ⓘ နက္ခတ္တရောင်ခြည်

နဂီသက္ခရဿေ

နဂီသက္ခရဿေ သည် ငွေယား တမျိုး ဖြစ်သည်။ ကျောဝယ် သအက္ခရာ ၃ လုံး ပါသည်။ ၁၅ ကျပ်သား လေးသည်။ အချိန်သင့်သော် ၁ ဂါဝုတ် ယူ၍ ပါသည်။ ထို့ထက် ပိုယူ၍ ထို ၁ ဂါဝုတ်ထက် ကျော်လွန်သော် ယားသည် ဟူ၏။

သာသနရဿေ

သာသနရဿေ သည် ငွေယား တမျိုး ဖြစ်သည်။ ကျောဘက် သော်လည်းကောင်း၊ ဝမ်းဘက် သော်လည်းကောင်း ဃ၊ လ၊ က အက္ခရာ တခုခု ပါပြီး၊ ၂၀၊ ၃၀ ကျပ်သား လေးသည်။ မည်သည့် ကာလမဆို ၎င်းကို ကိုင်လျှင် ယားသည်။

ငွေယား

ငွေယား သည် ကိုင်တွယ်လျှင် သို့ သုံးစွဲလျှင် ထိမိသော သက်ဆိုင်ရာ ကိုယ်အစိတ်အပိုင်း သို့ ခန္ဓာကိုယ် တစ်ခုလုံး ယားယံခြင်းကို ဖြစ်စေသည့် ငွေထည်ပစ္စည်း တစ်မျိုး ဖြစ်သည်။ အခန့်မသင့်ပါက အသက် ဆုံးပါးသည်ထိ ဖြစ်သည်။ ပါဠိလို ရဿေ ဖြစ်သည်။

ဣသဒ္ဓရဿေ

ဣသဒ္ဓရဿေ သည် ငွေယား တမျိုး ဖြစ်သည်။ ကျောဝယ် လ ၃ လုံး ပါပြီး၊ အလေးအချိန် အတိအကျမရှိ။ ကိုင်တွယ် ယူငင်ရုံနှင့် မယား။ သုံးစွဲသော အခါမှ ယားသည်။ သင့်သောအခါ ၆ ယူဇနာ ယူ၍ ပါသည်။

သရက်ချဉ်

သရက်သီးအစိမ်းကို ချင်းထိုးသကဲ့သို့ ပါးပါးရှည်ရှည် လှီးပြီးသောအခါ၊ ဇလုံထဲထည့်၊ ဆားဖြင့်နယ်ရသည်။ အချဉ်ဓာတ် ပေါ့အောင် ဆားဖြင့် နယ်ပစ်ခြင်း ဖြစ်ပြီး အချဉ်ကြိုက်က ဆားထည့်ရန် မလိုအပ်ချေ။ အစေးရည်များ စိမ့်ထွက်လာသည့်အချိန်ဝယ် ပွက်ပွက်ဆူနေသော ရေနွေး လောင်းထည့်ပြီး၊ အဖုံးအုပ်ထားရသည်။ ငါးမိနစ်ခန့် ကြာသော် လတ်ဆတ်သော သရက်ချဉ် ဖြစ်လာသည်။ ၎င်းမှာ သရက်ချဉ် အဖြူတည်ပုံ ဖြစ်ကာ၊ သရက်ချဉ်အဝါလိုပါက ရေနွေးထည့်သည်နှင့် နနွင်း အနည်းငယ် ထည့်ပေးလိုက်ရုံသာ ဖြစ်သည်။

အလုံမြို့

အလုံမြို့ သည် လူသာမန်များ မသိစေရန် သူတော်စင်များ လျှို့ဝှက်သိပ်သည်းစွာ တောင်ယာစပါးစိုက် နေထိုင်၍၊ နေ့နေ့ညည တရားကျင့်ကြံကြသော ပါးစပ်ရာဇဝင်လာ ဒဏ္ဍာရီဒေသ ဖြစ်သည်။

ညာတင်ကုပ်

ညာတင်ကုပ် သည် "ဘုရားမဟုတ် ညာတင်ကုပ်"ဟု သမုတ်ကြသည်မှာ ဘုရားဆင်းတုတော်တိုင်းသည် သင်္ကန်း ရုံပုံမှာ ဘယ်ပုခုံးပေါ်သာ တင်၍ ရုံလေ့ ရှိရိုးမှန်သော်လည်း၊ ညာတင်ကုပ်သည် ဆေး၊ မန္တရား၊ အင်းအိုင်၊ လက်ဖွဲ့ စီရင်ခြင်း သဘောအားဖြင့် ညာဘက်ပုခုံးပေါ် တင်ရုံထားပုံ ထုလုပ်သည် ဖြစ်သောကြောင့် ဘုရားမဟုတ်ဟု အမှတ်အသား ပြုသတည်း။

                                     

ⓘ နက္ခတ္တရောင်ခြည်

နက္ခတ္တရောင်ခြည် သည် လောကီပညာရသစုံ မဂ္ဂဇင်း ဖြစ်ကာ၊ နာယကများ ဖြစ်ကြသော ဦးတင်အောင်၊ ဒေါက်တာအောင်နိုင်၊ ကေလာသဆရာအောင်တို့နှင့် စာတည်းချုပ် ဦးကျော်မိုးသိန်းတို့ ဦးစီး၍ နက္ခတ္တရောင်ခြည်စာပေတိုက်မှ ထုတ်ဝေပြီး၊ ထုတ်ဝေသက်တမ်း ကြာညောင်းလှပြီ ဖြစ်သော ဝါရင့် မဂ္ဂဇင်း တစောင်ပင် ဖြစ်သည်။ ယနေ့ထိ ဆက်လက်ထုတ်ဝေနေဆဲ ဖြစ်သည့်အပြင် စာပေလောကတွင် အရှိန်အဝါ ကြီးသော နက္ခတ္တရောင်ခြည်တွင် တွေ့ဆုံခြင်းရောင်ခြည်၊ ပညာပေးရောင်ခြည်၊ လက္ခဏာရောင်ခြည်၊ ထူးခြားဆန်းကြယ်ရောင်ခြည်၊ ဆေးမြီးတို/ဆေးဗေဒရောင်ခြည်၊ ကျင့်စဉ်/အစီအရင်ရောင်ခြည်၊ စိတ်စွမ်းအင်/ဂါထာမန္တန်/ဗဟုသုတရောင်ခြည် စသဖြင့် စိတ်ဝင်စားဖွယ်ရာ ကဏ္ဍများဖြင့် စာမျက်နှာ ၂၅၀ ဝန်းကျင်ဖြင့် ရိုက်နှိပ်ပြီး၊ တနှစ်လျှင် တကြိမ် ပိုမိုထူထဲသော အထူးထုတ် ထုတ်ဝေလေ့ ရှိသည်။