ⓘ ဂုန်ယူး

                                     

ⓘ ဂုန်ယူး

ဂျပန်ဘာသာမှကောက်နုတ်ချက်

  • အထူးမှာ ဘက်စကက်ဘောနှင့် သီချင်းဖြစ်သည်။
  • အနုပညာအမည် ဂုန်ယူးသည် အမှန်မတော့ မိဘနှစ်ပါး၏ မျိုးရိုးနာမည်ကို ယူထားသည့် ရှားပါးသော နာမည်ဖြစ်သည်။
  • ဝါသနာ နပန်းသတ်ခြင်း၊ ဘက်စကက်ဘော၊ ရုပ်ရှင်နှင့် ဂီတကြည့်ရှုခံစားခြင်း
  • Gang Dong-won နှင့် သွေးမစပ်သော ဆွေမျိုးတော်သည်။
  • မိဘနှစ်ပါးနှင့် ညီမရှိသည်။
  • ခရစ်ယာန်ကက်သလစ်ဘာသာဝင်ဖြစ်သည်။
  • အရပ် ၁၈၄၊ အလေးချိန် ၇၄ ကီလို
                                     

1. အနုပညာခရီး

ဂုန်သည် ကျောင်ဟီးတက္ကသိုလ်မှ ပြဇာတ်ဘာသာဖြင့် ဘွဲ့ရခဲ့သည်။ ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များ၌ တခန်းနှစ်ခန်းပါဝင်ခြင်းဖြင့် သူ၏ အနုပညာခရီးကို စတင်ခဲ့သည်။ သူ၏ ပွဲဦးထွက် တီဗီစီးရီးမှာ ၂၀၀၁ က School 4 ဖြစ်လေသည်။ ၂၀၀၅ တွင် အက်စ်ဘီအက်စ်၏ Biscuit Teacher and Star Candy တွင် Gong Hyo-jin အပြိုင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သည်။ သူ၏သရုပ်ဆောင်အရည်အသွေးက ရုပ်ရှင်ဒါရိုက်တာနှင့် ကြည့်ရှုသူပရိသတ်များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ကြည့်ရန်တန်သည့် မင်းသားတလက်အဖြစ် ဝေဖန်ခံခဲ့ရသည်။ ၎င်းနောက် အမ်ဘီစီ၏ ရိုမန်တစ်ဟာသ ဖြစ်သော The 1st Shop of Coffee Prince ၌ ပါဝင်ပြီးနောက် ပေါက်သွားခဲ့သည်။ ဒရာမာကိုလူကြိုက်များမှုက ရုပ်ရှင်လောက၌ သူ့ကို ခေါင်းဆောင်မင်းသားနေရာကို ခိုင်မာသွားစေရုံမက hallyu တောက်ပလင်းလက်သော ကြယ်တပွင့် ဖြစ်စေခဲ့သည်။

၂၀၀၈ ဇန်နဝါရီ ၁၄ တွင် စစ်မှုထမ်းဆောင်ရန်စာရင်းပေးခဲ့ပြီး ၂၀၀၈ ဇန်နဝါရီ ၁၄ ၌ တာဝန်ပြီးဆုံးခဲ့သည်။ အနုပညာလောကသို့ ပြန်ရောက်သော် ရိုမန်တစ် ဟာသ Finding Mr. Destiny ၌ ပွဲဦးထွက်လာရာ ကိုရီးယား၌ ရုံပေါ်မှမဆင်းသော ကား ဖြစ်ခဲ့သည်။

ထို့နောက်သူသည် စစ်မှုထမ်းစဉ်အခါက သူ့ရာထူးတိုးလက်ဆောင်အဖြစ် အထက်လူကြီးထံမှ ရရှိခဲ့သော Gong Ji-young ၏ဝတ္ထုဖြစ်သော The Crucible ကို ပြဇာတ်မှ မ​ွေးစားပြီး စတင်ဝယ်ယူ ထုတ်လုပ်ခဲ့သည်။ ဤရုပ်ရှင်ကို Silenced ဟူသောခေါင်းစဉ်နှင် နိုင်ငံတကာသို့ ဖြန့်ချိခဲ့သည်။ ၂၀၁၁ စက်တင်ဘာ ၂၂ တွင် ထွက်လာသောအခါ ပြည်သူအများ ယမ်းပုံမီးကျ ဖြစ်ခဲ့ရပြီး ဝထ္ထုနှင့် ရုပ်ရှင်၌ ပါဝင်သော မတော်တဆဖြစ်ရပ်များအပေါ် ပြန်လည်စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခံခဲ့ရသည်။ ဥပဒေပြုပြင်ရေး ပြည်သူ၏တောင်းဆိုချက်များက အမျိုးသားလွှတ်တော်အထိ ရောက်ခဲ့ပြီး ကလေးသူငယ်များနဲ့ မသန်စွမ်းသူများကို ပစ်မှတ်ထားခြင်းမှ ကာကွယ်သော ဥပဒေကြမ်း ကို ၂၀၁၁ အောက်တိုဘာ နှောင်းတွင် အောင်မြင်စွာ အတည်ပြုနိုင်ခဲ့သည်။

၎င်းနောက် Hong Sisters ရေးသားသော ရိုမန်တစ်ဟာသဇာတ်လမ်းတွဲ Big ဝယ် Lee Min-jung နှင့်အပြိုင် သရုပ်ဆောင်ခဲ့သည်။ အစဦးတွင် ဒရာမာကို ကောင်းစွာ လက်ခံခဲ့ကြသော်လည်း နောက်ပိုင်း၌ ၎င်း၏ ဇာတ်သိမ်းပိုင်းကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

နှစ်နှစ်အကြာ ၂၀၁၃ တွင် The Suspect ကားဖြင့် ငွေရောင်ပိတ်ကားပေါ် ပြန်ရောက်လာခဲ့သည်။ သူ့နိုင်ငံ၏သစ္စာဖောက်ခြင်းခံရသော မြောက်ကိုရီးယား သူလျှိုအဖြစ် ပါဝင်ခဲ့သည်။ Convention on the Rights of the Child စတင်သော ၂၅ နှစ်မြောက် အခမ်းအနားတွင် ကိုရီးယားရှိ ယူနီဆက်၏ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ခန့်အပ်ခံရပြီးနောက် သူသည် မဖွံ့ဖြိုးသေးသော တိုင်းပြည်များရှိ ကလေးငယ်များ၏ အခြေအနေကို သတိပြုမိကြစေရန် ကမ္ဘာအနှံ့ တိုင်းပြည်များသို့ သွားရောက်ခဲ့သည်။

၂၀၁၄ ဇူလိုင် ၇ တွင် ဟာဂျီဝန်နှင့်အပြိုင် အမျိုးသားအခွန်ဌာနအတွက် သံအမတ်အဖြစ် ဂုန်ယူးကို သတ်မှတ်ခဲ့သည်။

၂၀၁၆ ၌ သူ့အနုပညာဘက် ပြန်လည်ဇောင်းပေးခဲ့သည်။ ဂျောဒိုယွန်နှင့်အတူ ″ယောက်ျားတယောက်နှင့် မိန်းမတယောက် ဆိုသော ဇာတ်လမ်းတွင် ပါဝင်ပြီးနောက် သူသရုပ်ဆောင်ခဲ့သော ဘူဆန်သို့ ရထား ရုပ်ရှင်ကားသည် ကြီးမားစွာ အောင်မြင်မှု ရသော သွေးစုတ်ဖုတ်ကောင်ကား ဖြစ်ခဲ့သည်။ ရုံတင်နံပါတ်ချိတ်သော အရိပ်ခေတ် ဇာတ်ကားသည်လည်း အောင်မြင်မှု အကြီးအကျယ် ရခဲ့ပြန်သည်။

၂၀၁၆ ဒီဇင်ဘာတွင် ကင်အွန်ဆွတ်၏ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဖြစ်သော အစောင့်အရှောက်၊ အထီးကျန်နတ်ကြီး မှင်စာ ဇာတ်လမ်းတွဲဖြင့် ရုပ်သံလောကသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။