ⓘ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန

                                     

ⓘ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန သည် ၂၀၁၆ ခုနှစ် မေလ ၂၅ ရက် သမ္မတဦးထင်ကျော် အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သည့် မြန်မာအစိုးရ ဝန်ကြီးဌာနတစ်ခု ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာန နှင့် အားကစား ဝန်ကြီးဌာန နှစ်ခုအား ပူးပေါင်း၍ ဝန်ကြီးဌာန တစ်ခုတည်းအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။လက်ရှိပြည်​ထောင်စုဝန်ကြီးမှာ အာဏာသိမ်း စစ်အစိုးရမှ ခန့်အပ်ထားသော ​ဒေါက်တာသက်ခိုင်ဝင်းဖြစ်သည်။အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကမူ ​ဒေါက်တာဇော်ဝေစိုးအား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။

                                     

1. ဖွဲ့စည်းပုံ

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှာ-

  • ဆေးသုတေသနဦးစီးဌာန
  • အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
  • ကုသရေးဦးစီးဌာန ယခင် ကျန်းမာရေး ဦးစီးဌာန
  • အားကစားနှင့်ကာယပညာဦးစီးဌာနတို့ဖြစ်သည်။
  • ပြည်သူ့ကျန်းမာရေးဦးစီးဌာန ယခင် ကျန်းမာရေး ဦးစီးဌာန
  • တိုင်းရင်းဆေးပညာဦးစီးဌာန
  • ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန
                                     

2. ဝန်ကြီးများ

ဖဆပလအစိုးရ ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှ ၁၉၅၈ စက်တင်ဘာလထိ

  • ဦးအောင်ဇံဝေ
  • ဦးလှမင်း
  • ဒေါက်တာစိန်ဘန်း
  • ဦးဘစော
  • ဦးခင်မောင်လတ်

တော်လှန်ရေးကောင်စီအစိုးရ ၁၉၆၂ မတ် ၂ ရက်မှ ၁၉၇၄ မတ် ၁ ရက်ထိ

  • ဗိုလ်မှူးချုပ်သန်းဖေ ၁၉၆၂
  • ဗိုလ်မှူးကြီးလှဟန် ၁၉၆၄-၁၉၇၄

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ ၁၉၇၄ မတ် ၂ ရက်မှ ၁၉၈၈ စက်တင်ဘာ ၁၇ ရက်ထိ

  • ဦးထွန်းဝေ ၁၉၈၁-၁၉၈၈
  • ဒေါက်တာလှဟန် ၁၉၇၄
  • ဦးကြည်မောင် ၁၉၇၄-၁၉၇၈
  • ဦးဝင်းမောင် ၁၉၇၈-၁၉၈၁

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှ ၁၉၉၇ နိုဝင်ဘာ ၁၄ ရက်ထိ

  • ဗိုလ်မှူးကြီးဖေသိန်း ၁၉၈၈-၁၉၉၃
  • ဒုတိယဗိုလ်ချုပ်ကြီးသန်းညွန့်၁၉၉၃-၁၉၉၆

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ၁၉၉၇ နိုဝင်ဘာ ၁၅ ရက်မှ ၂၀၁၁ မတ် ၃၀ ရက်ထိ

  • ဗိုလ်ချုပ်ကတ်စိန် ၁၉၉၇-၂၀၀၃
  • ဦးစောထွန်း ၁၉၉၆-၁၉၉၇
  • ပါမောက္ခဒေါက်တာကျော်မြင့် ၂၀၀၃-၂၀၁၁

ဦးသိန်းစိန် အစိုးရ ၂၀၁၁ မတ် ၃၁ မှ ၂၀၁၆ မတ် ၃၀ ထိ

  • ပါမောက္ခဒေါက်တာဖေသက်ခင် ၂၀၁၁-၂၀၁၄
  • ဒေါက်တာသန်းအောင် ၂၀၁၄-၂၀၁၆

ဦးထင်ကျော်/ဦးဝင်းမြင့် အစိုးရ ၂၀၁၆ မတ် ၃၁ မှ -

  • ဒေါက်တာမြင့်ထွေး မတ် ၂၀၁၆-​ဖေ​ဖော်ဝါရီ ၂၀၂၁
  • ​ ​ဒေါက်တာသက်ခိုင်ဝင်း ​ဖေ​ဖော်ဝါရီ ၂၀၂၁- ယ​​နေ့အထိ