ⓘ ပြည်သူ့ အခွင့်အရေး

အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု

အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု ဆိုသည်မှာ အစိုးရတစ်ရပ်၏ အချို့သော ဥပဒေများ၊ တောင်းဆိုချက်များနှင့် အမိန့်ပြန်တမ်းများကို နိုင်ငံသားပြည်သူတစ်ယောက်အနေဖြင့် လိုက်နာရန်ငြင်းဆန်ခြင်းပင်ဖြစ်သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုတို့သည် အကြမ်းဖက်နည်းလမ်းများကို ရှောင်ရှားခြင်းဖြင့် အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှု ဖြစ်ရန် လိုအပ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထို့ကြောင့် ဤလှုပ်ရှားမှုများကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု၊ အကြမ်းမဖက်ဆန့်ကျင်လှုပ်ရှားမှုများနှင့် တူညီသည်ဟု သတ်မှတ်ကြသည်။ ဤလှုပ်ရှားမှု၏ အခြေခံအယူအဆကို ကျင့်သုံးခဲ့သည်မှာ ရှေးယခင်ကတည်းကပင်ဖြစ်သော်လည်း ဟင်နရီဒေးဗစ်သော်ရိုး Henry David Thoreau ...

တရုတ်နိုင်ငံရှိ လူ့အခွင့်အရေး

တရုတ်နိုင်ငံရှိ လူ့အခွင့်ရေးအခြေအနေများ ကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မတီ မှ အခါအားလျှော်စွာ စစ်ဆေးသုံးသပ်လေ့ရှိကာ ထိုသုံးသပ်ဆန်းစစ်မှုများအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ အခြားသော နိုင်ငံများမှ အစိုးရများ၊ လူ့အခွင့်ရေး​ဆိုင်ရာအဖွဲ့အစည်းများက ပုံမှန်အားဖြင့် သဘောထားကွဲလွဲလေ့ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ၎င်းတို့ကိုထောက်ခံသူများက လက်ရှိမူဝါဒများနှင့် ဥပဒေပြဋ္ဌာန်းဆောင်ရွက်မှုများသည် လူ့အခွင့်ရေးဆိုင်ရာဖိနှိပ်မှုများမဖြစ်စေရန် တားဆီးရန်အတွက် လုံလောက်သည်ဟူ၍ အခိုင်မာပြောဆိုကြသည်။ သို့သော်လည်း အခြားသောနိုင်ငံများနှင့် ထိုနိုင်ငံများ၏အာဏာပိုင်အဖွဲ့များ ၊ အစိုးရမဟုတ်သော အဖ ...

ဒေါ်အောင်ဆန်းစုကြည်၏ ရွှေဂုံတိုင် မိန့်ခွန်း

ဒီလိုကျွန်မတို့ကိုလာထောက်ခံတဲ့အတွက်ကျေးဇူးတင်တဲ့စကားနဲ့ပဲစပါရစေ။ပထမဦးဆုံးအနေနဲ့ ပြောရမှာက အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ တစ်ယောက် တစ်ယောက်ကို မတွေ့ရတာ တော်တော် ကြာပါပြီ ---- ဒါပေမယ့် ဘယ်လောက်ပဲ မတွေ့ရတာ ကြာကြာ ကျွန်မအပေါ်မှာ ပြည်သူတွေရဲ့ ထားတဲ့ မေတ္တာနဲ့ ယုံကြည်ချက် အရ ကျွန်မတို့ ခိုင်ခိုင်မာမာ ရှိတယ် ဆိုတာ တွေ့ရလို့ အင်မတန်မှ စိတ်ချမ်းသာ ပါတယ်၊ အင်မတန်မှ အားတက် ရပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ဆိုရင် ပြည်သူတွေက ဘာလိုချင်လဲ ဆိုတာ ကျွန်မတို့ သိပါတယ်။ သိတယ်လို့ ထင်တယ်နော် ဘာလိုချင်လဲဆိုတာ သိပါတယ် ----ဒီမိုကရေစီ--------- ပြည်သူများ လိုချင်တာတော့ သိပြီ လိုချင်တဲ့ ဟာကိ ...

မိုဟာမက် အလီဂျင်နာ

မိုဟာမက် အလီဂျင်နာ ၁၈၇၆-၁၉၄၈ သည် အိန္ဒိယနိုင်ငံရေးသမား၊ မွတ်စလင်လိဂ်၏ သက်တမ်းရှည် ခေါင်းဆောင်ဖြစ်သည်။ ဂျင်နာသည် ပါကစ္စတန်နိုင်ငံတည်ထောင်သူ ဖခင်ကြီးဖြစ်လာပြီး ၁၉၄၇-ခုနှစ်မှ ၁၉၄၈-ခုနှစ်အတွင်း ပါကစ္စတန်၏ ပထမဆုံးဘုရင်ခံချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ မိုဟာမက် အလီဂျင်နာကို ၁၈၇၆-ခုတွင် ကရာချိမြို့၌ မွေးဖွားခဲ့သည်။ ထိုအချိန်က ကရာချိမြို့သည် အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အိန္ဒိယကို ဗြိတိသျှတို့ မအုပ်ချုပ်ခင် အချိန်ဖြစ်သည်။ ဂျင်နာ လူငယ်ဘဝက မိဘများက လုပ်ငန်းအတ​ွေ့အကြုံရရှိရန် လန်ဒန်မြို့သို့ ပို့ပ​ေးခဲ့သည်။ ၎င်းအစား သူက ဥပဒေပညာရပ်ကို သင်ယူခဲ့ပြီး ဗြိတိသျှအစိုးရစနစ်ကို လေ့လာခဲ့သည်။ ပညာသင်ယူပြ ...

ရန်ကုန်​ခေတ်သစ် မီဒီယာ

ရန်ကုန်ခေတ်သစ် မီဒီယာ သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ရက်နေ့တွင် စတင် တည်ထောက်ခဲ့သော မီဒီယာတစ်ခုဖြစ်သည်။ ရန်ကုန်ခေတ်သစ် မီဒီယာကို အယ်ဒီတာချုပ် ဦး သာလွန်ဇောင်းထက် ခ ဦးလှိုင်းသစ်ဇင်ဝေ က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပေးထားသော သတင်းအေဂျင်စီအသိအမှတ်ပြုလက်မှတ် ၀၀၁၀၇ ဖြင့် တရားဝင် သတင်းမီဒီယာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်ခေတ်သစ် တည်ရှိရခြင်း အကြောင်းအရင်းမှာ မြန်မာနိုင်ငံတွင် အစိုးရက သတင်းမီဒီယာလုပ်ငန်းကို ပြည်သူ့ဘဏ္ဍာငွေဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်ဝါဒဖြန့်နေခြင်း၊ ငွေကြေးနှင့်အာဏာအ ...

ယူဂိုစလားဗီးယား နှင့် ဘက်မလိုက်လှုပ်ရှားမှု

ဆိုရှယ်လစ် ဖက်ဒရယ် ပြည်သူ့သမ္မတ ယူဂိုစလားဗီးယားနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု၏ တည်ထောင်သူအဖွဲ့ဝင် နိုင်ငံတခုဖြစ်သည်။ ၁၉၆၁ စက်တင်ဘာလဆန်းပိုင်းတွင် ဘက်မလိုက်လှုပ်ရှားမှု၏ ပထမဆုံး ထိပ်သီးညီလာခံကို ယူဂိုစလားဗီယားနိုင်ငံ၏ မြို့တော် ဘဲလ်ဂရိတ်မြို့၌ လက်ခံကျင်းပခဲ့သည်။ ကြိမ်မြောက် ညီလာခံကိုလည်း ၁၉၈၉ ခုနှစ် စက်တင်ဘာလတွင် ယင်းမြို့တော်၌ပင် ကျင်းပခဲ့သည်။ ဘက်မလိုက်မှုနှင့် ထိုလှုပ်ရှားမှု၌ တက်ကြွစွာပါဝင်မှုမှာ ယူဂိုဆလဗ်၏ စစ်အေးကာလအတွင်း အုတ်မြစ် နိုင်ငံခြားရေးမူဝါဒနှင့် အတွေးအခေါ် တရပ်ဖြစ်သည်။ စစ်အေးကာလနိဂုံးချုပ်ခြင်း နှင့် နောက်ဆက်တွဲ တည်ထောင်သူနှင့် ပင်တိုင်အဖွဲ့ဝင် ယူဂိုစလားဗီးယားနိုင်ငံပြိုကွဲခ ...

Battle of Gonzales

Gonzales တိုက်ပွဲ သည် တက္ကဆက်တော်လှန်ရေး၏ ပထမ ဦး ဆုံးစစ်ရေးထိတွေ့မှုဖြစ်ခဲ့ပါသည်။ ၎င်းမှာ အောက်တိုဘာလ ၂ရက်နေ့, ၁၈၃၅ တွင် ပုန်ကန်သူ တက္ကဆက်အခြေချနေထိုင်သူများနှင့် မက္ကဆီကန်နယ်ခြားစောင့် တပ်သားတို့ကြားတက္ကဆက်ပြည်နယ်, ဂန်ဇောလက်စ် အနီးမှာ တိုက်ခဲ့တာ ဖြစ်ပါသည်။ ၁၈၃၁ တွင်မက္ကဆီကိုအာဏာပိုင်များသည် ဂန်ဇောလက်စ်တွင် အခြေချနေထိုင်သူများအား Comanche စီးနင်းမှုများမှကိုယ့်ကိုကိုယ်ကာကွယ်ရန်အမြောက်ငယ်လေးတစ်လက်ကို ငှားခဲ့သည်။ နောက်လေးနှစ်တွင်မက္ကဆီကို၏နိုင်ငံရေးအခြေအနေမှာယိုယွင်းလာပြီး ၁၈၃၅ တွင်ပြည်နယ်အတော်များများပုန်ကန်ခဲ့သည်။ မက္ကဆီကိုတပ်များအားလုံး၏တပ်မှူးဗိုလ်မှူးကြီး ဒိုမင်ဂိုက ဒဲယ် ယူဂ္တီရှီးယား သ ...

                                     

ⓘ ပြည်သူ့ အခွင့်အရေး

အခွင့်အရေး ဆိုသည်မှာ ခိုင်မာတိကျစွာ အဓိပ္ပါယ်ဖွင့်ရန် ခက်ပါသည်။ သူ့နေရာနှင့်သူ အလေးအနက်၊ အတိမ်အနက် ကွာခြား နိုင်သောကြောင့် ဖြစ်သည်။ ပြည်သူ ဆိုသည့် စကားလုံးနှင့် ယှဉ်တွဲ သုံးလိုက်လျှင် ထိုအခွင့်အရေး ဆိုသည့် စကားလုံးက ပိုကျယ်ပြန့် သွားပြီး လူပုဂ္ဂိုလ် တစ်ဦးချင်း ဆိုင်ရာ လွတ်လပ်ခွင့် နှင့်လည်း ပတ်သက် နေကြောင်း တွေ့ရသည်။

အခွင့်အရေး ဆိုသည်မှာ အကြွင်းမဲ့ပြီး ပြည့်စုံသည့် သဘော မဆောင်ပေ။ လူတစ်ယောက်၏ လွတ်လပ်ပိုင် ခွင့်သည် အခြား တစ်ယောက်၏ လွတ်လပ်ပိုင်ခွင့်ကို ထိပါး နှောင့်ယှက်ရာ ရောက်သည့် အခွင့်အရေးမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံတော် ဆိုသည်မှာ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ခြင်း တာဝန်ကို ဖော်ဆောင် ရသူများ ဖြစ်လာသည်။

ပြည်သူ့ အခွင့်အရေး ဆိုသည်မှာ အစိုးရ တစ်ရပ်၏ အကန့်အသတ် အတွင်းမှာသာ ရှိသည်။ ဆိုလိုသည်မှာ တရုတ်ပြည်တွင် နေထိုင်သူများ အနေဖြင့် အမေရိကန် နိုင်ငံပြည်သူများ၏ အခွင့်အရေးမျိုး တောင်းဆို၍ မဖြစ်နိုင်ပေ။ သို့သော် အမေရိကန် လွတ်မြောက်ရေး ကြေညာစာတမ်း ထွက်လာသည်။ အင်္ဂလိပ်နှင့် အမေရိကန်တို့ ပေါင်းစပ် ထားသည့် ထိုအခွင့်အရေး တောင်းဆိုချက်များကို ဒီမိုကရေစီ ဖော်ဆောင် လိုသည့် နိုင်ငံများက မျက်စိကျ လာကြသည်။

ပြည်သူ့ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် ပေးရေးသည် နိုင်ငံတော် တာဝန်သာ ဖြစ်သည်။ နိုင်ငံတော်က ပြည်သူတို့၏ အခွင့်အရေးကို နည်းလမ်း သုံးရပ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးရသည်။

ထိုနည်းလမ်းများမှာ-

  • ဥပဒေဖြင့် ပြဋ္ဌာန်း သတ်မှတ်ပေးခြင်း Legislative Provision
  • ဖွဲ့စည်းပုံဖြင့် ပြဋ္ဌာန်း သတ်မှတ်ပေးခြင်း Constitutional Provision
  • ဥပဒေနှင့် ဖွဲ့စည်းပုံဖြင့် ပြဋ္ဌာန်း သတ်မှတ်ပေးခြင်း Legislative and Constitutional Provision တို့ဖြစ်သည်။

ပြည်သူ့ အခွင့်အရေးကို ဥပဒေဖြင့် သတ်မှတ်ပေးခြင်း ဆိုသည်မှာ အချို့သော နိုင်ငံများတွင် ပြည်သူ့ အခွင့်အရေးကို ဥပဒေ တစ်ခုတည်းဖြင့်သာ အကာအကွယ် ပေးထားသည်။ ဥပမာ ဗြိတိန်တွင် ပြည်သူ့ အခွင့်အရေး ဆိုသည်မှာ "Magna Charta" "Bill of Rights" တို့နှင့်သာ သက်ဆိုင်ပြီး ထိုဥပဒေ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်လေ့ ရှိသည်။ ပါလီမန်သည် နိုင်ငံတော်တွင် အထွတ်အထိပ် နေရာတွင် ရှိနေသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်များသည် Magna Charta ESifh Bill of Rights ပါ ဥပဒေများကို လွှမ်းမိုး ထိန်းချုပ်ခွင့် မရှိပေ။ ဆိုလိုသည်မှာ ပါလီမန်သည် ပြည်သူ့ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကျော်လွန်ခွင့် မရှိရခြင်း ဖြစ်သည်။ ဗြိတိန် ပြည်သူတို့ အတွက် ရိုးရာနှင့် အစဉ်အလာ ဥပဒေများသည် ပြည်သူ့ အခွင့်အရေး အတွက် အခိုင်အမာ ရပ်တည် ပေးထားသည်ဟု ဆိုနိုင်သည်။

ပြည်သူ့ အခွင့်အရေးကို ဖွဲ့စည်းပုံဖြင့် သတ်မှတ်ပေးခြင်း ဆိုသည်မှာ အချို့သော နိုင်ငံများတွင် ပြည်သူ့ အခွင့်အရေး ဆိုသည်မှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံတွင် ရောထွေး ထည့်သွင်းထားလေ့ ရှိကြသည်။ အမေရိကန် ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံတွင် နောက်ထပ် ဖြည့်စွက်ချက် ၁၀ ချက်ကို ထပ်ဖြည့်ကာ ထည့်သွင်း ထားခြင်းမျိုး ဖြစ်သည်။ ဥပဒေထက်ပိုပြီး လေးနက် စေကာ မဖြစ်မနေ ကာကွယ် စောင့်ရှောက် ပေးမည် ဆိုသည့်သဘော သက်ရောက် သွားစေရန် ဆောင်ရွက် လိုက်သည့် သဘော ဖြစ်သည်။ အခြားသော နိုင်ငံများသည်လည်း လူ့အခွင့်အရေး ဆိုင်ရာ ရပိုင်ခွင့်များကို ဖွဲ့စည်းပုံတွင် အခြေခံ ရပိုင်ခွင့်များ အနေဖြင့် ထည့်သွင်းခြင်း ပြုလာကြောင်း တွေ့ရသည်။

ဥပဒေနှင့် ဖွဲ့စည်းပုံ ရောထွေးကာ ပြဋ္ဌာန်း သတ်မှတ်ပေးခြင်းမှာ အချို့သော နိုင်ငံများတွင် ပြည်သူ့ အခွင့်အရေးကို ဖွဲ့စည်းပုံဖြင့် ပြဋ္ဌာန်း သတ်မှတ် ပေးထားပြီး နောက်မှ ဥပဒေဖြင့် အသေးစိတ် ပြန်လည် ပြဋ္ဌာန်းပေးခြင်းကို ဆိုလိုပါသည်။ ခေတ်သစ် ဆွစ်ဇာလန်နိုင်ငံနှင့် ဖက်ဆစ်စနစ်ကို ကျင့်သုံးစဉ်က အီတလီနိုင်ငံတို့တွင် ပြည်သူ့ အခွင့်အရေးများကို သီးခြားပြဋ္ဌာန်း ထားသော်လည်း သီးခြား ဥပဒေများဖြင့် ပြဋ္ဌာန်း ဆောင်ရွက်မှုများလည်း ရှိကြောင်း တွေ့ရသည်။ ဤသို့နှစ်မျိုး ပေါင်းစပ် ပြဋ္ဌာန်းခြင်းကို ခိုင်မာသည့် ပြည်သူ့ အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုဟု မဆိုနိုင်ပေ။ မူဆိုလိုနီခေတ်တွင် အီတလီနိုင်ငံ၌ နိုင်ငံတော် လုံခြုံရေးကို အကြောင်းပြပြီး သတင်းစာ လွတ်လပ်ခွင့်ကို ထိန်းချုပ် ကန့်သတ်ခဲ့သည်။ သို့သော် သတင်း လွတ်လပ်ခွင့်ကို ဖွဲ့စည်းပုံက သတ်မှတ် ပေးခဲ့ပြီး ဖြစ်သည်။

                                     

1. ပြည်သူ့အခွင့်အရေး အမျိုးအစားများ

ပြည်သူ့ အခွင့်အရေးကို ၅ မျိုး ခွဲခြား သတ်မှတ် နိုင်ပါသည်။

  • နိုင်ငံရေးဆိုင်ရာ အခွင့်အရေး
  • ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေး
  • လုပ်ထုံးလုပ်နည်းများဆိုင်ရာ အခွင့်အရေးတို့ဖြစ်သည်။
  • ဥပဒေအရ အညီအမျှ ခံစားပိုင်ခွင့် အခွင့်အရေး
  • ပိုင်ဆိုင်မှု ဆိုင်ရာ အခွင့်အရေး
                                     

1.1. ပြည်သူ့အခွင့်အရေး အမျိုးအစားများ ၁။ ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေး

ပုဂ္ဂလိက အခွင့်အရေးတွင် လူတစ်ဦးချင်း အလိုက် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်တို့ ပါဝင်ပြီး လူသား တစ်ယောက်၏ ဘဝအတွက် အခြေခံ အခွင့်အရေးများ အနေဖြင့် သတ်မှတ်ကြသည်။ သို့သော် ထိုအခွင့်အရေးများသည် ရှိသာရှိပြီး နိုင်ငံတိုင်းတွင် အတိုင်းအတာ မတူနိုင်ပေ။ နိုင်ငံ၏ အနေအထားအရ ရချင်လည်း ရမည်။ မရတာတွေလည်း ဖြစ်နိုင်သည်။ နိုင်ငံတော်နှင့် ယှဉ်လာလျှင် လူတစ်ဦးချင်းစီ၏ အခွင့်အရေး ဆိုသည်မှာ ဘာမျှ မဟုတ်ဟူ၍ ခံယူထား တတ်သည်နှင့်လည်း ကြုံတွေ့နိုင်သည်။ လွတ်လပ်စွာ ပြောဆိုခွင့် ပုံနှိပ် ထုတ်ဝေခွင့်များကို နိုင်ငံတော်အား အကြည်အညို ပျက်စေနိုင်မှု အသရေ ဖျက်နိုင်မှုများဖြင့် ကန့်သတ် ထားလေ့ ရှိသည်။ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ဆိုသည်မှာလည်း ကျန်းမာရေးကို မထိခိုက်စေလျှင်၊ လူမှု အကျိုးစီးပွားကို မထိခိုက်စေလျှင် ဆိုသည့် အကန့်အသတ်လေးများ ရှိနေမည်သာ ဖြစ်သည်။ လူတိုင်း အသက်ရှင် နေထိုင်ခွင့် ရှိသဖြင့် ရာဇဝတ်မှု ကျူးလွန်သူများကို အပြစ်ပေးရသည်။ လူ့ဘောင် အဖွဲ့အစည်းကို ကာကွယ် စောင့်ရှောက်လိုသဖြင့် လက်နက်ကိုင် ရမ်းကားပြီး လုပ်ချင်တိုင်း လုပ်ခွင့်မရှိစေရန် ထိန်းချုပ်ရမည်။ စစ်ရေးဖြင့် စစ်တပ်ကသာ ဆောင်ရွက်ခွင့် ရှိသည့် ကိစ္စများကို အရပ်ဖက်မှ ဝင်ရောက်စွက်ဖက် လုပ်ဆောင်ခြင်း မရှိရန်လည်း ထိန်းချုပ်ရမည်သာ ဖြစ်သည်။

                                     

1.2. ပြည်သူ့အခွင့်အရေး အမျိုးအစားများ ၂။ ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး

ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ လူတစ်ဦးချင်း ဆိုင်ရာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊ ရောင်းဝယ် ဖောက်ကားခွင့်များနှင့် သက်ဆိုင်သည်။ သို့သော် ထိုရောင်းဝယ် ပိုင်ဆိုင်ခွင့်များသည် နိုင်ငံတော်က သတ်မှတ်ထားသည့် ဥပဒေနှင့် အညီသာ ဖြစ်ရမည်။ ဤကဏ္ဍတွင် လူတိုင်း လွတ်လပ်စွာ လုပ်ကိုင်နိုင်သည် ဆိုသော်လည်း နိုင်ငံတော်ကသာ လုပ်ပိုင်ခွင့် ရှိသည့် ကိစ္စများကို နိုင်ငံတော်ကသာ သီးခြား သတ်မှတ် လုပ်ဆောင်ခွင့် ရှိသည်။ ဥပဒေအရလည်း သတ်မှတ်သင့်သည့် နှုန်းထားများ အတိုင်း ရောင်းဝယ်ရန် နိုင်ငံတော်မှ သတ်မှတ်ခွင့် ရှိသည်။ ထို့ပြင် နိုင်ငံတော်သည် ထိုရောင်းချသည့် လုပ်ငန်းများ၏ အကျိုး အမြတ်များထဲမှ နိုင်ငံတော် အတွက် အခွန်အဖြစ် သတ်မှတ် ကောက်ခံခွင့် ရှိသည်။

                                     

1.3. ပြည်သူ့အခွင့်အရေး အမျိုးအစားများ ၃။ ဥပဒေအရ အညီအမျှ ခံစားပိုင်ခွင့် အခွင့်အရေး

လူတိုင်း လူမျိုး၊ ဘာသာ၊ ကျားမ၊ အရွယ် မခွဲခြားဘဲ ဥပဒေအရ အညီအမျှ ရပိုင်ခွင့် ရှိသည်။ ပြည်သူ ပြည်သားတိုင်း၏ ရပိုင်ခွင့် တစ်ခု အနေဖြင့်လည်း အစိုးရတိုင်းက ထိုအခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပေးရသည်။ ဥပဒေဆိုသည်မှာ ဘက်လိုက်ခြင်း မရှိရ။ အစိုးရ ဆိုသည်ကလည်း ဥပဒေကို ဘက်လိုက်စေရန် တွန်းအား မပေးရ။ အမှန်တကယ်တော့ လူတိုင်းဖြစ်စေ၊ အဖွဲ့အစည်းတိုင်း ဖြစ်စေ၊ ဥပဒေအရ တစ်တန်းစားတည်း တစ်သားတည်း ဖြစ်ရန် မသတ်မှတ်နိုင်ပေ။ ဥပမာ လူတိုင်း ညီမျှစေရန် ငွေကြေး မည်မျှသာ ပိုင်ဆိုင်ရမည်ဟု သတ်မှတ်ပိုင်ခွင့် မရှိပေ။ အချို့သော ကိစ္စများတွင် လူတန်းစား အဖွဲ့အစည်း၊ ဘာသာရေး၊ လူမျိုးရေး အလိုက် ခွဲခြား သတ်မှတ် ပြဋ္ဌာန်းရသည်များလည်း ရှိနိုင်သည်။ လူတိုင်း အခွန်ဆောင် ရမည်ဆိုပြီး ချမ်းသာသာ ဆင်းရဲရဲ တစ်သားတည်း သတ်မှတ် ကောက်ခံရန် မဖြစ်နိုင်ပေ။ ဤနေရာမျိုးတွင် သူ့ဝင်ငွေ၊ သူ့အဆင့်အတန်း အလိုက် ခွဲခြား သတ်မှတ်မှုမျိုး ကတော့ ရှိနေမည်သာ ဖြစ်သည်။

                                     

1.4. ပြည်သူ့အခွင့်အရေး အမျိုးအစားများ ၄။ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး

လူတိုင်း မိမိကိုယ်မိမိ အုပ်ချုပ်ပိုင်ခွင့် ရှိသည်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကိုယ့်အမျိုးသားများက အုပ်ချုပ်ပိုင်ခွင့် ရှိသည်။ နိုင်ငံတော် ဆိုသည်မှာ ပြည်သူနှင့် တစ်သားတည်း ဖြစ်သည်။ လူမျိုးရှိလျှင် နိုင်ငံအဖြစ် တည်ရှိပိုင်ခွင့် ရှိရမည် ဖြစ်သည်။ ဤနိုင်ငံရေး ဆိုင်ရာ အခွင့်အရေးသည် အထူး အခွင့်အရေး မဟုတ်၊ ပြည်သူ ပြည်သားတိုင်း၊ နိုင်ငံသူ နိုင်ငံသားတိုင်း ရပိုင်ခွင့် အခွင့်အရေး တစ်ခု ဖြစ်သည်။ ဒီမိုကရေစီကို အကြောင်း ပြုထားသော အစိုးရမျိုးသည် နိုင်ငံရေး ဆိုင်ရာ အခွင့်အရေးများကို ပိုပြီး အလေးထား လေးစားရမည်။ နိုင်ငံရေး လှုပ်ရှားမှုများ ဖြစ်သည့် လွတ်လပ်စွာ စုဝေး ဆွေးနွေးခွင့်၊ အစိုးရအပေါ် ရသင့် ရထိုက်သည့် အခွင့်အရေးများ တောင်းဆိုပိုင်ခွင့်၊ မိမိ နှစ်သက်သည့် ပါတီ သို့မဟုတ် လူပုဂ္ဂိုလ်ကို မဲပေးခွင့်၊ ပါတီထောင်ခွင့်၊ စည်းရုံး လှုပ်ရှားခွင့်များ ရရှိနေရမည် ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင် ရတတ်သည့် ကိစ္စများ ဖြစ်နိုင်ပါသည်။ စုဝေးခြင်းမှသည် သတ်မှတ် ထားသည့် ဥပဒေများကို ချိုးဖောက်ပါက အခွင့်အရေးများ ဆုံးရှုံးတတ်သည်။ ပါတီ ထောင်ခြင်း၊ မဲဆွယ်ခြင်း၊ မဲပေးခြင်း တို့တွင်လည်း သတ်မှတ် ထားသည့် ဥပဒေအတိုင်း လိုက်နာမှသာ အခွင့်အရေး ရတတ်သည်။



                                     

1.5. ပြည်သူ့အခွင့်အရေး အမျိုးအစားများ ၅။ လုပ်ထုံးလုပ်နည်းများဆိုင်ရာ အခွင့်အရေး

ဤကဏ္ဍတွင် ပြဋ္ဌာန်းထားသည့် တရားဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာခြင်းနှင့် သက်ဆိုင်သည်။ နိုင်ငံတိုင်းတွင် ပြည်သူတိုင်း အတွက် လိုက်နာရမည့် ဥပဒေက သတ်မှတ် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ပြည်သူတိုင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ တရားစီရင်ခြင်းကို ပြည်သူများ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့် ရှိရမည်ဖြစ်သည်။ အမေရိကန် နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပြင်ဆင် ဖြည့်စွက်ချက် ဥပဒေများအရ ပြစ်မှု တစ်ခုခုအတွက် စွဲချက်တင်ရာတွင် စွဲချက်တင်သင့်၊ မတင်သင့် အဆုံးအဖြတ် ပေးရသည့် grand jury အဖွဲ့၊ တရားဥပဒေအရ စစ်ဆေးရသည့် ဂျူရီအဖွဲ့၊ ပြည်သူများ ရှေ့မှောက် တရား စီရင်ခြင်း၊ အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးမှု မပြုခြင်း၊ ဥပဒေကို ကျော်ပြီး တရား စီရင်ပိုင်ခွင့်များ မရှိစေရန် ကာကွယ် စောင့်ရှောက်ခြင်းများသည် ပြည်သူများ အတွက် လုပ်ထုံး လုပ်နည်းများ အတိုင်း ကျင့်သုံးပြီး အခွင့်အရေးများ ပေးအပ်ထားခြင်း ဖြစ်သည်။