ⓘ နိုင်ငံရေး

နိုင်ငံရေး

နိုင်ငံရေး ဆိုသည်မှာ လူ့အဖွဲ့အစည်းဖြင့် ဆုံးဖြတ်သော လမ်းစဉ်ဖြစ်သည်။ ဤအသုံးအနှုန်းသည် ယေဘူယျအားဖြင့် နိုင်ငံအစိုးရများ၏ လုပ်ငန်းရပ်များကို ဆိုလိုသည့် အပြင် လူသားအချင်းအချင်း ဆက်နွယ်မှု၊ ပေါင်းစပ်ဖွဲ့စည်းမှု၊ ပညာသင်ကြားမှုနှင့် ဘာသာရေး ဆိုင်ရာ လူမှုပတ်ဝန်းကျင် ကိစ္စရပ် များလည်း ပါဝင်ပတ်သက်သည်။ နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းတိုးတက်မှု၊ရေရှည်တည်တံ့မှုနှင့်ငြိမ်းချမ်းသာယာရေးတို့ကိုခြုံငုံဆောင်ရွက်ခြင်းကိုနိုင်ငံရေးဟုသတ်မှတ်သည်။ နိုင်ငံရေးတွင်မျှတသောသဘောထားရှိရန်အထူးလိုအပ်သည်။မုန်းခြင်း၊ချစ်ခြင်း၊ပါတီစွဲ၊လူစွဲကင်း၍ နိုင်ငံ့ကောင်းကျိုးအတွက်ဆောင်ရွက်သင့်သည်များကိုပြတ်သားစွာဆောင်ရွက်ရန်လ ...

မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ စာရင်း

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ကြီးသည်လည်း ချုပ်ငြိမ်းခဲ့ရပြီး ၁၉၈၈-ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူခဲ့ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကို ဖွဲ့စည်း၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်က နဝတ အစိုးရအဖွဲ့မှ တာဝန်ယူပြီးသည်နှင့်တပြိုင်နက် ၎င်းတို့၏ တာဝန်ကြီး ၄ရပ်ကို ကမ္ဘာသိ ကြေငြာခဲ့ရာတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပါဝင်ခဲ့ပါသည်။ တစ်ဆက်တည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၁၉၈၈-ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ထိုသို့ ပြဋ္ဌာန်းပြီးသည့်နောက် ပထမဦးဆုံးအနေဖြင့် ဦးသုဝေ၏ ဒီမိုကရေစီပါတီက ဦးစွာ မှတ်ပုံတ ...

နိုင်ငံရေးပါတီ

နိုင်ငံရေးပါတီတစ်ခု ဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယေဘုယျအားဖြင့် ထိုပါတီဝင်အမတ်လောင်းများကို အဆိုပြုတင်သွင်းပြီး နိုင်ငံတော်၏ အစိုးရရုံး၊ဌာနများတွင် နေရာရယူရန်ကြိုးပမ်း၍ အစိုးရ၏နိုင်ငံရေးလုပ်ငန်းစဉ်များကိုလွှမ်းမိုးရန် ကြိုးစားနေကြသူများဖြစ်သည်။ ပါတီများသည် ပြည်သူများ၏မဲဆန္ဒကိုရယူရန် စည်းရုံးလှုံ့ဆော်ဟောပြောမှုများပြုလုပ်ခြင်း၊ပညာရေးဆိုင်ရာအထောက်အကူများပေးခြင်း၊ သို့မဟုတ် ကန့်ကွက်ဆန္ဒပြခြင်းများတွင်ပါဝင်သည်။ ယင်းတို့သည် အကွဲကွဲအပြားပြားရှိသော ဦးတည်ချက်၊စိတ်ဝင်စားမှုများအကြားတွင် ယာယီညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းပြီး၊ ရည်ရွယ်ရာပန်းတိုင်ကိုယ်စီတို့အတွက် ရှိပြီးသားသဘောတရားများ သို့မ ...

နိုင်ငံရေးပါတီများ(အခြေခံဥပဒေ)

အောက်ဖော်ပြပါ မှတ်စုဆောင်းပါးပါ အချက်အလက်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ် စာမျက်နှာ ၊ အခန်း၊ နိုင်ငံရေးပါတီများ အခန်းပါ ဥပဒေ ပြဋ္ဌာန်းချက်များမှ အကြောင်းအရာပါအတိုင်း ထပ်ဆင့် ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။ ကွဲလွဲချက်ရှိလာပါက မူရင်း အခြေခံဥပဒေစာအုပ်နှင့် ညှိနှိုင်း တိုက်ဆိုင်ရန် ဖြစ်ပါသည်။ နိုင်ငံရေးပါတီများဖွဲ့စည်းခြင်း ၄၀၄။ နိုင်ငံရေးပါတီတစ်ရပ်သည် – က ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်၊ ခ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။ ၄၀၅။ နိုင်ငံရ ...

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ; အတိုကောက် AAPP သို့ AAPPB) သည် လွတ်လပ်ပြီး အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံပြင်ပတွင် ရောက်ရှိနေသော မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းများက ဖွဲ့စည်းတည်ထောင်ထားသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများဖြင့် အဓိကဖွဲ့စည်းထားပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့ပေးရန် ရည်ရွယ်သည်။ အေအေပီပီသည် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အခြေစိုက်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်

အင်္ဂလိပ်လို = Union of Myanmar Federation of National Politics ဥက္ကဋ္ဌ ဦးအေးလွင်ပါ ဦးဖြင့် ခေါင်းဆောင်ဖွဲ့စည်းခဲ့ပြီး ညီဖြစ်သူ ဦးရဲထွန်း ခေါင်းဆောင်သော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ နှင့်အတူ နေ့တွင် တစ်ရက်တည်း မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှ နေ့တွင် ပါတီတည်ထောင်ခွင့် ပြုခဲ့သည်။ ပါတီဌာနချုပ် ရုံးစိုက်ရာနေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တိုက် အခန်း ၊ ပုလဲကွန်ဒိုမီနီယံ။ ကမ္ဘာအေးဘုရားလမ်း ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တွင် ပါတီဝင် သိန်းခွဲကျော် ရှိကြောင်း ဦးအေးလွင်မှ ပြောကြားထားသည်။

                                     

နိုင်ငံရေးသိပ္ပံ

နိုင်ငံရေးသိပ္ပံ ဆိုသည်မှာ လူမှုရေးသိပ္ပံနှင့် သက်ဆိုင်ပြီး၊ နိုင်ငံ၊ အုပ်ချုပ်သူ နှင့် နိုင်ငံရေးများကို လေ့လာသင်ကြားခြင်းဖြစ်သည်။ အာရစ်တိုတယ်လ် မှ ၎င်းသည် နိုင်ငံကို လေ့လာဆည်းပူးခြင်းဖြစ်သည်ဟု ဖွင့်ဆိုခဲ့သည်။

                                     

နိုင်ငံရေး အကျဉ်းသားဟောင်း

နိုင်ငံရေး အကျဉ်းသားဟောင်း ဆိုသည်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့်သော်လည်းကောင်း၊ နိုင်ငံရေး ပုဒ်မတခုခုနှင့်သော်လည်းကောင်း၊ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် မတရားသဖြင့် ရာဇဝတ်ပုဒ်မများဖြင့်သော်လည်းကောင်း စွပ်စွဲဖမ်းဆီးခံရပြီးနောက် အကျဉ်းကျခံခဲ့ရဖူးသည့် နိုင်ငံရေးလှုပ်ရှားသူများကို ဆိုလိုခြင်းဖြစ်သည်။

                                     

တက်ကြွထက်သန်သူများ

တက်ကြွထက်သန်သူများ ဆိုသည်မှာ နိုင်ငံရေးပါတီတခု သို့မဟုတ် နိုင်ငံရေးအင်အားစုတခုအတွင်း၌ အတက်ကြွဆုံးလှုပ်ရှားကြသူများကို ခေါ်ဆိုခြင်းဖြစ်၏။ နိုင်ငံရေးမူဝါဒဆိုင်ရာ လုပ်ငန်းစဉ်များကို ကြွေးကြော်ထောက်ခံသူများမဟုတ်ဘဲ ထိုမူဝါဒအတိုင်း ရည်မှန်းချက်များပေါမြောက်အောင် တက်ကြွထက်သန်စွာ ဆောင်ရွက်လိုကြသူများကို သတ်မှတ်ခေါ်ဆိုသော ဝေါဟာရဖြစ်၏။

                                     

အတိုက်အခံ အဖွဲ့အစည်း

အတိုက်အခံ အဖွဲ့အစည်း ဆိုသည်မှာ လက်ရှိအာဏာရ ပါတီ သို့မဟုတ် အစိုးရအား နိုင်ငံရေးအရ ဖြစ်စေ၊ လက်နက်ကိုင် အရ ဖြစ်စေ ဆန့်ကျင်ဘက်ပြုနေသော ပါတီ သို့မဟုတ် အဖွဲ့အစည်း ကို အတိုက်အခံအဖွဲ့အစည်း ဟု ခေါ်ဆိုကြသည်။ အတိုက်အခံခေါင်းဆောင် ဆိုသည်မှာ လက်ရှိအာဏာရပါတီအား ဆန့်ကျင်သောယှဉ်ပြိုင်သော ပါတီခေါင်းခေါင်ဖြစ်သည်။