ⓘ ရတနာပုံတက္ကသိုလ်

ရတနာပုံ (သံတူကြောင်းကွဲ)

ရတနာပုံ ဆိုသည်မှာ မန္တလေးမြို့ကို ရည်ညွှန်းခြင်း ဖြစ်ပြီး အခြားအသုံးအနှုန်းများမှာ - ရတနာပုံ ဘောလုံး အသင်း - မန္တလေးမြို့ အခြေစိုက် မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်း ရတနာပုံဈေး ရတနာပုံ တိရစ္ဆာန်ဥယျာဉ် ရတနာပုံ နည်းပညာ မြို့သစ် ရတနာပုံတက္ကသိုလ် - အမရပူရရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ဧရာဝတီတံတား ရတနာပုံ ရတနာပုံဘဏ် ရတနာပုံခေတ် မန္တလေးမြို့ ရတနာပုံ စက်ရုံများ

စာကြည့်တိုက်နှင့် သုတပညာ

စာကြည့်တိုက်နှင့်သုတပညာ ဆိုသည်မှာ စာကြည့်တိုက်တစ်ခုကို စနစ်တကျစီမံခန့်ခွဲရန် သင်ကြားပေးသော ဘာသာရပ်တစ်ခုဖြစ်သည်။ စာကြည့်တိုက်သည် လူမှုအဖွဲ့အစည်းယဉ်ကျေးမှုဗဟိုဌာနတစ်ခု၊ သတင်းအချက်အလက်နှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူမှု ဗဟိုဌာနတစ်ခုဖြစ်သည်။ ထိုကဲ့သို့ဗဟိုချက်တစ်ခုဖြစ်ရန် စာကြည့်တိုက်ကို ကောင်းစွာ ထိန်းကျောင်းတည်ဆောက်နိုင်သည့် စာကြည့်တိုက်မှူးများ မွေးထုတ်ပေးသော ပညာရပ်တစ်ခုဖြစ်သည်။

တစ်ထောင့်တစ်ညပုံပြင်များ

တစ်ထောင့်တစ်ညပုံပြင်များ သည် အရှေ့အလယ်ပိုင်းဒေသနှင့် တောင်အာရှမှ ပုံပြင်များကို အစ္စလမ် ရွှေခေတ်တွင် စုပေါင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသည် အင်္ဂလိပ်ဘာသာတွင် အာရေးဘီးယန်း ညများဟု လူသိများပြီး ပထမဆုံး အင်္ဂလိပ်ဘာသာပြန်စာအုပ် မှာ ‘‘အာရေးဘီးယန်း ညများ ဖျော်ဖြေမှု’’ ဖြစ်သည်။ ပါရှန်တို့၏ရှေးဟောင်း ပုံပြင်များဖြစ် ကြပြီး အာရပ်တို့က ပါရှန်တို့ထံမှ ဆက်ခံရယူခဲ့ကြသည် ဆို၏။ ယင်းပုံပြင်များကို အာရပ် ဘာသာဖြင့် Al Raud al atir wa nuzht al khatir ဟု ခေါ်ဆိုကြ သည်။ ပါရှန်တို့သည် ပုံပြင်အချို့ကို အိန္ဒိယတို့ထံမှ ရရှိခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဘဂ္ဂဒက်နှင့် အီဂျစ်တို့ထံမှ ပုံပြင်အချို့ကိုလည်း မူလပုံပြင် ...

ရတနာပုံခန်းမ

ရတနာပုံခန်းမ သည် မန္တလေးမြို့ရှိ တပ်မတော်ပိုင်အဆောက်အဦးဖြစ်သည်။မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနှင့် ၃၈လမ်းထောင့် မျက်ပါးရပ်တွင်တည်ရှိပြီး မန္တလေးမြို့၏ အကြီးဆုံးခန်းမကြီးဖြစ်သည်။

                                     

ⓘ ရတနာပုံတက္ကသိုလ်

ရတနာပုံတက္ကသိုလ်အား ၂၀၀၀ ခုနှစ်တွင် မန္တလေးမြို့တောင်ပိုင်း အမရပူရမြို့နယ်တွင် ရတနာပုံကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ရတနာပုံတက္ကသိုလ်တွင် မန္တလေးမြို့နှင့် အနီးအနားရှိ မြို့များမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်တက်ရောက်ကြသည်။ ၂၀၀၃ ခုနှစ်တွင် ရတနာပုံကောလိပ်မှ ရတနာပုံတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ရတနာပုံတက္ကသိုလ်၏ ပထမဦးဆုံး ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၀၃ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၄၁၈ ဦးကို သက်ဆိုင်ရာဘွဲ့များ အပ်နှင်းခဲ့သည်။

                                     

1. သင်တန်းနှင့်ပေးအပ်သောဘွဲ့များ

ရတနာပုံတက္ကသိုလ်မန္တလေးတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီဝင်၊ စီးပွားရေးပညာ၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့်သုတပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ ဥပဒေပညာ၊ သင်္ချာ၊ ကွန်ပျူတာသိပ္ပံပညာ၊ ဓာတုဗေဒ၊ ဇီဝဓာတုဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ရူပဗေဒ၊ နျူကလိယရူပဗေဒ၊ ရုက္ခဗေဒ၊ အဏုဇီဝဗေဒ၊ သတ္တဗေဒ၊ ဘူမိဗေဒ၊ မနုဿဗေဒဘာသာရပ်တို့ကို တက်ရောက်လေ့လာ သင်ယူနိုင်သည်။ ရတနာပုံတက္ကသိုလ်တွင် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့များအပြင် မဟာဘွဲ့သင်တန်းများလည်း တက်ရောက်နိုင်သည်။ ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့များအတွက် သင်တန်းကာလ ၄ နှစ်ဖြစ်ပြီး ဂုဏ်ထူးတန်းတက်ရောက်ခွင့်ရပါက နောက်ထပ် တစ်နှစ် ထပ်မံတက်ရောက်ရပြီး မဟာဘွဲ့သင်တန်းအတွက် နောက်ထပ် ၂ နှစ် တက်ရောက်ရမည်ဖြစ်သည်။