ⓘ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)

                                     

ⓘ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)

ကွန်ပျူတာတက္ကသိုလ်တောင်ငူကို ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ရက်နေ့ တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် တောင်ငူမြို့၊ ကေတုမတီမြို့သစ်၌ စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ရက်နေ့တွင် တက္ကသိုလ် အဆင့်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၀၈ခုနှစ်၊ ဧပြီလ၂၀ရက်နေ့တွင် တောင်ငူမြို့၊ ကန်ရိုးကျေးရွာရှိ နည်းပညာတက္ကသိုလ်တောင်ငူ ကျောင်းနယ်မြေအား ကွန်ပျူတာတက္ကသိုလ်တောင်ငူအဖြစ် လွှဲပြောင်း လက်ခံဖွင့်လှစ်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်တောင်ငူသည် တောင်ငူမြို့ မြောက်ဖက် ၃ မိုင်အကွာ ကန်ရိုးကျေးရွာတွင် တည်ရှိပြီး ၃၀.၂၅ ဧက ကျယ်ဝန်းသည်။

                                     

1. သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်တောင်ငူမှ ဖွင့်လှစ်သင်ကြား ပို့ချလျှက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • စတုတ္ထနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း Fourth YearB.C.Sc)
  • ပဉ္စမနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း Fifth YearB.C.Sc)
  • ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းမှု ကျွမ်းကျင်သင်တန်းများComputer Maintenance A+ Training
  • ပထမနှစ် ကွန်ပျူတာသိပ္ပံနည်းပညာ သင်တန်း First Year B.C.Sc/B.C.Tech)
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း Second Year B.C.Sc)
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ သင်တန်း Second Year B.C.Tech)
  • တတိယနှစ် ကွန်ပျူတာနည်းပညာ သင်တန်း Third Year B.C.Tech)
  • ကွန်ပျူတာအသုံးချ သင်တန်းများ Basic Computer Application Training
  • အဆင့်မြင့် ကွန်ပျူတာအသုံးချ သင်တန်းများ Advanced Computer Application Training
  • ကွန်ပျူတာ ကွန်ယက်ချိတ်ဆက်မှု သင်တန်းများ Basic Network ing Training
  • အခြေခံ Website ရေးသားနည်းသင်တန်းများ Basic Web Development Training
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း Third Year B.C.Sc)
  • ပဉ္စမနှစ် ကွန်ပျူတာနည်းပညာ သင်တန်း Fifth YearB.C.Tech)
  • ကွန်ပျူတာသိပ္ပံမဟာဘွဲ့ M.C.Sc
  • စတုတ္ထနှစ် ကွန်ပျူတာနည်းပညာ သင်တန်း Fourth YearB.C.Tech)
                                     

2. ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်တောင်ငူမှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံမဟာဘွဲ့ M.C.Sc