ⓘ ရူပဗေဒ

ရူပဗေဒ

ရူပဗေဒ ၏ အင်္ဂလိပ်စကားလုံး Physics သည် ရှေးဟောင်းဂရိ: φυσική phusikḗ "သဘာဝဆိုင်ရာ အသိပညာ" နှင့် φύσις phúsis "သဘာဝ" တို့မှ ဆင်းသက်လာသည်။ ရူပဗေဒသည် သဘာဝတရား၏ သိပ္ပံပညာ ဖြစ်ပြီး စကြဝဠာ၏ အခြေခံပစ္စည်းများအကြောင်း၊ ၎င်းတို့၏ တစ်ခုပေါ်တစ်ခု အားသက်ရောက်မှုနှင့် အပြန်အလှန်ဆက်နွယ်နေမှု ၎င်းတို့မှရလာသော အဆုံးသတ်ဖြစ်ပေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းသော ဘာသာရပ်ဖြစ်သည်။ ရူပဗေဒ Physics သည် ဒြပ်ဝတ္တုများ နှင့် လှုပ်ရှားမှုများကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ရူပဗေဒသည် နေရာ နှင့် အချိန်ကိုလည်း လေ့လာသည်။ ရူပဗေဒသည် စွမ်းအင်၊ အား၊ ဝတ္တု နှင့် လျှပ်စစ်ဓာတ် ကို အသုံးပြုသည်။ ခြုံငုံပြောရလျှင် ရူပဗေဒသည် သဘာဝကို လေ့ ...

ခေတ်သစ် ရူပဗေဒ

ခေတ်သစ် ရူပဗေဒ ဟူသည်မှာ နယူတန်ခေတ်၏ ရူပဗေဒအတွေးအခေါ်များပင်ဖြစ်သည်။ ကွမ်တမ်မက္ကင်းနစ်နှင့် နှိုင်းရသီအိုရီတို့ကို ပေါင်းစပ်၍ ရှေးရိုးစွဲ ရူပဗေဒ၏ အားနည်းချက်များကို ဖာထေးပေးသည့် ရူပဗေဒ ဘာသာရပ်ခွဲတစ်ခုဟုဆိုနိုင်သည်။ ယေဘုယျအားဖြင့် ၂၀ ရာစုအစောပိုင်းနှင့် ယင်းနောက်ပိုင်းတွင် လွှမ်းမိုးခဲ့သော ရူပဗေဒ အတွေးအခေါ်များကို ခေတ်သစ်ရူပဗေဒဟု ညွန်းဆိုသည်။ သေးငယ်သော အရှိန်များနှင့် ကြီးမားသောအကွာအဝေးများသည် သာမန်အားဖြင့် ရှေးရိုးစွဲရူပဗေဒ၏ နယ်ပယ်ဖြစ်သည်။ သို့သော် ခေတ်သစ်ရူပဗေဒတွင်မူ အက်တမ်အောက်သေးငယ်သော ကွမ်တမ်အကျိုးသက်ရောက်မှုများ၊ အလင်းအလျင်နီးပါး ရွေ့လျားသည့်အမှုန်များ စသည်ဖြင့် ပါဝင်လာသည်။

နယူးကလိယား ရူပဗေဒ

နယူးကလိယား ရူပဗေဒ သည် အက်တော့မစ် နယူကလိယနှင့် ယင်းတို့၏ ပါဝင်ပစ္စည်း၊ အပြန်အလှန်သက်ရောက်မှုများကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ နယူးကလိယား ရူပဗေဒကို အက်တောမစ် ရူပဗေဒနှင့် မရောထွေးသင့်ပေ။ ယင်းကား အက်တမ်တစ်ခုလုံးနှင့် အီလက်ထရွန်များကို လေ့လာသည်။ နယူးကလိယား ရူပဗေဒ၏ လူသိအများဆုံး လုပ်ငန်းသုံးများမှာ နယူးကလိယားစွမ်းအား ထုတ်လုပ်ရေး၊ နယူးကလိယား ဆေးဘက်သုံး၊ နယူးကလိယား လက်နက်၊ ပထဝီဝင်ဘာသာရှိ ရေဒီယိုကာဗွန် ရက်စွဲလိုက်ရှာမှုတို့ဖြစ်ကြသည်။ နယူးကလိယား ရူပဗေဒနှင့် နီးစပ်သော လုပ်ငန်းသုံးမှာ နက္ခတ္တရူပဗေဒဖြစ်ပြီး နက္ခတ္တရူပဗေဒပညာရှင်များအတွက် ကြယ်များကို လေ့လာကြသည်။

အမှုန်ရူပဗေဒ

အမှုန်ရူပဗေဒ သည် ရူပဗေဒ၏ ဘာသာရပ်အခွဲဖြစ်ပြီး ဒြပ်နှင့် ရောင်ခြည်ဖြာထွက်ခြင်းတို့ပါဝင်သော အမှုန်သဘာဝများကို လေ့လာသည်။ အမှုန်ဆိုသည်မှာ ဖုန်၊ အငွေ့စသည့် အင်မတန်သေးငယ်သော အရာများကို ညွန်းဆိုနိုင်သော်လည်း အမှုန်ရူပဗေဒသည် စစ်ဆေးစမ်းသပ်ရန် အင်မတန်သေးငယ်လွန်းသော အမှုန်များနှင့် ယင်းတို့၏ အပြုအမူများကို လေ့လာခြင်းဖြစ်သည်။ ယခုလက်ရှိ နားလည်ထားသည်မှာ အခြေခံအမှုန်များသည် ကွမ်တမ်စက်ကွင်းဖြင့် နိုးဆွနေကြသည်။ လက်ရှိ အခြေခံအမှုန်နှင့် စက်ကွင်းများကို ရှင်းပြသည့် သီအိုရီများကို စံနမူနာမော်ဒယ်ဟု ခေါ်ဆိုသည်။ ခေတ်သစ် အမှုန်ရူပဗေဒသည် ဟစ်ဒ် ဘိုဆွန်ကဲ့သို့သော အသစ်လွင်ဆုံး အမှုန်များမှသည် အဟောင်းဆုံး စက်ကွင်းအားဖြ ...

အက်တောမစ် ရူပဗေဒ

အက်တောမစ် ရူပဗေဒ သည် ရူပဗေဒပညာရပ်၏ နယ်ပယ်တစ်ခုဖြစ်ပြီး အက်တမ်၏ နျူကလိယပ်၊ အီလက်ထရွန်များကို သီးခြားလေ့လာသော ဘာသာရပ်ဖြစ်သည်။ အဓိကအားဖြင့် အက်တမ်ရှိ အီလက်ထရွန်များကို အစီစဉ်ချခြင်းနှင့် သက်ဆိုင်သည်။ အက်တောမစ် ရူပဗေဒသည် အဏုမြူစွမ်းအင်၊ အဏုမြူ လက်နက်နှင့် ဆက်နွယ်နိုင်ပြီး စံအင်္ဂလိပ်ဘာသာစကားတွင် အက်တောမစ် နှင့် နယူးကလိယား ဟူသောဝေါဟာရသည် ဆင်တူသည်။ ရူပဗေဒပညာရှင်များကမူ အက်တောမစ် ရူပဗေဒအား နယူးကလိယပ်နှင့် အီလက်ထရွန်ပါဝင်သည့် အက်တမ်အဖြစ်လည်းကောင်း၊ နယူးကလိယား ရူပဗေဒကိုမူ အက်တော့မစ် နယူးကလိယပ်တစ်ခုတည်းအဖြစ်လည်းကောင်း လေ့လာသည်ဟု ခွဲခြားကြသည်။

ဆရာခ ရူပဗေဒဆု

ဆရာခ ရူပဗေဒဆု သည် မြန်မာနိုင်ငံ၏ ပထမဆုံး ရူပဗေဒပါမောက္ခ ဖြစ်သော ပါမောက္ခ ဒေါက်တာမောင်မောင်ခကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်သောဆု ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် ၂၀ဝ၉-ခုနှစ်၊ မတ်လရက်နေ့၊ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန တွင် ပေးအပ်ခဲ့ပေသည်။ ၂၀ဝ၈-ခုနှစ်အတွက် အကောင်းဆုံး စာတမ်းအဖြစ် ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်က ရရှိခဲ့သည်။ ၂၀ဝ၈-ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ပါရဂူဘွဲ့ရသူများ၏ စာတမ်းများထဲမှ အကောင်းဆုံး စာတမ်းရှင်ကို "ဆရာခ ရူပဗေဒဆု" ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။ ၂၀ဝ၈-ခုနှစ်၏ ပါရဂူဘွဲ့ရ စာတမ်းပေါင်း ၃၀-ဝန်းကျင်ခန့်တွင် "မြန်မာနိုင်ငံ၏ မုတ်သုံရာသီဥတု ...

                                     

ရှေးရိုး ရူပဗေဒ

ရှေးရိုး ရူပဗေဒ ဆိုသည်မှာ လူအများစုလက်ခံနိုင်သော ခေတ်သစ် သီအိုရီများကို ကြိုတင်ဟောကိန်းထုတ်သည့် ရူပဗေဒဟု ညွန်းဆိုနိုင်သည်။ ခေတ်သစ် သီအိုရီများသည် ရှုပ်ထွေးပြီး မလိုလားအပ်သော အခြေနေများတွင် ရှေးရိုး ရူပဗေဒကို အသုံးပြုနေရဆဲဖြစ်သည်။ ဆိုရသော် အိုင်းစတိုင်း၏ နှိုင်းရသီအိုရီဖြင့် အာကာသအချိန် အကွေးဖြစ်နေပုံအား ကမ္ဘာသည် နေအား လှည့်ပတ်နေပုံကို ဥပမာထား၍ ပိုမိုတိကျစွာ ရှင်းပြပေးနိုင်သော်လည်း အာကာသယာဉ်များ ပစ်လွှတ်ရာ၌ နယူတန်၏ ဒြပ်ဆွဲအားနိယာမကို အသုံးပြုနေရဆဲဖြစ်သည်။

                                     

ရူပဗေဒဆိုင်ရာ နိုဘယ်ဆု

ရူပဗေဒဆိုင်ရာ နိုဘယ်ဆု သည် Royal Swedish Academy of Sciences မှ ရူပဗေဒနယ်ပယ်၌ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်သူများအား နှစ်စဉ်ပေးအပ်လေ့ရှိသည်။ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုအား ပထမဆုံး လက်ခံရရှိသူမှာ ဂျာမန် ရူပဗေဒပညာရှင် ဝီလီယံ ရိုတန်ဂျင်ဆိုသူဖြစ်သည်။ သူသည် X-ray အား ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဆုပေးအပ်ခံရခြင်းဖြစ်သည်။ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ငြိမ်းချမ်းရေး နိုဘယ်ဆု အစရှိသည်ဖြင့် အဲလ်ဖရက် နိုဘဲလ်၏ သေတမ်းစာအရ ၁၈၉၅ ခုနှစ်မှစ၍ ယနေ့တိုင်ပေးအပ်လျက်ရှိရာ ၂၀၁၅ ခုနှစ်တွင် အယောက် ၂၀၀ ရှိသွားပြီဖြစ်သည်။

                                     

အနီရောင်အရွေ့

ရူပဗေဒတွင် အလင်း သို့မဟုတ် လျှပ်စစ်သံလိုက်ဖြာထွက်မှုမှ လှိုင်းအလျား တိုးလာသောအခါ အနီရောင်ရွေ့ ဖြစ်ပွားသည်။ ယေဘုယျအားဖြင့် ပိုနီလာလျင် လှိုင်းအလျား တိုးလာခြင်းပင် ဖြစ်သည်။ အလွယ်တကူပြောရပါက အရာဝတ္ထုတို့သည် မိမိတည်နေရာနှင့် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်ရွေ့လျားနေသည်ဟု ဆိုလိုသည်။ ယနေ့ စကြာဝဠာတွင် မြင်သမျှ ဂယ်လက်ဆီ နီးပါးတိုင်းသည် အနီရောင်အရွ့ဖြင့် တစ်ခုနှင့်တစ်ခု ဝေးရာသို့ ပြေးလွှားကြလျက် ရှိချေသည်။

                                     

ထောင့်ပြောင်းအဟုန်

ထောင့်ပြောင်းအဟုန် ဆိုသည်မှာ အရာဝတ္တုတစ်ခု၏ လည်ပတ်ခြင်းဆိုင်ရာ ပမာဏအတိုင်းအတာ ဖြစ်သည်။ ၎င်းသည် ရူပဗေဒတွင် အရေးပါသော ပမာဏအတိုင်းအတာ တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၎င်းသည် တည်မြဲသော ပမာဏအတိုင်းအတာတစ်ခုဖြစ်ပြီး ပြင်ပသက်ရောက်မှု မရှိပါက စနစ်တစ်ခု၏ ထောင်ပြောင်းအဟုန်သည် အမြဲတမ်းပုံသေ ဖြစ်သည်။

                                     

ပရိုတွန်

ပရိုတွန် ပရိုတွန်သည် အနုမြူဗဟို တွင် တည်ရှိသည်။လျှပ်စစ်အဖိုဓာတ် ဆောင်သည်။ ပရိုတွန်တွင် အဖို 2/3 unit ဆောင်သော upquark နှစ်လုံးနှင့် အမ 1/3 unit ဆောင်သော downquark တစ်လုံးပါဝင်သည်။

                                     

ဖော့ဂုဏ်

ရူပဗေဒတွင် ဖော့ဂုဏ် သို့မဟုတ် upthrust သည် အရည်၏ အထက်သို့ပင့်သည့်အားဖြစ်သည်။ ဖော့ဂုဏ်သည် နစ်မြုပ်သည့် အရာဝတ္ထု၏အလေးချိန်နှင့် ဆန့်ကျင်သည်။ အရည်၏ အောက်ခြေရှိဖိအားသည် အထက်ရှိဖိအားထက် များသည်။ ထို့အတူပင် အရာဝတ္ထု၏ အောက်ခြေရှိ ဖိအားသည် အထက်ရှိ ဖိအားထက် ပိုများသည်။ ထို ဖိအားသည် အရာဝတ္ထုပေါ်သက်ရောက်သည့် အထက်သို့ပင့်အားရလဒ်ကို ခြားနားစေသည်။

                                     

အဟုန်

အဟုန် ဆိုသည်မှာ ဒြပ်ထုနှင့် အလျင်တို့၏ မြောက်လဒ်ဖြစ်သည်။ အဟုန်၏ လားရာသည် အလျှင်၏ လားရာနှင့် အတူတူဖြစ်၏ ။ p = m v {\displaystyle \mathbf {p} =m\mathbf {v} }