ⓘ ခင်မောင်သိန်း

                                     

ⓘ ခင်မောင်သိန်း

ဦးခင်မောင်သိန်း သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦး ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် စစ်ကိုင်းမြို့နယ်မှ ရွေးကောက်ခံထားရသူ ဖြစ်သည်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ၁၅,၃၅၇ မဲ ဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

၁၉၆၉ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ဗဟိုတရားရုံး ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။

၁၉၉၀ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ၁၂၂ ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၁၉၉၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။I