ⓘ ဂယ်ရီ ကာဟေးလ်

                                     

ⓘ ဂယ်ရီ ကာဟေးလ်

ဂယ်ရီ ဂျိမ်းစ် ကာဟေးလ် သည် အင်္ဂလန် ကြေးစားဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းနှင့် အဆင့်မြင့်တန်း အသင်း ချဲလ်ဆီးဘောလုံးအသင်းတို့တွင် ဗဟိုနောက်ခံကစားသမားအဖြစ် ကစားလျက်ရှိသည်။ ကာဟေးလ်သည် ချဲလ်ဆေးအသင်း၏အသင်းခေါင်းဆောင်ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်း၏ဒုတိယ ခေါင်းဆောင်ဖြစ်သည်။ ကာဟေးလ်သည် သူ၏ကစားသမားဘဝကို ဒါဘီရှိုင်းယားမြို့နယ်မှ ဒရွန်းဖီးလူငယ်ဘောလုံးစနစ်အတွင်း ပါဝင်ခြင်းဖြင့် စတင်ခဲ့သည်။ ၂၀၀၀ခုနှစ်တွင် သူသည် အက်စတန်ဗီလာ အကယ်ဒမီသို့ ဝင်ရောက်ခဲ့ပြီး တိုးတက်လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဘန်လေအသင်းတွင် တစ်ရာသီ အငှား စာချုပ်ဖြင့် ကစားခဲ့ပြီး ၂၀၀၈ ဇန်နဝါရီ ၃၀ရက်တွင် ဘောလ်တန် ဝမ်ဒရာစ်အသင်းသို့ ပေါင် ၅သန်းဖြင့် ပြောင်းရွေ့ခဲ့သည်။ ဘောလ်တန်အသင်းတွင် ပွဲပေါင်း ၁၃၀ ကစားပြီး ၁၃ဂိုး သွင်းယူနိုင်ခဲ့သည်။ ၂၀၁၂ ဇန်နဝါရီလတွင် ကာဟေးလ်သည် ပေါင် ၇သန်းဖြင့် ချဲလ်ဆေးအသင်းသို့ ပြောင်းခဲ့သည်။ ကားဟေးလ်သည် ချဲလ်ဆေးအသင်းတွင် သူ၏ပထမဆုံး ရာသီတွင်ပင် ဥရောပ ချန်ပီယံလိဂ်နှင့် အင်္ဂလန် ရှုံးထွက်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး ဥရောပ ရှုံးထွက်ဖလား၊ အင်္ဂလန် လိဂ်ဖလားနှင့် အဆင့်မြင့်တန်း ဖလားတို့ကိုလည်း ဆက်လက်ရရှိခဲ့သည်။