ⓘ အင်ဂျင်နီယာ

အင်ဂျင်နီယာ

အင်ဂျင်နီယာ ဆိုသည်မှာ အင်ဂျင်နီယာ နည်းပညာ တစ်ခုခုဖြင့် အသက်မွေးဝမ်းကြောင်းပြုသူကို ဆိုသည်။ အင်ဂျင်နီယာများသည် သင်္ချာ နှင့် သိပ္ပံ အသိပညာ များကိုသုံး၍ နည်းပညာ အခက်အခဲများကို ကျော်လွှားကာ ကုန်ကျစရိတ် သက်သာပြီး အန္တရာယ် ကင်းသော ဖြေရှင်းချက်များကို ဖော်ထွင်းကာ လက်တွေ့ ပြဿနာများကို ဖော်ထွင်းသည်။ ထို့ကြောင့် အင်ဂျင်နီယာများ၏ အလုပ်သည် လူ့အဖွဲအစည်း နှင့် စီးပွားဖြစ် ထုတ်ကုန်လုပ်ငန်းတို့ကို ဆက်စပ်ပေးသူဖြစ်သည်။ အချို့သူများသည် အင်ဂျင်နီယာ ကို အနုပညာနှင့် သင်္ချာပညာကို ပေါင်းစပ်ပေးသူဟုလည်း မြင်ကြသည်။

မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်

မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ဆိုသည်မှာ ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာ ဘာသာရပ်တစ်ခုဖြစ်ပြီး တံတားများ၊ လမ်းများ၊ တူးမြောင်းများ၊ ဆည်များ၊ အဆောက်အဦးများ စသည့် ဆောက်လုပ်ရေး လုပ်ငန်းများကို ဒီဇိုင်းထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း တို့နှင့် ပတ်သက်သော ပညာရပ်တစ်ခု ဖြစ်သည်။ မြို့ပြ အင်ဂျင်နီယာ အတတ်ပညာ သည် စစ်ရေး အင်ဂျင်နီယာ အတတ်ပညာ ပြီးလျှင် ရှေးအကျဆုံး အင်ဂျင်နီယာ ဘာသာရပ်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်ကို အစိတ်အပိုင်းများ ထပ်မံခွဲခြားထားပြီး ၎င်းတို့မှာ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် ၊ ဘူမိနည်းပညာ အင်ဂျင်နီယာ ဘာသာရပ် ၊ ပုံသဏ္ဌာန် ဆိုင်ရာ အင်ဂျင်နီယာ ဘ ...

စစ်မြေပြင်အင်ဂျင်နီယာ

စစ်မြေပြင် အင်ဂျင်နီယာတပ် - စစ်မြေပြင်ဆိုင်ရာ ကင်းထောက်ခြင်း၊ တိုက်စစ်တွင် ရန်သူတပ်များအား တားဆီးခြင်း၊ မိမိ နယ်မြေအား ပတ်လည်ခံစစ်ဆင်ခြင်းလုပ်ငန်းများတွင် အင်ဂျင်နီယာဆိုင်ရာ အထောက်အပံပေးခြင်းများ ဆောင်ရွက်ရန် အတွက် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုစစ်မြေပြင် အင်ဂျင်နီယာတပ်တွင် ညွှန်ကြားရေးမှူးရုံး၊ မိုင်းရှာဖွေရေးတပ်၊ လမ်းတံတားဆောက်လုပ်ရေးတပ်နှင့် အခြားအင်ဂျင်နီယာတပ်များ ပါဝင်သည်။ ယခင် နိုင်ငံအများစုတွင် အင်ဂျင်နီယာတပ်များကို အင်ဂျင်နီယာတပ်တော်၊ ဘုရင့်အင်ဂျင်နီယာတပ်၊ စစ်မြေပြင် အင်ဂျင်နီယာ၊ လမ်းတံတား အင်ဂျင်နီယာ အစရှိသဖြင့် သုံးနှုန်းခဲ့ကြသည်။ ရုရှားနိုင်ငံ အင်ဂျင်နီယာတပ်၏ မွေးနေ့ကို ဇန်နဝါရီလ ...

စက်မှုအင်ဂျင်နီယာ ဘာသာရပ်

စက်မှုအင်ဂျင်နီယာ ဘာသာရပ် သည် အင်ဂျင်နီယာပညာရပ်တစ်ခုဖြစ်၍ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ရူပဗေဒ နှင့် သင်္ချာ အခြေခံသဘောတရားများကို ဒြပ်ဝတ္ထုပစ္စည်းသိပ္ပံနှင့် ပေါင်းစပ်ကာ စက်ပိုင်းဆိုင်ရာစနစ်အဖွဲ့စည်းများကို တီထွင်ရေးဆွဲခြင်း၊ စိစစ်ပိုင်းခြားလေ့လာခြင်း၊ ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း တို့ဖြစ်သည်။ ရှေးအကျဆုံး၊ အကျယ်ပြန့်ဆုံးသော အင်ဂျင်နီယာပညာရပ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ စက်မှုအင်ဂျင်နီယာ ပညာရပ်နယ်ပယ်တွင် မက္ကင်းနစ်mechanics ၊ ဒိုင်းနမစ်dynamics ၊ သာမိုဒိုင်းနမစ်thermodynamics ၊ ဒြပ်ဝတ္ထုပစ္စည်းသိပ္ပံmaterials science ၊ ရုပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများအပေါ် ဝန်၊ အားများသက်ရောက်မှုကို လေ့လာသော ...

အင်ဂျင်နီယာဘွဲ့

B.E B.Eng ဆိုသည်မှာ B.E အင်ဂျင်နီယာဘွဲ့ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းသည် ဘွဲ့ကြို ဘွဲ့လက်မှတ်ဖြစ်၍ တက္ကသိုလ်တွင် ၃ နှစ် မှ ၅ နှစ်ထိ အင်ဂျင်နီယာပညာရပ် ပညာရပ်ကို ဆည်းပူရန်လိုအပ်ပါသည်။ ၎င်းဘွဲ့နှင့်ပတ်သက်၍ အရည်အချင်း ကန့်သက်ချက်များ၏ သဘောသဘာ၀သည် တနိုင်ငံနှင့်တနိုင်ငံမတူပါ။ အင်ဂျင်နီယာဘွဲ့လက်မှတ် သည် အသက်မွေးဝမ်းကျောင်းပညာရပ်ဘွဲ့လက်မှတ်ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်ရှိအချို့သောနိုင်ငံအတော်များများတွင်မူ ကျွမ်းကျင်အင်ဂျင်နီယာ လက်မှတ်ရမှာ Professional Engineer အဖြစ်သတ်မှတ်ပါသည်။ Professional Engineerများတွင် ရှေ့၌ Ir. ဟူ၍၎င်း၊ နောက်တွင် REng, IEng, CEng, PEng အစရှိသည်တို့ကို၎င်း၊ သို့တည်းမဟ ...

အင်ဂျင်နီယာ နည်းပညာ

အင်ဂျင်နီယာ နည်းပညာ ဆိုသည်မှာ စက်ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ၊ အဆောက်အဦများနှင့် ၎င်းတို့၏ ဗိသုကာ၊ ဒြပ်ဝတ္ထုပစ္စည်းနှင့် ၎င်းတို့၏ဖွဲ့စည်းတည်ဆောက်ပုံများအား လူနေမှုဘဝ၊ သင်္ချာပညာ ၊ စီးပွားရေးအမြင်နှင့် အသုံးချသိပ္ပံပညာရပ်များဖြင့် တွဲစပ်၍ လူနေမှုအဖွဲ့အစည်း၌ လစ်ဟာလျက်ရှိသော လိုအပ်ချက်များအပေါ် ဘေးကင်းလုံခြုံစွာ ဖန်တီးတည်ဆောက်ပေးနိုင်သည့် အနုသုခုမ၊ စည်းမျဉ်းဥပဒေသနှင့် ကျွမ်းကျင်မှုပေါင်းစပ်ဖွဲ့တည်ထားသော အသုံးချ သိပ္ပံပညာရပ်ကို ခေါ်ဆိုပါသည်။ အမေရိကန် အင်ဂျင်နီယာများ အတိုင်ပင်ခံအဖွဲ့အစည်း ECPD မူလအခေါ် Accreditation Board for Engineering and Technology, ABET မှဖွင့်ဆိုထားသည့် "အင်ဂျင်နီယာ န ...

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း သည် ၁၉၉၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ပညာရပ်ဆိုင်ရာ ဖွံဖြိုးရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည့် အသင်းကြီးဖြစ်သည်။ အသင်းတွင် ဌာနဆိုင်ရာအင်ဂျင်နီယာများ၊ နည်းပညာတက္ကသိုလ်များမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ပြင်ပပုဂ္ဂလိက အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အသင်းဝင်ပေါင်း ၂၂၅၆၂ ဦး ရှိထားပြီး ဗဟိုကော်မတီ တချို့မှာလည်း ဌာနဆိုင်ရာမှ တိုက်ရိုက်ခန့်ထားခြင်း ဖြစ်သည်။

ဓာတု အင်ဂျင်နီယာ ဘာသာရပ်

ဓာတုအင်ဂျင်နီယာ ဆိုသည်မှာ ဓာတုကုန်ပစ္စည်းများအား စက်ပစ္စည်းများကို ဒီဇိုင်းပြုလုပ်၍ အကြီးစားထုတ်လုပ်ခြင်းပညာရပ်၊ စွမ်းအင်များရရှိစေရန် တီထွင်ကြံဆမှုပညာရပ် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုပညာရပ်တို့ကို လေ့လာသော အင်ဂျင်နီယာနယ်ပယ်ကြီးတစ်ခုပင်ဖြစ်သည်။ ဓာတုအင်ဂျင်နီယာပညာရပ်သည် အခြားသောအင်ဂျင်နီယာပညာရပ်များကဲ့သို့ပင် သဘာဝသိပ္ပံပညာရပ်များကို အသုံးချ၍ တီထွင်ဖန်တီးမှုများလုပ်ဆောင်လျက် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ဆောင်ကြိုးစားရသောပညာရပ်တစ်ခုပင်ဖြစ်သည်။ ဓာတုဗေဒပညာရပ်များ နှင့် ဓာတုအင်ဂျင်နီယာပညာ၏ ကွဲပြားချက်မှာ ဓာတုဗေဒပညာရှင်များသည် ဓာတ်ခွဲခန်းများတွင် ဓာတုပစ္စည်းများ၏သဘောသဘာဝအခြေအ ...

လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ ဘာသာရပ်

လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ သည် လျှပ်စစ်အင်ဂျင်နီယာ၏ ဘာသာရပ်ခွဲဖြစ်သည်။လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ထုတ်လွှတ်ခြင်း၊ဖြန့်ဖြူခြင်းနှင့် အသုံးချခြင်းဆိုင်ရာဘာသာရပ်နှင့်ထိုလုပ်ငန်းများနှင့်ဆိုင်​သော ပစ္စည်းများကို လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနယ်ပယ်ဟု​ခေါ်သည်။

မန္တလေးနည်းပညာတက္ကသိုလ်

မန္တလေးနည်းပညာတက္ကသိုလ် သည် မန္တလေးစက်မှုတက္ကသိုလ် အဖြစ် လူသိများခဲ့ပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၌ တည်ရှိသည်။ ၎င်းသည် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များထဲမှ ထင်ရှားသော တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ တက္ကသိုလ်မှ အထက်မြန်မာပြည် ဘွဲ့ကြို၊ ဘွဲ့ရနှင့် ဘွဲ့လွန် ကျောင်းသားများအတွက် အင်ဂျင်နီယာ နည်းပညာရပ် အသီးသီးအား သင်ကြားမှုပုံစံ အမျိုးမျိုး ချမှတ် သင်ကြားနိုင်ရန် စီစဉ်ထားရှိပါသည်။ တက္ကသိုလ်မှ နှစ်စဉ်နှစ်တိုင်း သင်တန်းအပတ်စဉ် တစ်ခုစီအတွက် ကျောင်းသား ၃၀၀ ခန့် လက်ခံသင်ကြားပေးနေသည်။ မန္တလေးနည်းပညာတက္ကသိုလ်တွင် ဒေါက်တာဘွဲ့နှင့် ဘွဲ့လွန်သင်တန်းများအား လက်ခံသင်ကြားမှု နည်းပါးသောကြောင့် အဆိုပါဘ ...

                                     

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ဟူသည် လျှပ်စစ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း၊ ချွေတာခြင်း စသည့် ကဏ္ဍများဖြင့်ဖွဲ့စည်းထားသော အင်ဂျင်နီယာဘာသာရပ်တစ်ခုဖြစ်သည်။ လျှပ်စစ်အကြောင်းစီတ်ဝင်စားသည့် လူငယ်များယူသင့်သည့် ဘာသာရပ်တစ်ခုဖြစ်သည်။

                                     

မော်စကို ပါဝါ အင်ဂျင်နီယာ တက္ကသိုလ်

မော်စကို ပါဝါ အင်ဂျင်နီယာ တက္ကသိုလ် သည် ရုရှားနိုင်ငံ မော်စကိုမြို့ တွင် တည်ရှိသော တက္ကသိုလ် တစ်ခု ဖြစ်ပြီး ပါဝါအင်ဂျင်နီယာ ဘာသာရပ်၊ အီလက်ထရွန်းနစ် နှင့် အိုင်တီ ပညာရပ်တို့၌ ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် ရှေ့ဆောင် တက္ကသိုလ်များတွင် တစ်ခု အပါအဝင် ဖြစ်သည်။