ⓘ ဆရာခ ရူပဗေဒဆု

                                     

ⓘ ဆရာခ ရူပဗေဒဆု

ဆရာခ ရူပဗေဒဆု သည် မြန်မာနိုင်ငံ၏ ပထမဆုံး ရူပဗေဒပါမောက္ခ ဖြစ်သော ပါမောက္ခ ဒေါက်တာမောင်မောင်ခကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်သောဆု ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် ၂၀ဝ၉-ခုနှစ်၊ မတ်လရက်နေ့၊ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန တွင် ပေးအပ်ခဲ့ပေသည်။ ၂၀ဝ၈-ခုနှစ်အတွက် အကောင်းဆုံး စာတမ်းအဖြစ် ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်က ရရှိခဲ့သည်။

၂၀ဝ၈-ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ပါရဂူဘွဲ့ရသူများ၏ စာတမ်းများထဲမှ အကောင်းဆုံး စာတမ်းရှင်ကို "ဆရာခ ရူပဗေဒဆု" ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။ ၂၀ဝ၈-ခုနှစ်၏ ပါရဂူဘွဲ့ရ စာတမ်းပေါင်း ၃၀-ဝန်းကျင်ခန့်တွင် "မြန်မာနိုင်ငံ၏ မုတ်သုံရာသီဥတု အကြောင်း" စာတမ်းပြုစုခဲ့သော ဒေါက်တာထွန်းလွင်၏ စာတမ်းက ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစာတမ်းမှာ စာမျက်နှာ၂၀ဝကျော် ပါရှိသည်။

ဆရာခဒေါက်တာမောင်မောင်ခသည် ၁၉၁၅-ခုနှစ်၊ အဖဦးရွှေလွင်+အမိဒေါ်လွင် တို့မှ မော်လမြိုင်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၄၅-ခုနှစ်မှ ၁၉၆၃-ခုနှစ်အထိ ၁၈-နှစ်တိုင် ရူပဗေဒ ပါမောက္ခအဖြစ် သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ သုတေသနတာဝန်များကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ၁၉၆၃-ခုနှစ်မှ ၁၉၇၇-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၁၄-နှစ်ကြာ ဆောင်ရွက်ခဲ့သည်။ ဆရာခသည် အသက်၉၀အရွယ် ၂၀ဝ၅-ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကွယ်လွန်ခဲ့သည်။ ရူပဗေဒပညာရှင် ဖြစ်သလို မိုးလေဝသ ပညာရှင်လည်း ဖြစ်သည်။

ထိုဆုကို ယခုနှစ်မှစ၍ နှစ်စဉ် ချီးမြှင့်သွားမည် ဖြစ်သည်။