ⓘ ခိုင်သင်းကြည်

                                     

ⓘ ခိုင်သင်းကြည်

၁၉၇၂ ခု၊ စက်တင်ဘာလ ၂၇ ရက်တွင် ဒုတိယဗိုလ်မှူးကြီး မောင်မောင်နှင့် ဒေါ်ဝါဝါစိုးတို့က ရန်ကုန်မြို့ အမှတ် ၂ စစ်ဆေးရုံတွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ခိုင်သင်းကြည်ပင် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူးသင်ကြားခဲ့ပြီး သိပ္ပံဓာတုဗေဒဘွဲ့ ရရှိသည်။

                                     

1. အနုပညာခရီး

ဒါရိုက်တာ စင်ရော်မောင်မောင်၏ မိုးယံသို့ လွင့်ပျံစေမယ့် ကေသရာဇာတို့၏ အားမာန် ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ စတင်ရောက်ရှိလာသူ ဖြစ်သည်။

၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်သည့်အခမ်းအနားတွင် အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်သည့်အခမ်းအနားတွင် အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည်။