ⓘ ခင်လှတင်

                                     

ⓘ ခင်လှတင်

ဓမ္မဗျူဟာ ဒေါ်ခင်လှတင် သည် အဘိဓမ္မာစာရေးဆရာမ ဖြစ်သည်။ ဖခင်ဦးမြသောင်း ဓမ္မဗျူဟာ နှင့် မိခင် ဒေါ်သူဇာမြင့်တို့၏ သားသမီး ၄ ယောက်အနက် အကြီးဆုံးဖြစ်ပြီး ကုန်းဘောင်ခေတ် မြန်မာဘုရင် ဗဒုံမင်း ဘိုးတော်ဘုရား နှင့် ဘကြီးတော်ဘုရား လက်ထက်တွင် "မင်းကျော်သီဟသူ" ဟူသော ရွှေဘွဲ့တော်ကို ချီးမြှင့်ခြင်းခံရသော ဒလမြို့စား မွန်လူမျိုး စစ်ကဲကြီးမောင်ထော်လေး +ဒေါ်မင်းသူတို့မှ ဆင်းသက်လာသူဖြစ်သည်။

                                     

1. ငယ်ဘဝ

၁၃၂၁ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၂-၉-၁၉၅၉ နေ့၊ ရန်ကုန်မြို့တွင် ဖွားမြင်သည်။ ရန်ကုန်မြို့၊ မြို့မကျောင်းနှင့် အ.ထ.က၂စမ်းချောင်းတို့တွင် ၁၀-တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ ရူပဗေဒ ဘွဲ့ ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် အထက်တန်းရှေ့နေ အောင်ခဲ့သည်။

                                     

2. အဘိဓမ္မာစာပေ

အဘိဓမ္မာပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် အောင်မြင်ခဲ့ပြီး ၁၉၈၂ ခုနှစ် အဘိဓမ္မာသီးသန့်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ပထမရရှိခဲ့သည်။ ၁၉၈၃ ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယ၊ ၁၉၈၅ အဘိဓမ္မာဂုဏ်ထူးဆောင်စာမေးပွဲတွင် ရန်ကုန်တိုင်း ပထမ ဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ပါဠိဒီပလိုမာဘွဲ့ ရရှိခဲ့သည်။

မင်္ဂလာဗျူဟာအသင်းချုပ်တွင် ဖခင်ဖြစ်သူ ဆရာကြီး ဦးမြသောင်းနှင့်အတူ တွဲဖက်၍ လက်ထောက်ဆရာမအဖြစ် အဘိဓမ္မာသင်တန်းများ ပို့ချခဲ့သည်။ ရန်ကုန်မြို့၊ ဓမ္မဗျူဟာသာသနမာမကအဖွဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်းကြီး၏ သင်တန်းမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို ကိုယ်ကျိုးမဖက် စေတနာသက်သက် သဒ္ဓါတရားထက်ထက်ဖြင့် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတော်မှ ချီးမြှင့်အပ်သော မဟာသဒ္ဓမ္မဇောတိကဓဇ သာသနာပြု ဘွဲ့တံဆိပ်တော်ကို ခံယူရရှိခဲ့သည်။ ဗုဒ္ဓဘာသာဓမ္မရေးရာစာပေများ ရေးသားလျက်ရှိသည်။

                                     

3. ရေးသားပြုစုခဲ့သော စာပေကျမ်းဂန်များ

  • ဓမ္မဗျူဟာအဘိဓမ္မာစာမေးပွဲ ပထမဆင့် မေးခွန်းဟောင်း + စံပြအဖြေလွှာ
  • ဓမ္မဗျူဟာအခြေခံ အဘိဓမ္မာသင်တန်း တတိယဆင့် မှတ်စု
  • ဓမ္မဗျူဟာအဘိဓမ္မာစာမေးပွဲ ဒုတိယဆင့် မေးခွန်းဟောင်း + စံပြအဖြေလွှာ
  • ဓမ္မဗျူဟာအဘိဓမ္မာဂုဏ်ထူးဆောင် ဒုတိယဆင့် မှတ်စု
  • ဓမ္မဗျူဟာအဘိဓမ္မာစာမေးပွဲ တတိယဆင့် မေးခွန်းဟောင်း + စံပြအဖြေလွှာ
  • ဓမ္မဗျူဟာအခြေခံ အဘိဓမ္မာသင်တန်း ဒုတိယဆင့် မှတ်စု
  • ဓမ္မဗျူဟာအဘိဓမ္မာဂုဏ်ထူးဆောင် ပထမဆင့် မှတ်စု
  • ဓမ္မဗျူဟာအဘိဓမ္မာဂုဏ်ထူးဆောင် တတိယဆင့် မှတ်စု
  • ဓမ္မဗျူဟာရတနာမြတ်သုံးပါး ဂုဏ်တော်၊ ဂုဏ်တော်ကွန်ခြာနှင့်မဟာသရဏဂုံတော်ကြီး
  • ဓမ္မဗျူဟာအခြေခံ အဘိဓမ္မာသင်တန်း ပထမဆင့် မှတ်စု
  • ဓမ္မဗျူဟာဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့၊ ဓမ္မစက္ကပဝတ္တနသုတ္တန်သင်တန်း။
  • ဓမ္မဗျူဟာအခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ
  • ဓမ္မဗျူဟာအခြေခံ ပရိတ်တော်ကျင့်စဉ်သင်တန်း ပရိတ်ကြီး ၁၁-သုတ်၊ ပါဠိ+မြန်မာပြန်