ⓘ ဆက်သွယ်ရေး

ဆက်သွယ်ရေးစနစ်

ဆက်သွယ်ရေးစနစ် ဆိုသည်မှာ အချက်ပြလှိုင်း များကို အကွာအဝေးတစ်ခုအတွင်း ဆက်သွယ်ရန် ထုတ်လွှင့်ခြင်းဖြစ်သည်။ ယနေ့ခေတ်အခါတွင် ထိုလုပ်ဆောင်မှုတွင် လျှပ်စစ်သံလိုက်လှိုင်း များကို ထုတ်လွှင့်စက် မှ ထုတ်လွှင့်ခြင်း အမြဲလိုပင် ပါဝင်လေ့ရှိသော်လည်း ရှေးအခါက မီးခိုးအချက်ပြမှု၊ ဗုံဖြင့်အချက်ပြမှု၊ ပုံသဏ္ဌာန်ဖြင့်အချက်ပြမှု စသည်တို့ ပါဝင်လေ့ရှိသည်။ ယနေ့အခါတွင် ဆက်သွယ်ရေးစနစ်သည် အလွန်ကျယ်ပြန့်ပြီး ထိုစနစ်ကို ကူညီပံ့ပိုးပေးသော တယ်လီဗေးရှင်း၊ ရေဒီယိုနှင့် တယ်လီဖုန်းများကို နေရာတကာတွင် တွေ့နိုင်သည်။ ထို ကိရိယာများကို အချင်းချင်း ဆက်သွယ်ပေးသော ကွန်ယက်များသည် ကျယ်ပြန့်စွာတည်ရှိကြပြီး ကွန်ပျူတာကွန်ယက်၊ အများသုံးတယ ...

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ဆက်သွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနသည် နိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆ တိုးတက်မြင့်မားလာစေရန် တယ်လီဖုန်းတိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို နှစ်စဉ်စီမံကိန်းများ ချမှတ်လျက် ပြည်နယ်နှင့် တိုင်းဒေသကြီး ...

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

မြန်မာ့ဆက်သွယ်​ရေးလုပ်ငန်း သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မှာ ယခင်က ​ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၃ခုကိုပူး​​ပေါင်းကာဖွဲ့စည်းထား​သော ဝန်ကြီးဌာန ဖြစ်သည်။

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်​အောက်ရှိ သင်တန်း​ကျောင်းတစ်ခုဖြစ်သည်။

ကြိုးမဲ့ဆက်သွယ်ရေး

ကြိုးမဲ့ဆက်သွယ်ရေးစနစ် ဆိုသည်မှာ အကွာအဝေး တစ်ခုအတွင်း လျှပ်ကူးပစ္စည်း သို့မဟုတ် ဝိုင်ယာကြိုးကို အသုံးမပြုဘဲ သတင်းအချက်အလက်များကို ကူးပြောင်းပေးပို့ခြင်းဖြစ်သည်။ ဆက်သွယ်မှု ပြုလုပ်သည့် အကွာအဝေးမှာ နီးကပ်သောအကွာအဝေး သို့မဟုတ် အလွန်ဝေးကွာသော အကွာအဝေး ဖြစ်နိုင်သည်။ ကြိုးမဲ့ဆက်သွယ်ရေးစနစ်သည် ဆက်သွယ်ရေးဘာသာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ကြိုးမဲ့ဆက်သွယ်ရေး စနစ်တွင် နေရာတကျ တပ်ဆင်ထားသောစနစ်များ၊ ရွှေ့ပြောင်းနိုင်သောစနစ်များ၊ အလွယ်တကူသယ်ယူနိုင်သောစနစ်များ၊ နှစ်လမ်းသွားရေဒီယို two-ways Radio ၊ ဆယ်လူလာတယ်လီဖုန်း၊ တစ်ကိုယ်ရေသုံး ဒစ်ဂျစ်တယ်အကူအညီပေးကိရိယာ သို့ ပီဒီအေ PDA နှင့် ကြိုးမဲ့ကွန်ယက်တည်ဆောက်ခြင် ...

မိုက်ခရိုဝေဖ့် ဆက်သွယ်ရေး

မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေး သည် လှိုင်းအလျား ၃၀ စင်တီမီတာမှ ၁ စင်တီမီတာ အကြားရှိ ရေဒီယိုလှိုင်းကို အသုံးပြုကာ အချက်အလက်များကို လွှင့်ထုတ် ဆက်သွယ်သည့် နည်းပညာတစ်ရပ် ဖြစ်သည်။ ယင်းလှိုင်းနှုန်းမှာ 1.0 GHz မှ 30 GHz အကြားတွင် ရှိသည်။ မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေးကို ကမ္ဘာ့မျက်နှာပြင်အပေါ်ရှိ ဆက်သွယ်ရေးများ၊ ဂြိုဟ်တု ဆက်သွယ်ရေးများနှင့် ပင်လယ်နက်အတွင်း ဆက်သွယ်ရေးများတွင် အသုံးများသည်။ အခြားအပိုင်းရှိ ရေဒီယိုလှိုင်းခွင်များကိုမူ ရေဒါစနစ်၊ ရေဒီယို လမ်းပြစနစ်၊ အာရုံခံစနစ်နှင့် အာကာသ လေ့လာရေးများတွင် အသုံးပြုကြသည်။

အချက်ပြ ဆက်သွယ်ရေး

ယခုအခါတွင် ထောင်ပေါင်းများစွာ ဝေးကွာသော အရပ်၌ ဖြစ်ပွားသည့် အခြင်းအရာတစ်ခုကို နာရီပိုင်းအတွင်း၌ သိနိုင်ကြပေပြီ။ အဘယ်ကြောင့်ဆိုသော် ရေဒီယို ကြေးနန်း စသည် တို့သည် ထိုသတင်းများကို ဆောင်ကြဉ်းပေးကြသောကြောင့် ဖြစ်၏။ ထိုရေဒီယို ကြေးနန်းစသည် တို့ မပေါ်ပေါက်သေးမီကာလက မည်သို့ သတင်းများ ပေးပို့ကြ၍ တစ်မြို့နှင့်တစ်မြို့ တစ်ရွာနှင့်တစ်ရွာ မည်သို့ ဆက်သွယ် ကြသည်ကို သိလိုကြပေလိမ့်မည်။ ထိုအဆက်အသွယ်များ ပြုလုပ်ရန်မှာ အတော်ပင် ခက်ခဲသော ပြဿနာတစ်ရပ် ဖြစ်ခဲ့လေသည်။ သို့ရာတွင် လိုလျှင်ကြံဆ နည်းလမ်းရ ဆိုသကဲ့သို့ သူ့ခေတ်နှင့်သူ အလိုက် အထိုက် ဆီလျော်အောင် အဆက်အသွယ်များ ပြုလုပ်လာကြလေသည်။ ရှေးအခါက ခရီးသည်များ အချက် ပေး ...

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၄ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ အောက်ဖော်ပြပါ ဥပဒေမူသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁ အရ ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၄ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြဌာန်းထားသော ဥပဒေဖြစ်သည်။

ချန်နယ် ဝင်ရောက်သုံးစွဲသည့် နည်းလမ်းများ

တယ်လီဖုန်းဆက်သွယ်ရေး နှင့် ကွန်ပျူတာ ကွန်ယက်များ တွင် ချန်နယ်ကို ဝင်ရောက်သုံးစွဲသည့် နည်းလမ်း သည် တာမင်နယ်များကို ကြားခံနယ် တစ်ခုတွင် အတူတူ ချိတ်ဆက်ထားပါက တပြိုင်နက်တည်း ဒေတာများ လွှင့်ထုတ်ရန်နှင့် capacity ကို မျှဝေသုံးစွဲရန် ခွင့်ပြုသည်။ ဥပမာ အားဖြင့် ပြရလျှင် ကြိုးမဲ့ ကွန်ယက်များ၊ ဘတ်စ် ကွန်ယက်များ၊ ဝိုင်းပတ် ကွန်ယက်များ ၊ ဆုံချက် ကွန်ယက်များ နှင့် တစ်လမ်းသွား ဆုံမှတ်တစ်ခုမှ တစ်ခု ချိတ်ဆက်ထားသော လမ်းကြောင်းများ တို့ ဖြစ်ကြသည်။ ချန်နယ် ဝင်ရောက်သုံးစွဲသည့် နည်းလမ်းများသည် ပေါင်းစပ်မျှဝေခြင်း Multiplexing method ပေါ်တွင် အခြေခံထားသည်။ ထိုနည်းစနစ်မှာ ဒေတာလမ်းကြောင်းများ သို့မဟုတ် အချက်ပြလှိ ...

တယ်လီနော

တယ်လီနော ကုမ္ပဏီအုပ်စုသည် နော်ဝေနိုင်ငံအခြေစိုက် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး နော်ဝေးနိုင်ငံ အော့စလိုမြို့ အနီးရှိ ဖေါ်နဲဘို မြို့တွင် တည်ရှိပါသည်။ ဥရောပမြောက်ပိုင်းဒေသများ၊ ဥရောပအရှေ့ပိုင်းဒေသများ နှင့် အာရှဒေသများတွင် ဈေးကွက်ဖြန့်ကျက်နေရာယူထားပြီး ကမ္ဘာအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ တယ်လီနောကုမ္ပဏီအုပ်စုသည် ဆက်သွယ်ရေးလုပ်ငန်းများအပြင် နက်ဝက်ထုတ်လွင့်မှု နှင့် ရုပ်သံထုတ်လွင့်ခြင်းတို့အပြင် ဆယ်နှစ်ကြာ ဆောင်ရွက်နေသော စက် မှ စက်သို့ ချိတ်ဆက်ခြင်းနည်းပညာ အတွက် စီးပွားရေးဈေးကွက်နှင့် သုတေသနများကို လုပ်ဆောင်လျှက်ရှိပါသည်။ တယ်လီနောအုပ်စုသည် နိုင်ငံပေါင်း ၁၃ ...

ဖစ်တာ (ဆစ်ဂနယ်)

ဖစ်တာ ဆိုသည်မှာ ဆစ်ဂနယ်နှင့် ပတ်သက်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဆစ်ဂနယ်အတွင်းရှိ မလိုအပ်သော အစိတ်အပိုင်း ကို ဖယ်ထုတ်ရန် အတွက် အသုံးပြုသော ကိရိယာ သို့မဟုတ် လုပ်ဆောင်ချက် ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဖစ်တာဖြင့် ဖယ်ထုတ်ခြင်းသည် ဆစ်ဂနယ်နှင့် ပတ်သက်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း၏ တစိတ်တဒေသဖြစ်သည်။ ဖစ်တာသည် ဆစ်ဂနယ်၏ အချို့သော အစိတ်အပိုင်းများကို တပိုင်းတစ သို့မဟုတ် လုံးဝ ဖယ်ထုတ်ပစ်လေ့ ရှိသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အချို့သော ကြိမ်နှုန်းတို့ကို ဖယ်ရှားပစ်ပြီး အချို့ကြိမ်နှုန်းတို့ကိုမူ မူလအတိုင်း ချန်လှပ်ထားခဲ့လေ့ ရှိသည်။ ဆစ်ဂနယ်အတွင်း အနှောင့်အယှက်ပေးနေသော ဆစ်ဂနယ်များနှင့် နေ ...

မီးတံတိုင်း (တွက်ချက်ခြင်း)

ဦးဘွန်းတု Ubuntu ပေါ်ရှိ လုံခြုံရေးစနစ်တစ်ခုအတွက် ကွန်ပျူတာနှင့် ၎င်း၏ ဆောင်ရွက်မှုများကို အသုံးပြုသူတစ်ဦး၏ ဥပမာ-မီးတံတိုင်းတစ်ခုသည် ကွန်ပျူတာတစ်ခုသို့မဟုတ် ကွန်ယက်တစ်ခုအတွင်းသို့ တရားဝင် ဆက်သွယ်ရေး ခွင့်ပြုထားချိန်တွင် တရားမဝင် ဝင်ရောက်ခြင်းမှပိတ်ပင်သည့် လုံခြုံရေးစနစ် တစ်ခုဖြစ်သည်။ ၎င်းသည် ကိရိယာတစ်ခု သို့မဟုတ် အစုံလိုက်သော ကိရိယာများဖြစ်သည်။ အစုံလိုက်သော စည်းမျဉ်းများနှင့် အခြားသော စံသတ်မှတ်ချက်များအပေါ်တွင်အခြေခံပြီး ကွန်ယက်ထုတ်လွှင့်ခြင်းများကို ခွင့်ပြုခြင်းနှင့် ငြင်းဆိုခြင်းတို့ကို ပုံဖော်သည်။ မီးတံတိုင်းသည် ဟတ်ဝဲတွင်လည်းကောင်း သို့မဟုတ် ဆော့ဝဲလ်တွင်လည်းကောင်း သို့မဟုတ် နှစ်မျိုးစလ ...

မော်ဒျူလေးရှင်း

မော်ဒျူလေးရှင်း ဆိုသည်မှာ ဆက်သွယ်ရေးစနစ်တွင် သုံးစွဲသော ကြိမ်နှုန်းမြင့်လှိုင်းများ၏ ပုံသဏ္ဌာန်ကို ပြောင်းလဲပေးခြင်းကို ခေါ်သည်။ ဥပမာအားဖြင့် တယ်လီဖုန်း ဆက်သွယ်ရေးတွင် စကားပြောသံများကို ပြောဆိုသူဖက် အခြမ်းမှ နားထောင်သူဖက် အခြမ်းသို့ ထုတ်လွှင့်ရန် အတွက် စကားပြောရာမှ ထွက်ပေါ်လာသည့် ကြိမ်နှုန်း များကို အသံလွှင့်မည့် ကြိမ်နှုန်း နှင့် ပေါင်းစပ် ပေးရသည်။ ထိုသို့ ပေါင်းစပ်ပေးခြင်းကို မော်ဒျူလေးရှင်း ပြုလုပ်သည်ဟု ခေါ်သည်။ အခြားတစ်ဖက်မှ ထိုလှိုင်းကို ဖမ်းယူ ရရှိသည့် အခါတွင် စကားပြောသံကို အသံလွှင့်သည့် ကြိမ်နှုန်းမှ ပြန်လည် ခွဲထုတ် ရယူရသည်။ ၎င်းကို ဒီမော်ဒျူလေးရှင်း ဟု ခေါ်သည်။ အင်နာလော့ နည်းစနစ်ဖြ ...

သတင်းအချက်အလက် သီအိုရီ

သတင်းအချက်အလက် သီအိုရီ ဆိုသည်မှာ အသုံးချ သင်္ချာနှင့် လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး သတင်းအချက်အလက်များ၏ ပမာဏနှင့် ဆက်စပ် ပတ်သက်နေသည်။ သတင်းအချက်အလက် သီအိုရီကို ကလော့ဒ် အီး ရှန်နွန်က စတင်ဖော်ထုတ်ခဲ့ပြီး ဒေတာများကို ချုံ့ခြင်းနှင့် ဒေတာများကို စိတ်ချယုံကြည်စွာ သိမ်းဆည်းခြင်း၊ ဆက်သွယ်ခြင်း အစရှိသည့် ဆစ်ဂနယ်များကို ကိုင်တွယ်ဖြေရှင်းခြင်း လုပ်ငန်းများတွင် အခြေခံ အကန့်အသတ်ကို သိရှိနိုင်ရန် အတွက် ဖြစ်သည်။ ထို သီအိုရီကို စတင်ဖော်ထုတ်သည့် အချိန်မှ အစပြု၍ အခြားသော နယ်ပယ်များတွင်လည်း အသုံးချလာကြသည်။

အက်စထရစ်

အက်စထရစ် ဆိုသည်မှာ ပီဘီအိတ်စ် ခေါ် ပုဂ္ဂလိက တယ်လီဖုန်း အိတ်ချိန်း အဖြစ် အသုံးပြုနိုင်ရန် အတွက် ရေးသားထားသော ကွန်ပျူတာ ဆော့ဖ်ဝဲလ် တစ်ခုြဖစ်သည်။ ဒီဂျီယမ် ဆက်သွယ်ရေး ကုမ္ပဏီမှ မာ့ခ်စပင်ဆာက ၁၉၉၉ ခုနှစ်တွင် စတင်ရေးသားခဲ့သည်။ အခြားသော ပီဘီအိတ်စ်များ ကဲ့သို့ပင် ၎င်းနှင့် တွဲဆက်ထားသော တယ်လီဖုန်းများ အချင်းချင်း ခေါ်ဆိုနိုင်ြခင်း၊ အများသုံး တယ်လီဖုန်း ကွန်ယက်သို့ ချိတ်ဆက်နိုင်ြခင်း နှင့် ဗွီအိုအိုင်ပီ ဝန်ဆောင်မှုများ ရရှိနိုင်ြခင်း စသည်တို့ကို လုပ်ဆောင်နိုင်သည်။ ၎င်း၏ အမည်သည်" *” သင်္ကေတမှ တဆင့် ပြောင်းလဲလာခြင်း ြဖစ်သည်။

အချက်အလက်များ လွှင့်ထုတ်ခြင်း

အချက်အလက်များကို လွှင့်ထုတ်ခြင်း သို့မဟုတ် ဒစ်ဂျစ်တယ် နည်လမ်းသုံး၍ လွှင့်ထုတ်ခြင်း သို့မဟုတ် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး ဆိုသည်မှာ အချက်အလက် ကို တစ်နေရာမှ တစ်နေရာသို့ သို့မဟုတ် တစ်နေရာမှ နေရာအများသို့ လွှင့်ထုတ်ပေးနိုင်သော ကြားခံနယ်များ တလျှောက် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းအားဖြင့် ပြောင်းလဲပို့ဆောင်ပေးခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုကြားခံနယ်များတွင် ကြေးနီဝိုင်ယာကြိုးများ၊ အလင်းလှိုင်းသုံး ဖိုင်ဘာ ဓာတ်ကြိုးများ၊ ကြိုးမဲ့ ကြားခံနယ်များနှင့် သိုလှောင်သိမ်းဆည်း၍ ရသော ကြားခံနယ်များ ပါဝင်သည်။ အချက်အလက်များကို များသောအားဖြင့် လျှပ်စစ် ဗို့အားသုံး အချက်ပြလှိုင်း၊ ရေဒီယိုလှိုင်း၊ မိုက်ခရိုဝေ့ဖ်လှိုင်း ...

အချိန်ပိုင်းခြား၍ အများမှ ရယူအသုံးပြုခြင်း

အချိန်ပိုင်းခြား၍ အများမှ ရယူအသုံးပြုခြင်း သည် ချန်နယ် ဝင်ရောက်သုံးစွဲသည့် နည်းလမ်းတစ်ခုဖြစ်ပြီး ကြားခံနယ်ကို မျှဝေသုံးစွဲသည့် ကွန်ယက်များတွင် အသုံးပြုကြသည်။ ထိုနည်းလမ်းကို သုံးစွဲခြင်းဖြင့် အသုံးပြုသူ အချို့အနေနှင့် တူညီသော ကြိမ်နှုန်းရှိသည့် လေလှိုင်းကို အချိန်အပိုင်းအခြားများ ပိုင်းခြားခြင်းဖြင့် မျှဝေနိုင်သည်။ အသုံးပြုသူများအနေနှင့် အလျှင်အမြန် တစ်ယောက်ပြီးတစ်ယောက် မိမိတို့ ကိုယ်ပိုင် အချိန်အပိုင်းအခြားအတွင်း အလျှင်အမြန် ထုတ်လွှင့်ကြသည်။ ထို့ကြောင့် ထုတ်လွှင့်သော ကိရိယာ အများအပြား အနေနှင့် ထုတ်လွှင့်သည့် ကြားခံ ကို မျှဝေနိုင်ပြီး တကြိမ်တည်းတွင် လေလှိုင်း၏ အများဆုံး လွှင့်ထုတ်နိုင်သည့် ...

အင်တာနက်ရေဒီယို

လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အာရှတိုက်ရဲ့ မီဒီယာ နည်းပညာတိုးတက်မှုကို ရုပ်မြင်သံကြားက အစပြုလို့သိရှိခဲ့ပြီးဖြစ်ပါတယ်။ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ဌါနများနဲ့ဝေးကွာ လွန်းလှတဲ့ ရုပ်မြင်သံကြားဖမ်းယူမရရှိနိုင်တဲ့ နေရာဒေသများမှာ ဂြိုဟ်တုရုပ်မြင်သံကြားကနေ ရုပ်ပုံများကိုဖမ်းယူကြည့်ရှုနိုင်ကြပါပြီ။ ဝေးလံခေါင်သီလှတဲ့နေရာဒေသမှာနေထိုင်နေတဲ့ ရုပ်မြင်သံကြား ပရိသတ်တို့အတွက် အလွန်ကျေးဇူးများလှတဲ့ နည်းပညာ တိုးတက်မှု တစ်ခုပဲဖြစ် ပါတယ်။ အရင်အချိန်တွေက လူကြိုက်များခဲ့တဲ့ ရေဒီယို ရဲ့ နေရာမှာ ရုပ်မြင်သံကြားက လွှမ်းမိုး နေရာ ယူလာပါပြီ။ ဒါပေမယ့် လည်း အာရှတိုက်ရဲ့ နေရာဒေသအတော်များများမှာ ရေဒီယိုဟာ သောတရှင် ပရိသတ်များ ...

                                     

ကိရိယာနှင့်ဆက်သွယ်ရေးဌာနခွဲ

ကိရိယာနှင့်ဆက်သွယ်ရေးဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ ကိရိယာနှင့်ဆက်သွယ်ရေးဌာနခွဲသည် မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာနရှိ လက်အောက်ခံ ဌာနခွဲ၊ ဌာနစု၊ စခန်းရုံးများတွင် တပ်ဆင်ထားရှိသည့် တိုင်းတာရေးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ တိုင်းတာရေးကိရိယာအသစ်များ တပ်ဆင်ပေးခြင်း၊ လုပ်ငန်းဆိုင်ရာ အချက်အလက်များ ပြည်တွင်း/ပြည်ပ ပေးပို့/လက်ခံသည့် ဆက်သွယ်ရေးစနစ် ကောင်းမွန်အောင်ဆောင်ရွက်ပေးခြင်း တို့ကို လုပ်ဆောင်ပေးရပါသည်။

                                     

ဒဗလျူ စီဒီအမ်အေ

ဒဗလျူ စီဒီအမ်အေ ဆိုသည်မှာ ၃ဂျီ မိုဘိုင်းဆက်သွယ်ရေးချိတ်ဆက်မှုတွင် တွေ့ရှိရသော ရေဒီယိုဆက်သွယ်ရေးနည်းပညာတစ်ခုဖြစ်ပါသည်။ ဂျပန် အန်တီတီ ဒိုကိုမို ဖိုမာ ဝန်ဆောင်မှု အခြေခံဖြစ်ပြီး ယူနီဗာဆယ်မိုဘိုင်းဆက်သွယ်ရေးစနစ် အဓိကအသုံးပြုသော အဖွဲ့ဝင်ဖြစ်သည်။ တခါတရံတွင် ဒဗလျူ ဒီအမ်အေကို ယူအမ်တီအက်စ်၏ ကိုယ်စား အသုံးပြုသည်။

                                     

ဗွီအိုအိုင်ပီ

ဗွီအိုအိုင်ပီ ဆိုသည်မှာ ကွန်ပျူတာ ကွန်ယက်ကို အသုံးပြု၍ အသံကို ပို့လွှတ်သော ပရိုတိုကောလ် တစ်ခုဖြစ်ပြီး ယနေ့ခေတ် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်တွင် ကျယ်ပြန့်စွာ အသုံးပြုလေ့ ရှိကြသည်။

                                     

မော့၏ အချက်ပြသင်္ကေတ

မော့စ် အချက်ပြသင်္ကေတ မော့စ် ကုဒ်ဆိုသည်မှာ ၁၉ရာစုနှင့် ၂၀ရာစု ကာလများအတွင်း ဆက်သွယ်ရေးတွင် အရေးပါသည့် ဆက်သွယ်ရေး သင်္ကေတမျိုးဖြစ်သည်။

                                     

ဝယ်လ်ကွန်

ဝယ်လ်ကွန် ကုမ္ပဏီသည် ထိုင်းနိုင်ငံရှိ မိုလ်ဘိုင်းဖုန်းနှင့် စမတ်ဖုန်းများ ပြုလုပ်သည့် နယူးတယ် ကော်ပိုးရေးရှင်းမှ ထုတ်လုပ်သော စမတ်ဖုန်းအမျိုးအစားတစ်မျိုးဖြစ်သည်။ ၎င်းကုမ္ပဏီကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တည်ထောင်ထားသည်။ ယခုအခါ ထိုင်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံများသို့ ဈေးကွက် ချဲ့ထွင်နေသည်။ ၎င်းစမတ်ဖုန်းသည် အန်ဒရွိုင့် စနစ်ပေါ်တွင် အချေပြုပြီး တိုးတက်လာသောခဲ့သော ဆော့ဝဲအမျိုးအစားကို အသုံးပြုထားသည်။

                                     

အိုအက်ဖ်ဒီအမ်

အိုအက်ဖ်ဒီအမ် ဆိုသည်မှာ ဒစ်ဂျစ်တယ် ဆက်သွယ်ရေးနည်းပညာတွင် အသုံးပြုသော မော်ဒျူလေးရှင်း နည်းစနစ် တစ်မျိုးဖြစ်သည်။ ဘရော့ဒ်ဘန်း အင်တာနက် ဆက်သွယ်ရေးတွင် အိုအက်ဖ်ဒီအမ် မော်ဒျူလေးရှင်း နည်းစနစ်ကို အသုံးပြုလေ့ ရှိကြသည်။