ⓘ အက်ဒွပ် ဝစ်တန်

                                     

ⓘ အက်ဒွပ် ဝစ်တန်

အက်ဒွပ် ဝစ်တန် ဩဂုတ် ၂၆၊ ၁၉၅၁ ဖွား) သည် အမေရိကန်ပြည်ထောင်စုသား သဘောတရားရေးရာ ရူပဗေဒ နှင့် သင်္ချာကဲရူပဗေဒ ပညာရှင်တစ်ဦးဖြစ်ပြီး ကြိုးမျှင် သီအိုရီ ၊ ကွမ်တမ် ဒြပ်ဆွဲအား ၊ အထူးဘက်ညီ ဖီးသီအိုရီများ အပါအဝင် အခြား သင်္ချာကဲရူပဗေဒနယ်ပယ်များရှိ သူ၏ သုတေသနလုပ်ငန်းများကြောင့် ထင်ရှားသူဖြစ်သည်။ သူသည် သင်္ချာကဲ ရူပဗေဒ အပြင် သင်္ချာသန့်သန့်ဆိုင်ရာ သုတေသနကိုလည်း ပူးတွဲလုပ်ကိုင်ခဲ့ရာ ၁၉၉၀ ခုနှစ်တွင် ဖီး ဆုတံဆိပ်ကို ရရှိခဲ့သည်။ ဤဆုတံဆိပ်ကို ရရှိသူများအနက် ဝစ်တန်သည် ပထမဦးဆုံးနှင့်၊ မျက်မှောက်ခေတ်ကာလအထိ တစ်ဦးတည်းသော၊ ရူပဗေဒ ပညာရှင်ဖြစ်သည်။