ⓘ ကွန်ပျူတာတက္ကသိုလ်(မြိတ်)

                                     

ⓘ ကွန်ပျူတာတက္ကသိုလ်(မြိတ်)

ကွန်ပျူတာတက္ကသိုလ် သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ တနင်္သာရီမြို့သို့သွားသော ပြည်ထောင်စု ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး မြိတ်မြို့မှ ၈ မိုင် ၇ ဖာလုံခန့် ကွာဝေးသည်။ တက္ကသိုလ်၏ အကျယ်အဝန်း မှာ ၂၅.၇၁ ဧကဖြစ်သည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

                                     

1. သမိုင်းကြောင်း

အစိုးရကွန်ပျူတာကောလိပ်မြိတ် ကို ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် မြိတ်မြို့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အဆောက်အဦတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့၌ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာရှိ အစိုးရကွန်ပျူတာကောလိပ်မြိတ် ကျောင်းဝင်းမြေနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ရွှေဒူးကျေးရွာရှိ မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်းမကြီးဘေး သုံးထပ်ပင်မကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။

                                     

2. သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်မြိတ်မှ ဖွင့်လှစ်သင်ကြား ပို့ချလျှက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ
  • ပုံမှန်သင်တန်းများ
  • လူသားအရင်းအမြစ် ဖွံဖြိုးရေးသင်တန်းများ
  • ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းရေးသင်တန်း
  • ကွန်ပျူတာအခြေခံ အသုံးချသင်တန်း
                                     

3. ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်မြိတ်မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.TechHons:
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.ScHons:
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc