ⓘ ဆေးပညာ

ဆေးပညာ

ဆေးပညာဆိုသည်မှာ ကုသခြင်းနှင့် ဆိုင်သော သိပ္ပံပညာသာ မက အနုပညာတစ်မျိုးဟုလည်း ခေါ်ဆိုနိုင်သည်။ ဆေးပညာတွင် ကာကွယ်ခြင်းနှင့် ကုသခြင်းဖြင့် လူသားတို့၏ ကျန်းမာရေးကို ထိန်သိမ်းရန် သို့ ပြန်လည်တည်ဆောက်ရန် အတွက် အမျိုးမျိုးသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆိုင်သော လုပ်ငန်းစဉ်များပါဝင်နေသည်။ ခေတ်သစ်ဆေးပညာတွင် ကျန်းမာရေးသိပ္ပံ ၊ ဇီဝဆေးပညာ သုတေသတန နှင့် ကျန်းမာရေး နည်းပညာတို့ကို အသုံးပြု၍ ပုံမှန်အားဖြင့် ဆေးပေးခြင်း၊ခွဲစိတ်ခြင်းနှင့် အခြားကုသနည်းလမ်းများဖြင့် ထိခိုက်မှုနှင့် ရောဂါတို့ကို ဆန်းစစ်ရန်နှင့် ကုသရန် အသုံးပြုသည်။ ဆေးပညာ၏ အင်္ဂလိပ်ဝေါဟာရ medicine သည် လက်တင်ဘာသာစကား ars medicina မှ ဆင်းသက်လာပ ...

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိသော စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တစ်ခုဖြစ်သည်။ သူနာပြုဆိုင်ရာ ရိုးရိုးဘွဲ့နှင့် မဟာဘွဲ့၊ ဆေးဝါးနှင့် ဆေးဘက်ပညာဆိုင်ရာ ရိုးရိုးဘွဲ့များ အပ်နှင်းသည်။

ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)

ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ် သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် တည်ရှိသည်။ ယခင်အမည် ဆေးဘက်ပညာသည်တက္ကသိုလ် မှ ဆေးဘက်‌ဆိုင်ရာနည်းပညာတက္ကသိုလ် အဖြစ် အမည်ပြောင်းလဲထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာနည်းပညာကို သင်ကြားပေးသော တက္ကသိုလ် ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်သည် ၄ နှစ်ကြာသင်ယူရသော ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ အတွက် အရိုး၊ အကြော၊ အဆစ် ပြန်လည်သန်စွမ်းရေး ဆေးပညာ၊ ဓာတ်မှန်ပညာနှင့် ဆေးဝါးနည်းပညာ များကို သင်ကြားပေးသည်။ နှစ်စဉ် ကျောင်းသားကျောင်းသူဦးရေ ၁၈၀ ခန့် လက်ခံသင်ကြားပေးလျက်ရှိသည်။

ဆေးတက္ကသိုလ် (၂) ရန်ကုန်

ဆေးတက္ကသိုလ် ရန်ကုန် သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်‌ဥက္ကလာပမြို့နယ် ခေမာသီလမ်းတွင် တည်ရှိပြီး ရန်ကုန်မြို့တွင်းမှ ၁၂ မိုင်ခန့်ကွာဝေးသည်။ ဆေးတက္ကသိုလ် ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက်တစ်ကျောင်းလည်း ဖြစ်သည်။

ဆေးတက္ကသိုလ် (မန္တလေး)

ဆေးတက္ကသိုလ် သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ် ၅ ခုအနက် မန္တလေးမြို့တွင်ရှိသော ဆေးတက္ကသိုလ်ဖြစ်သည်။ ဆေးပညာဘွဲ့ နှင့် ဆေးပညာဆိုင်ရာ ဒီပလိုမာ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၊ ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ နှင့် ဆေးလက်တွေ့ပါရဂူဘွဲ့ များ သင်ကြားပေးသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်ပြီး နှစ်စဉ် ကျောင်းသား ဦးရေ ၃၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ ဆေးတက္ကသိုလ် မန္တလေးသည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၅ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)

တိုင်းရင်းဆေးတက္ကသိုလ် သည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင်တည်ရှိကာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တိုင်းရင်းဆေးတက္ကသိုလ်ဖြစ်သည်။ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်း​ဆေးပညာဦးစီးဌာန၏ လက်​အောက်တွင်ရှိသည်။တိုင်းရင်းဆေးတက္ကသိုလ်အနီးတွင် တိုင်းရင်းဆေးရုံကြီး၊ တိုင်းရင်းဆေးပညာသိပ္ပံနှင့် တိုင်းရင်းဆေးဝါးစက်ရုံတို့လည်း တည်ရှိသည်။

                                     

ဇီဝဆေးပညာ

ဇီဝဆေးပညာ သည် အများအားဖြင့် ဆေးပညာ သုသေန ဟုသိကြပြီး အသုံးချ သုသေန နှင် အခြေ သုသေန တို့ ပေါင်းစပ်ပြီး ဆေးပညာ နားလည်သဘော ပေါက်မှုတွင် အကူအညီ ပေးလျစ်ရှိသည်။ ဆေးပညာ သုသေန ၏ အတိက ဂိုဏ်းနှစ်ရပ်မှာ အံဒရယ် ကင်းပြီး အစွမ်းထက်သော ကုထုံးပေါ်ပေါက်ရေးအတွက် ဆန်းသစ်သော clinical trial နှင် ကုထုံးအသစ် ပေါ်ပေါက်ရေးအတွက် ကြိုးစားသော သုသေန ဟုရှိသည်။ အဲ့ဒီနောက် လမ်းခွ ကို ကုထုံး နည်းပညာ အသစ် ပေါ်ပေါက်ရေး တွင် အသိပညာ ရရှိရေး ကိုဦးတည်သော preclinical research ဟု ခေါ်တွင်သည်။

                                     

ကော်တီဆုန်း

ကော်တီဆုန်း ဆိုသည်မှာ အာဒင်နဲလ်အကြိတ်မှ ထုတ်လုပ်သော ဟိုမုန်းအစုတစ်မျိုး ဖြစ်သည်။ ထိုဟိုမုန်းသည် ခန္ဓာကိုယ်၏ ဖြစ်စဉ်၌ အရေးပါသည်။ ကာဘိုဟိုက်ဒရိတ် ပရိုတိန်းများကို ထုတ်လုပ်ရာတွင်၎င်း၊ ခန္ဓာကိုယ်၌ ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်များ မျှတအောင် ပြုလုပ်ရာ၌၎င်း အကျိုးပြုသည်။ အချို့ ဒူလာရောဂါများတွင် ကော်တီဆုန်းကို အသုံးပြု စမ်းသပ်၍ လေ့လာကြသည်။ သိပ္ပံပညာနည်းဖြင့် ကော်တီဆုန်းများကို အတုပြုလုပ်ရန် ကြံဆဆဲဖြစ်သည်။

                                     

သန္ဓေတားဆေး

လေ့လာချက်များအရ ပေါင်းစပ်သန္ဓေတားဆေးသည် သန္ဓေတားရုံသာမကဘဲ ကျန်းမာရေးအရ သိသာသော အကျိုးကျေးဇူးများကိုပေးနိုင်ပါသည်။ ဤဆေးသည် အောက်ဖော်ပြပါရောဂါများနှင့် မူမမှန်ဖြစ်ခြင်းတို့ကို လျော့နည်းစေပါသည်။ သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း သားဥအိမ်ကင်ဆာ သားအိမ်ကင်ဆာ သားဥအိမ်အလုံး ကုသ၍ရသော ရင်သားအလုံးအကျိတ်ရောဂါများ လစဉ်ရာသီသွေးဆင်းလွန်ခြင်းနှင့် ၎င်းဆက်နွယ်သော သွေးအားနည်းရောဂါ လစဉ်ရာသီသွေးဆင်းခြင်းနှင့် ဆက်နွယ်သော ဗိုက်နာ၊ ဗိုက်အောင့် မအီမသာဖြစ်ခြင်း

                                     

အာသီးရောင်ရောဂါ

အာသီးရောင်ရောဂါ သည် ဘက်တီးရီးယား ဗိုင်းရပ် ကြောင့် အာသီးရောင်ရမ်းသောရောဂါဖြစ်သည်။ အဖြစ်အများဆုံးကတော့ ဗိုင်းရပ်ကြောင့်ဖြစ်သည်။ လည်ချောင်းနာခြင်း၊ ကိုယ်ပူချိန်တက်ခြင်းစသည့် လက္ခဏာများခံစားရနိုင်သည်။ အများစုသည် သုံးရက် မှ တစ်ပတ်အတွင်း သက်သာသွားကြသည်။