဲ့ဖြင့် တိုက်ရိုက်အုပ်ချုပ််ခြင်းဖြစ်သည်။ Disguised rule တွင် Civilianizati ...

စစ်အာဏာရှင်စနစ်

စစ်အာဏာရှင်စနစ် ဆိုသည်မှာ တိုင်းပြည်၏နိုင်ငံရေးဆိုင်ရာများကို စစ်တပ်မှ အာဏာဖြင့်ကိုယ်တိုင်ချုပ်ကိုင်သော စစ်အစိုးရနှင့် အာဏာရှင်စနစ်တစ်မျိုးဖြစ်ပါသည်။ ထိုစနစ်၏အာဏာရှင်မှာ ရာထူးကြီးသောဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ ထိုစနစ်၏ဆန့်ကျင်ဖက်မှာ ပြည်သူများက စစ်ရေးရာကို ချုပ်ကိုင်ထားခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် စစ်အာဏာရှင်စနစ်ကို ခါကီစတိုကရေစီ khakistocracy ဟုခေါ်ဆိုကြပါသည်။ ထိုစကားလုံးသည် ကာကီစတိုကရေစီ kakistocracy ခေါ် အရည်အချင်းမပြည့်သူများက အုပ်ချုပ်ခြင်းနှင့် ကာကီ ခါကီ khaki ခေါ် စစ်သားများဝတ်ဆင်သောအရောင် ဟူသောစကားလုံးတို့ကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။

ဆန္ဒခံယူခြင်း

ဆန္ဒခံယူခြင်း သည် တိုက်ရိုက် မဲပေးခြင်းဖြစ်ပြီး၊ ထိုအထဲတွင် မဲဆန္ဒရှင် အားလုံးအား သီးသန့်အဆိုပြုချက်တစ်ခု ကို လက်ခံမည် သို့မဟုတ် ပယ်ချမည်ကို မေးမြန်းခြင်းဖြစ်သည်။ ဤကိစ္စရပ်သည် ဖွဲ့စည်းပုံ အသစ် တစ်ခု၊ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ခြင်းတစ်ခု၊ ဥပဒေတစ်ခု၊ ရွေးချယ်ပြီးသော တရားဝင် သို့မဟုတ် ရိုးရိုးသီးခြားအစိုးရပေါ်လစီတစ်ခုကို ပြန်လည်ရုပ်သိမ်းခြင်း တို့ နှင့်ဆိုင်သော အများသဘောတူလက်ခံမှုတွင် ရလဒ်အဖြစ် ဖြစ်ပေါ်စေသည်။ ဤအကြောင်းအရာသည် တိုက်ရိုက်ဒီမိုကရေစီ၏ပုံစံတစ်ခုဖြစ်သည်။ မဲပေးမှုတစ်ခုဖြစ်စေရသည့် ဥပဒေကြမ်းကို အမေရိကန် နိုင်ငံတွင် မဲအဆိုပြုသတ်မှတ်ချက် သို့မဟုတ် ဥပဒေကြမ်း ဟုသိရှိနားလည်ထားသည်။

တိုင်းပြည်ပြုလွှတ်‌တော်

တိုင်းပြည်ပြုလွှတ်‌တော်ဆိုသည်မှာ တိုင်းပြည်တစ်ခုအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေတစ်ရပ်ကို ‌ရေးဆွဲ‌စေရန်၊ ပြည်သူတို့က ‌ရွေး‌ကောက်တင်‌မြှောက်၍ အခွင့်အာဏာလွှဲအပ်ခြင်း ခံရသည့် ကိုယ်စားလှယ်‌တော်များပါဝင်‌သော လွှတ်‌တော်ကို ဆိုလိုသည်။ ၁၇၈၇ ခုနှစ်မှ ၁၇၉၁ ခုနှစ်အထိ ကျင်းပခဲ့‌သော ပြင်သစ် အမျိုးသား ကိုယ်စားလှယ်ညီလာခံသဘင်ကြီးကို ပထမဆုံး အကြိမ် တိုင်းပြည်ပြုလွှတ်‌တော်ဟူ၍ ‌ခေါ်‌ဝေါ်ခဲ့‌လေသည်။ ယင်းသို့ ‌ခေါ်‌ဝေါ်ခဲ့သည်မှာလည်း ၁၇၉၁ ခုနှစ် ဥပ‌ဒေပြု လွှတ်‌တော်နှင့် ကွဲပြားခြားနား‌စေရန်အတွက်ဖြစ်၏။ ထိုညီလာခံ သဘင်ကြီးက ၁၇၉၁ ခုနှစ်တွင်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံ ဥပ‌ဒေတစ်ရပ်ကို ‌ရေးဆွဲခဲ့‌လေသည်။ ပထမကမ္ ...

မြို့တော်ဝန်

မြို့တော်ဝန် ဆိုသည်မှာ သက်ဆိုင်ရာမြို့ပြဧရိယာအတွက် ရွေးကောက်တင်မြောက်ထားခြင်း ရွေးချယ်ခန့်အပ်ထားခြင်းအားဖြင့် အုပ်ချုပ်ရေးနှင့် စည်ပင်ဖွံ့ဖြိုးရေးတာဝန်များကို ထမ်းဆောင်ရသည့် တာဝန်ရှိသော လူပုဂ္ဂိုလ်ကိုဆိုလိုသည်။

အခွန်အတုတ်

ယခုခေတ်တွင် နိုင်ငံအသီးသီး၌ ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေး၊ အေးချမ်းစွာနေထိုင်နိုင်ရေးနှင့်တကွ အထွေထွေ အကျိုးစီးပွား တိုးတက်ရေး စသည်တို့အတွက် အစိုးရက တာဝန်ယူ၍ ဆောင်ရွက်ပေးရိုး ဖြစ်သည်။ ပြည်သူတို့၏ ကျန်းမာရေးအတွက် အမြို့မြို့တွင် ဆေးရုံများ ဖွင့်ပေးရသည်။ ပညာရေးအတွက် စာသင်ကျောင်း များ တည်ထောင်ပေးရသည်။ ကာကွယ်ရေးအတွက် စစ်တပ် များ၊ ရဲအဖွဲ့များ ဖွဲ့စည်းထားရလေသည်။ ယင်းကဲ့သို့ ပြည်သူ တို့အတွက် ဆောင်ရွက်ပေးရသောကြောင့် ကုန်ကျသော စရိတ် ကြေးငွေများကို ကာမိရန် နိုင်ငံအစိုးရသည် တိုင်းသူပြည်သား တို့ထံမှ ကောက်ခံ ရလေသည်။ သို့ဖြစ်လေရာ နိုင်ငံတကာရှိ အစိုးရများသည် အခွန်အတုတ် ကောက်ခံခြင်းကို လုပ်ငန် ...

အစိုးရ

အစိုးရ ဆိုသည်မှာ တိုင်းပြည်တစ်ခု၏ အချုပ်အခြာအာဏာ အလုံးစုံ ကိုသော်လည်းကောင်း၊ အလုံးစုံ မဟုတ်ပဲ အုပ်ချုပ်ရေး အာဏာ တစ်ခုတည်းကို သော်လည်းကောင်း ကိုင်တွယ် အုပ်ချုပ်ရသည့် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အဖွဲ့အစည်း တစ်ရပ် ကိုဆိုလိုသည်။

အမှုဆောင် အရာရှိချုပ်

အမှုဆောင် အရာရှိချုပ် သည်တိုင်းပြည်၊ နိုင်ငံ တစ်ခု၏ ထောက်ခံမှုရှိသော စီးပွားရေး လုပ်ငန်းတစ်ခုတွင် ညွှန်ကြားရေးမှူးများ အဖွဲ့ဝင် မဟုတ်သော အမြင့်ဆုံး ဝန်ထမ်းဖြစ်သည်။ အားလုံးသော အုပ်ချုပ်မှု အဝဝကို တာဝန်ယူရသည်။ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းနှင့် အကျိုးဆောင် အဖွဲ့အစည်းများက တိုက်ရိုက်ရွေးချယ်ကာ ညွှန်ကြားရေးမှူးများ အဖွဲ့သို့ အစီရင်ခံရသူ ဖြစ်သည်။

အိမ်ဖြူတော်

အိမ်ဖြူတော် သည် အမေရိကန် သမ္မတ၏ တရားဝင်စံအိမ် နှင့် အလုပ်တက်ရာရုံး ဖြစ်ပြီး အမှတ် ၁၆၀၀ ပင်စီဗေးနီးယားရိပ်သာလမ်း၊ ဝါရှင်တန်ဒီစီတွင် တည်ရှိသည်။ အိမ်ဖြူတော်ကို အိုင်ယာလန်တွင်မွေးဖွားသည့် ဗိသုကာပညာရှင် ဂျိမ်းစ် ဟိုဘန်က ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၇၉၂ မှ ၁၈၀၀ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့သည်။ အခြေခံအားဖြင့် အမေရိကန် ပြည်ထောင်စု၏ အုပ်ချုပ်ရေး မဏ္ဍိုင်တွင် အာဏာအမြင့်ဆုံးတည်ရှိရာ ရုံးအဆောက်အဦးလည်း ဖြစ်ပေသည်။ ပထမဆုံး သမ္မတဖြစ်သည့် ဂျော့ချ် ဝါရှင်တန် လက်ထက်တွင် စတင်အုပ်မြစ်ချခဲ့ပြီး ရှစ်နှစ်အကြာ ဒုတိယမြောက် သမ္မတ ဂျွန် အဒမ်စ် လက်ထက်တွင်မှာ အကြမ်းထည် ပြီးစီးသည်။ ၁၊ နိုင်ဝင်ဘာ၊ ၁၈၀၀ပြည့်နှစ်တွင်မှ သမ္မတဂျွန် အ ...

                                     

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သည် မြန်မာနိုင်ငံရှိ နယ်မြေဒေသ အခေါ်အဝေါ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု ရှိသည်။

                                     

ဒိုင်အာခီ အုပ်ချုပ်ရေး စနစ်

ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်တွင် အုပ်ချုပ်သူနှစ်ယောက်ရှိပြီး၊ နိုင်ငံ၏ အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဒိုင်အာခီစနစ်တွင် အများအားဖြင့် အုပ်ချုပ်သူများသည် အာဏာကို တစ်သက်တာ ချုပ်ကိုင်ထားပြီး၊ သေဆုံးသွားပါက တာဝန်ဝတ္တရားများကို ၎င်းတို့၏ သားသမီးများသို့ လက်ဆင့်ကမ်း၍ အာဏာကို ဆက်လက်အုပ်ထိန်းသည်။