ⓘ ဆေး

ကြွေရည်ဆေး

ဖလ်ရည်ကဲ့သို့ ပြောင်လက်၍ သတ္တုထည်များပေါ်တွင် သုတ်လိမ်းသော အရည်ဖြစ်သည်။ ဆေးရောင်ထည့်ထားသော ဖန်ရည်တစ်မျိုးဖြစ်၍ အကြည်၊ အနောက် နှစ်မျိုးလုံး ပြုလုပ်နိုင်သည်။ အနောက်အတွက် သံဖြူအောက်ဆိုက် ရောစပ်၍ လိုရာအရောင်များအတွက် သတ္တုအောက်ဆိုက် အမျိုးမျိုးကို ရရာစပ် အသုံးပြုသည်။ ပြင်းထန်သော အပူရှိန်ဖြင့် အရည်ဖြစ်စေ၍ အေးသောအခါ မာကျောစေလေသည်။ ကြွေရည်ကို မှုတ်ပေးခြင်း၊ နှစ်ခြင်း၊ ချယ်ခြင်း စသည်ဖြင့် အနည်းနည်းသုတ်နိုင်၍ သတ္တုထည်ကို ကြွေသားကဲ့သို့ ဖြစ်စေသည်။

ပုပ္ပါးတောင်ကလပ်

ပုပ္ပါးတောင်ကလပ် သည် မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသည့် ဗုဒ္ဓဘာသာအဆောက်အဦများတည်ရှိရာ နေရာဖြစ်သည်။ ပုပ္ပါးတောင်၏ အနီးတွင် တည်ရှိကာ နတ်များပျော်စံရာ နတ်တောင် အဖြစ် လူသိများသည်။ ရိုးရာနတ်ကိုးကွယ်မှုများကြီးစိုးပြီး ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းများလည်းရှိသည်။ ဒေသဆိုင်ရာ ရိုးရာကိုးကွယ်သော ပုပ္ပါးမယ်တော်ဟု တင်စားခေါ်ဝေါ်သည့် မယ်ဝဏ္ဏနှင့် ပုဂံခေတ် ပန်းဆက်ဝန်ထမ်း ကိုဗျတ္တတို့၏ အချစ်ဇာတ်လမ်းမှာလည်း ထင်ရှားသည်။ အဆောက်အဦများသည် မြင့်မားသည့် တောင်ထိပ်တွင် တည်ရှိကြသည်။ ဆေးဖက်ဝင် အပင်များပေါများရာ ဒေသဖြစ်ပြီး ဇော်ဂျီများဆေးကြိတ်သည်ဟုဆိုသော ဆေးကျောက်ပြင်မှာလည်း တောင်ကလပ်အထက်တွင် တည်ရှိသည်။

ဆင်ဆေးရုံ

တောင်ငူသစ်ထုတ်ရေးဒေသ၊ ဆင်ဆေးရုံအား တောင်ငူခရိုင် အုတ်တွင်း မြို့နယ်၊ အုတ်တွင်းပေါက်ခေါင်းကားလမ်း၏ အရှေ့ဘက်ခပေါင်းကြိုးပြင် ကာကွယ်တောခုတ်ကွက်ကြီးအမှတ်မှ ဧရိယာဧကနှင့် ဘုန်းတောင် ကြိုးဝိုင်းအကွက်အမှတ် ဧရိယာဧက၊ စုစုပေါင်း ဧကအား သဘာဝနယ်မြေအဖြစ် သတ်မှတ်ရန်တင်ပြ၍ တည်ဆောက် ထားပါသည်။ ဆင်ဆေးရုံသည် တောင်ငူမြို့မှမိုင်၊ အုတ်တွင်းမြို့မှမိုင် ကွာဝေးပြီး၊ အုတ်တွင်းပေါက်ခေါင်း မဟာဗျူဟာလမ်းဘေး မိုင်တိုင်အမှတ် မှ အတွင်းသို့မိုင်ခန့်သွားရောက်ရပါသည်။ ဆင်ဆေးရု့အား အထွေထွေ သစ်ထုတ်ရေးရုံးချုပ်၏ ကြီးကြပ်မှုဖြင့် ၂၀၁၅ ခုနှစ်၊ မေလတွင်စတင် ဆောက်လုပ်ခဲ့ပါသည်။ ဆင်ဆေးရုံတွင် ပင်မဆေးကုသဆောင်ခု၊ အရန်ဆင် ဆေးကုသဆောင်ခု၊ ဆ ...

မက်သမ်ဖတမင်း

ဆေးကုရာမှာ Desoxyn 5-mg tablets ဆေးပြားအနေနှင့် သုံးသည်။ ADHDနှင့် အဝလွန်ရောဂါများအတွက် ပေးသည်။ Narcolepsy နှင့် Depression တခြားဆေးများနှင့် မရသော စိတ်ဓာတ်ကျ ရောဂါအတွက်လဲ သုံးပါသည်။ သည် အားကောင်းသော စိတ်ကြွဆေးတစ်မျိုးဖြစ်သည်။ Psychostimulantဟုလဲ ခေါ်သည်။ Amphetamine ကနေထုတ်သည်။ ဆေးအဆ နည်းနည်းပေးရင် နိုးကြားနေမှုကို ပိုကောင်းစေမည်။ အာရုံစိုက်မှုလဲ ပိုမည်။ အားကုန်ရင်လဲ အားရစေတယ်သည်။ ဆေးအဆများများပေးရင် Mania နှင့် Euphoria စိတ်အခြေအနေတွေအထိ ပြောင်းလာမည်။ စိတ်ပိုင်းသက်ရောက်မှုတွေကတော့ ကောင်းတာတွေကို ထင်မြင်နေမည်။ အစပိုင်းလေးမှာ လိင်စိတ်များစေမည်။ အာရုံစိုက်မှုများမည်။ ကိုယ့်ကိုယ်ကို အထင်ကြီး ...

ဆေးပေါ့လိပ်

ဆေးပေါ့လိပ်ဆိုသည်မှာ မြန်မာပြည်တွင် သောက်သုံးနေသော ဆေးလိပ် အမျိုးအစား တစ်မျိုးဖြစ်ပြီး သနပ်ဖက်ထဲတွင် ဆေးရွက်ကြီးအမှုန့်ကို ထည့်သွင်း၍ လိပ်ထားခြင်းပင် ဖြစ်သည်။

ဗီတာမင်ကေ

ထိခိုက် ဒဏ်ရာရပြီး သွေးထွက်လျှင် သွေးတိတ်ပြီး သွေးခဲစေဖို့အတွက် ဗီတာမင်ကေ လိုအပ်ပါတယ်။ ဗီတာမင်ကေ ချို့တဲ့လျှင် အသေးအဖွဲ ထိရှတာလေးမှပင်သွေးမတိတ်တော့ဘဲ အသေးစားထိခိုက်မှုလေးမှသည် ကြီးကျယ်သော ဒဏ်ရာဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ သွေးစိမ့်ယိုခြင်းဟာ ဦးနှောက်လို အစိတ်အပိုင်းမျိုးမှာ ဖြစ်မယ်ဆိုရင် stroke တစ်မျိုးကို ခံစားရစေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူများနှင့် ကလေးများဟာ ဗီတာမင်ကေ ကို အူထဲရှိ ဘက်တီးရီးယားများမှ အများဆုံး ရရှိပြီး စားသော အစာများမှလည်း ဗီတာမင်ကေကို အနည်းငယ် ရရှိနိုင်ပါတယ်။ ဗီတာမင်ကေဓာတ် ပါဝင်တဲ့ အစားအစာများကတော့ ပဲသီး ၊ ကြိတ်ထားသော အမဲသား ၊ အမဲ အသည်း ၊ ဂေါ်ဖီထုပ် ၊ မုန်ညင်း ၊ နွားန ...

ကြွေထည်

အကောင်းစား မြေစေးကို မီးအပူတိုင်၍ ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းအမျိုးမျိုးဖြစ်သည်။ အကောင်းစား ကြွေထည်ကို ကာအိုလင် မြေစေးမှုန့်ဖြင့် ပြုလုပ်၍ အညံ့များမှာ မြေစေးရိုးရိုးဖြင့် ပြုလုပ်သည်။ ဆီလီကာ ပါဝင်သော ဆေးဖြင့် အပူပေး၍ အရောင်တင်လေ့ရှိသည်။ အရောင်များကိုလည်း ရောစပ်၍ ကြွေထည်များ အမျိုးမျိုး ပြုလုပ်လေ့ရှိသည်။ တရုတ်ပြည်နှင့် ဥရောပတိုက်၊ ဂျာမနီ၊ ချက်ကိုစလိုဗက်ပြည် စသည်တို့မှ ကြွေကောင်းများ ထုတ်လုပ်သည်။

ပါးဆီးယပ်စ်

ဂရိဒဏ္ဍာရီတွင် ပါးဆီးယပ်စ် သည် မိုက်ဆီးနီနှင့် ပါးဆေးယစ်မင်းဆက်ကို တည်ထောင်သူဖြစ်သည်။ ဟဲရာကလီးဇ် မတိုင်မီကာလတွင် ကဒ်မက်စ် နှင့် ဘာလဲ့ရာဖန် တို့နှင့်အတူ အကြီးကျယ်ဆုံး ဂရိသူရဲကောင်းများတွင်ပါဝင်၍ မိစ္ဆာကောင်များကို သုတ်သင်သူလည်း ဖြစ်၏ ။ ဂေါ်ဂန် မက်ဒူဆာကို ဆက်ရီဖို့စ်ကျွန်းရှင် ပေါလီဒက်တီးဇ်အတွက် သုတ်သင်ခေါင်းဖြတ်ခဲ့ကာ ပင်လယ်မိစ္ဆာ ဆီးတပ်စ်၏ အန္တရာယ်မှ အန်ဒရောမစ်ဒါကို ကယ်ဆယ်ခဲ့သည်။ ဇုစ်နတ်မင်းနှင့် လူသား အမျိုးသမီး ဒန်နေယီးတို့၏ သားဖြစ်ပြီး ဟဲရာကလီးဇ်၏ ဘိုးဘေးနှင့် ညီအကို တော်စပ်သူတစ်ဦးဖြစ်သည်။

မဂ္ဂနိ

မဂ္ဂနိ သည် မာသော သတ္တုတစ်ခုဖြစ်၍ သံနှင့် အသွင်အပြင်တူ ူသည်။ သို့သော် သံမှာကဲ့သို့ သံလိုက်ဓာတ်မရှိချေ။ မဂ္ဂနိ သည် ဆတ်၍ အရောင်မှာ ညိုကာ အနီသေး လွှမ်းလျက်ရှိသည်။ မဂ္ဂနိ ၏ သပိသည်းဆမှာ ၇. ၄ ဖြစ်၍ အပူချိန် စင်တီဂရိတ် ၁ယ ၂၆ဝ ံ တွင် အရည်ပျော်သည်။ စိုထိုင်းသော လေထဲတွင် ထားပါက အလျင်အမြန် သံချေး တက်လွယ်သည်။ ထိုသတ္တုကို မဂ္ဂနိ သံမဏိ သတ္တုစပ်များ ပြုလုပ်ရာတွင်လည်းကောင်း၊ မဂ္ဂနိ ကြေးနီသတ္တုစပ်များတွင် အလွန်မာသော သတ္တိရှိသောကြောင့် ကြီး လေးသောစက်ကရိယာ တန်ဆာများ၊ စစ်ဖက်ဆိုင်ရာ အမြောက် လက်နက်များနှင့် သံချပ်ကာများ ပြုလုပ်ရာတွင် အလွန် အသုံးဝင် ်သည်။ သံတွင် မဂ္ဂနိ ရာခိုင်နှုန်း ၁ဝ မှ ၃ဝ အထိ ရောစပ်ထားသော စပီဂ ...

မူးယစ်ဆေးဝါး

မူးယစ်ဆေးဝါး ဆိုသည်မှာ သုံးစွဲမိသောသူအတွက် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုများကိုဖြစ်စေတတ်ပြီး အရှည်သဖြင့် စွဲလမ်းခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ စိတ်ကျန်းမာရေးထိခိုက်ပျက်ပြားစေခြင်း စသော ဂုဏ်သတ္တိရှိသည့် အရည်သော်လည်းကောင်း၊ အမှုန့်သော်လည်းကောင်း၊ အစိုင်အခဲသော်လည်းကောင်း ဆိုလိုပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် မူးယစ်ဆေးဝါးများကို ဆေးပညာရပ်နှင့် ကျန်းမာရေးအခြေအနေများအရ အသုံးပြုရန်မှ အပ ကျန်အခြေအနေများတွင် အသုံးပြုခြင်းအား ဥပဒေပြဋ္ဌာန်းကာ တားမြစ်ထားသည်။

အရှရက်အမှတ်တရဆေးရုံ

အရှရက်အမှတ်တရဆေးရုံ သည် သီရိလင်္ကာနိုင်ငံ၊ Kalmunai တွင် တည်ရှိသည့် အစိုးရပိုင်ဆေးရုံတစ်ခု ဖြစ်သည်။ ၎င်းကို ကိုလံဘိုမြို့ ဗဟိုအစိုးရက ထိန်းချုပ်သည်။ ၂၀၁၀ ခုနှစ်တွင် ဆေးရုံ၌ ခုတင် ၃၁၀ ရှိသည်။ တစ်ခါတရံ ဆေးရုံကို Kalmunai တောင်ပိုင်းဆေးရုံ ဟု ခေါ်ကြသည်။

အရိယလိုင်စိသိဗိနယကာကျောင်းတော်

အရိယလိုင်စိသိဗိနယကာကျောင်းတော် သို့မဟုတ် စိသိဗိနယကာကိုဗီ သည် သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖနာမြို့ မှ ၅ ကီလိုမီတာ ခန့်၊ A9 လမ်းမမှ အနောက်ဘက် ၁၀၀ မီတာ ခန့်တွင် တည်ရှိသည့် ကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်ကို ၁၉၁၈ ခုနှစ်ခန့်တွင် ရှေ့နေ Arulampalam က ပြန်လည်ပြုပြင်ခဲ့သည်။ ကျောင်းတော်သို့ ဂန္ဒီ၊, Yogar Swami, Kunrakudi Adakal စသူတို့ လာရောက်လည်ပတ်ကြသည်။ ကျောင်းတော်မြေသည် Sri Parvadhi Vidyasalai, ဈေး, လယ်ယာမြေစင်တာ၊ ဆေးစင်တာ၊ ယခုအချိန်တွင် ကော်ပိုရေးတစ်အဖွဲ့အစည်းများ၊ အခန်းများ၊ မူကြိုကျောင်းများ စသည်တို့ တည်ရှိသည်။

လီဝမ်လျန်

လီဝမ်လျန် သည် တရုပ်နိုင်ငံသား မျက်စိဆရာဝန်ဖြစ်ပြီး ဝူဟန်မြို့ရှိ ကိုဗစ်-၁၉ ကူးစက်မှုကို လူသတိပြုမိအောင် လုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခု၊ ဒီဇင်ဘာလ ၃၀ ရက်တွင် ကူးစက်ရောဂါထိန်းချုပ်ရေးက ဒေသခံဆေးရုံများကို အမည်မသိအဆုတ်ရောင်ရောဂါအကြောင်း သတိပေးစာထုတ်သည်။ ၎င်းနေ့တွင်ပင် အခြားဆရာဝန်တဦးပြသော ဆေးရုံတွင်းဆေးစစ်မှတ်တမ်းတစောင်၌ ပြင်းထန်သောအသက်ရှူမဝရောဂါ တမျိုးရှိနေသော လူနာအကြောင်းကို ဝူဟန်ဗဟိုဆေးရုံကြီး၌ အလုပ်လုပ်နေသော လီက သိလိုက်သည်။ လီက ထိုအကြောင်းကို ဝေဘိုပေါ်ရှိ ဝူဟန်တက္ကသိုလ်ကျောင်းသားဟောင်းများဂရု၌ ပြောသည်။ ၎င်းသတင်းမှာ အလွန်ပျံ့နှံ့သွားပြီး ဝူဟန်၌ ဆားရောဂါပျံ့နေပြီဟု ကောလဟာလဖြစ်လာသည်။ ဇန်နဝါရီလ ၃ ရက်တ ...

ဒိန်ခဲ

ဒိန်ခဲ သည် နို့ထွက်ပစ္စည်းဖြစ်ပြီး နို့တွင်ပါသောပရိုတင်း ကေစင်းကို ပျစ်အောင်ပြုကာ ပုံစံ အရောင် အရသာ အမျိုးမျိုးဖြစ်အောင် ဖန်တီးကြသည်။ ဒိန်ခဲတွင် နို့မှရသော ပရိုတင်းနှင့်အဆီတို့ ပါသည်။ နွား ကျွဲ ဆိတ် သိုးတို့မှရသော နို့များဖြင့် အဓိကထုတ်သည်။ ဒိန်ခဲလုပ်ရာတွင် အချဉ်ဖေါက်ပြီး ရန်နက်အန်ဇိုင်း ထည့်ကာ နို့ပရိုတင်း ကေစင်းကို ခဲစေသည်။ ဒိန်ခဲပျော့ကို ဒိန်ရည်မှ ဖယ်ယူကာ လိုချင်သောပုံစံရအောင် ဖိထားရသည်။ အချို့ဒိန်ခဲများတွင် အပေါ်လွှာ၌၎င်း၊ အချို့၌ တတုံးလုံး၌၎င်း အနံ့ထုတ်မှိုများ ပေါက်နေတတ်သည်။ ဒိန်ခဲအများစုကို ဟင်းချက်အပူချိန်၌ တည်ကာ ကျိုတည်။ နိုင်ငံအသီးသီးမှ ဒိန်ခဲအမျိုးပေါင်း တထောင်ကျော်ကို ထုတ်နေသည် ...

                                     

ⓘ ဆေး

ဆေး ဆိုသည်မှာ အစားအစာမှ လွဲ၍ ရှုရှိုက်နိုင်သော၊ ထိုးသွင်းနိုင်သော၊ အငွေ့ရှုနိုင်သော၊ စားသုံးနိုင်သော၊ အရေပြားမှတဆင့် စုပ်ယူနိုင်သော၊ သို့မဟုတ် လျှာအောက်မှတဆင့် ပျော်ဝင်နိုင်သော ပစ္စည်းတစ်ခုဖြစ်ပြီး လူ့ခန္ဓာကိုယ်တွင် ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုကို ဖြစ်စေနိုင်သည်။

ဆေးဝါးဗေဒတွင် ဆေးဝါး pharmaceutical drug သို့မဟုတ် medicine ဆိုသည်မှာ ဓာတုပစ္စည်းတစ်ခုဖြစ်ပြီး ကုသရန်၊ ပျောက်ကင်းစေရန်၊ ကာကွယ်ရန်၊ ရောဂါရှာဖွေရန် သို့မဟုတ် ကျန်းမာရေးအခြေအနေ မြှင့်တင်ရန်တို့အတွက် အသုံးပြုသည်။ ဆေးဝါးများကို နာတာရှည်ရောဂါများအတွက် မဟုတ်ပါက အချိန်အကန့်အသတ်ဖြင့်သာ အသုံးပြုသင့်သည်။

စိတ်ကို ပြောင်းလဲစေသောဆေးများ psychoactive drugs သည် ဓာတုပစ္စည်းများဖြစ်ပြီး ဗဟိုအာရုံကြောစနစ်၏ လုပ်ငန်းဆောင်တာများအပေါ် သက်ရောက်မှုရှိစေကာ အသိအမြင်များ၊ စိတ်ခံစားမှုများကို ပြောင်းလဲစေတတ်သည်။ ယင်းတို့တွင် စိတ်ကျဆေး အရက်နှင့် စိတ်ကြွစေတတ်သော နီကိုတင်းနှင့် ကေဖိန်းတို့ ပါဝင်သည်။ ဤသုံးမျိုးကို ကမ္ဘာတစ်ဝှမ်းတွင် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးများအဖြစ် ကျယ်ပြန့်စွာ သုံးစွဲနေကြပြီး ယင်းတို့ကို အပန်းဖြေစရာ ဆေးများအဖြစ် မှတ်ယူကြသည်။ အခြားသော အပန်းဖြေဆေးများတွင် စိတ်ချောက်ချားဆေးများ hallucinogen၊ ဘိန်းပါသော ဆေးများ opiates နှင့် အမ်ဖတမင်း amphetamine တို့ဖြစ်သည်။ အချို့ဆေးများမှာ ဆေးစွဲခြင်းကို ဖြစ်စေတတ်ပြီး ထိုဆေးအားလုံးတွင် ဘေးထွက်ဆိုးကျိုးများ ရှိကြသည်။

                                     

နဝလိုကာဆေးရုံ

နဝလိုကာဆေးရုံ သည် သီရိလင်္ကာနိုင်ငံရှိ ဆေးရုံတစ်ခု ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် Deshamanya H. K. Dharmadasa က တည်ထောင်ခဲ့သည်။ သီရိလင်္ကာရှိ အကြီးဆုံးကိုယ်ပိုင်ဆေးရုံတစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိသည်။ ဤဆေးရုံသည် သီရိလင်္ကာတွင် Intensive Care Units, Coronary Care Units, Laparoscopic Surgery and Thoracic Surgery စသည့် ဝန်ဆောင်မှုများ ပထမဆုံးပေးသည့် ဆေးရုံဖြစ်သည်။