ⓘ ပြည်သူ့ကျန်းမာရေး

ပြည်သူ့ကျန်းမာရေး

ပြည်သူ့ကျန်းမာရေး ဆိုသည်မှာ "လူ့အဖွဲ့အစည်း၊ အသင်းအဖွဲ့များ၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်၊ လူမှုအစု နှင့် တစ်ဦးတစ်ယောက်ချင်းစီ၏ စနစ်ကျသော အားထုတ်ကြိုးပမ်းမှု နှင့် ကြိုတင်အသိပေးထားသော ရွေးချယ်မှုများ မှ တဆင့် ရောဂါများကို တားဆီးခြင်း၊ လူ့သက်တမ်းကို ရှည်စေခြင်းနှင့် ကျန်းမာရေး မြှင့်တင် ခြင်းတို့ ဖြစ်စေသည့် သိပ္ပံနှင့် ဝိဇ္ဇာပညာဖြစ်သည်။ ဤအရာသည် ပြည်သူလူထု ကျန်းမာရေး ခွဲခြမ်းစိတ်ဖြာခြင်းပေါ်တွင် အခြေခံသော လူထု၏ အလုံးစုံကျန်းမာရေးကို ခြိမ်းခြောက်မှု များ နှင့် သက်ဆိုင်သည်။ မေးခွန်းအမေးခံရမည့် လူဦးရေသည် လက်တစ်ဆုပ်စာမျှရှိသော အနည်းစု သို့မဟုတ် တိုက်ကြီးများတွင် နေထိုင်ကြသူများကဲ့သို့ အများစု ဖ ...

ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)

ပြည်သူ့ကျန်းမာရေးတက္ကသိုလ် သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပြည်သူ့ကျန်းမာရေးနှင့် သက်ဆိုင်သောတက္ကသိုလ်ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒီပလိုမာ၊ ဘွဲ့လွန်နှင့် ဒေါက်တာဘွဲ့များအတွက် ဖွင့်လှစ်သင်ကြားပေးနေသည်။ ဤတက္ကသိုလ်တွင် ဆရာဝန်များ၊ သွားဆရာဝန်များ ၊ သူနာပြုများ ၊ ကျန်းမာရေးဝန်ထမ်းများ စသည့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ အောင်မြင်ပြီးစီးထားသူများ တက်ရောက်သင်ကြားခွင့်ရှိသည်။ သင်တန်းတက်ရောက်ရန်အတွက် အစိုးရဝန်ထမ်း ဆရာဝန်များ လျှောက်ထားခွင့်ရှိသည်။ ဤတက္ကသိုလ်သည် မြန်မာ့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင် ရှိသည်။ ဤတက္ကသိုလ်သည် South-East Asia Public Health Education Institution Networ ...

ကျန်းမာရေးတက္ကသိုလ်

အခြေခံကျန်းမာရေးတက္ကသိုလ် သည် မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် တစ်ခုဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ရှိသည်။ တက္ကသိုလ် သည် အခြေခံကျန်းမာရေးဘွဲ့ကို လေးနှစ် တက်ရောက်သင်ကြားစေပြီး နောက်တစ်နှစ်တွင် မဟာဘွဲ့ကို ပေးအပ်သည်။ တက်ရောက်သင်ကြားသော ကျောင်းသားများသည် ပြည်သူ့ကျန်းမာရေးအကြောင်းကို သင်ကြားရပြီး ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီသော ကျေးလက်ပြည်သူများအတွက် ဆေးကုသမှုများပါ သင်ကြားပေးသည်။ ပုံမှန်အားဖြင့် ဘွဲ့ရသူများသည် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဌာန အောက်တွင် ကျန်းမာရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြရသည်။ သူတို့သည် ကျန် ...

ကျန်းမာရေး ဝန်ကြီးဌာန

ကျန်းမာရေး ဝန်ကြီးဌာန သည် မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်သည့် ဝန်ကြီးဌာန ဖြစ်သည်။ သမ္မတဦးထင်ကျော် အစိုးရလက်ထက်တွင် ကျန်းမာရေး ဝန်ကြီးဌာနှင့် အားကစား ဝန်ကြီးဌာန နှစ်ခုကို ပေါင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန သည် ၂၀၁၆ ခုနှစ် မေလ ၂၅ ရက် သမ္မတဦးထင်ကျော် အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သည့် မြန်မာအစိုးရ ဝန်ကြီးဌာနတစ်ခု ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာန နှင့် အားကစား ဝန်ကြီးဌာန နှစ်ခုအား ပူးပေါင်း၍ ဝန်ကြီးဌာန တစ်ခုတည်းအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။လက်ရှိပြည်​ထောင်စုဝန်ကြီးမှာ အာဏာသိမ်း စစ်အစိုးရမှ ခန့်အပ်ထားသော ​ဒေါက်တာသက်ခိုင်ဝင်းဖြစ်သည်။အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကမူ ​ဒေါက်တာဇော်ဝေစိုးအား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သည် ကုလသမဂ္ဂ ၏အထူးအေဂျင်စီ တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အတွက် ညှိနှိုင်းဆောင်ရွက်ရေး အာဏာပိုင်အဖြစ် ဆောင်ရွက်သည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၇ရက်နေ့တွင် ပြဋ္ဌာန်းပြီး ဌာနချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ရှိသည်။ အေဂျင်စီအဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီး၏ အေဂျင်စီတစ်ခုဖြစ်သော ၎င်းဆက်ခံရသော အဖွဲ့ဖြစ်သည့် ကျန်းမာရေး အဖွဲ့အစည်း၏ အမိန့်အာဏာနှင့် အထောက်အပံ့များကို အမွေဆက်ခံသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး

ရန်ကုန်ဆေးရုံကြီး ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟုလည်း ခေါ်သည်။ ရန်ကုန်ဆေးရုံကြီးသည် ရန်ကုန်မြို့၊ လသာမြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်ဆေးရုံကြီးသည် ရန်ကုန်မြို့ရှိ အဓိကကျသော ပြည်သူ့ဆေးရုံတစ်ရုံဖြစ်သည်။ ဆေးရုံဝန်းမှာ ၃၅ ဧကရှိပြီး ကုတင် ၂၀၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာများအတွက် ဆေးကုသဆောင် ၃ဆောင်၊ ခွဲစိတ်ကုသဆောင် ၃ဆောင်၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုသဆောင် ၁ဆောင်နှင့် အထူးရောဂါကုသဆောင် ၂၄ဆောင်ရှိသည်။ ထို့အပြင် ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်နှင့် ထိခိုက်ဒဏ်ရာဆောင်များအတွက် အရေးပေါ်ဌာနများလည်း ရှိသည်။ ရန်ကုန်ဆေးရုံကြီးတွင် ဆရာဝန်ပေါင်း ၃၀၀ယောက်နှင့် သူနာပြုပေ ...

ပြည်သူ့ အခွင့်အရေး

အခွင့်အရေး ဆိုသည်မှာ ခိုင်မာတိကျစွာ အဓိပ္ပါယ်ဖွင့်ရန် ခက်ပါသည်။ သူ့နေရာနှင့်သူ အလေးအနက်၊ အတိမ်အနက် ကွာခြား နိုင်သောကြောင့် ဖြစ်သည်။ ပြည်သူ ဆိုသည့် စကားလုံးနှင့် ယှဉ်တွဲ သုံးလိုက်လျှင် ထိုအခွင့်အရေး ဆိုသည့် စကားလုံးက ပိုကျယ်ပြန့် သွားပြီး လူပုဂ္ဂိုလ် တစ်ဦးချင်း ဆိုင်ရာ လွတ်လပ်ခွင့် နှင့်လည်း ပတ်သက် နေကြောင်း တွေ့ရသည်။ အခွင့်အရေး ဆိုသည်မှာ အကြွင်းမဲ့ပြီး ပြည့်စုံသည့် သဘော မဆောင်ပေ။ လူတစ်ယောက်၏ လွတ်လပ်ပိုင် ခွင့်သည် အခြား တစ်ယောက်၏ လွတ်လပ်ပိုင်ခွင့်ကို ထိပါး နှောင့်ယှက်ရာ ရောက်သည့် အခွင့်အရေးမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံတော် ဆိုသည်မှာ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် ...

မယ်ရီမယ်လွန်

မယ်ရီ မယ်လွန် အား တိုက်ဖွိုက်မယ်ရီ ဟုလည်း အများသိကြသည့် အိုင်းရစ်ဇာတိဖွား ထမင်းချက်အမျိုးသမီးတစ်ဦးသည် လူပေါင်း ၅၁ဦးအား အူရောင်ငန်းဖျား အဖျားရောဂါ ကူးစက်စေခဲ့ပြီး ယင်းကူးစက်ခံရသူများအတွင်းမှ ၃ဦး သေဆုံးခဲ့ရသည်ဟု ဆိုကြသည့်အပြင် အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး အချိုးမညီရောဂါကူးစက်စေသူ အဖြစ် သတ်မှတ်ကြသည်။ ချက်ပြုတ်သူတစ်ယောက်အဖြစ်ပင် ဆက်လက် လုပ်ကိုင်လို့သော သူမ၏ခေါင်းမာသည့်ဆန္ဒကြောင့် အခြားသူများအား ရောဂါကူးစက်စေကာ တာဝန်ရှိသူများက မယ်ရီအား နှစ်ကြိမ်တိုင်တိုင်အဓမ္မ ထိန်းသိမ်းခဲ့ပြီး သူမသေဆုံးချိန်ထိ ဆယ်စုနှစ် ၃ခုကြာအောင် သီးခြားခွဲကာနေထိုင်စေခဲ့သည်။

                                     

ကျန်းမာရေး ဦးစီးဌာန

ကျန်းမာရေး ဦးစီးဌာန သည် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်တွင် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

                                     

ကျန်းမာရေးဦးစီးဌာန(ကုသရေး)

ကျန်းမာရေး ဦးစီးဌာန သည် ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာန လက်အောက်တွင် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကျန်းမာရေး ဦးစီးဌာန ကို ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

                                     

အရာတော်မြို့နယ်

အရာတော်မြို့နယ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ အရာတော်မြို့ ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ပေးသော ဆာဆာကာဝါ ကျန်းမာရေးဆု ရရှိခဲ့သည်။ ​တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမ ပန်းချီဆရာကြီး ဦးသန်းကြွယ် စာရေးဆရာ ဘိုးလှိုင် စာရေးဆရာ ညိုထွန်းလူ တို့၏မွေးဖွားရာဇာတိဖြစ်သည်။

                                     

တောင်ပေါက်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်

တောင်ပေါက်ရွာ သည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဆိပ်ကလေးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၀၇၃၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆိပ်ကလေးကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၂၉၇၂ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၁၄၀၀၈ ဦး နေထိုင်သည်။ ကျေးလက်ကျန်းမာရေးဌာန ရှိသည်။