ⓘ Suma1L

                                     

ⓘ Suma1L

Syed Sumail Hassan သည် Suma1L ဟူသော ဂိမ်းနာမည်ဖြင့် လူသိများပြီး ပါကစ္စတန်နွယ်ဖွား အမေရိကန် ပရော်ဖက်ရှင်နယ် ဒိုတာ ၂ ကစားသမားဖြစ်ပြီး Evil Geniuses တွင်ကစားသည်။ Suma1L သည် EG အသင်းဝင်တစ်ယောက်ဖြစ်ပြီး The International 2015 တွင် Clinton "Fear" Loomis, Kurtis "AUI_2000" Ling နှင့် Peter "ppd" Dager တို့နှင့်အတူ ယှဉ်တွဲကစားခဲ့ပြီး အနိုင်ရခဲ့သည်။ သူ၏ စဉ်းစားဆုံးဖြတ်နိုင်စွမ်းမှာ အသက်အရွယ်နှင့်ပင်မလိုက်ပေ။

၂၀၁၅ တွင် EG သည် Dota 2 Asian Championships ပွဲစဉ်ကို ရှန်ဟိုင်းတွင် အနိုင်ရခဲ့သည်။ ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်အရ Sumail သည် အသက်အငယ်ဆုံး ဂိမ်မာဖြစ်ပြီး ပြိုင်ပွဲဆုကြေးငွေ ဒေါ်လာ တစ်သန်းပိုင်ရှင်လည်း ဖြစ်သည်။

                                     

1. ကိုယ်ပိုင် ဘဝ

Sumail ကို ဖေဖော်ဝါရီ ၁၃၊ ၁၉၉၉ တွင် ပါကစ္စတန်၌ Syed Tatheer Mumtaz နှင့် Syeda Zill-e-Huma တို့က မွေးဖွားခဲ့သည်။ သူ၏ မွေးချင်း ၆ ယောက်ထဲမှ တစ်ယောက်ဖြစ်သော Yawar "YawaR" Hassan သည်လည်း ပရော်ဖက်ရှင်နယ် ဒိုတာ ကစားသမားဖြစ်ပြီး Digital Chaos တွင်လက်ရှိကစားနေသည်။

Sumail ၏မိသားစုသည် ကရာချိမြို့ မှ အီလီနွိုင်းပြည်နယ်၊ ရို့မောက်ကျေးရွာ သို့ ၂၀၁၂ တွင် ပြောင်းရွေ့ခဲ့သည်။