ⓘ ဒြပ်စင်

လက်တင်ဘာသာအရေးအသား

လက်တင် သို့မဟုတ် ရောမအက္ခရာ သည် ဂန္ထဝင်လက်တင်အက္ခရာ များ၏အက္ခရာများကို အခြေခံ၍ အဆင့်ဆင့်အသုံးပြုလာသည့်သင်္ကေတ တစ်ခုဖြစ်သည်။ ၎င်းသည် ဧစထရက်စကန်တို့ အသုံးပြုသော ဂရိအက္ခရာ ၏ ကမ္မီယန် ဂရိ ပုံစံမှ ရရှိခဲ့ခြင်းဖြစ်ပါသည်။ လက်တင်အက္ခရာ အတော်များများတည်ရှိနေပြီး ဂန္ထဝင်လက်တင်အက္ခရာများ မှအရေးအသားစနစ်နှင့်အနည်းငယ်ကွဲလွဲသည့်အရေးအသားစနစ် ၊ အစုအဝေးနှင့်အသံထွက်စနစ်များကွာခြာပါးသည်။ လက်တင်အက္ခရာ၌ပါဝင်သည့်အက္ခရာ၂၆လုံးသည် နိုင်ငံတကာအက္ခရာစဉ်နှင့် အိုင်အက်စ်အို အခြေခံလက်တင်အက္ခရာတွင်ပါသောအက္ခရာများ ဖြစ်ပါသည်။ လက်တင် အက္ခရာအရေးအသားစနစ် အခြေခံထားပြီး အခြားဘာသာစကားများ၏ အရေးအသားစနစ်တွင် အက္ခရာစဉ်အလိုက်အသုံးပြု ...

ထိုင်းမင်းဆက်တို့၏နန်းတက်ပွဲ

ထိုင်း ထိုင်းဘုရင့် အားဘိ သိက်ပေးခြင်း နှင့် သရဖူ ဆောင်း ခြင်းဖြင့်တရားဝင်သန့်ရှင်းစေသည့်အခမ်းအနားဖြစ်သည်။ အခမ်းအနားကိုအဓိကအဖြစ်အပျက်နှစ်ခုအဖြစ်ခွဲခြားထားတယ်။ ရာစုနှစ်များစွာကတည်းကစတင်ခဲ့သောရိုးရာဓလေ့ထုံးတမ်းဆိုင်ရာထုံးတမ်းစဉ်လာများသည် ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများနှင့်ရောနှောနေသည်။ ဓလေ့ထုံးတမ်းများအရဘုရင်၏သန့်စင်သောရေချိုးကန်၊ ဘုရင့်ဘိသိက်ပေးခြင်း၊ ဘုရင်၏သရဖူနှင့်တော်ဝင် regalia၊ တော်ဝင်အသုံးအဆောင်များနှင့်အချုပ်အခြာအာဏာပိုင်လက်နက်များပါဝင်သည်။ The Residence of the Residence of the Residence of the Residence of the Grand Palace တွင်တော်ဝင်မိသားစုမိသားစုဝင်များမှကိုယ်ပိုင်အိမ် လ ...

                                     

ⓘ ဒြပ်စင်

ဒြပ်စင် ဆိုသည်မှာ ဓာတုဗေဒ နည်းလမ်းအရ နောက်ထပ် မခွဲစိတ်နိုင်တော့သည့် ဒြပ်ဝတ္ထုကို ဆိုလိုသည်။ ဒြပ်စင်၏ အသေးငယ်ဆုံးသော အပိုင်းမှာ အက်တမ်ဖြစ်သည်။ အက်တမ်တွင် ပရိုတွန်၊ နျူထရွန်နှင့် အီလက်ထရွန်များ ပါဝင် ဖွဲ့စည်းထားသည်။

ဒြပ်စင်တွင် အက်တမ်တမျိုးတည်းသာ ပါဝင်ပြီး ဒြပ်စင်တမျိုး၏ အက်တမ်ရှိ ပရိုတွန် အရေအတွက်ကို အက်တောမစ်နံပါတ်Atomic Number ဟု ခေါ်သည်။ ဥပမာ နျူကလိယတွင် ပရိုတွန် ၆ ခုပါဝင်သည့် အက်တမ်များမှာ ကာဗွန်ဒြပ်စင်ဖြစ်ပြီး ပရိုတွန် ၉၂ ခုပါဝင်သည့် အက်တမ်များမှာ ယူရေနီယမ်ဖြစ်သည်။ လက်ရှိ ခေတ်သစ် ဓာတုဗေဒတွင် ဒြပ်စင် အမျိုးအစားပေါင်း ၁၁၈ မျိုးကို တွေ့ရှိထားပြီး ယင်းတို့အနက် ဒြပ်စင်အမျိုး ၉၈ ကို သဘာဝဝန်းကျင်တွင် တွေ့ရှိနိုင်သည်။ အခြားဒြပ်စင်များကိုမူ ဓာတ်ခွဲခန်းတွင် ဖွဲ့စည်းရယူနိုင်သည်။ သိပ္ပံပညာရှင်များ ဓာတ်ခွဲခန်းအတွင်း ၁၉၃၇ ခုနှစ်တွင် ပထမဦးဆုံး ဖွဲ့စည်းယူခဲ့သည့် ဒြပ်စင်မှာ တက္ကနက်တီယမ်ဖြစ်ပြီး လူလုပ်ဒြပ်စင်များသည် ရေဒီယိုသတ္တိကြွသတ္တုများဖြစ်ကာ တည်ငြိမ်မှုမရှိပါ။

ဒြပ်စင်များကို ဒြပ်စင်အလှည့်ကျဇယား periodic table တွင် စီစဉ်ထည့်သွင်းထားသည်။ ဒြပ်စင်တမျိုး၏ အက်တမ် နျူကလိယအတွင်း နျူထရွန်အရေအတွက် ကွဲပြားပါက ၎င်းတို့အား အိုင်ဆိုတုပ်များဟု ခေါ်သည်။ ဒြပ်စင်တမျိုးစီအတွက် ဓာတုသင်္ကေတ တခုစီ သတ်မှတ်ထားသည်။ ဤသင်္ကေတများမှာ ယင်းတို့၏ အင်္ဂလိပ် သို့မဟုတ် လက်တင် အမည်များ၏ အတိုကောက်ဖြစ်သည်။ ဥပမာ ကာဗွန်အတွက် C၊ ဆိုဒီယမ်အတွက် လက်တင်အမည် Natrium ၏ အတိုကောက်Na ဟု သတ်မှတ်ထားသည်။ ဒြပ်စင်များသည် ဒြပ်ပေါင်းများအဖြစ် ပေါင်းစည်း ဓာတ်ပြု နိုင်သည်။ ဥပမာ ရေ၊ ဆား၊ အောက်ဆိုဒ်ဒြပ်ပေါင်းများနှင့် အော်ဂင်းနစ်ဒြပ်ပေါင်းများ။ ယေဘုယျအားဖြင့် ယင်းဒြပ်ပေါင်းများသည် မိမိတို့၏ သီးခြားဖွဲ့စည်းပုံနှင့် ဓာတ်သတ္တိ၊ ရုပ်သတ္တိများ ရှိကြသည်။

ဒြပ်စင်များအား ၎င်းတို့၏ ရုပ်ဖြစ်တည်မှု အခြေအနေကို မူတည်ကာ ပိုင်းခြားနိုင်သည်။ သာမန် အခန်းအပူချိန်နှင့် ဖိအားအောက်တွင် ဒြပ်စင်အများစုသည် အစိုင်အခဲများ ဖြစ်ကြသည်။ ဒြပ်စင် ၂ မျိုးသား အရည်ဖြစ်ပြီး အငွေ့အဖြစ် တည်ရှိသည့် ဒြပ်စင်မှာ ၁၁ မျိုးသာရှိသည်။ ဒြပ်စင်များကိုလည်း သတ္တုနှင့် သတ္တုမဟုတ်သည့် ဒြပ်စင်ဟု ခွဲခြားနိုင်သေးသည်။ သတ္တုမဟုတ်သည့်ဒြပ်စင်ထက် သတ္တုဒြပ်စင်က ပိုများသည်။ သို့သော်လည်း အချို့ဒြပ်စင်များသည် သတ္တုနှင့် သတ္တုမဟုတ်သည့် သတ္တိနှစ်မျိုးစလုံး ပိုင်ဆိုင်ထားသည်။ ၎င်းတို့အား semi-metals သို့မဟုတ် metalloids ဟုခေါ်ကြသည်။