ⓘ စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)

                                     

ⓘ စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အာဏာသိမ်းစစ်​ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် တာဝန်များအား ထမ်းဆောင်နေသူဖြစ်သည်။ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် မှ ကျောင်းဆင်းသူတစ်ဦး ဖြစ်သည်။ ဗထူးတပ်မြို့ရှိ တိုက်ခိုက်ရေးကျောင်း ကျောင်းအုပ်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အမှတ် စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစတင်ကာ {ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်} အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၁ စစ်အာဏာသိမ်းခြင်းတွင် ဒုတိယ​ခေါင်း​ဆောင်ဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။