ⓘ ဆေးတက္ကသိုလ်(မကွေး)

                                     

ⓘ ဆေးတက္ကသိုလ်(မကွေး)

မကွေးဆေးတက္ကသိုလ် သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ရှိသည်။ မကွေးဆေးတက္ကသိုလ်ကို ၂၀၀၁ ခုနှစ် မေလတွင် မကွေးမြို့၌ ဖွင့်လှစ်ခဲ့သည်။ ရန်ကုန် - မန္တလေး လမ်းမကြီးဘေးတွင် မကွေးမြို့မှ ရေနံချောင်းဘက်သို့ အထွက်တွင် တည်ရှိသည်။ မကွေးမြို့မှ မိုင်ခန့် ကွာဝေးသည်။

သင်တန်းကာလမှာ ၅ နှစ် ၊ အလုပ်သင် ၁ နှစ် စုစုပေါင်း ၆ နှစ်ကြာ တက်ရောက်ရသော ကျောင်းဖြစ်သည်။ နှစ်စဉ် ကျောင်းသား ဦးရေ ၁၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များအတွက် တပြေးညီ သတ်မှတ်ထားသော ရမှတ်ရရှိသူများအား လက်ခံ သင်ကြားပေးသည်။ အမ်ဘီဘီအက်စ် ဘွဲ့၊ နှင့် ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်ဒီဂရီများအား တက်ရောက်ရယူနိုင်သည်။ ၂၀၁၁ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ဆေးတက္ကသိုလ်မကွေး ၏ ဆယ်နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့သည်။

ဆေးတက္ကသိုလ်မကွေးသည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။

လက်ရှိ ပါမောက္ခချုပ်မှာ ဒေါက်တာဌေးလှ ဖြစ်သည်။ ဒုတိယ ပါမောက္ခချုပ် စီမံမှာ ဒေါက်တာအေးအေးဦး ဖြစ်ပြီး ဒုတိယပါမောက္ခချုပ်သင်ကြားမှာ ဒေါက်တာလှဝင်းမြင့် ဖြစ်ပါသည်။

                                     

1. သင်ကြားပေးသော ဘာသာရပ်များ

ပထမနှစ် အမ်ဘီဘီအက်စ်

  • တိုင်းရင်းဆေး Traditional Medicine တို့အား သင်ကြားရသည်။
  • ရူပဗေဒ Physics
  • ဓာတုဗေဒ Chemistry
  • ရုက္ခဗေဒ Botany
  • သတ္တဗေဒ Zoology
  • အင်္ဂလိပ်စာ English
  • မြန်မာစာ Myanmarsar
  • သင်္ချာ Mathematics

ဒုတိယနှစ် အမ်ဘီဘီအက်စ်

  • ခန္ဓာဗေဒ Human Anatomy
  • ဇီဝကမ္မဗေဒ Physiology
  • ဇီဝဓာတုဗေဒ Biochemistry

တတိယနှစ် အမ်ဘီဘီအက်စ်

  • အဏုဇီဝဗေဒ Microbiology
  • ဆေးဝါးဗေဒ Pharmacology
  • အထွေထွေရောဂါဗေဒ General Pathology
  • ခွဲစိတ်ကုပညာ လက်တွေ့ Surgery တို့အား သင်ကြားရသည်။
  • ဆေးပညာ လက်တွေ့ Medicine

နောက်ဆုံးနှစ် အပိုင်း က အမ်ဘီဘီအက်စ်

  • ခွဲစိတ်ကုပညာ Surgery
  • ကလေးကျန်းမာပညာ Paediatrics
  • သားဖွားနှင့်မီးယပ်ပညာ Obstetric and Gynaecology
  • ရောဂါဗေဒ Systemic Pathology
  • ဥပဒေရေးရာ ဆေးပညာ Forensic Medicine
  • ကာကွယ်ရေးနှင့် လူမှူရေး ဆေးပညာ Preventive and Social Medicine
  • ဆေးပညာ Medicine
  • ဥပဒေရေးရာဆေးပညာ လက်တွေ့ ကွင်းဆင်းလေ့လာရေး Field Trip

နောက်ဆုံးနှစ် အပိုင်း ခ အမ်ဘီဘီအက်စ်

  • သားဖွားနှင့်မီးယပ်ပညာ Obstetric and Gynaecology
  • ခွဲစိတ်ကုပညာ Surgery
  • ဆေးပညာ Medicine
  • ကလေးကျန်းမာပညာ Paediatrics
                                     

2. အလုပ်သင် ဆရာဝန်

နောက်ဆုံးနှစ် အပိုင်းခ အောင်မြင်ပြီးသော သင်တန်းသားများသည် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအဆင့် ဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁ နှစ်ခန့် လေ့ကျင့်သင်ကြားရသည်။ အလုပ်သင်ဆရာဝန်အဖြစ် သက်မှတ်ကာလပြည့်မီအောင် လေ့ကျင့်ပြီးစီးသော သင်တန်းသားများကိုသာလျှင် အမ်ဘီဘီအက်စ်ဘွဲ့ အား ချီးမြင့်သည်။

အောက်ပါမြို့များရှိ ဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် လျောက်ထားနိုင်သည်။

  • ပုသိမ်မြို့
  • ထားဝယ်မြို့
  • မိတ္ထီလာမြို့
  • ပခုက္ကူမြို့
  • တောင်ငူမြို့
  • မကွေးမြို့
  • မော်လမြိုင်မြို့
  • နေပြည်တော်
  • မအူပင်မြို့
  • လားရှိုးမြို့
  • ကျိုင်းတုံမြို့
  • မြစ်ကြီးနားမြို့
  • မုံရွာမြို့
  • ပြည်မြို့
  • တောင်ကြီးမြို့
  • မြိတ်မြို့
  • စစ်တွေမြို့
  • ဘားအံမြို့
                                     

3. ပြင်ပလင့်ခ်

  • University website
  • ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ဆေးတက္ကသိုလ်မကွေး
  • List of Universities registered under WHO Archived 1 February 2010 at the Wayback Machine.
  • Wikimedia Commons ရှိ ဆေးတက္ကသိုလ် မကွေး နှင့်ပတ်သက်သော မီဒီယာများ