ⓘ ကွန်ပျူတာတက္ကသိုလ်(သထုံ)

                                     

ⓘ ကွန်ပျူတာတက္ကသိုလ်(သထုံ)

ကွန်ပျူတာတက္ကသိုလ် သည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ဝန္ဒာမိတောင်ခြေတွင် တည်ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

                                     

1. သမိုင်းကြောင်း

မွန်ပြည်နယ်အတွင်းတွင် အစိုးရကွန်ပျူတာကောလိပ်မော်လမြိုင်အား ၂၀၀၀ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ တွင် အစိုးရနည်းပညာကောလိပ်မော်လမြိုင် ယခု နည်းပညာတက္ကသိုလ်မော်လမြိုင်)၏ ပရဝုဏ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ် ကျေးရွာအုပ်စု၊ မော်လမြိုင်စက်မှုဇုန် အနီးသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်မော်လမြိုင် အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပြီး ဘွဲ့ကြို/ဘွဲ့လွန် သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်မော်လမြိုင်အား သထုံမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်သထုံအဖြစ် အမည်ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။

                                     

2. သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်သထုံမှ ဖွင့်လှစ်သင်ကြား ပို့ချလျှက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ
  • ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
                                     

3. ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်သထုံမှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.TechHons:
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.ScHons:
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
                                     

4. တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ

  • ဒေါက်တာဝင်းဌေး ၅-၇-၂၀၁၀ မှ ယနေ့ထိ
  • ဒေါ်သီသီစော ၇-၈-၂၀ဝ၀ မှ ၂၃-၄-၂၀ဝ၁ ထိ
  • ဒေါက်တာနေခြည်လဲ့လဲ့သိန်း ၁-၁၁-၂၀ဝ၆ မှ ၇-၄-၂၀ဝ၉ ထိ
  • ဒေါက်တာနီလာသိန်း ၇-၈-၂၀ဝ၄ မှ ၃၁-၁၀-၂၀ဝ၆ ထိ
  • ဒေါ်မွန်မွန် ၂၄-၄-၂၀ဝ၁ မှ ၆-၈-၂၀ဝ၄ ထိ
  • ဒေါက်တာသန္တာသိန်း ၈-၄-၂၀ဝ၉ မှ ၄-၇-၂၀၁၀ ထိ