ⓘ ချွဲဂျင်းယော့

                                     

ⓘ ချွဲဂျင်းယော့

ချွိုင်ဂျင်ဟွတ် သည် တောင်ကိုရီးယားသရုပ်ဆောင် တဦးဖြစ်သည်။ ဂူမိသားစုမှတ်တမ်း၊ အမွေခံ၊ အရေးပေါ်စုံတွဲနှင့် လှိုဏ်ခေါင်းတို့၌ သရုပ်ဆောင်ခြင်းကြောင့် လူသိများသည်။

                                     

1. အနုပညာခရီး

မွေးနာမည် ကင်တေးဟို ဖြစ်သောသူသည် ၂၀၀၆ ကေဘီအက်စ် အစစ်အမှန် တဲလင့်ရှိုးဖြစ်သော ရှင်ကျန်သူစတားလူရွေးပွဲ၌ ဆုရပြီးနောက် အနုပညာခရီးလမ်းကို စတင်ခဲ့သည်။ ၂၀၁၀ ၌ ချွိုင်ဂျင်ဟွတ်ဟူသော အနုပညာအမည်ဖြင့် မိသားစုဇာတ်လမ်းဖြစ်သော ရပါတယ် ဒယ်ဒီရဲ့မိန်းကလေးရယ် ၌ အဓိကဇာတ်ဆောင်အဖြစ် စတင်ပါဝင်ခဲ့သည်။ သံယောဇဉ်ကြိုးတွေလိုတယ်၂၀၁၁၊ မပန်ဒါနဲ့ မောင်ဖြူကောင် အချစ်ဇာတ်လမ်းတွဲတို့၌လည်း သရုပ်ဆောင်သည်။

ဂူမိသားစုမှတ်တမ်း ဇာတ်လမ်းတွဲဖြင့် လူကြိုက်များ ပေါက်သွားသည်။ ထို့နောက် ဇာတ်ရုပ်သန့်သော ဇာတ်လမ်းတွဲများဖြစ်သည့် အမွေခံနှင့် အက်ရှင်ကား ကြိုသိနေတဲ့အကွက်တို့၌ ဇာတ်ရံအဖြစ် ပါခဲ့သည်။ ကြိုသိနေတဲ့အကွက်၌ တွဲဖက်သရုပ်ဆောင်ခဲ့သူ ဂျောင်ဝူဆောင်ကလည်း ကားတိုဖြစ်သော အိပ်မက်တခုရဲ့အစ၌ သူ၏ ဒါရိုက်တာ လုပ်ခဲ့လေသည်။ ချွိုင်သည် ဂျောင်၏ အေဂျင်စီဖြစ်သော အုတ်နီအိမ်နှင့် စာချုပ်ချုပ်ခဲ့သည်

၂၀၁၄ ၌ အခပေးရုပ်သံ အချစ်ဟာသဇာတ်လမ်း အရေးပေါ်စုံတွဲ၌ ပါဝင်သည်။ ၂၀၀၈ ထိုင်ဝမ်ဇာတ်လမ်းတွဲကို ပြန်ရိုက်သော မင်းကိုချစ်ဖို့ ကံပါလာ၌ ဇာတ်ပို့အဖြစ် သရုပ်ဆောင်ကာ ရုပ်သံလောကသို့ ပြန်လာသည်။ သိက္ခာနဲ့ဘက်လိုက်ခြင်း၌ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်သည်။ ဂျပန်ရုပ်ရှင်ကား ကိုအိစုရု ဗက်ပိုင်းယားချစ်ခြင်း၌ ကျွံဝင်နေသော သွေးစုတ်ဖုတ်ကောင်၌လည်း မထင်မရှားအခန်းမှ ပါခဲ့သည်။

စစ်မှုမထမ်းမနေရအတွက် ၂၀၁၅ မတ် ၃၁ ၌ စာရင်းပေးသွင်းခဲ့ရာမှာ သရုပ်ဆောင်ပိုင်း ခဏတာ ပြတ်လပ်သွားခဲ့သည်။ ဆိုးလ်မြို့ပြရဲတပ်ဖွဲ့လက်အောက်ရှိ ကဇာတ်အဖွဲ့ ဖြစ်သည့် ဆိုးလ်ရဲတိုးတက်ရေးအသင်း၌ ပါဝင်ထမ်းဆောင်နိုင်ခွင့် ပေးသော်လည်း၊ ဖျတ်လတ်သော တာဝန်ကျစစ်သားအဖြစ် ထမ်းဆောင်ရန် ရွေးချယ်ခဲ့သည်။ ဒူးဒဏ်ရာရရှိမှုကြောင့် ခုနစ်လအကြာတွင် စစ်တပ်မှ ထွက်ခဲ့ရသည်။ ၂၀၁၇ တွင် စစ်မှုထပမ်းပြီး ပထမဦးဆုံး ပြန်လည်ရိုက်ကူးသည့် လှိုဏ်ခေါင်းဇာတ်လမ်းတွဲ၌ စုံထောက် ပတ်ဂွမ်ဟိုအဖြစ် သရုပ်ဆောင်ရာ အထူးလူကြိုက်များလေသည်။

                                     

2. ပြင်ပလင့်

  • Internet Movie Database ပေါ်ရှိ Choi Jin-hyuk
  • Choi Jin-hyuk Archived 13 January 2015 at the Wayback Machine. at Red Brick House
  • ချွဲဂျင်းယော့ at HanCinema
  • 최진혁 Choi Jin-hyuk on Cyworld tae4ho ကိုရီးယား Cyworld최진혁 Choi Jin-hyuk on Cyworld tae4ho ကိုရီးယား Korean최진혁 Choi Jin-hyuk on Cyworld tae4ho ကိုရီးယား
  • အင်စတာဂရမ်ပေါ်ရှိ ချွဲဂျင်းယော့