ⓘ ကျော်ဇင်ဖြိုး (ဘောလုံးသမား)

                                     

ⓘ ကျော်ဇင်ဖြိုး (ဘောလုံးသမား)

ကျော်ဇင်ဖြိုး သည် ဘောလုံးသမားတစ်ဦးဖြစ်ပြီး မြန်မာ အမျိုးသား ဘောလုံးအသင်းနှင့် မြန်မာ ယူ-၂၃ ဘောလုံးအသင်းတို့၏ လက်ရွေးစင် ဂိုးသမားတစ်ဦးဖြစ်သည်။ သူ၏ လက်စွမ်းပြမှုများနှင့်အတူ မြန်မာအသင်း ငွေတံဆိပ်ရရှိခဲ့သော ၂၀၁၅ ဆီးဂိမ်း ပြိုင်ပွဲတွင် သူကို သတိထားမိလာကြသည်။ ဗီယက်နမ်အသင်း၊ ထိုင်းအသင်းတို့နှင့် ဆီးမီဖိုင်နယ်နှင့် ဖိုင်နယ်ပွဲတို့တွင် တဖက်အသင်းမှ ကန်ချက်များကို သေသပ်လှပစွာ ကာကွယ်ခဲ့သည်။ ထို့ကြောင့် သူကို ၂၀၁၅ စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ ပရိတ်သတ်များကို တခဲနက် လက်ခုပ်ဩဘာများ ချီးမြှင့်ခဲ့သည်။ လက်ရှိတွင် မြန်မာ နေရှင်နယ် လိဂ်ပြိုင်ပွဲဝင် မကွေး FC အသင်းတွင် ကစားလျက်ရှိသည်။