ⓘ ကဇူးအို အစ်ရှိဂူရိုး

                                     

ⓘ ကဇူးအို အစ်ရှိဂူရိုး

ကဇူးအို အစ်ရှိဂူရိုး (ဂျပန်: カズオ・イシグロ or 石黒 一雄 ;သည် ၁၉၅၄ခု နိုဝင်ဘာ၈ရက်ဖွား ဗြိတိသျှစာရေးဆရာ၊ သီချင်းရေးဆရာ တစ်ယောက်ဖြစ်သည်။ သူ့ကိုဂျပန်နိုင်ငံ နာဂါဆာကီမြို့တွင် မွေးဖွားခဲ့သည်။ သူအသက်ငါးနှစ်အရွယ် ၁၉၆၀ ဝန်းကျင်တွင် သူ့မိသားစုသည် ဂျပန်မှ အဂ်လန် သို့ရွှေ့ခဲ့ကြသည်။ ၁၉၇၈ ခုတွင် အစ်ရှိဂူရိုးသည် ကန့်တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ၁၉၈၀တွင် အရှေ့ အင်ဂျလီယာတက္ကသိုလ်၏ UAE ဖန်တီးရေးသားအတတ်ပညာသင်တန်းမှ သူ၏ မဟာဘွဲ့ကို ရယူခဲ့သည်။

အစ်ရှိဂူရိုးသည် အဂ်လိပ်ဘာသာစကားပြော အဆောက်အုံနယ်ပယ်တွင် ထင်ရှားအောင်မြင်သော ခေတ်ပြိုင်စာရေးဆရာတစ်ယောက်ဖြစ်ပြီး Man Booker Prize စကာတင်စာရင်းတွင် လေးကြိမ်ရွေးချယ်ခံခဲ့ရပြီး ၁၉၈၉ ခုနှစ်တွင် သူ၏ဝတ္ထု The Remains of the Day ဖြင့် ဆုရခဲ့သည်။ ၂၀၀၈ခုနှစ်တွင် The Times မှထုတ်ပြန်သော ၁၉၄၅ မှ ယနေ့ထိ အဂ်လိပ်ဘာသာစကားဖြင့်ရေးသားသော ကြီးကျယ်မြင့်မြတ်သော စာရေးဆရာကြီး ငါးဆယ်စာရင်းတွင် အစ်ရှိဂူရိုးသည် အဆင့် ၃၂ အဖြစ် သတ်မှတ်ခံရသည်။

သူ၏ သတ္တမမြောက် ဝတ္ထု The Buried Giant ကို ၂၀၁၅ခု မတ်လ ၃ ရက်နေ့တွင် အမေရိကန်နှင့် အဂ်လန်နိုင်ငံများတွင် တပြိုင်နက် ထုတ်ဝေခဲ့သည်။

                                     

1. ငယ်ဘဝ နှင့် အစောပိုင်းကာလ

၁၉၅၄ နိုဝင်ဘာလ ၈ရက်နေ့တွင် သမုဒ္ဒရာဗေဒပညာရှင် ရှီဇူးအို အစ်ရှိဂူရိုးနှင့် ဇနီး ရှီဇူးကိုတို့မှ ကဇူးအို အစ်ရှိဂူရိုးကို နာဂါဆာကီမြို့တွင် ဖွားမြင်သည်။ ၁၉၆၀တွင် သူ၏မိသားစုသည် အဂ်လန်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြသည်။ အကြောင်းမှာ သူ၏ဖခင်သည် ဆောက်တန်သမ်ရှိ နိုင်ငံတော် သမုဒ္ဒရာဗေဒ ဌာနတွင် တာဝန်ထမ်းဆောင်ရသောကြောင့်ဖြစ်သည်။

၁၉၇၄ ခုနှစ်တွင် ကန့်တက္ကသိုလ်ကို စတင်တက်ရောက်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို အဂ်လိပ်စာနှင့် ဒဿနပညာရပ်များဖြင့် ဂုဏ်ထူးတန်းမှ အောင်မြင်ကာ ရရှိခဲ့သည်။ တစ်နှစ်ခန့် ဝတ္ထုများရေးသားခဲ့ပြီးမှ အရှေ့ အင်ဂျလီယာတက္ကသိုလ်တွင် ဖန်တီးရေးသားအတတ်ပညာတန်းကို တက်ရောက်ခဲ့ပြီး ၁၉၈၀ တွင် မဟာဝိဇ္ဇာဘွဲ့ယူခဲ့သည်။၁၉၈၂ ခုနှစ်တွင် ဗြိတိသျှ နိုင်ငံသားအဖြစ်ခံယူခဲ့သည်။

အစ်ရှိဂူရိုးသည် ဂျပ်ဇ်အဆိုတော် စတေစီ ကန့်အတွက် သီချင်းတော်တော်များများကို ကန့်၏ခင်ပွန်းဖြစ်သူ ဆက်ဆိုဖုန်းသမား ဂျင် တွမ်လင်ဆင်နှင့်အတူ တွဲဖက်ရေးသားခဲ့သေးသည်

                                     

2. ပုဂ္ဂလိကဘဝ

အစ်ရှိဂူရိုးသည် ၁၉၈၆ ခုနှစ်တွင် လူမှုဝန်ထမ်းတစ်ဦးဖြစ်သူ လော်နာ မက်ဒေါက်ဂဲနှင့် လက်ထပ်ခဲ့သည်။ လက်ရှိတွင် သမီးဖြစ်သူ နာအိုမီ အစ်ရှိဂူရိုးနှင့်အတူ လန်ဒန်မြို့တွင် နေထိုင်လျက်ရှိသည်။

                                     

3. စာပေအရေးအသားဟန်

သူ၏ ဝတ္ထုအများစုကို အတိတ်ကာလတွင် အခြေခံထား၍ ဇာတ်အိမ်ဖွဲ့လေ့ရှိသည်

ဝတ္ထုအများစုကို ပထမပုဂ္ဂိုလ်မှ ဇာတ်ကြောင်းပြန်သောပုံစံဖြင့် ရေးဖွဲ့လေ့ရှိသည်။ ဇာတ်ကြောင်းပြန်သူသည် မကြာခဏ လူသားတို့၏ ကျရှူံးမှုကို ထုတ်ပြောလေ့ရှိသည်။ အစ်ရှိဂူရိုး၏ စနစ်မှာ ဇာတ်ကြောင်းပြန်နေစဉ်အတွင်း သူ၏ဇာတ်ကောင်များကို ၎င်းတို့၏အားနည်းချက်များကို လုံးလုံးလျားလျား ထုတ်ဖော်ခွင့်ပြုထားခြင်းဖြစ်သည်။

အစ်ရှိဂူရိုး၏ ဝတ္ထုများသည် တစ်ခါတစ်ရံတွင် အဓိပ္ပါယ် တစ်စုံတစ်ရာမရှိဘဲ အဆုံးသတ်သွားသည်လည်းရှိသည်။

                                     

3.1. စာပေအရေးအသားဟန် အစ်ရှိဂူရိုးနှင့် ဂျပန်

အစ်ရှိဂူရိုးသည် ဂျပန်နိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး ဂျပန်နာမည်ယူထားသူဖြစ်သည်။ သူ့အမည်ရှိ အစ်ရှိဂူရိုးဟူသော စကားလုံးမှာ `ကျောက်တုံးနက်´ဟု အဓိပ္ပါယ် ရသည်။ သူ၏ ပထမဆုံး ဝတ္ထုနှစ်ပုဒ်ကို ဂျပန်နိုင်ငံတွင် ဇာတ်အိမ်တည်ထားသည်။ သို့ရာတွင် တွေ့ဆုံမေးမြန်းထားမှုများကို ဖြေကြားရာတွင် သူသည် ဂျပန်စာပေအရေးအသားနှင့် သိပ်မရင်းနှီးကြောင်း ဖြေကြားထားသည်။ သို့သော်လည်း သူ့အရေးအသားများတွင် ဂျပန်စာရေးဆရာများ၏ လွှမ်းမိုးမှုကို အနည်းနဲ့အများတွေ့နိုင်သည်။ ဂျပန်ရုပ်ရှင်များအထူးသဖြင့် Yasujirō Ozu နှင့် Mikio Naruse တို့၏ ရုပ်ရှင်များသည် သူ့အပေါ် သိသိသာသာလွှမ်းမိုးမှုရှိသည်ဟု အစ်ရှိဂူရိုးက ဖြေကြားခဲ့ဖူးသည်။

အစ်ရှိဂူရိုးသည် ၁၉၆၀ခုနှစ် အသက် ငါးနှစ်အရွယ်တွင် ဂျပန်မှ ထွက်ခွာအခြေချခဲ့ရာ ၁၉၈၉ အလည်ပြန်ချိန်ထိ ဂျပန်သို့ တစ်ခေါက်မှ ပြန်မရောက်ခဲ့ဖူးချေ။ Kenzaburō Ōe နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် အစ်ရှိဂူရိုးသည် သူ၏ပထမဆုံး ဝတ္ထုနှစ်ပုဒ်ကို ဂျပန်တွင် ဇာတ်အိမ်တည်ထားမှုမှာ စိတ်ကူးယှဉ်မှန်းဆ၍သာဖြစ်ကြောင်း ဝန်ခံထားသည်။

                                     

4. ဖန်တီးခဲ့သမျှ

ဝတ္ထုများ

  • A Pale View of Hills ၁၉၈၂
  • Never Let Me Go ၂၀၀၅
  • When We Were Orphans ၂၀၀၀
  • The Remains of the Day ၁၉၈၉
  • The Unconsoled ၁၉၉၅
  • The Buried Giant ၂၀၁၅
  • An Artist of the Floating World ၁၉၈၆
                                     

4.1. ဖန်တီးခဲ့သမျှ ဝတ္ထုများ

  • A Pale View of Hills ၁၉၈၂
  • Never Let Me Go ၂၀၀၅
  • When We Were Orphans ၂၀၀၀
  • The Remains of the Day ၁၉၈၉
  • The Unconsoled ၁၉၉၅
  • The Buried Giant ၂၀၁၅
  • An Artist of the Floating World ၁၉၈၆


                                     

4.2. ဖန်တီးခဲ့သမျှ ဇာတ်ညွှန်းများ

  • The Gourmet BBCအတွက် မူရင်းဇာတ်ညွှန်း၊ နောက်ပိုင်းတွင်Granta 43တွင် ပြန်လည် ထုတ်ဝေခဲ့ 1987
  • The White Countess မူရင်းဇာတ်ညွှန်း 2005
  • A Profile of Arthur J. Mason Channel 4အတွက် မူရင်းဇာတ်ညွှန်း 1984
  • The Saddest Music in the World မူရင်းဇာတ်လမ်း 2003
                                     

4.3. ဖန်တီးခဲ့သမျှ ဝတ္ထုတိုများ

  • "A Family Supper" Firebird, ၁၉၈၃
  • "A Village After Dark" The New Yorker, ၂၀၀၁
  • Introduction 7: Stories by New Writers Faber and Faber, ၁၉၈၁: ‘A Strange and Sometimes Sadness’, ‘Waiting for J’ and ‘Getting Poisoned’
  • Nocturnes: Five Stories of Music and Nightfall Faber and Faber, ၂၀၀၉
                                     

5. ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးခဲ့သော သူ၏လက်ရာများ

  • The White Countess ၊ ၂၀၀၅ ခုနှစ်တွင် James Ivory မှရိုက်ကူးသည်။
  • The Remains of the Day ၊ ၁၉၉၃ ခုနှစ်တွင် James Ivory မှ ရိုက်ကူးသည်။
  • Never Let Me Go ၊ ၂၀၁၀ ခုနှစ်တွင် Mark Romanekမှ ရိုက်ကူးသည်။
                                     

6. ရရှိခဲ့သောဆုများ

  • ၁၉၉၃: Granta ၏ အကောင်းဆုံး ဗြိတိသျှလူငယ်စာရေးဆရာများစာစဉ်တွင် ဖော်ပြခံရ
  • ၁၉၉၈: Chevalier de lOrdre des Arts et des Lettres
  • ၁၉၈၉: Booker Prize ဆုကို The Remains of the Day ဖြင့်
  • ၂၀၀၈: The Times က အစ်ရှိဂူရိုးအား "၁၉၄၅ မှစသော အကောင်းဆုံး ဗြိတိသျှစာရေးဆရာ ငါးဆယ်"တွင် ထည့်သွင်း
  • ၂၀၀၅: Time က Never Let Me Go ဝတ္ထုအား မဂ္ဂဇင်းတည်ထောင်သည့် ၁၉၂၃ မှစ၍ အဂ်လိပ်ဘာသာစကားဖြင့် ရေးသားသော အကောင်းဆုံး ဝတ္ထုတစ်ရာစာရင်းတွင် ထည့်သွင်းရွေးချယ်ခဲ့
  • ၁၉၈၂: Winifred Holtby အမှတ်တရဆုကို A Pale View of Hills ဖြင့်
  • ၁၉၈၆: Whitbread Prize ဆုကို An Artist of the Floating World ဖြင့်
  • ၁၉၉၅: OBEဘွဲ့ ချီးမြင့်ခံရ
  • ၁၉၈၃: Granta၏ အကောင်းဆုံး ဗြိတိသျှလူငယ်စာရေးဆရာများ စာစဉ်တွင် ဖော်ပြခံရ

A Pale View of Hills နှင့် The Buried Giant မှတပါး အစ်ရှိဂူရိုး၏ လက်ရာအများစုသည် စာပေဆုများတွင် စကာတင်ရွေးချယ်ခံခဲ့ရသည်ချည်းဖြစ်သည်။

                                     

7. အကိုးအကား

အစ်ရှိဂူရိုးနှင့် တွေ့ဆုံမေးမြန်းထားမှုများ

  • 2005 interview with Ishiguro in Sigla Magazine Archived 3 March 2006 at the Wayback Machine.
  • Susannah Hunnewell Spring 2008. "Kazuo Ishiguro, The Art of Fiction No. 196".
  • NHK WORLD December 2017. Exclusive Interview with Kazuo Ishiguro
  • Interview with Kazuo Ishiguro on memory, self-deception and "The Buried Giant" on The 7th Avenue Project Radio Show, April 2015
  • Linda Richards October 2000. "January Interview: Kazuo Ishiguro".
  • 2006 Guardian Book Club podcast with Ishiguro by John Mullan

အတ္ထုပ္ပတ္တိများ

  • 1989 "A Case of Cultural Misperception," a profile at the New York Times by Susan Chira
  • 2005 "Living Memories," a profile at The Guardian by Nicholas Wroe