ⓘ ဝမ်ကြားပေါင်

ကုလသမဂ္ဂ အထွေထွေညီလာခံ

ကုလသမဂ္ဂအဖွဲ့ကြီးကို ၁၉၄၅-ခုနှစ် အောက်တိုဘာလ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်က အဖွဲ့ဝင် နိုင်ငံမျှသာ ပါဝင်သော်လည်း ယခုအခါ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံမျှရှိပြီဖြစ်သည်။ အဖွဲ့ကြီး၏ကြီးကျယ်မြင့်မားသော ရည်ရွယ်ချက်များမှာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ကမ္ဘာသူ ကမ္ဘာသားများ ရိက္ခာဖူလုံရေး၊ ကျန်းမာမှု အဆင့်အတန်း မြင့်မားရေး၊ စာတတ်မြောက်ရေး စသည်တို့ဖြစ်သည်။ ကုလသမဂ္ဂ၏အထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်သည်။ လက်ရှိအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၂ နိုင်ငံ ရှိသည်။

အာရှအားကစားပွဲ

အာရှအားကစားပွဲ သည် အာရှတိုက် တစ်တိုက်လုံးရှိ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသော လေးနှစ်လျှင် တစ်ကြိမ်ကျင်းပသည့် ပြိုင်ပွဲမျိုးစုံပါဝင်သည့် အားကစားပွဲ ဖြစ်သည်။ ပထမဆုံး အာရှအားကစားပွဲကို ၁၉၅၁-ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပခဲ့သည်။ ဤ ၁၉၅၁-ခုနှစ် အားကစားပွဲမှ ၁၉၇၈-ခုနှစ် ဘန်ကောက် အားကစားပွဲအထိ အာရှအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကွပ်ကွဲပြုလုပ်ခဲ့သည်။ အာရှအားကစားအဖွဲ့ချုပ် ပြိုကွဲပြီးနောက်၊ ၁၉၈၂-ခုနှစ် နယူးဒေလီ အားကစားပွဲမှစပြီး၊ အာရှအိုလံပစ်ကောင်စီ မှ အားကစားပွဲကျင်းပခြင်းကို တာဝန်ယူလုပ်ဆောင်ကာ ကြီးမှူးကွပ်ကွဲနေသည်။ ဤအားကစားပွဲကို အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ မှ တရားဝင်အသိ ...

                                     

ⓘ ဝမ်ကြားပေါင်

ဝမ်ကြားပေါင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် ဖြစ်သည်။ ဝမ်ကြားပေါင်သည် ၁၉၆၈ ခုနှစ်တွင် ပေကျင်း ဘူမိဗေဒ တက္ကသိုလ် မှ ပါရဂူဘွဲ့ရ ဘူမိဗေဒ ပညာရှင် အင်္ဂျင်နီယာတစ်ဦးဖြစ်သည်။ ဘွဲ့ရပြီးနောက် ကန်းစုပြည်နယ်သို့ သွားရောက်ကာ အလုပ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပေကျင်းသို့ အလုပ်ပြောင်းခဲ့ပြီး ၁၉၉၃ ခုနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီ အထွေထွေ ရုံးခန်း ညွှန်ကြားရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ပြန်သည်။ ၁၉၈၉ ခုနှစ် ထျန်းအန်းမင် အရေးအခင်း ကာလအတွင်း ထိုစဉ်က ပါတီ အထွေထွေ အတွင်းရေးမှူး ကျောက်ကျိယံနှင့်အတူ ထျန်းအန်းမင်ရင်ပြင်သို့ သွားရောက်ကာ ဆန္ဒပြ ကျောင်းသား၊ လူထုကို တွေ့ဆုံခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

၂၀၀၃ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ရာထူးတက်လာပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ၏ စတုတ္ထမျိုးဆက် ခေါင်းဆောင်များအကြား အရေးပါသည့် နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။ သူ၏ လုပ်ငန်းခွင် ကျင့်ဝတ်စောင့်ထိန်းမှုနှင့် စကားပြောဆိုရာတွင် ညင်သာ ပျော့ပြောင်းမှုကြောင့် ‘ပြည်သူ့ ဝန်ကြီးချုပ်’ ဟု ပြည်တွင်းရော ပြည်ပကပါ ခေါ်ဝေါ်သမှုတ်ကြသည်။ ၂၀၁၀ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် တရုတ်မြန်မာ ချစ်ကြည်ရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ သွားရောက်လည်ပတ်ခဲ့သည်။ ဝမ်ကြားပေါင်၏ ခရီးစဉ်သည် ၁၆ နှစ်တာ ကာလအတွင်း ပထမဦးဆုံးသော ဝန်ကြီးချုပ်အဆင့် ခရီးစဉ်လည်း ဖြစ်သည်။