ⓘ ကွန်ပျူတာတက္ကသိုလ်(ပြည်)

အီသန် လူမျိုး

အီသန် လူမျိုး သို့မဟုတ် အရှေ့မြောက်ပိုင်းထိုင်း မျိုးနွယ်- ဒေသဆိုင်ရာသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အဓိကနေထိုင်ကြပြီး အီသန် လူမျိုးများသည် ခန့်မှန်းခြေအားဖြင့် ၂၂သန်းခန့်ရှိပါသည်။ ဤမျိုးနွယ်များကို အခြားအသုံးအနှုန်းများအနေဖြင့် တိုင်အီသန်၊ ထိုင်း - လာအို ၊ လာအို အီသန်၊ သို့မဟုတ် အီသန်လာအိုဟု ခေါ်ဆိုကြပါသည်။ ထိုင်းလူမျိုး နှင့် လာအိုတို့ကဲ့သို့ပင် သူတို့သည် တိုင် လူမျိုးအနွယ်များ ဖြစ်ပါသည်။ ပိုမိုကျယ်ပြန့်သောအဓိပ္ပာယ်ဖွင့်ဆိုရလျှင်ထိုင်းနိုင်ငံအရှေ့မြောက်ပြည်နယ် ၂၀ မှလာသူတိုင်းကို ခွန်အီဆန် ဟုခေါ်နိုင်သည်။ ပိုမိုကျယ်ပြန့်သောအဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုလျှင်ဒေသအများစုတွင်လူ ဦး ရေအများ ...

                                     

ⓘ ကွန်ပျူတာတက္ကသိုလ်(ပြည်)

ကွန်ပျူတာတက္ကသိုလ် သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်တည်ရှိသည်။ ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ ကွန်ပျူတာပညာရပ်အထူးပြု ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်လျက်ရှိသော နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်သည်။ပါမောက္ခချုပ်နေရာတွင် ဒုတိယပါမောက္ခချုပ်ဒေါက်တာမျိုးမင်းသန်းမှ ကိုယ်စားတာဝန်ယူထမ်းဆောင်လျက်ရှိသည်။

                                     

1. သမိုင်းကြောင်း

ကွန်ပျူတာတက္ကသိုလ်ပြည်အား အစိုးရကွန်ပျူတာကောလိပ်အဖြစ် ၂၀ဝ၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကွန်ပျူတာအသုံးချသင်တန်းများModulesကို စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၅ ခုနှစ်၊ ဇန်နဝါရီလ၁ ရက်နေ့မှ စတင်၍ ၂၀ဝ၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် အောင်မြင်သည့် ကျောင်းသား/သူများကို ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ ပထမနှစ် သင်တန်းသားများအဖြစ် စတင်လက်ခံခဲ့သည်။ ၎င်းမှတဆင့် ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်ပြည်အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ အကျယ်အဝန်းအားဖြင့် ၁၇.၆၈ဧက ကျယ်ဝန်းပြီး ပြည် မှ အောင်လံသို့သွားသောကားလမ်း မိုင်တိုင်အမှတ် ဝ၈၁/၂ ၏ တောင်ဘက်တွင် တည်ရှိသည်။

                                     

2. ဌာနများ

  • ရူပဗေဒဌာန Physics Department
  • ငွေစာရင်းဌာန Finance Department
  • ပရိုဂရမ်နည်းပညာဌာန Faculty of Computer Science
  • သုတသိပ္ပံမဟာဌာန Faculty of Information Science
  • အသုံးချဌာန Application Department
  • စက်နည်းပညာမဟာဌာန Faculty of Computer Systems and Technologies
  • ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာဌာန Maintenance Department
  • အင်္ဂလိပ်စာဌာန English Department
  • ကျောင်းသားရေးရာဌာန Student Affair
  • စာကြည့်တိုက်ဌာန Library Department
  • မြန်မာစာဌာန Myanmar Department
  • စီမံခန့်ခွဲရေးဌာန Administrative Department
  • တွက်ချက်ရေးသင်္ချာမဟာဌာန Faculty of Computing
                                     

3. သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်ပြည်မှ အောက်ပါသင်တန်းများများကို ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

  • ပဉ္စမနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • ပဉ္စမနှစ် ကွန်ပျူတာနည်းပညာ
  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • စတုတ္ထနှစ် ကွန်ပျူတာသိပ္ပံ
  • စတုတ္ထနှစ် ကွန်ပျူတာနည်းပညာ