ⓘ မန်းဂျော်နီ

                                     

ⓘ မန်းဂျော်နီ

မန်းဂျော်နီ သည် မြန်မာနိုင်ငံသား ကရင်လူမျိုး နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ကျုံပျော်မြို့နယ် ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲအရေအတွက် ၃၁,၇၃၁ ဖြင့် ရွေးကောက်ခံခဲ့ရသော်လည်း ဆောင်ရွက်ခွင့်မရခဲ့ပေ။

ဦးမန်းဂျော်နီသည် တက္ကသိုလ်ဝင်တန်းကို ၁၉၆၀ တွင် အောင်မြင်ခဲ့ပြီး ပုသိမ်ဒေသကောလိပ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၅ မှ ၁၉၈၆ အထိ မူလတန်းနှင့် အလယ်တန်းပြ ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၀ တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဒီပလိုမာ ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကျုံပျော်မြို့ မဲဆန္ဒနယ်အမှတ်၂ မှရွေးကောက်တင်မြှောက်ခြင်းခံရကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။