ⓘ စတီဖင် ချောင်

                                     

ⓘ စတီဖင် ချောင်

စတီဖင် ချောင် သည် ဟောင်ကောင် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာနှင့် ဟာသ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ပြီး တရုတ် နိုင်ငံရေးအကြံပေးတစ်ယောက်လည်း ဖြစ်သည်။ ချောင်သည် TVB ရုပ်သံလွှင့်ဌာနတွင် ဧည်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူသည် ၁၉၈၂ တွင် TVB ရုပ်ရှင်သင်တန်းကို အောင်မြင်ခဲ့သည်။ 430 Space Shuttle ဟူသော ကလေးပညာပေး တီဗီအစီစဉ်တွင် အောင်မြင်မှု ရလာခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် Final Justice ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားရုပ်ရှင်ဆု Golden Horse Award ကို ရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် Shaolin Soccer ကဲ့သို့သော ဟာသဇာတ်ကားများဖြင့် ချောင်သည် နာမည်ကြီးလာခဲ့သည်။ ယင်းဇာတ်ကားတွင် ချောင်သည် ဟောင်ကောင်ဒေါ်လာ ၆၀ မီလီယံကျော် အမြတ်အစွန်း ရရှိခဲ့သည်။ ၁၉၉၀ ခုနှစ်များတွင် တရုတ်ပြည်မမှ ချောင်၏ ရုပ်ရှင်များအား သတိပေးသည်အထိ ဖြစ်လာခဲ့သည်။ ၁၉၉၅ ခုနှစ်ထုတ် သူ၏ A Chinese Odyssey ရုပ်ရှင်ကားသည် တရုတ်ပြည်မတွင် ပိတ်ပင်တားဆီးခံခဲ့ရသော်လည်း ဟောင်ကောင်တွင်မူ စတီဖင် ချောင်သည် စံပြရုပ်ရှင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့လေသည်။