ⓘ အီလက်ထရွန်းနစ်

အီလက်ထရွန်းနစ်

အီလက်ထရွန်းနစ်ဆိုသည်မှာ အီလက်ထရွန်များ အခြေခံကျသော နေရာမှ ပါဝင်သည့် လျှပ်စစ် စွမ်းအင် ကို မည်သို့ ထိန်းချုပ်ရမည် ဆိုသည်ကို လေ့လာသော သိပ္ပံပညာရပ် တစ်မျိုး ဖြစ်သည်။ အီလက်ထရွန်းနစ် သည် လျှပ်စစ်ပတ်လမ်းများနှင့် ၎င်းတို့ အချင်းချင်း မည်သို့ ဆက်သွယ်လုပ်ကိုင်သည် ဆိုသော နည်းပညာများကို လေ့လာသည့် ပညာ ဖြစ်သည်။ ထိုလျှပ်စစ်ပတ်လမ်းများတွင် အစွမ်းကြွ လျှပ်စစ် အစိတ်အပိုင်းများဖြစ်သော လေဟာပြွန်များ၊ ထရန်စစ်စတာများ၊ ဒိုင်အုတ်များနှင့် အိုင်စီပတ်လမ်း များ အပြင် ၎င်းတို့နှင့် ဆက်စပ်နေသော ပြုမဲ့ လျှပ်စစ် အစိတ်အပိုင်းများနှင့် ပါဝင်သည်။ ပုံမှန်အာဖြင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် တပိုင်းလျှပ်ကူးပစ္စည်းများ အခ ...

အီလက်ထရွန်းနစ်စာအုပ်

အီလက်ထရွန်းနစ်စာအုပ် ကို အီးဘွတ်ခ် ဟုလည်း ခေါ်ဆိုကြပြီး စာသားများ၊ ရုပ်ပုံများပါဝင်ကာ ဒစ်ဂျစ်တယ်စနစ်ဖြင့် ဖြန့်ချိသော စာအုပ်တစ်အုပ်ဖြစ်သည်။ ယင်းကို ကွန်ပျူတာ မျက်နှာပြင် သို့မဟုတ် အခြားသော အီလက်ထရွန်းနစ် ကိရိယာများတွင် ဖတ်ရှုနိုင်အောင် ပြုလုပ်ထားသည်။ အီလက်ထရွန်းနစ်စာအုပ်ကို "ပုံနှိပ်စာအုပ်၏ အီလက်ထရွန်းနစ် ပုံစံ" ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသော်လည်း အချို့သော အီလက်ထရွန်းနစ်စာအုပ်စာအုပ်များသည် ပုံနှိပ်စာအုပ်အနေဖြင့် ရှိမနေချေ။ အီလက်ထရွန်းနစ်စာအုပ်ကို ဖတ်ရှုနိုင်ရန်အတွက် သီးသန့် ဖန်တီးထားသော ကိရိယာများတွင် ဖတ်ရှုနိုင်ရုံသာမက ကြည့်ရှုထိန်းချုပ်နိုင်သော မျက်နှာပြင်ပါဝင်သည့် စားပွဲတင် ကွန်ပျူတာများ၊ ...

ပါဝါ အီလက်ထရွန်းနစ်

ပါဝါအီလက်ထရွန်းနစ် ဆိုသည်မှာ လျှပ်စစ်စွမ်းအားကို ထိန်းချုပ်ရန် သို့ အသွင်ပြောင်းလဲရန် အတွက် ဆောလစ်စတိတ် အီလက်ထရွန်းနစ် ကို အသုံးချခြင်းကို ဆိုလိုသည်။

အီလက်ထရွန်းနစ် အော်ဆီလေတာ

အီလက်ထရွန်းနစ် အော်ဆီလေတာ ဆိုသည်မှာ တစ်ခုတည်းသော အီလက်ထရွန်းနစ် ဆစ်ဂနယ်များကို အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ ထုတ်လွှင့်သော အီလက်ထရွန်းနစ် ပတ်လမ်း တစ်မျိုး ဖြစ်ပြီး ဆိုင်းဝေ့ဗ် စကွဲယား ဝေ့ဗ် စသည်တို့ ကို ထုတ်လွှင့်လေ့ ရှိသည်။ ထိုပတ်လမ်းများကို အမျိုးမျိုးသော အီလက်ထရွန်းနစ် ကိရိယာများတွင် ထည့်သွင်း သုံးစွဲလေ့ ရှိသည်။ အော်ဆီလေတာမှ ဆစ်ဂနယ် ထုတ်လွှင့်ခြင်းကို ဥပမာ ပြရမည် ဆိုပါက ရေဒီယို နှင့် ရုပ်မြင်သံကြား ထုတ်လွှင့်စက်များ၊ ကွန်ပျူတာကို ထိန်းချုပ်မောင်းနှင်သော ကလော့ခ် ဆစ်ဂနယ်များ၊ ကွပ်ဇ် နာရီများ၊ အီလက်ထရွန်းနစ် အသံပြုစက်များမှ ထွက်ပေါ်လာသော အသံများနှင့် ဗွီဒီယိုဂိမ်း တို့ ဖြစ်ကြသည်။

အီလက်ထရွန်းနစ် မစ်ဆာ

အီလက်ထရွန်းနစ် မစ်ဆာ ဆိုသည်မှာ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော လျှပ်စစ် သို့မဟုတ် အီလက်ထရွန်းနစ် ဆစ်ဂနယ်များကို အထွက် ဆစ်ဂနယ် တစ်ခု သို့မဟုတ် နှစ်ခု အဖြစ် ပေါင်းစပ်ပေးသော ကိရိယာ တစ်မျိုးဖြစ်သည်။ မစ်ဆာ ဆိုသော အသုံးအနှုန်းကို အသုံးပြုသော ပတ်လမ်းများတွင် အပေါင်း မစ်ဆာ နှင့် အမြှောက် မစ်ဆာ ဟူသော အခြေခံ ပတ်လမ်း နှစ်မျိုး ရှိသော်လည်း ၎င်းတို့သည် အလွန် ကွဲပြားခြားနားသော ပတ်လမ်းများဖြစ်သည်။ အပေါင်းမစ်ဆာ များမှာ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ဆစ်ဂနယ်များကို ပေါင်းစပ်ပေးသည်။ ဤ အသုံးအနှုန်းကို အော်ဒီယို အီလက်ထရွန်းနစ်တွင်သာ အသုံးပြုလေ့ ရှိပြီး အော်ဒီယို မစ်ဆာများမှာ အသံ ဆစ်ဂနယ်၊ ဂီတ ဆစ်ဂနယ် နှင့် ...

ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီ

ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီ သည် တောင်ကိုရီးယားနိုင်ငံ အခြေစိုက် အီလက်ထရွန်းနစ်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ ဆမ်ဆောင်း အုပ်စု၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွက် ဆမ်ဆောင်းအုပ်စု၏ ဝင်ငွေ ၇၀% ခန့်ကို ရှာဖွေပေးနိုင်ခဲ့သော ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ဝင်ငွေအများဆုံး သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီ အဖြစ်ရောက်ရှိခဲ့သည်။ ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီအနေဖြင့် နိုင်ငံပေါင်း ၈၀ ကျော်တွင် လုပ်ငန်းများ ဖြန့်ကျက်ထားကာ ဝန်ထမ်းပေါင်း ၃၇၀,၀၀၀ ကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသည်။ Apple၊ ဆိုနီ၊ HTC နှင့် နိုကီယာ အစရှိသော ကုမ္ပဏီများအတွက် အီလ ...

အေဗီရွန်းနစ်

အေဗီရွန်းနစ် ဆိုသည်မှာ လေယာဉ်ပျံ၊ ဂြိုဟ်တု နှင့် အာကာသယာဉ် တို့၏ အီလက်ထရွန်းနစ် စနစ်ကို ရည်ညွှန်းခြင်း ဖြစ်ပြီး ခေတ်သစ် လေယာဉ်ပျံနှင့် အာကာသယာဉ်တို့ ပေါ်ရှိ ဆက်သွယ်ရေး ၊ လမ်းကြောင်း ရှာဖွေရေး၊ ထိန်းချုပ် မောင်းနှင်ရေး၊ ပြသခြင်း၊ လေကြောင်း စီမံခန့်ခွဲမှု စနစ်၊ အာရုံခံ ကိရိယာ နှင့် အချက်ပြကိရိယာများ၊ မိုးလေဝသ ရေဒါများ၊ လျှပ်စစ် စနစ်များ နှင့် ကွန်ပျူတာ အမျိုးမျိုး တို့အတွက် အသုံးပြုသည်။ အေဗီရွန်းနစ် ဆိုသည့် စကားလုံးမှာ အင်္ဂလိပ် စကားလုံး လေကြောင်း Aviation နှင့် အီလက်ထရွန်းနစ် Electronics ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

အီလက်ထရွန်းနစ်ဘဏ်စနစ်

ဘဏ် ဆိုသည်မှာ အင်္ဂလိပ်ဝေါဟာရ ကို အသံလှယ် စနစ်ဖြင့် တိုက်ရိုက်ခေါ်ဝေါ် သုံးစွဲထားခြင်းဖြစ်သည်။ Bank ဆိုသည်ကလည်း အီတလီစကား Banco မှဆင်းသက်လာသည်ဟု ဆိုပါသည်။ ဘင်ကိုးဆိုသည်မှာ "ခုံ" ဟူ၍အဓိပ္ပာယ်ရသည်။ အီလက်ထရွန်းနစ်ဘဏ်စနစ်သည် "e-banking" ကို မြန်မာမှု ပြုကာခေါ်ဆိုကြခြင်းဖြစ်သည်။ E-banking ဆိုသည်မှာ electronic banking ၏အတိုကောက်စာလုံးဖြစ်သည်။ ဘဏ်အဆောက်အဦး ရှိရာသို့ သွားစရာမလိုဘဲ ဘဏ်နှင့်ဆက်သွယ် ဆောင်ရွက်ရမည့် ကိစ္စများကို အီလက်ထရွန်းနစ်နည်းဖြင့် မိမိရှိနေသည့်နေရာမှ စီမံ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ E-banking အနေဖြင့် ဆက်စပ်သိထားသင့်သည့် အခြား ဝေါဟာရများမှာ PC banking, Internet banking, Virtual ba ...

လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်

လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ် သည် အင်ဂျင်နီယာ ဘာသာရပ်တစ်ခုဖြစ်ပြီး လျှပ်စစ်ဓာတ်၊ အီလက်ထရွန်းနစ်နှင့် လျှပ်စစ်သံလိုက်များအား လေ့လာသည့်နယ်ပယ်တစ်ခုဖြစ်သည်။ ယင်းနယ်ပယ်သည် လျှပ်စစ်တယ်လီဂရပ်၊ တယ်လီဖုန်း၊ လျှပ်စစ်ဖြန့်ဖြူးရေး၊ အသံလွှင့်ခြင်းစသည်တို့ကို နေ့စဉ်သုံးလာပြီး ၁၉ ရာစုနှစ်ထက်ဝက်နောက်ပိုင်းတွင် အသုံးတွင်ကျယ်လာခဲ့သည်။ ထရန်စတာ၊ integrated circuit များကို တီထွင်ပြီးနောက်ပိုင်း အိမ်သုံး အီလက်ထရွန်းပစ္စည်းများ အသုံးချရာတွင် အရေးပါလာခဲ့သည်။ ယခုခေတ်တွင် လျှပ်စစ်အင်ဂျင်နီယာသည် များပြားလှသော နယ်ပယ်အခွဲများစွာ ရှိလာခဲ့သည်။ ယင်းတို့မှာ အီလက်ထရွန်းနစ်။ ဒယ်ဂျစ်တယ် ကွန်ပျူတာ၊ ပါဝါအင်ဂျင်နီယာဘာသာ၊ ဆက်သွယ်ရ ...

ထရန်စစ်စတာ

ထရန်စစ်စတာ ဆိုသည်မှာ အီလက်ထရွန်းနစ် ဆစ်ဂနယ် နှင့် ပါဝါတို့ကို ချဲ့ထွင်ပေးနိုင်သည့် ကိရိယာနှင့် အဖွင့်အပိတ် လုပ်ပေးနိုင်သည့် တပိုင်းလျှပ်ကူးပစ္စည်း အမျိုးအစား တစ်မျိုး ဖြစ်သည်။ ၎င်း၏ တည်ဆောက်မှုထဲတွင် တပိုင်းလျှပ်ကူးပစ္စည်းများ ပါဝင်ပြီး ပြင်ပ ပတ်လမ်းများနှင့် ချိတ်ဆက်နိုင်ရန် အတွက် အနည်းဆုံး ခြေထောက် ၃ ချောင်း ပါရှိသည်။ ထရန်စစ်စတာ၏ ခြေထောက်တစ်စုံသို့ ဗို့အား လျှပ်စီး ပေးပို့ခြင်းအားဖြင့် အခြား ခြေထောက် တစ်စုံတွင် စီးဆင်းနေသော လျှပ်စီးလမ်းကြောင်းကို ထိန်းချုပ်နိုင်သည်။ ထိန်းချုပ်ထားသော အထွက် လျှပ်စီးသည် အဝင် လျှပ်စီးထက် ပိုများလေ့ ရှိသဖြင့် ထရန်စစ်စတာကို ပါဝါ ချဲ့ထွင်ပေးသော ကိရိယာ အဖြစ် ခေါ ...

နည်းပညာတက္ကသိုလ်(ဘားအံ)

နည်းပညာတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တည်ရှိသည်။ အစိုးရနည်းပညာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။

အော်ဆီလိုစကုပ်

အော်ဆီလိုစကုပ် ဆိုသည်မှာ အချိန်နှင့် အမျှ ပြောင်းလဲနေသော ဆစ်ဂနယ် များ၏ ဗိုးတေ့ခ်ကို လေ့လာစမ်းသပ်နိုင်ရန် အတွက် ပြုလုပ်ထားသော အီလက်ထရွန်းနစ် စမ်းသပ် ကိရိယာ တစ်မျိုးဖြစ်သည်။ ပုံမှန်အားဖြင့် ထိုဆစ်ဂနယ်ကို ဝင်ရိုးနှစ်ခုပါသော ဂရပ်ဖ်ဖြင့် ပြသလေ့ ရှိပြီး ဝိုင်ဝင်ရိုးတွင် ဗိုးတေ့ခ် ပြောင်းလဲမှုကို ပြသ၍ အိတ်စ်-ဝင်ရိုးတွင်အချိန်ကို ပြသလေ့ ရှိသည်။ ဝိုင်ဝင်ရိုးတွင် ဗိုးတေ့ခ်ကိုသာ မကဘဲ အခြားသော ပမာဏ ပြောင်းလဲမှုများကိုလဲ ပြသလေ့ ရှိသည်။ အော်ဆီလိုစကုပ်များကို လျှပ်စစ်လှိုင်းများ၏ လှိုင်းပုံသဏ္ဌာန် အတိအကျကို လေ့လာနိုင်ရန် အတွက် အသုံးပြုလေ့ ရှိသည်။ လှိုင်း၏ ပမာဏကိုသာ မကပဲ လှိုင်းတွန့်နေပုံ၊ လှိုင်းတစ်ခုနှင ...

တပိုင်းလျှပ်ကူး

တပိုင်းလျှပ်ကူး သည် လျှပ်ကူးနိုင်စွမ်းနှင့် ခုခံနိုင်သော ပုံဆောင်ခဲပုံစံ သို့မဟုတ် အစိုင်အခဲဖြစ်သည်။ ယင်းတို့သည် သာမန်လျှပ်ခံပစ္စည်းများထက် ပိုများပြီး သာမန်လျှပ်ကာပစ္စည်းများထက်မူ ခုခံမှု ပိုနည်းသည်။ အပူချိန် များလာသည်နှင့် ယင်းတို့၏လျှပ်ကူးနိုင်မှု များလာပြီး လျှပ်ခုခံမှု ကျဆင်းလာသည်။ ယင်းသည် သတ္တုများတွင်မူ ပြောင်းပြန်ဖြစ်သည်။ တပိုင်းလျှပ်ကူးပစ္စည်းများကို နယ်ပယ်များစွာ၌ အသုံးဝင်သည်။ အချို့သော သန့်စင်သည့် ဒြပ်စင်များသည် တပိုင်းလျှပ်ကူးအဖြစ် အသုံးချနိုင်သည်။ ဆီလီကွန်၊ ဂျာမန်နီယမ်နှင့် ဂါလီယမ်ဒြပ်ပေါင်းများကို အသုံးများသည်။ ကွမ်တမ် ရူပဗေဒနယ်ပယ်၌ တိုးတက်လာခြင်းသည် ၁၉၄၇ ခုနှစ်တွင် ထရန်ဆစ္စတ ...

ဒစ်ဂျစ်တယ်

ဒစ်ဂျစ်တယ် စနစ်ဆိုသည်မှာ အချက်အလက်နှင့် ပတ်သက်သည့် နည်းပညာ တစ်မျိုးဖြစ်ပြီး တစ်ခုစီ ဖြစ်နေပြီး ဆက်စပ်မနေသော ကိန်းဂဏန်းများကို အသုံးပြုထားသည်။ ဆန့်ကျင်ဖက် အနေနှင့် အင်နာလော့ စနစ်တွင် တဆက်တည်း ဖြစ်နေသော ကိန်းဂဏန်းများကို အသုံးပြုပြီး အချက်အလက်များကို ဖော်ညွှန်းပြသသည်။ ဒစ်ဂျစ်တယ် နည်းလမ်း အသုံးပြုခြင်းမှာ တစ်ခုစီ ဖြစ်နေသော်လည်း ဒစ်ဂျစ်တယ်နည်းဖြင့် ပြသထားသော အချက်အလက်များမှာ နံပါတ်၊ စာလုံး၊ အိုင်ကွန် စသည့် တစ်ခုစီ ဖြစ်နေသည့် အရာများသာမက ဆက်စပ်နေသည့် အချက်အလက်များ ဖြစ်သည့် အသံ၊ အရုပ် နှင့် တဆက်တည်းဖြစ်နေသော စနစ်များမှ အခြားတိုင်းတာချက်များလည်း ပါဝင်နိုင်သည်။ ဒစ်ဂျစ်တယ် ဆိုသော စာလုံးမှာ ဒစ်ဂျစ်ဆ ...

ဓာတ်အိုး

ဓာတ်အိုး သည် အင်္ဂလိပ်ဘာသာအားဖြင့် ဘက်ထရီဟု ခေါ်ဆိုကြသည်။ မြန်မာစကားနှင့် တိုက်ရိုက်ပြန်လျှင် ဓာတ်အိုးဟု အဓိပ္ပါယ် ပေါ်စေသည်။ ၎င်းဘက်ထရီအိုးသည် မော်တော်ကား၊ လေယာဉ်ပျံ၊ မီးရထား စသော လည်ပတ်စေသည့် အင်ဂျင်စက်များတွင် စက်နှိုးခြင်းနှင့် မီးထွန်းရန်အတွက် ပါဝင်အသုံးပြုရသော တန်ဆာတစ်ခုဖြစ်သည်။ ၎င်းဓာတ်အိုးခေါ် ဘက်ထရီမှာ ဒီစီ Direct Current လျှပ်စစ်ဓာတ်အား ဖြစ်စေသည်။ ဓာတ်မ၊ ဓာတ်ဖို Negative နှင့် Positive နှစ်စား ခွဲခြား၍ ပြုပြင်စီမံထားသည်။ အပေါင်းသည် အဖို ဖြစ်၍ အနှုတ်သည် အမ တို့ ဖြစ်ကြသည်။ ၎င်း နှင့် ကို ကြေးနီကြိုး တစ်ချောင်းဖြင့် ပူးထိ ခပ်ကြည့်လိုက်ပါက မီးပွင့်ထွက်လာသည်ကို တွေ့ရမည်။ အမှန်မှာ အဖို ...

ပါဝါညွှန်းကိန်း

အေစီ လျှပ်စီးအသုံးပြု လျှပ်စစ်ဓာတ်အားစနစ် တွင် ပါဝါညွှန်းကိန်းသည် အမှန်တကယ်အသုံးပြုလျှပ်စစ်စွမ်းအားကို အသုံးပြုသည်ထင်ရသောလျှပ်စစ်စွမ်းအားဖြင့် စားခြင်းဖြစ်သည်။ တိုင်းတာယူနစ် သတ်မှတ်ထားခြင်းမရှိဘဲ ၁ နှင့် -၁ ကြားတွင်ရှိသည်။ စွမ်းအားစစ် သည် အမှန်တကယ်လုပ်ဆောင်နေချိန်တွင် အမှန်တကယ် အသုံးပြုနေသော စွမ်းအားဖြစ်သည်။ အသုံးပြုရန်ပေးရသောစွမ်းအား သည် ဗို့အားနှင့် လျှပ်စီးကိုသာ မြှောက်၍ရသော စွမ်းအားတစ်ခုသာဖြစ်သည်။ ဝန်များ၏ စွမ်းအင်များကို သိုလှောင်နိုင်သောသတ္တိများ နှင့် တသက်မတ်တည်းမရှိဘဲ ပြောင်းလဲနိုင်သော သတ္တိများကြောင့် အသုံးပြုရန် ပေးရသောစွမ်းအားသည် အမှန်တကယ် အသုံးပြုလျှပ်စစ်စွမ်းအားထက် များလာရလေသည ...

ပြိုင်ဆက်နှင့် တန်းဆက် ပတ်လမ်းများ

လျှပ်စစ်ပတ်လမ်း အီလက်ထရွန်းနစ်ပတ်လမ်းတစ်ခု၏ အစိတ်အပိုင်းများကို နည်းလမ်းမျိုးစုံဖြင့်ဆက်သွယ်နိုင်သည်။အရိုးရှင်းဆုံးဆက်သွယ်နည်း၂ခုမှာ ပြိုင်ဆက် နှင့် တန်းဆက် ဖြစ်သည်။တန်းဆက် ဆက်ထား​သောအပိုင်းများမှာ လမ်း​ကြောင်းတစ်ခုတည်းဖြစ်ပြီး တူညီ​သော လျှပ်စီး စီးဝင်သည်။ပြိုင်ဆက် ဆက်ထား​သောအပိုင်းများမှာ လမ်း​ကြောင်းများစွာရှိပြီး တူညီ​သော ဗို့အားရှိသည်။ အစိတ်အပိုင်းများကို တန်းဆက် ဆက်ထားပါက တန်းဆက်လျှပ်စီးပတ်လမ်းဟု​ခေါ်ပြီး အပြိုင်ဆက်ထားလျှင် ပြိုင်ဆက်လျှပ်စီးပတ်လမ်းဟု​ခေါ်သည်။ တန်းဆက်လျှပ်စီးပတ်လမ်းတွင် အစိတ်အပိုင်းတစ်ခုစီကို ဖြတ်သွား​သောလျှပ်စီးမှာ တူညီသည်။ပတ်လမ်းကိုဖြတ်​သော ဗို့အားမှာ အစိတ်အပိုင်းတစ် ...

ဗွီအိတ်ချ်ဒီအယ်လ်

ဗွီအိတ်ချ်ဒီအယ်လ် သည် ပရိုဂရမ် ရေးသားထည့်သွင်းနိုင်သော ဟတ်ဝဲလ်များတွင် အသုံးပြုသော ပရိုဂရမ်းမင်း ဘာသာစကား တစ်မျိုးဖြစ်ပြီး အီလက်ထရွန်းနစ် ဒီဇိုင်းများကို ပိုမိုလွယ်ကူစေရန် အတွက် အသုံးပြုသည်။ အက်ဖ်ပီဂျီအေ ခေါ် ပရိုဂရမ် ထည့်သွင်းနိုင်သော ချစ်ပ်များ နှင့် အိုင်စီပတ်လမ်းများ အတွက် ပရိုဂရမ် ရေးသားရာတွင် အသုံးပြုလေ့ ရှိသည်။ ဗွီအိတ်ချ်ဒီအယ်လ်ကို ပရိုဂရမ်းမင်း ဘာသာစကားဟု ခေါ်ဆိုနိုင်သော်လည်း အခြားသော ပရိုဂရမ်းမင်း ဘာသာစကားများမှ အထူး ကွဲပြားခြားနားသည်။ အခြားသော ပရိုဂရမ်းမင်း ဘာသာစကားများတွင် ရေးသားထားသော အမိန့်ပေးချက်များကို ပထမ စာကြောင်း မှ နောက်ဆုံးစာကြောင်း အထိ အစီအစဉ် အလိုက် လုပ်ဆောင်လေ့ ရှိသေ ...

ရက်တီဖိုင်ယာ

ရက်တီဖိုင်ယာ ဆိုသည်မှာ အေစီ လျှပ်စီးလမ်းကို ဒီစီ လျှပ်စီးလမ်း အဖြစ် ပြောင်းလဲပေးသော အီလက်ထရွန်းနစ် ပစ္စည်းဖြစ်သည်။ ရက်တီဖိုင်ယာကို ပါဝါဆပ်ပလိုင်း များတွင် သုံးလေ့ရှိသကဲ့သို့ ရေဒီယို ဆစ်ဂနယ်များကို ရှာဖွေဖမ်းယူရာတွင်လည်း အသုံးပြုလေ့ ရှိသည်။ ရက်တီဖိုင်ယာများကို ဆောလစ်စတိတ် ဒိုင်အုတ် ၊ စီလီကွန် ကွန်ထရိုး ရက်တီဖိုင်ယာ၊ ဗေကျွန်း ကျုဘ် ဒိုင်အုတ်၊ မာကျူရီ အာ့ပ် ဘပ်သ် သို့မဟုတ် အခြား ပစ္စည်းများဖြင့် တည်ဆောက်နိုင်သည်။ ဒီစီလျှပ်စီးလမ်းကို အေစီလျှပ်စီးလမ်း အဖြစ်ပြောင်းလဲပေးသော ပစ္စည်းကိုမူ အင်ဗာတာ ဟု ခေါ်သည်။ အေစီကားရင့်ခေါ် ပြန်လှန်လျှပ်စီးကြောင်းကို ဒီစီကား ရင့်ခေါ် အသွားစီး၊ သို့မဟုတ် အစုန်စီး လျ ...

ရောင်စဉ် ခွဲခြမ်းစိတ်ဖြာ ကိရိယာ

ရောင်စဉ် ခွဲခြမ်းစိတ်ဖြာ ကိရိယာ ဆိုသည်မှာ အဝင် ဆစ်ဂနယ် များ၏ ပမာဏ ကို ကြိမ်နှုန်း နှင့် နှိုင်းယှဉ်၍ တိုင်းတာနိုင်သော ကိရိယာ တစ်မျိုး ဖြစ်သည်။ အဓိက အသုံးပြုရာ နေရာမှာ မူလက သိရှိထားပြီး သား နှင့် မသိရှိ သေးသော အချက်ပြလှိုင်း တို့၏ ပါဝါ ကို တိုင်းတာရာတွင် အသုံးပြုသည်။ ပုံမှန်အားဖြင့် ရောင်စဉ် ခွဲခြမ်းစိတ်ဖြာ ကိရိယာမှ လက်ခံနိုင်သော ဆစ်ဂနယ် များမှာ လျှပ်စစ် ဆစ်ဂနယ် များသာ ဖြစ်သောလည်း သက်ဆိုင်သော ဆစ်ဂနယ် ပုံပြောင်း ကိရိယာ သို့မဟုတ် ထရန်ဂျူဆာများကို အသုံးပြုပါက အသံလှိုင်း များနှင့် အလင်းလှိုင်းများတွင် ပါဝင်သော ကြိမ်နှုန်းများကိုလည်း တိုင်းတာ နိုင်သည်။

ရွေ့လျားမှုကို ထိန်းချုပ်ခြင်း

ရွေ့လျားမှုကို ထိန်းချုပ်ခြင်း သည် အော်တိုမေးရှင်း နယ်ပယ်တွင် ပါဝင်သော နည်းပညာ တစ်မျိုးဖြစ်သည်။ စက်ပစ္စည်း ကိရိယာများကို မိမိ အလိုရှိရာ နေရာသို့ အတိအကျ ရွေ့လျားနိုင်ရန် အတွက် အသုံးပြုလေ့ ရှိသော စနစ်ဖြစ်သည်။ ဥပမာအားဖြင့် စက်ရုပ်တစ်ရုပ်ကို ၁ စင်တီမီတာ၏ ၁၀ ပုံတစ်ပုံ အကွာအဝေးသို့ ရွေ့လျားနိုင်ရန် အတွက် ထိုနည်းပညာကို အသုံးချနိုင်သည်။ ပုံမှန်အားဖြင့် ရွေ့လျားမှုကို ထိန်းချုပ်သည့် စနစ်တွင် ဘယ်ရင် ၊ ဝင်ရိုး စသည့် စက်မှုပစ္စည်းကိရိယာများ၊ ဆာဗိုမော်တာ၊ အင်န်ကုတ်ဒါ အစရှိသော လျှပ်စစ် ပစ္စည်းကိရိယာများ၊ မော်တာများကို ထိန်းချုပ်ပေးနိုင်သော အီလက်ထရွန်းနစ် ဆားကစ် ပတ်လမ်းများ၊ ထို ဆားကစ်ပတ်လမ်းများကို အမိန ...

အင်ဗာတာ

dc link ပါရှိသော အင်ဗာတာ စံနစ် တစ်ခုဟာ induction motor တစ်ခုရဲ့ အမြန်နှုန်းကို ထိန်းချုပ် မောင်းနှင် နိုင်ပါတယ်။ အဲဒီ အင်ဗာတာက ကိုယ်တိုင် လိုင်းထုတ် စံနစ်နဲ့ အသုံးပြုနိုင်တဲ့ ပုံစံပါ။ ဘယ်လို သဘောလဲဆိုတော့ dc power အတွင်းသို့ thyristor gates များက ထပ်ကာတလဲလဲ အဖွင့် အပိတ် လုပ်ပေးခြင်းအားဖြင့် dc power မှ ac power သို့ ပြောင်းလဲ ပေး ပါတယ်။ 3 phase supply က input အနေနဲ့ rectifier သို့ ဆက်သွယ်ပြီး အင်ဗာတာမှ အထွက် output က မော်တာ သို့ ဆက်သွယ်ပေး ပါတယ်။ အသုံးပြုကြတဲ့ ပုံစံနှစ်မျိုးက ၂.constant-voltage dc link တို့ပဲဖြစ်ပါသည်။ ၁. constant-current dc link အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှာ constant curre ...

အမ်မီတာ

အမ်မီတာ ဆိုသည်မှာ လျှပ်စီးပတ်လမ်း အတွင်းရှိ လျှပ်စီးကြောင်း ကိုတိုင်းတာရန် အသုံးပြုသော တိုင်းတာရေးပစ္စည်း တစ်ခုဖြစ်သည်။ လျှပ်စီးကြောင်းများကို အမ်ပီယာ ဖြင့်တိုင်းတာသည်။ အလွန်နည်းသော လျှပ်စီးကြောင်းများကို မီလီအမ်ပီယာ သို့မဟုတ် မိုက်ခရိုအမ်ပီယာ ဖြင့်တိုင်းတာနိုင်သည်။ အစောဆုံး ပုံစံမှာ DArsonval galvanometer သို့ ရွေ့လျားနေသောကွိုင်နှင့် လုပ်ထားသော အမ်မီတာ ဖြစ်သည်။ သံလိုက်နည်းဖြင့် ရွှေ့ပစ်ခြင်းကိုအသုံးပြုသည်။ ကွိုင်ကို ဖြတ်စီးသွားသော လျှပ်စီးကြောင်းသည် ထိုကွိုင်ကိုသံလိုက်စက်ကွင်း အတွင်း၌ ရွေ့လျားစေသည်။ အမ်မီတာ အတွင်းရှိ လျှပ်ခံ resistance ကို အနည်းဆုံးဖြစ်နေစေရန် ကွိုင်ရှိ ဗို့ drop ကို အနည ...

အိုင်စီပတ်လမ်း

ယခု‌ခေတ်သည် မိုက်ခရို အီလက်ထရွန်းနစ်‌ခေတ် ဖြစ်သည်။ မိုက်ခရိုအီလက် ထရွန်းနစ် ဆိုသည်မှာ မိုနိုလစ်သစ် အင်တီဂရိတ်တက် ဆာကစ်များ ၊ အလွှာထူ ဟိုက်ဗရစ် ဆာကစ်များ နှင့် အလွှာပါး ဟိုက်ဗရစ် ဆာကစ်မျာ; များ၏ ဒီဇိုင်းဆွဲခြင်း၊ တည်‌ဆောက်ခြင်းနှင့် အသုံးပြုခြင်းတို့နှင့် သက်ဆိုင်‌သော ဘာသာရပ်ကို ‌ခေါ်သည်။ မိုက်ခရိုအီလက်ထရွန်းနစ် ဘာသာရပ်သည် တစ်ဟုန်ထိုး တိုးတက်လျက် ရှိ‌နေသည်အမျှ အင်တီဂရိတ် တက်ဆာကစ် များ၏ အရွယ်အစားသည် ‌သေးငယ်လာပြီး စရိတ်လည်း သက်သာလာသည်။ အင်တီဂရိတ် တက်ဆာကစ်များ တိုးတက် ‌ကောင်းမွန်လာ‌စေရန် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ‌သေးငယ် နိုင်သမျှ ‌သေးငယ်‌အောင် ပြုလုပ်ရန် လိုအပ်သည်။ ဆီလီကွန် ချစ် chipတစ် ...

အော်ပရေရှင်နယ် အင်ပလီဖိုင်ယာ

အစပိုင်းတွင် အော်ပရေရှင်နယ် အင်ပလီဖိုင်ယာများကို ပေါင်းခြင်း၊နှုတ်ခြင်း၊ အင်တီဂရေးရှင်း၊ ဒစ်ဖရန်ရှေးရှင်း အစရှိသော သင်္ချာဆိုင်ရာ တွက်ချက်ခြင်းများအတွက် သုံးရန် ရည်ရွယ်ခဲ့သော်ကြောင့် အော်ပရေရှင်နယ် ဟုခေါ်ခဲ့ကြသည်။ အစောပိုင်း အော်ပရေရှင်နယ် အင်ပလီဖိုင်ယာများကို Vacuum Tube များနှင့် ပြုလုပ်ခဲ့ကြပြီး အားပြင်းသောဗို့ဒ်အားများနှင့် အလုပ်လုပ်ကြသည်။ ယနေ့ခေတ်တွင် op-amp များသည် linear integrated circuits ဖြစ်ကြပြီး ဒီစီဗိုဒ်အားတွင်အလုပ်လုပ်လာကြပြီး ပိုမိုသင့်လျော်လာကာ ဈေးချိုလာကြသည်။ အော်ပရေရှင်နယ် အင်ပလီဖိုင်ယာများop-ampသည် အန်နာလော့ ကွန်ပြူတာများ၏ အစဖြစ်ကြသည်။

                                     

ဆိုလာဆဲလ်

ဆိုလာဆဲလ်ဆိုသည်မှာ ဆောလစ်စတိတ် အီလက်ထရွန်းနစ် ကိရိယာ တစ်မျိုးဖြစ်ပြီး အလင်းရောင်စွမ်းအင်ကို လျှပ်စစ်ဓာတ်အား အဖြစ် ပြောင်းလဲပေးသော ပစ္စည်းတစ်မျိုး ဖြစ်သည်။ ဆိုလာဆဲလ်များကို စုစည်း၍ နေရောင်ခြည်မှ စွမ်းအင်ကို ရယူနိုင်ရန် တွဲဆက်ထားသော ဆိုလာဆဲလ် အစုအဝေးကို ဆိုလာပြား သို့မဟုတ် ဆိုလာ ပန်နယ် ဟု ခေါ်ကြသည်။ ထိုသို့သော ဆိုလာပြားများမှ ရရှိလာသော စွမ်းအင်ကို ဆိုလာစွမ်းအင် သို့မဟုတ် နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင်ဟု ခေါ်ကြသည်။

                                     

ဒီဂျစ်တယ်စနစ်

ဒီဂျစ်တယ်စနစ် ဆိုသည်မှာ ပြတ်သားသောအရေအတွက်ရှိသည့် ဂဏန်းများကို အသုံးပြု၍ Input, Processing သိုလှောင်သိမ်းဆည်းမှု နှင့် ထုတ်လွှင့်မှု သတင်းအချက်အလက်များကို ဖော်ပြသောစနစ်ဖြစ်သည်။ နှိုင်းယှဉ်၍ ကြည့်မည်ဆိုလျှင် ဒီဂျစ်တယ်မဟုတ်သောစနစ်များ သည်တစ်ဆက်တည်းရှိသော ဂဏန်းများကို အသုံးပြု၍ သတင်းအချက်အလက်များကို ဖော်ပြကြသည်။