ⓘ လောက (ဇီဝဗေဒ)

                                     

ⓘ လောက (ဇီဝဗေဒ)

ဇီဝဗေဒတွင် လောက သည် သက်ရှိမျိုးစဉ်တန်းအဆင့်၌ နယ်ပယ် ပြီးလျှင် ဒုတိယမြောက် အမြင့်ဆုံးအဆင့်တွင်ရှိသည်။ လောက၏ အောက်တွင် မျိုးပေါင်းစုဟု ခေါ်သည့် အုပ်စုများ ထပ်မံခွဲခြားထားသည်။ အမေရိကန် ပြဋ္ဌာန်းစာအုပ်များတွင် လောက ခြောက်မျိုးခွဲခြားထားပြီး ဗြိတိန်၊ ဩစတြေးလျ၊ လက်တင်အမေရိကနဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေမှာတော့ လောက ငါးမျိုး သတ်မှတ်ကြသည်။ ခေတ်ပေါ် ကိုင်းခွဲသတ်မှတ်နည်းကို အခြေခံပြီးသတ်မှတ်တဲ့ မျိုးခွဲခြားနည်းများတွင်လောက ဆိုသည့်ဝေါဟာရကို အတိအလင်း ဖယ်ရှားထားကြသည်။ အကြောင်းမှာ လက်ဟောင်း လောကများသတ်မှတ် ခွဲခြားနည်းသည် ဘုံမျိုးရင်းခံတစ်ခုရဲ့ မျိုးဆက်ခံသက်ရှိတွေအားလုံးကို ထည့်သွင်းနိုင်ခြင်း မရှိ၍ဖြစ်သည်။

                                     

1.1. သမိုင်း အကျဉ်းချုပ်

ဇီဝဗေဒ လောက Kingdom အဆင့်ကို သက်ရှိရုပ်စု organisms များအား အုပ်စုဖွဲ့ရာ၌ အသုံးဝင်သောနည်းလမ်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေဆဲသော်လည် သဘောထားကွဲလွဲမှု ပြဿနာအချို့ရှိဆဲဖြစ်သည်။ အဆိုပါ ပြဿနာတို့မှာ -

  • ယူကဲရီးယုတ်စ် eukaryotes ကို လတ်တလောသုတေသနများ၏ တွေ့ရှိချက်များအပေါ် မူတည်လျှင် မည်သည့် လက်ရှိ မျိုးရိုးခွဲခြားခြင်းစနစ်များအရ အုပ်စုခွဲခြားသတ်မှတ်ရန် မဖြစ်နိုင်သေးပါ။ ၂၀၁၀-ခုနှစ် ဧပြီလအထိ သိရှိချက်များအရ မည်သည့် လောက Kingdom အဆင့် အုပ်စုမှ ကျယ်ကျယ်ပြန့်ပြန့်လက်ခံမှုရရှိရန် လုံလောက်သော သုတေသန အထောက်အထားများ မရှိသေးပါ။ ၂၀၀၉-ခုနှစ်တွင် Andrew Roger နှင့် Alastair Simpson တို့က ရှာဖွေတွေ့ရှိမှုအသစ်များကို ဆန်းစစ်ရာတွင် ဂရုတစိုက်နှင့် လုံ့လဝီရိယအထူးရှိရန် လိုအပ်ကြောင်းကို "ယူကဲရီးယုတ် eukaryote သက်ရှိအုပ်စုလမ်းကြောင်း tree of lifeနှင့် ပတ်သက်သော ကျွန်ုပ်တို့၏ လက်ရှိနားလည်မှုမှာ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေမှုကြောင့် သတိအထူးထားကာ ဆက်လက်လုပ်ဆောင်သင့်သည်။"ဟု အလေးပေး ပြောကြားခဲ့သည်။
  • Protozoa ကဲ့သို့သော လောကအဆင့်ကို ဇီဝဗေဒကလိတ်ဒ် cladeအဖြစ် ယူမည့်အစား ဇီဝဗေဒဂရိတ်gradeအဖြစ် ကိုယ်စားပြု ဖေါ်ပြကြသဖြင့် phylogenetic classification စနစ်များမှ လက်မခံပါ။