ⓘ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)

                                     

ⓘ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)

ကွန်ပျူတာတက္ကသိုလ် သည် ကရင်ပြည်နယ်၊ ဘားအံမြို့မှ မိုင်ခန့်အကွာ၊ ဘားကပ်စံပြ ကျေးရွာအနီးတွင် တည်ရှိပြီး စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ ဧက ဖြစ်သည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

                                     

1. သမိုင်းကြောင်း

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ် အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်ဘားအံ အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။

                                     

2. သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်ဘားအံမှ ဖွင့်လှစ်သင်ကြား ပို့ချလျှက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
                                     

3. ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်ဘားအံမှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.ScHons:
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.TechHons:
  • အချိန်ပိုင်းနည်းပညာဒီပလိုမာ
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech