ⓘ ပညာရေး

ပညာရေး

ပညာရေးဆိုသည်မှာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း သင်ယူခြင်းများ နှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှု ဆိုင်ရာလုပ်ငန်းရပ်များကိုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင်မပြနိုင်သည့်၊ နက်နဲသိမ်မွေ့သည့် အသိဉာဏ်ပညာဆိုင်ရာဗဟုသုတများကိုပေးသော လုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်း ပညာခေတ်ကြီးတွင် ပညာဗဟုသုတများကို ကျွမ်းဝင်စေရန် ကြိုးပမ်းအားထုတ်နေကြရရုံမျှမက ထိုပညာရပ်များကို ကောင်း မကောင်း မှန် မမှန်ဆုံးဖြတ်နိုင်ရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍ တွင်ပါဝင်လာသည်။ ထို့ပြင် ကိုယ်လိုချင်သည့်အချက်အလက်များကို နှိုက်ယူနိုင်စွမ်း၊ မည်သည့်နေရာတွင်ရှိနေမှန်း သိနိုင်သည့်အသိတရား သည်လည်း ...

ပညာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ပညာရေး နှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန ထားရှိပါသည်။ လက်ရှိဝန်ကြီးမှာ အာဏာသိမ်း စစ်အစိုးရမှ ခန့်အပ်ထားသော ​ဒေါက်တာညွန့်ဖေဖြစ်သည်။အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကမူ ​​ဒေါက်တာ​ဇော်​ဝေစိုးအား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။

စိမ့် (ပညာရေး)

စိမ့်-ပညာရေးသည် မော်လမြိုင်မြို့ ဦးဘမှန်လျှပ်စစ်-ငြိမ်းနှင့် ဒေါ်နှင်းရွှေတို့မှ မွေးဖွားသည်။ မွေးချင်းခြောက်ဦးအနက် အကြီးဆုံးသမီး ဖြစ်သည်။ ငယ်အမည်မှာ မတင်စိန် ဖြစ်သည်။ ငယ်စဉ်က မော်လမြိုင်မြို့ မော်တင်လိန်း မိန်းကလေးကျောင်း၊ အမှတ်၁အစိုးရအထက်တန်းကျောင်း၊ မော်လမြိုင်ဥပစာကောလိပ် တို့တွင်ပညာသင်ကြားခဲ့သည်။ ၁၉၆၁-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ၁၉၆၄-ခုနှစ်တွင် ရန်ကုန် ပညာရေးမဟာဌာနမှ ဘီအီးဒီဘွဲ့၊ ၁၉၇၆-ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ မဟာပညာရေးဘွဲ့များ ရရှိခဲ့သည်။

ရန်ကုန်ပညာရေးတက္ကသိုလ်

ရန်ကုန်ပညာရေးတက္ကသိုလ် သည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းမကြီးဘေး စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော ပညာရေးတက္ကသိုလ် ဖြစ်သည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်

စစ်ကိုင်းပညာရေးတက္ကသိုလ် သည် မြန်မာနိုင်ငံရှိ ပညာရေးတက္ကသိုလ်နှစ်ခုမှ တစ်ခုဖြစ်သည်။ စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် စစ်ကိုင်းစက်မှုဇုန်အနီးတွင်တည်ရှိသည်။ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အဓိကအားဖြင့် ပညာရေးဘာသာများဖြစ်ကြသော ပညာရေးစိတ်ပညာ Educational Psychology၊ ပညာရေးသဘောတရား Educational Theory နှင့် သင်ပြနည်းMethodology ဟူသော ဘာသာရပ် ၃ မျိုးကို အဓိကထားပြီး သင်ကြားပို့ချသည်။ လာရောက်သင်ကြားသော ကျောင်းသား၊ ကျောင်းသူ ဆရာ၊ဆရာမလောင်းတို့ နေထိုင်ရန်အတွက် ကျောင်းဝင်းအတွင်း၌ အဆောင်များကို တည်ဆောက်ထားသည်။

ဟားခါးပညာရေးကောလိပ်

ဟားခါးပညာရေးကောလိပ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တည်ရှိသော ပညာရေးကောလိပ်တစ်ခု ဖြစ်သည်။ ဟားခါးပညာရေးကောလိပ်သည် ချင်းပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်သည့် ပညာရေးကောလိပ်တစ်ခု ဖြစ်သည်။

                                     

စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း

စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ဆိုသည်မှာ စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ကြားရေးနည်းလမ်းကို အခြေခံသော သင်ရိုးညွှန်းတမ်း ဖြစ်သည်။ ဤသင်ရိုးညွှန်းတမ်းအမျိုးအစားကို James A. Beane က ၁၉၇၇ ခုနှစ်တွင် အထွေထွေပညာရေးနယ်ပယ်တွင် စတင်ဖော်ပြခဲ့သည်။