ⓘ ဂျောင်ဟယ်အင်း

                                     

ⓘ ဂျောင်ဟယ်အင်း

ဂျောင်ဟယ်အင်း သည် တောင်ကိုရီးယားသရုပ်ဆောင် တစ်ဦး ဖြစ်သည်။ ၂၀၁၃ တွင် AOA Black ၏ တေးဗွီဒီယိုတွင် ပထမဦးဆုံး ပွဲဦးထွက်ခဲ့ပြီး နောက်တစ်နှစ်တွင် ရာစုနှစ်သတို့သမီး ရုပ်သံဇာတ်လမ်းတွဲဖြင့် တရားဝင် ပွဲဦးထွက်လာခဲ့သည်။ ၂၀၁၇ ရုပ်သံများ ဖြစ်သော မင်းတို့အိပ်ပျော်နေခဲ့တုန်းကနှင့် ပွေလီထောင် ဇာတ်လမ်းတွဲ၌ ဇာတ်ပို့မင်းသားအဖြစ် လူသိများလာသည်။ ၂၀၁၈ ရုပ်သံ ဖြစ်သော မိုးခါးရေ ဇာတ်လမ်းတွဲ၌ မနှင့်မောင်လေးဇာတ်ရုပ်ဖြင့် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သည်။

                                     

1. ဘဝအစ

၂၁ နှစ်သားတွင် စစ်မှုထမ်းဆောင်ခဲ့သည်။ ပထမဆုံးသရုပ်ဆောင် အတွေ့အကြုံမှာ ကောလိပ်ရှိ တေးဂီတပွဲတွင် ဖြစ်ကာ၊ သရုပ်ဆောင်တယောက် ဖြစ်လာရန် စိတ်ဆုံးဖြတ်လိုက်သည်မှာ စစ်မှုထမ်းဆောင်စဉ် ဖြစ်ပြီး သူ့ရည်မှန်းချက် အောင်မြင်ရန် ၁၂ ကီလို အလေးချိန် ချခဲ့သည်။ စစ်ဘက်နှင့် ကောလိပ်မှ ဘွဲ့ရပြီးနောက်တွင် သူ၏ အေဂျင်စီနှင့် စာချုပ် ချုပ်ဆိုခဲ့သည်။ ၂၆ နှစ်တွင် ပွဲဦးထွက်သည်။

ဂျောင် ပထမဆုံး တရားဝင် ပွဲဦးထွက်သည့် ရုပ်သံမှာ ရာစုနှစ်သတို့သမီး ၂၀၁၄ ဖြစ်ပြီး၊ ၎င်းနောက် လူငယ် ရုပ်ရှင်တွင် ပါဝင်သည်။ ထိုနှစ်ထဲမှာပင် ရာဇဝင်ကားဖြစ်သော သူရဲကောင်းသုံးဦး တွင် ရိုက်ကူးသည်။ ထို့နောက် ၂၀၁၄-၂၀၁၆ ကြား ရုပ်ရှင်ရုပ်သံ အမျိုးမျိုးတို့၌ ဧည့်သရုပ်ဆောင်အဖြစ် ကျရာဇာတ်ရုပ်၌ ပါဝင်သည်။ မှတ်မှတ်သားသား ဖြစ်ရသော ဇာတ်ရုပ်မှာ အစောင့်အရှောက်၊ အထီးကျန်နတ်ကြီး၌ ကင်ဂိုအွန်၏ အချစ်ဦးအဖြစ် သရုပ်ဆောင်ရခြင်းပင် ဖြစ်သည်။

                                     

2. လူကြိုက်များလာခြင်း

၂၀၁၇ တွင် အက်စ်ဘီအက်စ် ၏ စိတ်ကူးယဉ်အချစ် ဇာတ်လမ်းတွဲ မင်းတို့အိပ်ပျော်နေခဲ့တုန်းက ၌ တရှိန်ထိုး လူကြိုက်များလာသည်။ ထိုဇာတ်လမ်းတွဲ စပြနေချိန်၌ ကိုရီးယား ရှာဖွေရေးဆိုက် ဖြစ်သော နေဗာတွင် အရှာခံရဆုံး နံပါတ်တစ် ဖြစ်လာသည်။ ထိုနှစ်မှာပင် ရာဇဝင်ကား နှစ်ကားလည်း ရိုက်ကူးသည်။ ၎င်းနောက် ရုပ်သံဟာသ ပွေလီထောင်တွင် ပါဝင်သည်။

၂၀၁၈ တွင် ဂျောင်သည် ရာဇဝင်ကား ဟောင်းဘူတော်လှန်ရေးသမားများ တွင် ဘုရင် ဟွန်ဂျုန်းအဖြစ် သရုပ်ဆောင်ထားသည်။ ဆွန်ရယ်ဂျင်းနှင့်အပြိုင် မိုးခါးရေ ရုပ်သံဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသားအဖြစ် ပထမဦးဆုံး ပါဝင်လာသည်။ ထိုရုပ်သံ ပြသနေချိန်၌၊ ဂျောင်သည် အာရှတလွှား လူသိများ ကျော်ကြားလာပြီ ဖြစ်သည်။

                                     

3. ကိုယ်ရေးကိုယ်တာ

ဂျောင်ဟယ်အင်းနှင့် အဘီတော်သူသည် ဂျိုဆွန်းခေတ်နှောင်းပိုင်း၏ ကြီးကျယ်သော တွေးခေါ်ပညာရှင် ဂျုံးယကျုံ ဖြစ်သည်။ ပြုံးတက် တက္ကသိုလ်မှ ရုပ်သံလွှင့်ဖျော်ဖြေရေးဘွဲ့ ရရှိပြီး၊ တက္ကသိုလ်တွင် ဂီတပြဇာတ်များ၌ လှုပ်ရှားမှုအမျိုးမျိုးတွင် ပါဝင်ခဲ့သည်။

ဂျောင်သည် မင်းတို့အိပ်ပျော်နေခဲ့တုန်းက ဇာတ်လမ်းတွဲ သရုပ်ဆောင်စဉ် တွဲဖက်သရုပ်ဆောင်များ ဖြစ်သော လီဂျုန်ဆွတ်နှင့် ရှင်းဂျယ်ဟာတို့နှင့် ခင်မင်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်သွားသည်။