ⓘ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး

မိုးဟိုင်ခရိုင်

လာအို: ເມືອງຮາຍ ၊ လူးရှမ်း: ᨾᩮᩨ᩠ᨦᩁᩣ᩠ᨿ)သည် တရုတ်ပြည် ယူနန်ပြည်နယ် ၏တောင်ဘက်ပိုင်းရှိစစ်ဆောင်ပန္နားရှမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ၏ စီရင်ပိုင်ခွင့် နယ်မြေ ဖြစ်ပြီ အနောက်တောင်ဘက်တွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ မိုးသည် မိုင်း၏ကွဲပြားခြားနားသည့် စကားလုံးဖြစ်ပါသည်။

                                     

ⓘ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး

မြန်မာနိုင်ငံတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ဖွဲ့စည်းထားသော ဝန်ကြီးဌာနနှစ်ခုရှိပြီး ယင်းတို့မှာ -

  • ပို့ဆောင်ရေး ဝန်ကြီးဌာန တို့ဖြစ်ကြသည်။
  • ရထားပို့ဆောင်ရေး ဝန်ကြီးဌာန နှင့်
                                     

1.1. ကုန်းလမ်းပို့ဆောင်ရေး အဓိက အဝေးပြေးလမ်းများ

  • ၆ - ရန်ကုန်မြို့ မှ ပုသိမ်မြို့ သို့
  • ၃ - မန္တလေးမြို့ မှ မူဆယ်မြို့ သို့ တရုတ်နိုင်ငံ နယ်စပ်အထိ၊ လားရှိုးမြို့ကို ဖြတ်သန်းသွားသည်။
  • ၇ - မန္တလေးမြို့ မှ အိန္ဒိယနိုင်ငံ မိုရေးမြို့ သို့ ရွှေဘိုမြို့နှင့် ကလေးမြို့များကို ဖြတ်သန်းသွားသည်။
  • ၈ - ဘုရားကြီး မှ မြိတ်မြို့ သို့ မော်လမြိုင်မြို့၊ ရေးမြို့နှင့် ထားဝယ်မြို့များကို ဖြတ်သန်းသွားသည်။
  • ၃၁ - မန္တလေးမြို့ မှ မြစ်ကြီးနားမြို့ သို့ မိုးကုတ်မြို့နှင့် ဗန်းမော်မြို့များကို ဖြတ်သန်းသွားသည်။
  • ၅ - တောင်ငူမြို့ မှ ဟိုပုံးမြို့ သို့ လွိုင်ကော်မြို့ကို ဖြတ်သန်းသွားသည်။
  • ၄ - မိတ္ထီလာမြို့ မှ တာချီလိတ်မြို့ သို့ ထိုင်းနိုင်ငံနယ်စပ်အထိ၊ တောင်ကြီးမြို့နှင့် ကျိုင်းတုံမြို့များကို ဖြတ်သန်းသွားသည်။
  • ၁ - ရန်ကုန်မြို့ မှ မန္တလေးမြို့ သို့ ပဲခူးမြို့၊ တောင်ငူမြို့၊ ပျဉ်းမနားမြို့နှင့် မိတ္ထီလာမြို့ များကို ဖြတ်သန်းသွားသည်။
  • ၂ - ရန်ကုန်မြို့ မှ မန္တလေးမြို့ သို့ ပြည်မြို့၊ မကွေးမြို့၊ ကျောက်ပန်းတောင်းမြို့၊ မြင်းခြံမြို့များကို ဖြတ်သန်းသွားသည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမြန်လမ်းမကြီးမှာ ရန်ကုန်-မန္တလေး အမြန်လမ်း ဖြစ်ပြီး ၃၆၄.၆ မိုင် ၅၈၆.၇ ကီလိုမီတာ အရှည်ရှိကာ ဖြူးမြို့ တောင်ငူမြို့၊ နေပြည်တော်နှင့် မိတ္ထီလာမြို့များကို ဖြတ်သန်းသွားသည်။ ယာဉ်မောင်းလိုင်း လေးလိုင်းရှိ အမြန်လမ်းမကြီးအမျိုးအစား ဖြစ်သည်။

                                     

2. ရေကြောင်းပို့ဆောင်ရေး

၂၀၀၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင်း သွားလာနိုင်သည့် ရေလမ်းခရီးအရှည် စုစုပေါင်းမှာ ၇,၉၅၄ မိုင် ၁၂,၈၀၀ ကီလိုမီတာ ဖြစ်ပြီး သင်္ဘောကြီးများ သွားလာနိုင်သည့် ခရီးလမ်းအရှည်မှာ ၁,၉၈၈ မိုင် ၃,၂၀၀ ကီလိုမီတာ ဖြစ်သည်။

                                     

3. ဆိပ်ကမ်းများ

ပင်လယ်ဆိပ်ကမ်းများ

  • ကျောက်ဖြူ ရေနက်ဆိပ်ကမ်း
  • ထားဝယ်ရေနက်ဆိပ်ကမ်း
  • သီလဝါဆိပ်ကမ်း
  • စစ်တွေဆိပ်ကမ်း
  • ရန်ကုန်ဆိပ်ကမ်း

မြစ်ဆိပ်ကမ်းများ

  • မန္တလေးမြို့
  • ချောက်မြို့
  • မြစ်ကြီးနားမြို့
  • ဗန်းမော်မြို့
  • ပုသိမ်မြို့
                                     

4. လေကြောင်းပို့ဆောင်ရေး

လေဆိပ်များ

၂၀၁၀ ခုနှစ် ဇူလိုင်လ စာရင်းများအရ မြန်မာနိုင်ငံတွင် လေဆိပ်စုစုပေါင်း ၆၉ ခုရှိကာ လေယာဉ်ပြေးလမ်း ပေ တစ်သောင်းအထက်ရှိ လေဆိပ်မှာ ၁၁ ခုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှာ -

  • မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
  • နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့်
  • ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
  • ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ဆဲ တို့ ဖြစ်ကြသည်။

လေကြောင်းလိုင်းများ

မြန်မာနိုင်ငံအခြေစိုက် လက်ရှိပြေးဆွဲနေသော လေကြောင်းလိုင်းများ ၁၁ ခုရှိသည်။ နိုင်ငံတော်အလံတင် လေကြောင်းလိုင်းမှာ မြန်မာအမျိုးသား လေကြောင်းလိုင်း ဖြစ်ပြီး ပြည်ပသို့ ပျံသန်းလျက်ရှိသော လေကြောင်းလိုင်းများမှာ မြန်မာအမျိုးသား လေကြောင်းလိုင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း နှင့် အဲကေဘီဇက် လေကြောင်းလိုင်း တို့ ဖြစ်ကြသည်။